ထူး | ရိုးမရေဒီယိုမဂ္ဂဇင်း

လူမျိုးတစ်မျိုးချင်းစီတိုင်းမှာ ကိုယ့်လူမျိုးကို ကိုယ်စားပြုရေ့ ရိုးရာတိ၊ ယဉ်ကျေးမှုဓလေ့စရိုက်တိနဲ့ အစားအစာတိ ရှိကတ်စမြဲပါ။ ယင်းပိုင်ဗျာလ်ရခိုင်ရို့မှာလည်းကိုယ့်လူမျိုးကို ကိုယ်စားပြုစွာတိအများကြီးရှိပါရေ။ အခုတစ်ပတ်မှာတော့ ရခိုငရို့်ရဲ့ အစဉ်အလာကြီးမားရေ အစားအစာတစ်ခုဖြစ်တေပိုင် လူကြိုက်လည်းများရေ ရခိုင်မုန့်တီလုပ်ငန်းအကြောင်းကို တင်ပြပီးလားပါဖို့။

ရခိုင်မုန့်တီစွာလည်း နာမည်ကြီးပြီးကေ တကယ့်ကိုကောင်းမွန်ရေ အရသာရှိရေ့ အစားအစာကောင်းတစ်ခုဖြစ်တေပိုင် ယင်းနောက်ကွယ်က လူမှုဘဝတိစွာလည်း စိတ်ဝင်စားစရာ ကောင်းလွန်းနီပါရေ။

ဒေလုပ်ငန်းကို ရခိုင်ပြည်နယ် စစ်တွေမြို့က ဦးထွန်းထွန်းဝင်းယောက္ခမရို့က ကုန်လွန်ခရေ နှစ်ပေါင်း ၄ ဆယ်ကျော်လောက်ကပင် လုပ်ကိုင်လာစွာဖြစ်ပြီးကေ သူတို့အိုမင်းလာချိန်မှာ သူတို့၏ သမက်ဖြစ်တေဦးထွန်းထွန်းဝင်းကို လွှဲပြောင်းပေးခစွာ ဖြစ်ပါရေ။

“ကျနော်က၉၅ ခုနှစ်က အိမ်ထောင်ကျခါ ယောက္ခမနဲ့ တွဲပြီး ဒေအလုပ်ကို ကြီးကြပ်လုပ်လာစွာ အခုချိန်ထိပါ။ ကျနော့်မှာလည်း အခုဆိုကေ ယောက္ခမနှစ်ပါးမှာ တစ်ပါးရှိပါသိရေ။ ကျနော်ရို့နဲ့ အတူတကွနေထိုင်ပြီးကေ စုပေါင်းလုပ်ကတ်စွာပေါ့။ အခုဆိုကေ ကျနော်က ယောက်ျားသားဖြစ်တေကြောင့် ဦးဆောင်နေရစွာပါ။”လို့ ဦးထွန်းထွန်းဝင်းက ပြောပြပါရေ။

ဦးထွန်းထွန်းဝင်း၏ ယောက္ခမဖြစ်သူတိက ဒေလုပ်ငန်းကို စတင်လုပ်ကိုင်ခချိန်မှာဆိုကေ ခုခေတ်မှာပိုင် စက်ယန္တရားတိ မပေါ်သိပါ။ ယကေလေ့ တစ်ခေတ်ပြီးတစ်ခေတ် တိုးတက်ပြောင်းလဲလာချိန်မှာတော့ ခေတ်ပေါ်စက်ကိရိယာတိ အသုံးပြုပြီးကေ လက်လှမ်းမှီသလောက် ကြိုးစာပးနာ တိုးချဲ့လုပ်ကိုင်ခရေအတွက် အခုဆိုကေ ဗီယက်နမ်နိုင်ငံကလာရေ နောက်ဆုံးပေါ်စက်နဲ့ လုပ်ကိုင်နိုင်ခပါဗျာလ်။

0“ဒေမုန့်တီကို စလုပ်စွာက ကျနော်ယောက္ခမရို့ပေါ့။ လက်နဲ့ထောင်းရေ ဘဝကနီလုပ်လာစွာ။ ယင်းပိုင် လုပ်လာရင်းနဲ့ နောက်ဆိုကေ စက်ခေတ်ပေါ်လာရေ။ စက်က ၅၊ ၆ ကော်ပတာ စက်ချေတိပေါ့။ ယင်းပိုင်စက်ချေတိနဲ့ လုပ်တယ်။ နောက်တော့ ၁၃ ကောင် စက်တိ၊ ၁၈ ကောင် ယပိုင်စက်မှုခေတ်တိနဲ့ လုပ်လာရေ။ ခုထိတိုင်တည်ဆောက်ပြီးကေ နောက်ပိုင်းမှာ လက်ညှစ်မုန့်တီလို့ ပေါ် လာရေ။ လက်ညှစ်မုန့်တီဆင့်လုပ်တေ။ အခုကျနောရို့ခေတ်မှာဆိုကေ ကျနော်အခုစက်နဲ့ လုပ်တယ်။ စက်နဲ့ဆိုတော့ကေ အရင်က ဆန် ၁၀ အိတ်မှာဆန်ချေ ၇ အိတ်၊ ဆန်ကြီး ၃ အိတ်ထည့်ပြီးလုပ်ရရေ။ အခုဆိုကေ ဆန်ကြီးထည့်စရာမလိုပါယာ။ ဆန်ချေသီးသန့်။ အရင်မုန့်တီက မဲသွားတယ်။ အခုဆိုကေ ရောင်းရရေ။”

ခေတ်အလျောက် စက်ကိရိယာတိ အသုံးပြုပြီးကေ တိုးချဲ့လုပ်ကိုင်လာချိန်မှာမုန့်ဖတ် အရည်အသွေးကလည်း ကောင်းလာရေပိုင် ရောင်းအားကလည်း ကောင်းလာရေလို့ ဆိုပါရေ။ အရင်ကရောင်းအားနှေးနီခကေလေ့သင့် လက်ရှိမှာတော့ စစ်တွေမြို့ထက်က မုန့် တီရောင်းရေ ဆိုင်သည်တိသာမက နယ်တိကပါ လာရောက်ဝယ်ယူမှုတိလည်း ရှိလာပါရေ။

0“မြို့မဈေးကြီး၊ ဆင်ကူးလမ်း၊ အုန်းတပင်ရို့မှာလည်း ဖောက်သည်တိရှိပါရေ။ မင်းဂံဈေးမှာဆိုလည်း လားပြီးဈေးထိုင်ပီးရေ။ ကိုယ်ကိုတိုင်အကွက် ၂ဈေးမှာလားထိုင်ပီးရေ။ မိုထးတပိုင်း ၁၀ နာရီလောက်ဆိုပြန်ရေ။ နောက်ပြီးဗျိုင်းဖြူရွာကလည်း လာဝယ်ရေ။ အားလုံးဖောက်သည်တိပါယာ။ တစ်ခါတစ်ခါ ဆင်တက်မော်ကမ်းဖက်ကလည်း လာယူစွာတိရှိရေ။ မုန့်ဖတ်က ကော်လတီကောင်း လို့လေ။ တရက်မှာ ဆန် ၁၀ အိတ်ပတ်ဝန်းကျင်လောက်ရောင်းရရေ။ တရက်မှာ ၃ သိန်းကျော်၊ ၄ သိန်းဖိုးလောက်ပေါ့။”

ရခိုင်မုန့်တီစွာ ရခိုင်ဒေသအစားအစာတစ်ခုဆိုကေလေ့ ရခိုင်ပြည်နယ်အတွင်းကရော မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာပါ နီထိုင်ကတ်တေ့ လူတိုင်းနီး ပါးကလည်း သိကတ်တေပိုင် ကြိုက်သူတိလည်း များပါရေ။ ယင်းကြောင့်နိစဉ်စားသုံးနီကျ အစားအစာတစ်ခုအဖြစ်ရော ပွဲလမ်းသဘင်တိမှာပါ မုန့်တီကို ဧည့်ခံကျွေးမွေးလေ့ ရှိကတ်ပါရေ။

စက်ယန္တရားတိကို အသုံးမပြုမီကာလတိမှာတော့ ကိုယ်ကာယအားကိုစိုက်ပြီး လုပ်ရစွာကြောင့် အလုပ်သမားတိ တည်မြဲမှုမရှိခပါ။ ယင်းကြောင့်လည်း ဦးထွန်းထွန်းဝင်းစွာ အလုပ်သမားတိတည်မြဲမှုရအောင် ကြိုးပမ်းခရေတွက် လက်ရှိမှာတော့ အလုပ်သမားတိအပါအဝင် သူရို့ရဲ့ မိသားစု ၁၀ စုလောက်ကို လုပ်ငန်းခွင်အတွင်းနီထိုင်နိုင်အောင် ခွင့်ပီးထားရေလို့ ဆိုပါတရေ။ 

4“အလုပ်သမားတိကနားမလည်။ ဒေအလုပ်ကိုက ကိုယ်ဘဲနားလည်စွာပါကို။ ဒေအလုပ်အတည်မကျခင်ပေါ့လေ။ ကျနော်က အလုပ်ခွင်မှာ ထမင်းစားရတာတိရှိရေ။ ကျနော် နောက်လှည့်ပိုက် တစ်ခုခုထားပစ်ခရေဆိုကေ သူရို့က နားမလည် မုန့်ပြတ်လားရေ။ မဟုတ်ကေ မီးများလို့ မုန့်ပျော့လားရေ။ မီးခလုတ်တခုကိုတောင် မကိုင်ရဲစွာာတိရှိရေ။ ခုဆိုကေ ကျနော်ပြောလို့ သူရို့တိနားလည်လာကတ်ပါယာ။ ကျနော်အဝီးကြီးတောင်လားလို့ မရပါ။ တနားနီကေ အရေးကြီးကေ လာခေါ်ကတ်တယ်။ အရင်နဲ့ယှဉ်ကေတော့ ကျနော် နည်းနည်းသက်သက်သာသာနေရပါဗျာလ်။”

တစ်ခါတစ်ရံမှာ စီးပွားရေးအရ အရင်းအနှီးတိ နစ်မြှပ်လားစွာတိကြောင့် စိတ်ညစ်ရရေပိုင်လူ့ဘဝ၏ သဘောသဘာဝအလျောက် ခါးသီးလွန်း ရေ အချိန်အခါတိကိုလည်း ကြုံဆုံခရပါရေ။

5“တခါခါမုန့်ဆန်ကော်လတီမကောင်းလို့ ပြတ်ထွက်သွားတာတွေကြောင့် အရင်းပြုတ်သွားတာတွေရှိတယ်။ ၂ ရက်၊ ၃ ရက် လူကပင်ပန်း စိတ်ကပင်ပန်း။ ငြိမ်းမွေ့လာရေ။ အလုပ်သမားတိကို ပြောရဆိုရစွာ ကောင်းပင်ပန်းစွာတိရှိပါရေ။ အခက်ခဲတိပေါ့လေ။ နောက်ပြီး မီးမတောက်။ ထင်းမတောက်စွာတိလည်း ရှိရေပေါ့။ ကျနော်ရို့စွာ ဒေလုပ်ငန်းတိကိုလုပ်လို့ ၂၀၀၁ ခုနှစ်ကဆိုကေ မီးလောင်ပြီး တစ်ခုအလုပ်လေ့ မကျန်ခပါ။ ကျနော်ရို့မိသားစုတစ်ခုလုံး မီးမှာပါလားစွာ။ ကိုယ့်နေရာလဲကိုယ် ပြန်မရလိုက်။”

ယင်းအချိန်က အခက်အခဲတိကြားက ဒေလုပ်ငန်းကို ပြန်လည်ထူထောင်ခရေ့  အကြောင်းကို ဦးထွန်းထွန်းဝင်းက အခုလိုပိုင် ဝမ်းနည်းပက်လက်နဲ့ ပြန်ပြောပြပါရေ။

6“မီးလောင်ပြီးနောက်ပိုင်းမှာ ကျနော်ရို့ ဘုန်းကြီးကျောင်းမှာလားနီခရရေ။ သူများတိကပီးရေ ထမင်းတိကိုစားပြီး လုပ်ငန်းတိ လုပ်လာရေ လူတစ်ယောက်ဖြစ်စွာကြောင့် နီထိုင်မရဖြစ်ခရရေ။ ပြန်လည်နီရာချထားပီးရေအခါ ကျနော်ရို့က အမြန်ဆုံးနည်းနဲ့ လုပ်ခရစွာပါ။”

အခုနောက်ပိုင်းမှာ သူတို့ရဲ့လုပ်ငန်းစွာ အဆင်ပြေလာရေဆိုကေလေ့ လက်ရှိမှာ ဆန်ဈီးတက်လာစွာ၊ လုပ်အားခတိ ပီးရစွာတိကြောင့်လည်း ကောင်းပိုချန်မနီပါ။

7“ဆန်တစ်အိတ်မှာ မုန့်က ၁၈ ဆွဲလောက်ရပါရေ။ လုပ်အားခနဲ့ အလေအလွင့်နဲ့ ကိုက်လိုက်ကေ ကိုယ့်အတွက်က ကောင်းမကျန်။ ဒေလောက် အပင်ပန်းခံပြီးလုပ်လို့ မုန့်တစ်ဆွဲက ပိုင်ရှင်အတွက် အမြတ်ငွေက ၂ ရာလောက် ပတ်ဝင်းကျင်ရာရရေ။ တစ်ဆွဲကို ၁၅၀၀ရောင်းရေ။ ဖောက်သည်ဆိုကေ ၁၂၀၀ ယပိုင် ရောင်းရစွာတိရှိရေ။ သူရို့ကိုယ့်ပါးကယူရောင်ကေ သူရို့လည်း အကျိုးခံစားခွင့်တစ်ခု အဆင်ပြေဖို့လိုရေလေ။”

“ရခိုင်မုန့်တီဖို”လို့ နာမည်ပီးထားရေ ဒေလုပ်ငန်းစွာ ကကောင်းကြီးဝင်ငွေမကောင်းကေလေ့ ဦးထွန်းထွန်းဝင်းရို့ မိသားစုအပြင် ကျန်ရေမိသားစု ၁၀ စုရဲ့ စားဝတ်နေရေးပါ အဆင်ပြင်နီရေအတွက် ဦးထွန်းထွန်းဝင်းကတော့ ယောက္ခမတိပါးက အမွီရထားရေ ယင်းလုပ်ငန်းချေကို သား၊ သမီးတွေကိုလည်း လွှဲပြောင်းပေးခဖို့ ဆန္ဒကတော့ ရှိနီပါရေ။

8“ကျနော်ရို့လည်း မသီမချင်းပေါ့။ မိဘရိုးရာလုပ်စားလာစွာဖြစ်လို့ မပျက်မစီးရအောင်ပေါ့။ အရင်ကတော့ လက်နဲ့ဆုံနဲ့ထောင်းလာရေ ခေတ်ကပင်ဒေလုပ်ငန်းကို ထူထောင်လာစွာကြောင့်ကျနော်ရို့လည်း ကျန်းမာရေးကောင်းသလောက်။ လုပ်နိုင်သလောက်။ သားသမီးတိ ကြီးလာကေလက်ဆင့်ကမ်းဖို့အတွက် စဉ်းစားထားရေ။ ဒီထက်မက တိုးတက်အောင်ဆိုပြီးတော့။”

ဦးထွန်းထွန်းဝင်း ဦးစီးနီ ရေ ယင်းမုန့်တီလုပ်ငန်းချေကတော့ကေ ရခိုင့်ရိုးရာလက်ဆင့်ကမ်းအမွီ ချေတစ်ခုပါ။

 508 total views,  1 views today