အောင်ကျော်ဝေ(စစ်တွေ)
ဝါကျွတ်ဖို့ ပါးလာယာဆိုကေ ရင်ခုန်တတ်တေအကျင့်စွာ ဒေဂုထက်ထိ မပျောက်နိုင်သီး။ ဝါကျွတ်ဖို့ယာလို့ စိတ်မှတ်လိုက်စွာနန့် အတွင်းသန္တန်မာ ကပ်ပါလာစွာက အရုပ်ကြီးပါဗျာလ်။ အကျွန့်ပိုင် စိတ်ခံစားရမှုကို စစ်တွေသားတိုင်း ခံစားရဖို့ ထင်ပါရေ။ ဟုတ်ပါရေ။ စစ်တွေ မြို့မာ အရုပ်ကြီးဆိုစွာ ဝါကျွတ်သရုပ်ပါဗျာလ်။ ဝါကျွတ်၊ တန်ဆောင်မုန်း ပါးလာစွာနန့် အရုပ်ကြီးထွက်တတ်စွာပါ။ ယေဒါလေ့ နှစ်တနှစ် အတွက် အရုပ်ကြီးကို ပထမဆုံးမြင်ရစွာက ဝါကျွတ်လပါမဟုတ်လား။ ယေနန့် အရုပ်ကြီးကို မြင်ကေ ဝါကျွတ်ဖို့ဗျာလ် ဆိုစွာရေ စစ်တွေသား တိုင်း ရင်ထဲမာ သိနီကတ်ပါရေ။
အကျွန်ရို့ ရပ်ကွက်က ဝင်္ကဘာကွင်း၊ ဘုရားကြီးနားမာဟိနီရေအတွက် အရုပ်ကြီး ဇာနိစထွက်ဖို့လဲဆိုစွာကို အယင်ဆုံး သိရပါရေ။ အချေခါ မိဘတိက နက်ဖန်ခါ အရုပ်ကြီးလည်ဖို့ယာလတ် လို့ ပြောစွာနန့် ဒေနိကပင် အကျွန်ရို့ တက်ကြွနီကတ်ပါယာ။ မိုးလင်းစွာနန့် ဘုရားကြီးကို စောစောလား၊ ပြီးကေ ဘောက် ဘောက် နန့်ပင် ဘုရားရှိခိုး၊ အရုပ်ကြီးထားရေ အခန်းနားကို လားလို့ ဝိုင်းကြည့်ပါရေ။ အယင်ကခါဆိုကေ အရုပ်ကြီးကို ဝါးစိတ်၊ ဝါးနှီးတိနန့် ရက်လုပ်ပနာ စက္ကူကပ်၊ အဝတ်ဝတ်ထားပါရေ။ လွန်ခရေ သုံးနှစ်(၂၀၁၅)လောက်ကမှ အရုပ်ကြီးစွာ ပလက်စတိတ် ကော်ရုပ်ဖြစ်လာပါရေ။ အရုပ်ကြီး တိုးတက် ပြောင်းလဲမှုပယေ။
အကျွန်ရို့ အရုပ်ကြီးစွာ ဘာသာရေးကို ရိုသေကိုင်းယှိုင်းရေ ပုဂ္ဂိုလ်တိဖြစ်ပါရေ။ ဘုရားကြီးကနီ အရုပ်ကြီး စထွက်ဗျာလ်ဆိုကေ ဘုရားကြီးဝကနီ ဗုဒ္ဓံ၊ ဓမ္မံ၊ သံဃံ ပူဇေမိဆိုပျာ သုံးခေါက်ရှိခိုးပါရေ။ ပြီးကေ ဗဟိုဧစာတီရှိမာလေ့ ယင်းပိုင်ယှောင် ရှိခိုးပါရေ။ ပြီးစွာနန့် ပတ်ဖို့ လမ်းကြောင်းတိအတိုင်း ဆက်လို့လားရေ။ အလှူခံပါရေ။
အရုပ်ကြီးလည်ကေ အချေတိတောင်မက အကြီးတိလေ့ ပျော်ကတ်ပါရေ။ အရုပ်ကြီးကို မြင်ကေ ကြည်နူးကတ်ပါရေ။ ကိုယ့်အိမ်ပါး ကျောင်းနားမာ အရုပ်ကြီးလာကကေ ဝမ်းမြောက်ကတ်တေ။ ပြောရဖို့ဆိုကေ အရုပ်ကြီးကို မြို့ကလူတိုင်း ခင်မင်နှစ်သက်ကတ်တေ။ အချေတိ ဆိုကေ အရုပ်ကြီးကို ကိုင်ကြည့်ချင်ကတ်တေ။ ယေလေ့ အရုပ်ကြီးကိုက်ဖို့ကြောက်လို့ တယောက်လေ့ အနားမကပ်ဝံ့ကတ်ပါ။ အရုပ်ကြီးရေ ဝါကျွတ်၊ တန်ဆောင်မုန်း လပြည့်နိတိခါ မြို့လုံးကျွတ် ဆွမ်းတော်ကြီးလောင်းဖို့အတွက် မြို့ပတ်လို့ အလှူခံပီးပါရေ။ လပြည့်နိမကျခင် နှစ်ပတ် လောက်ကပင်ပါလေ။
ဒေပိုင် အရုပ်ကြီးလည်စွာနန့် ပတ်သက်လို့ အကျွန့်ဘဝမာ အမှတ်တရချေတခု ဟိခပါရေ။ အကျွန် ခြောက်နှစ်သား(၂၀၀၀ ပြည့်နှစ် လောက်က) တတန်းတက်နီခါပါ။ ဝါကျွတ်လား၊ တန်ဆောင်မုန်းလား မိန့်ကျလားပါယာ။ ယင်းခါ အရုပ်ကြီးလည်ရေ တရက်မာပါ။ အကျွန်ရေ အရုပ်ကြီးကြည့်ဖို့ ဘုရားကြီးကို လားပါရေ။ အရုပ်ကြီးစွာ ဘုရားကြီး၊ ဧစာတီကို ရှိခိုးပြီးကေ မြို့ကိုပတ်လို့ အလှူခံလားပါယာမလားယေ။ အကျွန်လေ့ အရုပ်ကြီးကို ကြည့် ယင်း ကြည့်ယင်းနန့် နောက်ကလိုက်ပါလားပါရေ။ အရုပ်ကြီးနားမာက အချေတိရက်ပတ် ဝိုင်းနီပါရေလေ။ ဇာလို့ဆိုကေ အရုပ်ကြီးရောက်တေနီရာတိုင်းမာ အချေတိ ဝိုင်းကြည့်ကတ်ပါရေမလား။ ယေနန့် အကျွန်စွာ အရုပ်ကြီးနောက်က လိုက်မှန်းမသိ လိုက်နီရေခါ ကြာလာစွာနန့် ဝမ်းဆာလာပါယာ။ အိမ်ပြန်ဖို့လို့ စိတ်ကူးပြီးကေ အကျွန် ရောက်နီရေပတ်ဝန်းကျင်ကို လှည့်ကည့်လိုက်ပါရေ။ အကျွန်မသိ။ ဇာနားကိုရောက်နီလေ အကျွန်မသိပါယာ။
အကျွန်ရေ ကြောက်လာရေ။ ရင်ထဲမာ ပြောပြဖို့မတတ်အောင် ကြောက်လန့်ခံစားလာရပါရေ။ အကျွန်အိမ်ကို ဇာပိုင်ပြန်ရဖို့လဲ မသိပါ ယာ။ ဝမ်းကလေ့ ဆာလာရေ။ ရီတပေါက်ချေဖြစ်ဖြစ် သောက်ပစ်ချင်ရေ။ ယင်းအချိန်မာ အကျွန် အမိကို အောက်မိလာပါရေ။ အမိ… အမိ ဇာမာလေ မသိပါ။ အမိနန့် တွိချင်ရေ။ ထမင်းလေ့ ဝမ်းဆာရေ။ ပတ်ဝန်းကျင်မာ “အရုပ်ကောင်ကြီး ဂျီးပုံ… ဂျီးပုံ…”နန့် အယင်ခါ ပျော်ဖို့ ကောင်းခရေ ပတ်ဝန်းကျင်စွာ အဂု ထိတ်လန့်စရာဖြစ်လာရေ။ ဒေအရုပ်ကြီးနားမာလေ့ မနီချင်ယာ။ အိမ်ကို လားချင်ရေ။ ထမင်းစားချင်ရေ။ ကိုယ်နန့်တူတူလာရေ အေးမကိုလေ့ ရှာမတွိ။ ယေနန့် ပျော်စရာကောင်းနီရေ ပတ်ဝန်းကျင်ထဲမာ အကျွန် ငိုချင်လာရေ။
“အမိ… အမိ ဇာနားကိုရောက်နီလေ…။ သားကို လာခေါ်ခလိုက်။ မေမေ… ဝမ်းဆာရေ…။ အီး… ဟီး…ဟီး…။ အီး… ဟီး…ဟီး…။”
အကျွန့်ရင်ထဲက ဝမ်းနည်းခံစားမှုတိစွာ ငိုသံနန့်တူတူ အပြင်ကိုထွက်လာရေ။ အရုပ်ကြီးနားမာလားဗျာလ် ငိုလို့လိုက်နီရေ အချေ တယောက်ကို မြင်ရေခါမှရာ ဂေါပကအဖွဲ့က အခင်ကြီးတယောက်က လာမိန်းရေ။ ကံကောင်းချင်စွာက ယင်းဂေါပကအဖွဲ့မာ အကျွန်ရို့နန့် အိမ်နားပါးချင်းအိမ်က အခင်ကြီးတယောက်ပါပါရေ။ ယင်း အခင်ကြီးက မြင်ခါမှ “ယာ… မင်းဇာပိုင်ပါလာလေ” မိန်းပါရေ။ အကျွန်က အမိပါးသို့လားဖို့လို့ ပြောပါရေ။ ယင်း အခင်ကြီးက အိမ်ပြန်လို့မရသီး၊ တနားကေ ထမင်းစားဖို့ ဘုန်းကြီးကျောင်းကိုရောက်ဖို့၊ ယင်းခါမှရာစားဖိ၊ ပြန်ခါ ငါရို့နန့် တူတူပြန်ရဖို့ ဆိုဗျာလ် တိုးဂါရီထက်မာ ထိုင်နီခိုင်းပါရေ။ ယင်းခေတ်က အရုပ်ကြီးလည်ကေ အသံချဲ့စက်နန့် ဆိုင်းဝိုင်းတိကို တိုးဂါရီထက်မာ တင်လို့ လည်ကတ်ရပါရေ။ ယင်းပိုင်နန့် အကျွန်ရေ တိုးဂါရီထက်မာ တက်ထိုင်၊ ဘုန်းကြီးကျောင်းတကျောင်းမာ ထမင်းစား၊ ပြန်ထွက်လာ ကတ်ခါ တိုးဂါရီထက်မာ အိပ်လို့လိုက်၊ တမြို့လုံးပတ်ပြီးလို့ ညဇာခြောက်ချက်တီးလောက်ခါမှရာ အိမ်ပြန်ရောက်ပါရေ။ ယင်းနိခါ အကျွန့် ကို ငိုနီယင်းနန့် သတ်တေ၊ ဖက်နမ်းရေ၊ ရီချိုးပီးရေ အမိမျက်နှာကို အကျွန်တသက်လုံး မမိန့်နိုင်ပါ။ ဒေဂုအချိန်မှရာ ယင်းခါက အမိခံစားချက်ကို နားလည်လာပါရေ။ ဒေဟင့်ရေ အရုပ်ကြီးနန့် အကျွန်နန့် ကြားက ဆက်နွယ်မှုချေတခုပါယေ။
စစ်တွေမြို့မာ ဝါကျွတ်၊ တန်ဆောင်မုန်း လပြည့်နိတိကျကေ မြို့လုံးကျွတ် ဆွမ်းတော်ကြီးလောင်းပွဲ ကျပါရေ။ မြို့ထဲက ဝင်္ကဘာကွင်း တပတ်စီ ဆွမ်းလောင်းကတ်ပါရေ။ (ထိုးအယင်ခါ သုံးရက်တိတိ လောင်းရေလို့ ကြားဖူးပါယင့်။) ယင်းဆွမ်းတော်ကြီးလောင်းပွဲမာ အစိုးရ ဌာနဆိုင်ရာအဖွဲ့တိ၊ သာရေးနာရေး အလှူသျှင်အဖွဲ့တိ၊ ရပ်ကွက်အလိုက် အလှူအဖွဲ့တိ၊ မိသားစုတိ လာလို့ ဆွမ်းလောင်းကတ်စွာ စည်စည် ကားကားနန့် ပျော်ဖို့ကောင်းပါရေ။ ကိုယ့်အဖွဲ့နန့်ကိုယ် အလှူပစ္စည်းအမျိုးမျိုးကို လောင်းလှူကတ်ပါရေ။ ယင်းနိဆွမ်းလောင်းပွဲမာ ပြည်နယ်၊ မြို့နယ် သံဃမဟာနာယက ထေရ်ကြီးဝါကြီး ဆရာတော်ဘုရားရို့အပါအဝင် တမြို့လုံးက ရဟန်းသင်္ဃာ အပါး ၅၀၀ ကျော်ရို့ နန့် သီလသျှင် သူတော်မရို့ ကြွရောက် အလှူခံတော်မူပါရေ။ တမြို့လုံးက အလှူသျှင်တိကလေ့ စေတနာ သဒ္ဓါတရားထက်သန်စွာနန့် လောင်းလှူကတ်စွာရေ မြင်ရလူအပေါင်း စိတ် ကြည်နူးချမ်းသာပြီးကေ ပီတိဝှန်လို့ သာဓုခေါ်စရာပါ။ ယင်းမြင်ကွင်းတိကို ပိုလို့ပျော်စရာဖြစ်အောင် ဖြည့်ဆည်းပီးစွာက အကျွန်ရို့ အဖိုးသျှင်၊ အဘောင်သျှင်လို့ တင်စားကတ်တေ အရုပ်ကြီးမောင်နှံပါယေ။
ဆွမ်းခံကြွရောက်ကတ်တေ ဆရာတော်အသျှင်သူမြတ်ရို့နန့် သီလသျှင်ရို့နောက်မာ အရုပ်ကြီးမောင်နှံလေ့ လိုက်ပါ အလှူခံပါရေ။ ဆွမ်းလောင်းပွဲမာ ရောက်ဟိနီကတ်တေ လူကြီး၊ အချေ အားလုံးသူစွာ အရုပ်ကြီးကို ချစ်ကတ်တေ။ အကြီးတိက အချေတိကို ခေါ်ဗျာလ် အရုပ်ကြီးကို ကိုင်ကြည့်ခိုင်းကတ်တေ။ အကျွန်ရို့အချေခါပိုင် ဒေဂုအချေတိလေ့ အရုပ်ကြီးကို ကြောက်ကတ်ပါရေ။ ချစ်လေ့ ချစ်ကတ်ပါရေ။ အရုပ်ကြီးအနားကိုလားဗျာလ် မကိုင်ဝံ့ ကိုင်ဝံ့နန့် လားကိုင်ပြီးကေ ထွက်ဗြီးလာကတ်တေ အချေတိကို ကြည့်ရစွာလေ့ ကြည်နူးစရာ ပုံရိပ်ချေပါ ယေ။ အရုပ်ကြီးလေ့ အချေတိကိုမြင်ကေ ခန္ဓာကို ကိုင်းဗျာလ်လုပ်ပါရေ။ ယေကေ အချေတိက ကြောက်လို့ နောက်ဆုတ်ပါရေ။ ယေကေ ယင်းအချေတိ အရုပ်ကြီးနားကို ပြန်မလာကတ်လားဆိုကေလေ့ မဟုတ်ပါ။ ပြန်လာကတ်ပါရေ။ ဒေယှင့်ပါလေ။
အရုပ်ကြီးကို အကြီး၊ အချေ အားလုံးသူချစ်ကတ်ပါရေ။ အရုပ်ကြီးကလေ့ အားလုံးသူကို မေတ္တာထားလီပါဖို့။ ဟုတ်ပါရေ။ အရုပ်ကြီးစွာ ဘာသာရေးကို အလီးပီးရေ။ ဘုရားတရားကို ရိုသေကိုင်းယှိုင်းရေ။ သာသနာအတွက် ထမ်းဆောင်ပီးရေ။ မြို့သူပြည်သားကိုလေ့ ဖြေဖျော်ရေ။ အရုပ်ကြီးရေ အကျွန့်အမိအဖရို့ အချေခါကပင် ဟိခပါရေ။ ဒေဂုအချိနိထိလေ့ ဟိပါသီးရေ။ နောက်ကာလာအများကြီးအထိလေ့ အရုပ်ကြီးစွာ သာသနာ့တာဝန်ကို ဖြည့်ဆည်းဆောင်ရွက်ပီးနီဖို့ မျှော်လင့်ပါရေ။
အရုပ်ကြီးစွာ အကျွန်ရို့အားလုံးသူတိအတွက် ထာဝရ အသက်ရှင်နီရေ အဖိုးသျှင်၊ အဘောင်သျှင်ရို့ မဟုတ်ပါလားယေ။ ။
705 total views, 1 views today