ဇင်ထွန်း
သစ်ပင်တိထဲကမှ အရွက်၊ အကိုင်း၊ အသီး၊ အရည်အစရှိရေ တစ်ပင်လုံးကို အသုံးပြုလို့ရပနာ တစ်ခါစိုက်ပြီးစွာနဲ့ နှစ်တိုင်းစားလို့ရရေ အပင်တစ်မျိုးကတော့ အုန်းပင် ဖြစ်ပါရေ။
တောရွာတိဘက်မှာတော့ အုန်းပင်က ရရေ အုန်းရည်ကို စီးပွားဖြစ်ရောင်းချလုပ်ကိုင်နေကြပါရေ။
ဒေသအခေါ်ကတော့ အုန်းရည်လို့ ခေါ်ကြပါရေ။
သူကတော့ ရခိုင်ပြည်နယ် စစ်တွေမြို့က သက်ကေပြင်ကျေးရွာမှာနေထိုင်ပနာ အုန်းရည်လုပ်ငန်းကို မိဘအစဉ်အဆက် လုပ်ကိုင်လုပ်ခသူ တစ်ယောက်ဖြစ်ပါရေ။
“အစ်မရို့က မိဘအစဉ်အဆက်လုပ်ကိုင်လာစွာလေ။ အရင်ကဆိုကေ မေမေ၊ အဖိုး၊ အဘောင်တိ့ လက်ထက်။ ပြီးခါမှ သူရို့ သေလားကေ၊ နောက်သားသမီးတစ်ဆက်၊ နောက်သားသမီးဆိုကေ အကျွန်အမိရို့တစ်ဆက်ပေါ့။ ပြီးမှ အကျွန်အမိမလုပ်နိုင်လို့ အကျွန်လုပ်နီစွာ။”
အုန်းပင်တစ်ပင်ဖြစ်လာဖို့ကလည်း နှစ်နဲ့ချီပနာ စောင့်ရပါရေ။ အုန်းသီးတိကို ရေစပ်စပ်ရှိရေနေရာမှာ သုံးလုံးစီတွဲပနာ သုံးပင်အကွာလောက်စီ စိုက်လားလို့ရပါရေ။ အပင်စထွက်လာရေအချိန်ကနိ အသီးသီးရေအချိန်ထိဆိုကေတော့ ခြောက်နှစ်၊ ခုနှစ်နှစ်လောက် စောင့်ရပါရေ။
“သူ့အသီးက နည်းနည်းချေ အချိန်ကြာလားကေ ရင့်လားရေ။ အုန်းခိုင်က ရင့်လားရေဆိုကေ အလကားဖြစ်ဗျာလ်။ ယင်းခါ အသီးက သူ့စွာသူ အလိုလို ပြုတ်ကျလာရေ။ အခိုင်ကျရေအခါ သူက အပင်ပေါက်လာရေ။ အပင်ပေါက်လာကေ ယင်းချင့်ကို ဒေအနားချေမှာပဲ စီထားရေ။ ပေါက်လာရေအချိန်မှာ သူ့ကို တစ်နေရာရာမှာ ချရေ။”
ဗမာပိုင် ဓနိရည်လို့ ခေါ်ကတ်တေ အုန်းရည်ကလည်း ထန်းရည်ပိုင်ပါ။ အချိုအခါးရှိပါရေ။ ထွက်လာရေအရည်ကတော့ အချိုဖြစ်ကေလေ့ ခံရေဝါးကျည်တောက်ကို မီးကင်ပနာ ခံကေ အချိုရပါရေ။ မဆေးထားရေ ကျည်တောက်အဟောင်းတိနဲ့ ခံကေတော့ အခါးရည်ကို ရစွာဖြစ်ပါရေ။
“သူ့မှာ ဆင်းလာကတည်းက အချိုဗျာလ်။ ဝါးကျည်ကို မဆေးလိုက်ဆိုကေ အခါးရည်။ ယေလေ့သင့် ကျည်ကို ဆေးရရေ။ ဆေးပေးရစွာ နှစ်ရက်နိတစ်ခါ။ ဆေးထားရေအချိန်မှာလည်း သူက မိုးရိပ်တိ တက်လာလို့ရှိကေ အဆင်မပြေလိုက်ဗျာလ်ယာ။ မချို။ ချဉ်လားရေ။ နေစောင်းလာလို့ရှိကေ ညဇာသား အခါးရည်။ ညကျရေအရည်က မိုးထက်အစောကြီးဆိုကေ အချိုရည်ရရေ။”
ယောင်္ကျားဖြစ်တေလူ ဆုံးပြီးရေနောက် သူ့တာဝန်ကျလာရေအချိန်မှာတော့ ဒေလုပ်ငန်းမှာ ကြုံတွေ့ရရေ အခက်အခဲတိက သူ့အတွက် ကြီးမားလွန်းလှပါရေ။ ယောင်္ကျားတစ်ယောက် အတွက်တောင် အခက်အခဲများလှရေ ဒေအလုပ်ကို အမိ၏ သင်ပြမှုတိနဲ့ အခက်အခဲတိကို ကျော်ဖြတ်နေသူ တစ်ယောက်ဖြစ်ပါရေ။
“ပထမ သူမရှိဗျာလ်ဆိုခါ ကိုယ့်တာဝန်ကျလာစွာ။ မေမေက နဲနဲ စောင်မပေးရေ။ လုပ်ပေးရေ။ နောက်ကျတော့ နှစ်နှစ်လောက် အတွင်းမှာ အမိက လက်ကျိုးလားပနာ နေမကောင်းဖြစ်လာရေဆိုခါ ကိုယ့်အလှည့်ကျလာရေ။ သူက လှီးမရ။ လှီးလိုက်ကေ လက်ပါလားရေ။ လက်တိ ထိလားရေ။ လက်တိထိလားစွာဆိုကေ လက်ကို ရေတိဘာတိဆေးပနာ ဆေးထည့်ရေ။ လက်အိတ်တိဘာတိ စွပ်ပနာပေါ့။ ထိလားကေတော့ လက်ကိုလဲ ဆေးထည့်ရေ။ ပြီးကေ ဆင်းရစွာဗျာလ်။ ပြီးကေ အုန်းခိုင်ကို ကျောက်ရေ။ ကျောက်ရေအခါ မတတ်ကေ ကျိုးလားရေ။ သူက အနာမခံနိုင်။ နာလို့မရ။ အသာချေ အသာချေ နင်းရရေ အုန်းခိုင်ကို။ ပြီးတော့မှ အုန်းခိုင်က ညွတ်လာခါ အားနဲနဲပိုထည့်ပနာ လှုပ်ရရေ။ အေချင့်ကို မသိဘဲ အားနဲ့ကျောက်ကေ ကျိုးလားရေ။”
“အခက်အခဲက သူက ကျောက်စွာ၊ လှီးစွာရို့ နောက်ပြီးကေ သူ့ကို နည်းနည်း လှုပ်ယူရရေ။ အစကဆိုကေ လက်တိ ပါလားရေ။ ပြီးကေ မရကေ သူ့ကို လှီးပလိုက်စွာ။ လှီးလို့ အဆင်မပြေ။ အုန်းရည်က မဆင်း။ ယပိုင် အခက်အခဲတိ ရှိရေပေါ့။ နောက်ပိုင်းမှ သိလာရေ။ နည်းနည်းချင်းစီပေါ့။”
“အဆင်မပြေစွာကတော့ အခု အုန်းခိုင်တိကို ကျောက်ကေ၊ ယောင်္ကျားအားနဲ့ဆိုကေတော့ နဲနဲ ကျောက်ပလိုက်စွာနဲ့ ထွက်ရေပေါ့။ အရည်က။ အမက ကျောက်ရေအခါ အားနည်းရေအတွက် ထွက်ရေအရည်ကလည်း နည်းရေ။ အရည်က။ ယောင်္ကျားဆိုစွာက နဲနဲ အားစိုက်ပနာ လုပ်ကေလည်း ပင်ပန်းရေ မထင်ရကေလေ့ အစ်မတစ်ယောက်ထဲ လုံးစုံ လုပ်ရရေအခါ ပင်ပန်းရေ။”
“ဖြည်းဖြည်းသက်သက် ကျောက်ကေလေ့ မထွက်။ အရည်က။ “
ဒေပိုင်မျိုး အခက်အခဲတိတင်ပဲလားဆိုကေ။ ဒေအုန်းပင်တိစွာ တောစပ်နဲ့ ရေထဲမှာ စိုက်ရစွာဖြစ်တေအတွက်ကြောင့် ဆူးငြှောင့်ခလုတ်နန့် မြွေပါးကင်းပါး အန္တရာယ်ကလည်း ရင်ဆိုင်ရပါရေ။
“အုန်းရည်လုပ်စွာက နေဝင်လားဗျာလ်ဆိုကေ မြွေတိ၊ ကင်းတိလဲ ရှိကေရှိဖို့ပ။ အချိန်မတော် ဆင်းရေအချိန်ဆို။ ဘွတ်ဖိနပ်နဲ့ ဆင်းရရေ။ ဓာတ်မီးနဲ့။ ကိုယ်တစ်ယောက်တည်းဆင်းရစွာ အန္တရာယ်တော့ရှိရေ။ အစ်မတစ်ယောက်တည်း ဆင်းရစွာ ဆိုတော့ အချိန်မတော်၊ ကာလမတော်ကေ မဆင်းရဲ။ အခက်အခဲရှိရေ။ ယေကေလေ့ တောကို။ တောဖြစ်လို့ မကောင်းရေလူလည်း ရှိကေရှိဖို့။ ကောင်းရေလူရာ ရှိဖို့စွာမဟုတ်။ ယင်းပိုင်ဆိုကေ အန္တရာယ်ပေးကေလည်း ပီးနိုင်ရေ။ မဆင်းဘူးဆိုကေ နဲနဲ စောင့်နေရေ ကိုယ်က။ အချိန်ကာလကကို အစောကြီးကတည်းက ဆင်းရေပေါ့။ လေးနာရီလောက် ဆိုကေ မီနီယာ။ မမီဘူးဆိုကေ အလုပ်တိဘာတိ လားရေဆိုကေ ကိုယ်နန့် သင့်မြတ်ရေ ယောင်္ကျားဖြစ်ဖြစ်၊ အစ်မရဲ့ သားတိဖြစ်ဖြစ်၊ တစ်ခြားယောင်္ကျားတိဖြစ်ဖြစ်၊ ကိုယ်နန့် ရင်းရင်းနှီးနှီးနေရေလူဆိုကေ အစ်မနဲ့ တစ်ခေါက် ဆင်းရအောင် ပေါ့။ ယင်းပိုင်ခေါ်ရေအခါလည်း ကိုယ်နဲ့ ရွယ်တူတိ၊ နဲနဲအကြီးတိမဟုတ်။ နဲနဲ အငယ်ချေတိ့။ ဒေပိုင်လူတိ့ကိုပဲ ခေါ်လားရေ။ အခုဆိုကေလည်းပဲ မေမေ လာ။ မျက်စိမမြင်ဆိုကေလေ့ အမေဆင်းမယ်ဆိုရင် အမိနန့် လားရေ။”
အုန်းရည်ကို ပင်ပင်ပန်းပန်းနဲ့ အုန်းတောကယူပနာ ပြန်ရောင်းချဖို့ ပြင်ဆင်ရပါသိ့ရေ။
အများအားဖြင့်တော့ အခါးရည်ကို သေရည်သေရက် (အရက်) ပိုင် သောက်သုံးကတ်စွာ များရေအတွက်ကြောင့် ရောင်းချရေ နေရာမှာလည်း သူ့အတွက်ကတော့ စိုးရိမ်ထိတ်လန့်မှုတိ ရှိနေပါရေ။
“ယင်း အုန်းရည်ကို အရင်ဆိုကေ အမေလားရောင်းပေးရေ။ အမေက ယောင်္ကျားမရှိဘူးဆိုကေ သမီးချေ အိမ်မှာနေ။ အမေ လားရောင်းမယ်။ ရရေ ဖေ့သာနဲ့ မျှစားကတ်မယ်လို့ ပြောရေ။ အမေက (အရွယ်) ကျလာရေအခါ မသွားနိုင်။ ဟိုနားဒေနား လားကေ ညောင်းလာရေ။ ဆိုခါ အမိကို ပြုစုဖို့ အချိန်ကျလာရေ။ ယင်းပိုင်ဆိုကေ အုန်းရည်ကို အစ်မ လားရောင်းလို့ ဖြစ်ဖို့လား။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့။ အန္တရာယ်ရှိရေ။ အစ်မ မလားရဲ။ အန္တရာယ်က ယင်းကို ရောင်းဖို့လားကေ ယောင်္ကျားချေတိပဲ ရောင်းရစွာလေ။ မိန်းမချေတိကို ရောင်းရစွာ မဟုတ်လေ။ ယောင်္ကျားတိ့ကို ရောင်းတော့ သူရို့မှာ အဆိုးလဲ ရှိရေ။ အကောင်းလဲရှိရေ။ အစ်မက အသက်အရွယ်ရှိသေးတော့ ယောင်္ကျားတိ အန္တရာယ်ကို ကြောက်ရေ။ ဒေတိုင်းပဲ အိမ်မှာထားရေ။ လာချွတ်သူရှိရင် (တလုံးတရင်းနဲ့ လာဝယ်သူ) ငွေကျပ် ၁၅၀ ၊ ၂၀၀ နဲ့ ရောင်းရေ။ ဝယ်သား (တိုက်ရိုက်လာဝယ်သူ) လာကေတော့ ချိုကေ ကျပ် လေးငါးခြောက်ရာပေါ့။ ချွတ်ရေအခါလဲ ချွတ်ရေ။ မချွတ်ရေအခါလဲ မချွတ်ကတ်။ နေမကောင်းလို့ လားမပို့နိုင်ဆိုရေအခါ တစ်ခါတစ်လေ အိမ်မှာပုံလားရေ။ ကုန်လားကေတော့ အဆင်ပြေရေ။ အက်အခဲရှိစွာကတော့ ယင်းချင့်။ အပြင်ထွက်လုပ်ဖို့ဆိုကေလဲ ကိုယ်က မိန်းမသားဆိုခါ။ ဒေရွာမှာကျတော့ လူသွားလူလာနည်းရေနေရာတိဆို မလားရဲ။ တစ်ခိုင်နှစ်ခိုင်ရစွာနဲ့ အဆင်ပြေသလို စားရေ။”
သမီးနှစ်ယောက်မိခင် မမီးမီးကတော့ ဒေပိုင်မျိုးအခက်အခဲ အန္တရာယ်များလှရေအလုပ်ကို တစ်ယောက်ထဲ လုပ်ကိုင် နေရစွာကြောင့် စိတ်ဓာတ်ကျစရာတိနဲ့ ကြုံလာကေလည်း သမီးတိရဲ့ မျက်နှာကို ကြည့်ပနာ အားတင်းနေသူ ဖြစ်ပါရေ။
“ကိုယ့်ဘဝကိုယ်ထူထောင်ရမှာပဲ။ ဘယ်သူမှ ကယ်ဆယ်မယ့်သူမှ မရှိစွာ။ အမေဆိုရင်လဲ ကျ (အရွယ်ကျ) သွားပြီ၊ အဖေဆိုလဲ ဆုံးသွားပြီ။ ညီအစ်ကို မောင်နှမဆိုစွာလဲ သူတို့ အိမ်ထောင်နဲ့ သူတို့ အဝေးမှာလဲ။ ဆိုတော့ ကိုယ့်ကိုကိုယ်ပဲ အားပြုပြီး ရရေအခါ ရ၊ မရရေအခါ မရ။ ပြဿနာတိ ရှုပ်ရှုပ်ရှင်းရှင်း၊ စိတ်တိညစ်ထေးလာရေအခါလဲ ညစ်ရေ။ နဲနဲ အလုပ်ပင်ပန်းလာရင် ထမင်းမစား။ စိတ်ဓာတ်ကျရေအခါလည်း ကျရေ။ စိတ်ကို တစ်ခါတစ်လေကျရင်လဲ ဖြေရေ။ ငါ မလုပ်ရင် ဘယ်သူလုပ်မှာလဲ။ ဒီအလုပ်က နဲနဲလောက်တော့ တာဝန်ကြီးရေ။ စိတ်ရှည်ရရေ။ မရှည်ရင် သူက အလကားပဲ။ စိတ်ရှည်ရှည်ထားပြီးတော့ အိမ်မှာ ဘယ်လောက်ပဲ စိတ်တိ ရှုပ်ထွေးစရာရှိနေပါစေ အလုပ်သွားရေအချိန်မှာ အုန်းခိုင်ကို စိတ်ရှည်ရှည်နဲ့ ကလေးတိကို မွေးစားသလို မွေးစားရရေ။”
သူငယ်စဉ်က မိဘအဆင်မပြေလို့ စာမသင်ခရေအတွက်ကြောင့် ဒေပိုင် ပင်ပင်ပန်းပန်း လုပ်ကိုင်နေရစွာလို့ ပြောဆိုသူ တစ်ယောက်ဖြစ်ပါရေ။ ယေကေလေ့ အလှည့်ကျလာရေအခါ အားမလျော့ဘဲနဲ့ ကြိုးစားရုန်းကန်နေရရေ မမီးမီးရဲ့ လိုအင် ဆန္ဒချေတစ်ခုကတော့ –
“ပညာမတတ်တော့ ခွန်အားနဲ့ပဲ လုပ်စားရရေ။ ပညာနဲ့ လုပ်စားလို့ မရပေါ့။ ဒေအခက်အခဲတိရှိလို့လား။ သား သမီးတိကို အစ်မက မရှိရှိစွာတိနဲ့ စာသင်ပေးရေ။ ဇာကြောင့်လဲဆိုခါ ကိုယ်က ဇာပိုင်မှ ပညာနဲ့ ခရီးမဆက်နိုင်ခ။ သားသမီးတိပဲ ခရီးဆက်ပါစေ၊ တွင်ပါစေ ဆိုပနာ။ ဒေပိုင်ပဲ သူရို့ကို မြှင့်တင်ပေးချင်ရေ။ ကိုယ့်ဘဝကတော့ ဆုံးချင် ဆုံးပါစေတော့။ မတတ်နိုင်ရာ။ ယေကေလေ့ ကိုယ် ရုန်းကန်ခရေဘဝမှာ ကိုယ့်သား ၊ သမီးတိကို ထည့်လို့ဖြစ်မလား။ သူရို့အသိတရားရှိအောင် ပညာတိတတ်အောင် အစ်မမှာ ယင်းစိတ်တစ်ခုရာရှိရေ။”
906 total views, 1 views today