ကိုအောင် ၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဒေတစ်ပါတ်မှာတော့ မိသားစု စားဝတ်နေရေး ရုန်းကန်ရင်း သားသမီးတိ အနာဂတ်အတွက် မျှော်လင့်ကြိုးစားနေရေ ဖခင် နှစ်ယောက် အကြောင်း တင်ဆက်ပီးပါမယ်။

မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်ကြား၊ ရန်ကုန် စစ်တွေ ကားလမ်းမတလျှောက်က လောင်းကြက်၊ ပေါင်းတုတ်၊ နန်းကျား၊ မြောင်းဘွေ စရေရွာတိမှာ မူဆလင်တိရှိနေကတ်ပနာ ဒိုင်းနက်၊ ရခိုင်တိုင်းရင်းသားတိနဲ့ တဆက်တစပ်တည်း တည်ရှိ နေပါရေ။

စီးပွားရေးလုပ်ငန်းတိအနေနဲ့ ဈေးဆိုင်ရောင်းသူ၊ လယ်ယာလုပ်သူတိနဲ့ ရေလုပ်ငန်းလုပ်သူတိလဲ ရှိကြပါရေ။ ၀န်ထမ်း အနည်းငယ်လဲရှိပနာ အများစုကတော့ လက်လုပ်လက်စား ဆင်းရဲသားတိဖြစ်ကြပါရေ။

အသက် ၅၅ နှစ်အရွယ် အာဇီမူဒင်က နန်းကျားအုပ်စု စီစီရွာမှာနေထိုင်ပနာ လယ်ယာလုပ်ပါရေ။ သူရို့ဒေသမှာ လယ်ကွက် ဧရိယာကို ၀ါး နဲ့ တိုင်းကတ်ပနာ စတုရန်း ၀ါး တစ်ရာရှိရေ မြေကွက်တစ်ကွက်က သုည ဒဿမ ရှစ်သုည (.၈၀) ဧက ရှိပါရေ။ အရင်ကတော့ လယ် ၂ ဧက ကျော် လုပ်ကိုင်နိုင်ခရေဆိုကေလေ့သင့် ဒေသဖွံ့ဖြိုးရေး စီမံကိန်းအတွက် သိမ်းဆည်းခံလိုက်ရရေအတွက် တစ်ဧက မပြည့်တော့ရေ မြေမှာပဲ လယ်တလှည့် ယာတလှည့် လုပ်ကိုင်နီရပါရေ။

“ဒေယာခင်း ဟိုဘက်က အဆောင်တိဆောက်နေစွာ ကျွန်တော့်မြေပါ။ ကျွန်တော် စာချုပ်စာတန်းနဲ့ ယူထားစွာ ဆယ့်လေးနှစ်၊ ဆယ့်ငါးနှစ် လောက် ရှိဗျာလ်။ ဖေ့သာ လုံးဝမရ။ ၀ါး နှစ်ရာအတွက် မရ။ ကျွန်တော့်မှာ စာချုပ်စာတန်းနဲ့ ပြေစာလဲရှိရေ။ ယေကေလေ့ မပီးကတ်။”

သူရို့ မိသားစု စားဝတ်နေရေးအတွက်တော့ ရှိရေလယ်မှာပဲ ဖြစ်ထွန်းနိုင်ဖို့ စပါးမျိုးတိ စိုက်ပျိုးကတ်ပါရေ။ ဒီနှစ်မှာတော့ သူ့လယ်က စပါး အထွက်က ထင်ကြေးမကိုက်လို့ ခေါင်းခဲစရာဖြစ်နီရရေလို့ ဆိုပါရေ။

“နွေစပါးလဲစိုက်တေ။ သီရီဒုံလည်း စိုက်ရေ။ ရွှေဝါထွန်းလဲ စိုက်ရေ။ ရတနာအောင်လဲ စိုက်ရေ။ စပါးအမျိုးမျိုးစိုက်ပါရေ။ နှစ်တိုင်း ၀ါးတရာကို စပါး ၂၀၀ လောက်ရစွာ ဒေနှစ် ၈၀ ပဲ ရရေ။ ကြဲစပါးဖြစ်လို့ မရ။ ပိုးကိုက်ရေ။ လောက်ကျရေ။”

စီစီရွာမှာနီထိုင်သူ နောက်တစ်ယောက်ကတော့ အသက် ၄၆ နှစ်အရွယ် အီဗရာဟိမ်းပါ။ သူ့မှာ မိသားစု ၉ ယောက်ရှိပါရေ။ သူကတော့ ကိုယ်ပိုင်လယ် မရှိတော့လို့ ကျဘမ်း လုပ်ကိုင်နီရပါရေ။ သားအကြီးတစ်ယောက်ပဲ အလုပ်နိုင်ရေ အရွယ်ဖြစ်ရေအတွက် သားအဖ နှစ်ယောက်ရရာ လုပ်ရင်း မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေရရေလို့ ဆိုပါရေ။

“အလုပ်က ကျဘမ်းအလုပ်ပဲ၊ အရင်လယ်ရှိရေ။ အခု လယ်မရှိယာ။ အကြွေးမဆပ်နိုင်လို့ လယ်ကို အပ်လိုက်ရရေ။ အခုတော့ စီးပွားရေးက ပိုက်ချ၊ စပါးရိတ်၊ ယင်းပိုင် လုပ်နီရစွာပါ။ တစ်ရက်ကို ငါးထောင်၊ ခြောက်ထောင်ရချင်ရ၊ တသောင်းလောက် ရရေအခါလဲရ ပုံမှန်တော့ မရှိပေါ့။”

လေးမြို့မြစ်ထဲမှာ ငါးဖမ်းထွက်ရေအခါ ထွက်ကေလေ့ တစ်နေရာနဲ့ တစ်နေရာကို လားလာခွင့်မလွယ်ရေအတွက် ရွာအနီးနားမှာရာ ပိုက်ချရရေပိုင် ရရေငါးကိုလဲ နီးစပ်ရာမှာယာ ရရေဈေးနဲ့ ရောင်းချရရေလို့ ဆိုပါရေ။ ယေကေလေ့ ငါးဖမ်းသူ ငါးယောက်လောက်ရှိရေအပြင် ဈေးကွက်က အကန့်အသတ်ဖြစ်နီရေအတွက် တွက်ခြေကိုက်ရေလို့ မဆိုနိုင်ပါ။

“ငါးကတော့ အမျိုးစုံပါပဲ။ ပိုက်နဲ့ဆိုင်ရေ။ ပိုက်အစိတ် အကျဲပေါ်မှာ မူတည်ရေ။ အခု ငါးဗျက်၊ ငါးဝမ်းပူ၊ ငါးဆုပ်၊ အစုံဖမ်းရေ။ လာဝယ်ရေလူမရှိ။ အနီးနားက ရွာတိမှာ လားရောင်းရရေ။”

“နန်းကျားတရွာတည်းမှာပဲ လားရောင်းလို့ရရေ။ တခြားရွာတိ လားလို့မရ။ နန်းကျား တရွာတည်းလားလို့ရစွာကလည်း ကျွန်တော်ရို့ တစ်အုပ်စုတည်း ဖြစ်လို့ရစွာ။”

အာဇီမူဒိန်ကတော့ ဖြစ်လာရေ အခြေအနေကို ရင်ဆိုင်ရင်း မိသားစုစားဝတ်နေရေးကို ဦးစားပေး ဖြေရှင်းနီရပါရေ။ အဓိက အခက်အခဲက သူ့ မိသားစုထဲမှာ အလုပ်လုပ်နိုင်ရေလူ မရှိလို့ ကျွဲ နွားနဲ့ လုပ်သားအငှား ခေါ်ရရေ အခက်အခဲပါ။ ဒေနှစ် စပါးအရနည်းရေအတွက် ဆောင်းသီးနှံ ယာခင်းချေကိုရာ မျှော်လင့်ချက် ထားနီရပါရေ။

“နွားတိ အားလုံး ပြုန်းယာ။ အရင် ကျွဲရှိရေ။ နွားရှိရေ။ အားလုံး ပါလားယာ။ ရောင်းစားလိုက်ရရေ။ လေယာဉ်ကွင်းမှာ လယ်ပါလားလို့ အားလုံး ရောင်းစားပစ်လိုက်ယာ။ ငှားလုပ်ရရေ။ ငှားလို့လဲ မနိုင်။ လူတစ်ယောက်ငှားကေလဲ တစ်ရက်ကို တစ်သောင်း တောင်းနီရေ။ ဟိုဘက်မှာ တစ်ရက်ကို ခုနှစ်ထောင် ရှစ်ထောင်ရရေဆိုတော့ ဒေမှာမလုပ်ချင်ကတ်”

“ဇာပိုင်စားရဖို့လဲ စဉ်းစားလို့ ဝေဖန်လို့မရယာ။ ယာခင်းနဲနဲစိုက်ရေ ထွက်ဖို့လား မထွက်လား ပြောလို့မရ။ အာလူး၊ ငရုတ်၊ မုန်လာစိုက်ထားရေ။ ယင်းပိုင်ပဲ စိုက်ရစွာယာ။”

သူ့မှာ သားနှစ်ယောက်နဲ့ သမီးသုံးယောက်ရှိပါရေ။ သမီး နှစ်ယောက်ကတော့ အိမ်ထောင်ကျပနာ သီးခြားစီ နီကြပါရေ။ ဆယ်တန်း တက်နေရေ သားနှစ်ယောက်ကို အထက်တန်းကျောင်းရှိရေ ရွာတိကို ပို့ထားပနာ ဆွေမျိုးတိ နေအိမ်မှာနီလို့ ပညာသင်ယူစီပါရေ။

“သူရို့ကိုလည်း တစ်လမှာ ကျူရှင်စရိတ် တသောင်းခွဲပီးရရေ။ လခ စပါး ၂၀၀ တောင်းရေ။ ငွေ တစ်သိန်းတောင်းရေ။ တစ်သိန်းမှာ ငါးသောင်းလောက် ပီးပနာ ကျန်ရေ စပါး ၁၀၀ နဲ့ ဖေ့သာ ငါးသောင်း ဇာပိုင် လုပ်ရဖို့လဲ မသိယာ။”

သားတိကို အခြေခံပညာ အထက်တန်း သင်ယူရေဆိုစွာ အာဇီမူဒင်အတွက် လွယ်ကူလှရေ အခြေအနေတော့ မဟုတ်ပါဘူး။ တခြားရွာမှာ လားထားရရေ အတွက် သူရို့အတွက် စားစရိတ်၊ နေစရိတ် ထောက်ပံ့ရပါရေ။ ဆွေမျိုးနေအိမ်တိမှာ ထားရေအတွက် အနည်းငယ် ပြေလည်ရေဆိုရကေလေ့ လိုအပ်ချက်တိက အများကြီးပါ။ သူရို့အတွက် လားလာခွင့် အကန့်အသတ်ရှိနေစွာကလည်း အချေတိ့ ပညာရေးအတွက် အခက်အခဲအများကြီး ဖြစ်ရပါသေးရေ။

“တစ်လမှာ တခါ နှစ်ခါရောက်ရေ။ သူက Taxi နဲ့လာရေ သူ့ကို ပြန်ပို့ဖို့လားကေ ဖေ့သာပေးရရေ။ ကျောင်းသားအတွက်တော့ ပီးဖို့မလို။ အဖဖြစ်ဖြစ် ညီဖြစ်ဖြစ် အကိုဖြစ်ဖြစ် လိုက်ပို့ကေတော့ ဆိုင်ကယ်ဖြတ်ခ ၁၀၀၀ ပီးရရေ။”

အီဗရာဟိမ်းကတော့ စီးပွားရေးအခြေအနေအရ သားသမီးတိကို ပညာသင်ပေးချင်နီကေလေ့ သားသမီး ခြောက်ယောက်မှာ တယောက်တည်းကိုရာ ကျောင်းထား နိုင်ပါသိ့ရေ။

ယေလေ့သင့် အလယ်တန်းအောင်လို့ အထက်တန်းဆက်ထားဖို့က မရေမရာဘဲ ရှိနေပါသေးရေ။ အာဇီမူဒိန်ကတော့ သူ့သားသမီးတိ အားလုံးကို ကျောင်းထားနိုင်လို့ ဂုဏ်ယူနီရရေလို့ ပြောပါရေ။

“သားသမီးအားလုံး စာတတ်ရေ။ ဆယ်တန်း နှစ်ယောက် မိန်းကလေးက ခြောက်တန်း ခုနစ်တန်း။ အထွေးဆုံးက အခု ငါးတန်း”

ယေလေ့သင့် အာဇီမူဒိန်ရဲ့ သမီးကြီးက ဆေနော်တာရာဘေဂွမ်က အသက် ၁၆ နှစ်မှာ အိမ်ထောင်ကျခပနာ အခု အသက် ၂၂ မှာ ကလေး ၃ ယောက် မိခင်ဖြစ်နီပါယာ။ သူ အိမ်ထောင်ကျပြီးနောက် ယိုင်သည်ရွာမှာ သီးခြားနေကတ်စွာပါ။

စီးပွားရေး အခြေအနေအရ သားမက်ဖြစ်သူက မလေးရှားနိုင်ငံကို အလုပ်လားလုပ်ဖို့ ရွာကထွက်ခွာလားခကေလေ့ အမ်းမြို့နယ် စစ်ဆေး ရေးဂိတ်မှာ အဖမ်းခံလိုက်ရရေအတွက် ကျောက်ဖြူထောင်မှာ ပြစ်ဒါဏ် ၂ နှစ်ကျခံနေရပါရေ။

ယင်းအခါ သမီးဖြစ်သူနဲ့ မြေးတိကိုပါ စောင့်ရှောက်ဖို့ ဖခင် အိမ်ကို ရောက်လာပါရေ။

“သူ့မှာ ငွေရေးကြေးရေး အဆင်မပြေလို့ မလေးရှားလားစွာမှာ အဖမ်းခံထားရရေ။ ဖေ့သာလဲ အများကြီးကုန်ရေ။ သိန်း နှစ်ဆယ်လောက် ပါလားရေ။ ဖေ့သာလဲဆုံး လူလဲ သုဉ်း၊ ယူလားရေသူ နာမည်လဲ မသိဘူး။ မြန်မာနာမည်လဲ မသိ။ မူဆလင်နာမည်လဲ မသိ။ ယူရေသူလဲ ယူလားဗျာလ်။ ကံကောင်းသူက ရောက်ရေ ကံမကောင်းရေသူက အဖမ်းခံရရေ။”

ဆီနော်တာရာက သူ ယိုင်သည်ရွာ ကယ်ဆယ်ရေးစခန်းမှာ ခင်ပွန်းသည်နဲ့ နေထိုင်ခစဉ်က အလုပ်အကိုင်မလုပ်နိုင်ဘဲ ရရေ ရိက္ခာနဲ့ မျှတ စားနေခရပါရေ။ သားသမီးတိနဲ့ ဖြစ်လာလို့ မိသားစု စားဝတ်နေရေးအတွက် စီးပွားရှာဖို့ ဆုံးဖြတ်ခရေ ခင်ပွန်း ဆုံးဖြတ်ချက်ကို မကန့်ကွက်ခလို့ ပြောပါရေ။

“ကယ်ဆယ်ရေးစခန်းမှာ စားစရာရိက္ခာတိတော့ ရပါရေ။ ယေလေ့သင့် လုံလောက်စွာတော့ မဟုတ်။ တစ်ခြားအလုပ်တိလဲ ထွက်လုပ်လို့ မရဆိုခါ အဆင်မပြေပေါ့။”

ဆေနော်တာရာက သူ့ခင်ပွန်း အဖမ်းခံလိုက်ရရေအတွက် နီထိုင်စားသောက်ရေး ပိုမိုအခက်အခဲဖြစ်ရရေအပြင် ထောင်ဝင်စာလားတွိ့ဖို့ မဖြစ်နိုင်ရေပိုင် ထောင်ထဲမှာ ဇာပိုင်နေရလဲဆိုစွာ ဆက်သွယ်ဖို့ကလဲ အခက်အခဲဖြစ်နေရရေလို့ဆိုပါရေ။ အခွင့်အရေးရရေအခါ ဖုန်းပြောခွင့် ရနိုင်ကေလေ့ ဖုန်းပြောခ ဖေ့သာ မတတ်နိုင်ယာဖြစ်လို့ စိတ်ပူနေရရေလို့ ဆိုပါရေ။

“ဖေ့သာရှိကေတော့ သူ့ကို ပို့ပေးချင်ရေ။ ဖေ့သာမရှိတော့ တစ်ခုလဲမလုပ်နိုင်။”

“တစ်ခါတလေ ဖေ့သာရှိကေ လုံခြုံရေးအဖွဲ့ထဲက သဘောကောင်းရေသူတိ ကူညီပေးကေတော့ ဖုန်းပြောလို့ရရေ။ ယေလေ့သင့် ဖေ့သာ မတတ်နိုင်တော့ ဖုန်းဆက်လို့မရယာပေါ့။”

ယေလေ့သင့် သူရို့အတွက် ဖြေသာနိုင်စရာတခုလို့ ပြောလို့ရစွာကတော့ မောင်တောဒေသ မတည်ငြိမ်မှုတိက သူရို့ နေရေ နေရာမှာတော့ သိသိ သာသာ လှုပ်ခတ်ခစွာ မရှိပါ။ လူမှုအသိုက်အ၀န်း အချင်းချင်း ဆက်ဆံရေး ပြတ်တောက်စွာမရှိခရေပိုင် ပဋိပက္ခတိလဲ မရှိခလို့ အာဇီမူဒိန်က ဆိုပါရေ။

“မောင်တောဖြစ်စွာနဲ့ ငါရို့နဲ့ မဆိုင်ပါ။ ရွာမှာ အေးအေးဆေးဆေး။ လုံခြုံရေးလဲရှိရေ။ ယိုင်သည်မှာရှိရေ။ ပေါင်းတုတ်မှာရှိရေ။ နန်းကျားမှာရှိရေ။ ကာကွယ်ရေ။ လူ သူ ဆူစွာလဲမရှိ။ ရန်ဖြစ်စွာလဲမရှိ။ မူဆလင်နဲ့ ရခိုင်၊ ဒိုင်းနက်တိဖြစ်စွာလဲ မရှိပါ။”

အာဇီမူဒိန်၊ အီဗရာဟိမ်းနဲ့ ဆေနော်တာရာရို့ အားလုံးကတော့ လတ်တလော အကြပ်အတည်းတိနဲ့ ရင်ဆိုင်နေရကေလေ့ အနာဂတ်တိ အတွက် လိုအပ်နေရေ အခွင့်အလမ်းတိ ရလားဖို့လားဆိုရေ မျှော်လင့်ချက်တိ ရှိနေတုန်းပါ။ သားသမီးတိရာ ဆယ်တန်း အောင်ခကေဆိုရေ အတွေးနဲ့ အလုပ်တိ ဆက်လုပ်နေကြဦးဖို့သိ့ ဖြစ်ပါရေ။

“ကိုယ့်သားသမီးက ဆယ်တန်း အောင်ချင်လဲ အောင်မယ်၊ မအောင်ကေတော့ စီးပွားရေး တခုခုပေါ့၊ ဆိုင်လေး ဘာလေးဖြစ်ဖြစ်၊ လယ်ဖြစ်ဖြစ်၊ ကျောင်းမှာ ကျောင်းဆရာပဲဖြစ်ဖြစ် ယင်းပိုင်ထားဖို့ စိတ်ကူးထားရေ။ ဆယ်တန်းအောင်လို့ ဆရာဝန်တစ်ယောက် ဖြစ်လာကေ ကိုယ့်အတွက် အကျိုးရှိဖို့၊ သားသမီးအတွက်လဲ အကျိုးရှိဖို့။ အဲ့ဒီလိုပုံစံမျိုး အထိတော့ မျှော်လင့်မိစွာပဲ။ တခြားကိစ္စတိက ဒေလောက် မဟုတ်”

“ကျွန်တာ် ဒုက္ခခံရရေပိုင် သားသမီးကိုတော့ ဒုက္ခမခံစေချင်ဘူးလေ။ ဖေ့သာမရှိလို့ လိုက်မမီနိုင်၊ စီးပွားရေးတစ်ခုရှိလို့ စာသင်လို့ရကေ ဟိုမှာ ကျောင်းပြလို့ ရရေ။ ဆရာဝန်သင်လို့ရရေ။ စာရေးလုပ်လို့ရရေ။ ယင်းပိုင်ရကေတော့ တစ်မျိုးကောင်းရေပေါ့။ အခုအဲလိုလဲ မရှိဘူး။ ကျွန်တော့မှာ မရှိပဲနဲ့ ကျွန်တော် ဘယ်လိုလုပ်ပေးနိုင်ပါမလဲ။ အဲ့ဒါနဲ့ တယောက်ပဲဖြစ်ဖြစ် သင်ပေးမယ်ဆိုပြီး တယောက်တော့ သင်ထားရေ။ အခုလဲ ကျွန်တော့်မှာ ပညာမရှိလို့ တစ်ခုလဲမရ။ ပညာရာရှိဖို့ဆိုကေ တခုခုတော့ မရဘဲ နေဖို့လား။”

 480 total views,  1 views today