ကိုအောင် ၊ ရိုးမရေဒီယိုမဂ္ဂဇင်း
မြိုတိုင်းရင်းသားတိစွာ ရခိုင်ပြည်နယ်မြောက်ပိုင်းက မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနဲ့ ကျောက်တော် မြို့နယ်ထဲမှာ နီထိုင်ကြပါရေ။ သူတို့တိစွာ တောင်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ပြီး တောင်တန်းဒေသတိမှာပဲ နီထိုင်လေ့ ရှိကြပါရေ။ သူရို့တိစွာ ခေတ်ပေါ် အသုံးအဆောင်တိ မက်မောလေ့မရှိဘဲ နီထိုင်စားသောက်မှုမှာလည်း ရိုးရိုး ရှင်းရှင်းပဲ နီထိုင်ကတ်ပါရေ။ သီဆို တီးမှုတ်စွာ ၀ါသနာပါကတ်သလို သဘာဝအတိုင်း ရရှိရေပစ္စည်းတိကို အခြေခံပြီး တူရိယာ ပစ္စည်းတိ ပြုလုပ်တတ်ကတ်ပါရေ။ ဗူးခါးသီးခြောက်၊ ၀ါးလုံး၊ အုန်းမှုတ်ခွက် စစွာတိကို အခြေခံပနာ ဘူးသီးခြောက် တံပိုး၊ ၀ါးပုလွေ၊ ၀ါးစောင်း၊ အုန်းမှုတ် တယောစရေ လေမှုတ် ကြိုးတပ်တူရိယာတိ၊ ဗုံ၊ မောင်း၊ ကေတ်းဗန်း၊ လင်ကွင်းစရေ တီးခတ်ရရေ တူရိယာတိကို ပြုလုပ် တီးခတ်ကတ်ပါရေ။
“တူရိယာမှာ မောင်းလဲရှိရေ၊ လင်းကွင်းလဲရှိရေ၊ ဗုံလဲရှိရေ တီးရေစွာတိလေ။ ပထမဦးဆုံး ပွဲစမယ်ဆို ဗုံနဲ့ လင်းကွင်းနဲ့ ဒီပန်းကန်လောက်ရှိရေ အ၀ိုင်းပြား ကြေးဗန်းကို တီးရေ၊ ခေါက်ရေ။”
သူရို့တိစွာ ဒေတူရိယာပစ္စည်းတိကို ဇာပိုင် ပြုလုပ်ကတ်သလဲ၊ တေးသံစဉ်တိ၊ အလင်္ကာတိကို ဘဇောင် ဖွဲ့စည်းကတ်လဲ၊ ဇာအချိန်မှာ ဇာပိုင်တေးတေးခြင်းမျိုးတိကို သီဆိုကတ်လဲ စစွာတိကို မြိုလူမျိုး တေးအလင်္ကာဖွဲ့နွဲ့ သီဆိုသူတိကို တွေ့ဆုံမေးမြန်းပြီးတင်ပြပီးလားပါမေ။
မြို လူမျိုးတို့စွာ ပွဲလမ်း သဘင်ကျင်းပရေအခါ၊ မင်္ဂလာအခမ်းအနားတိ ကျင်းပရေအခါ တူရိယာအစုံကို တီးမှုတ်ပြီး တညလုံး တနီ့လုံး သီဆို ကခုန်လေ့ ရှိကတ်ပါရေ။ လူငယ်တိ မေတ္တာရေးကိစ္စတိ၊ သူငယ်ချင်း မိတ်ဆွေအချင်းချင်း အားလပ်ချိန် တွေ့ဆုံရေအချိန်တိ၊ ကလေးကင်ပွန်းတပ် အချိန်တိဆိုကေတော့ တူရိယာ တစ်မျိုးမျိုးကို တီးခတ်ပနာ သီဆိုကတ်တေပိုင် တစ်ညလုံး ၀ိုင်းဖွဲ့ကကတ်ရေ ကပွဲတိဆိုကေတော့ တူရိယာအစုံ တီးမှုတ် ကတ်ပါရေ။ ပုဏ္ဏားကျွန်းမြို့နယ်၊ ဗန်းဗွီးရွာမှာနီရေ ဦးလင်မ်တွီး ကတူရိယာတိ တီးမှုတ်တတ်ရေပိုင် တေး အလင်္ကာတိ ဖွဲ့နွဲသီဆိုတတ်သူတယောက်ပါ။ သူက မြိုလူမျိုးတို့ တူရိယာတိကို အခုပိုင်ရှင်းပြပါရေ။
“ပွဲစမယ်ဆိုရေအခါ ဘိုးအကြီးနဲ့ မှုတ်ရေ။ ပွဲမှာမိုးလင်း အရုံအထိဆိုရေအခါ ဖက်ပြီးကရေ ယင်းအခါ တစ်မျိုးမှုတ်ရေ။ တေးခြင်းဆိုရေ။ မိန်းကလေးတိနဲ့ ဖက်ပြီးကရေ။ ယင်းမှာ မှုတ်ရစွာ တစ်မျိုးရှိရေ။ နောက်တခုက မိန်းကလေးအပျိုနဲ့ စကားပြောရေ၊ လည်ရေ၊ ကျွန်တော်တို့ မြိုတိက အိမ်တအိမ်မှာ တေးခြင်းဆိုရေ ယင်းခါတော့ စောင်းနဲ့ တီးရေ။ တယောနဲ့ တီးရေ၊ တေးခြင်းဆိုရေ။ နောက်တမျိုးက ပုလွေ။ ယင်းပိုင်။”
တူရိယာတိထဲမှာ အရေးပါရေ တူရိယာတစ်ခုကတော့ ဗူးသီးခြောက်နဲ့ ၀ါးလုံးချေတိကို တပ်ဆင်ပြုလုပ်ရရေ ဗူးသီး ခြောက်တံပိုးပဲ ဖြစ်ပါရေ။ မြိုလူမျိုးတိကတော့ ဘိုးလို့ ခေါ်ကြပါရေ။ ဘိုးကြီး၊ ဘိုးငယ်၊ အရွယ်အစား အမျိုးမျိုး ပြုလုပ်ပြီး အသံအနိမ့်အမြင့် ဖန်တီးတတ်ကတ်ပါရေ။ ဘိုးလုပ်ဖို့ ဘူးခါးသီးတိကို ယာမှာ စိုက်ပျိုးထားရပါရေ။ ဘူးခါးသီးတိ ရင့်မှည့်ပြီး ခြောက်ရေအထိ ထားပြီးမှ အထဲက အစေ့ကို အညှာဖြတ် ထုတ်ယူပနာ အလုံးအတိုင်း ကျန်ရေ အသီးကို သုံးရစွာပါ။ လေမှုတ်တံ အတွက်တော့ ခရိုင်ဝါးလုံးချေတိ သုံးရပါရေ။ ဗူးခါးသီးခြောက် ကိုယ်ထည်မှာ ၀ါးလုံးထည့်သွင်းနိုင်ရေ အပေါက်တိ ဖောက်၊ ၀ါးလုံးချေတိ ထိုးစိုက်ပနာ ဘူးသီးခြောက် အညှာဘက်ကို လေမှုတ်ပေါက် အဖြစ် ထားရပါရေ။ ၀ါးလုံးချေတိမှာတော့ အသံမြည်ဖို့ အခင်လို့ခေါ်ရေ လျှာချပ်ချေတိထည့်ရပနာ၊ သံစဉ်ကိုဖော်ဖို့ အတွက်တော့ အပေါက်ချေတိကို လေးခု၊ ခြောက်ခု၊ လုပ်ထားရပါရေ။ လီလုံဖို့ အတွက် ၀ါးတံ စိုက်ရေ အပေါက် နီရာတိကို ပျားဖယောင်းနဲ့ ပိတ်ရပါရေ။ လေကိုမှုတ်သွင်းစွာ၊ စုပ်ယူစွာ လုပ်ရေ အချိန်မှာပဲ ဘယ်ညာ လက်ချောင်းတိနဲ့ ၀ါးလုံးချေတိ အပေါက်ကို အပိတ်အဖွင့်လုပ်ရေအခါ ဘိုးတူရိယာ၏ ငြင်သာရေ ဂီတသံ ထွက်ပေါ်လာပါရေ။
“ဘူးတောင်းနဲ့ ၀ါးတိုင်ကို စိုက်ပနာ ဘိုးကြီးက နှစ်လုံးနဲ့ လေးလုံး၊ အငယ်၊ အကြီးအလတ်၊ ယင်းပိုင်ပါရေ။ ကိုးလုံး ခုနစ်လုံး ခြောက်လုံးမှာ ကျတော့လဲ ကိုယ့်အသံနဲ့ ကိုယ်ထွက်ရေ။ အသံက အပေါက်က လာစွာကိုး၊ တိုင်လဲ အတိုအရှည်ရှိရေ။”
ရွာတစ်ရွာမှာ ကပွဲတိပိုင် ပွဲတိ စီစဉ်ရေအခါ ရွာကို ဖိတ်ကြားထားရေ တစ်ခြားရွာတိကလည်း ကိုယ့်ရွာအလိုက် တူရိယာ ပစ္စည်းအစုံကို တစ်ပါတည်း ယူဆောင်လာကတ် ရပါရေ။ ပွဲကျင်းပဖို့ ရွာကို မရောက်ခင်ကတည်းက တူရိယာ အသံတိကို သံစုံ တီးမှုတ်ပနာ လာရောက်ရေ အကြောင်းကို အိမ်ရှင်တိကို အသိပေးလေ့ရှိပါရေ။ ကပွဲကို ရောက်ရေအခါ တစ်ရွာနဲ့ တစ်ရွာအပြိုင်အဆိုင် တီးမှုတ်ပနာ ကပွဲကို တစ်ညလုံး ဆိုကတ် ကကတ်ရပါရေ။
“ပြီးကေ ဘိုးကြီးကို ကရရေ။ ဘိုးကြီးကတော့ တစ်ရွာနဲ့ တစ်ရွာအပြိုင်အဆိုင်။ ကျွန်တော်ရို့ ဗန်းဗွီးမှာ ပွဲလုပ်ဖို့ဆိုကေ တစ်ရွာလုံးကို ဖိတ်ကြားရေ။ သူရို့ကလဲ ဘိုးနဲ့ ပြင်ဆင်လာရရေ။ တစ်ယောက်နဲ့ တစ်ယောက် အပြိုင်အဆိုင်။ ဇာသူမကောင်းလဲ၊ ဇာသူကအသံမြဲလဲ။ စပီကာပိုင် အသံချဲ့စက်မျိုးလေ။”
နောက်ထပ် ၀ါးနဲ့ လုပ်ရေ တူရိယာတိကတော့ ၀ါးစောင်းနဲ့ ၀ါးပုလွေရို့ပဲ ဖြစ်ပါရေ။ ၀ါးစောင်းကို အချင်း လုံးပတ် သုံးလက်မလောက်ရှိရေ ၀ါးလုံးကို သုံးပနာ မဒေးဝါးကို အသုံးများပါရေ။ ၀ါးအဆစ် တစ်ဆစ် အရှည်ကို အဆစ်ပိတ်ဖြတ်ပြီး အလယ်မှာ အသံထွက်နိုင်ဖို့ လေးလက်မ အရွယ် လေးထောင့် အပေါက် တစ်ပေါက်ကို ဖောက်ထားရပါရေ။ ၀ါး အကြောကို မပြတ်ဘဲ ကြိုးမျှင်ရအောင် ဆွဲထုတ်ရပါရေ။ ရရေ ၀ါးကြော စောင်းကြိုးကို အသံအနိမ့် အမြင့် ညှိဖို့အတွက်တော့ အထက် အောက် အရင်းမှာ ၀ါးနှီးထောက် အသေးလေးတိ ထောက်ပြီး ချိန်ရပါရေ။ ဘယ်ဘယ် သုံးကြိုးအသံသုံးခု၊ ညာဘက် သုံးကြိုးအသံသုံးခုကို လက်နှစ်ဖက်နဲ့ တလှည့်စီခတ်ရေအခါ ဂီတသံ ရပါရေ။ စောင်းကိုတော့ အမျိုးသမီးတိ အများဆုံး တီးခတ် ကြပါရေ။ စောင်း၊ ဘိုး၊ တူရိယာ အများစုကတော့ အသံခြောက်သံကို အခြေခံပါရေ။ ပုလွေကိုတော့ အပေါက် လေးပေါက်နဲ့ပဲ လုပ်ကြရေလို့ ဆိုပါရေ။
“စောင်းကတော့ ဒေလောက် တဆစ်နဲ့ ရရေ။ နှဲမှုတ်စွာ မျိုးစောင်းမှာလဲ ဒေပိုင်ဗျာလ်။ ဘိုးမှာလဲ ခြောက်ပေါက် ခြောက်သံ၊ ပုလွေကိုလဲ ၀ါးနဲ့ပဲ လုပ်ရေ။ ၀ါးကို အပေါက်ဖောက်ရေ လေးပေါက်။ ပုလွေမှာတော့ လေးပေါက်ပဲ လုပ်ရေ။”
“စောင်းမှာကျကေ မိန်းမချေပဲ သုံးရေ။ ပုလွေတို့၊ တယောတို့ကျကေ ယောကျာ်းပဲ သုံးရေ။”
ကပွဲတိမှာတော့ အမျိုးသား အမျိုးသမီးအတူတူ လက်ချင်းယှက် ခါးကိုဖက်ပနာ ၀ိုင်းလှည့် ကကတ်ရစွာပါ။ ယင်းအချိန်မျိုးမှာ မိဘတိကလည်း သဘောမတူရေ သူနဲ့ တွဲယှဉ်ကနီကေတောင် မကန့်ကွက်ရဘဲ ခွင့်ပြုပေးရရေလို့ ဆိုပါရေ။ အမျိုးသားအမျိုးသမီး အပြန်အလှန် စောင်းချိတ် တေးခြင်းဆိုစွာ၊ ချစ်မေတ္တာကို ဖော်ကျူးရေ တေးခြင်းတိသီဆိုစွာ၊ အပြန်အလှန် စကားနိုင်လုရေ တေးခြင်းတိ၊ ပဟေဠိ ၀ှက်၊ စကားထား ၀ှက်ရေ တေးခြင်းတိ ဆိုကြရေလို့ ဦးလင်မ်တွီးက ရှင်းပြပါရေ။
“ကျွန်တော်က တေးခြင်းနဲ့ မင်း အဖေအမေက ငါတို့ကို သဘောမတူဘူး။ ဆူမယ်၊ ဆဲမယ်၊ တုတ်နဲ့ ရိုက်ဖို့၊ မင်းခံနိုင်မလား… ယင်းပိုင်မျိုး။ ကျွန်တော်က တေးခြင်းနဲ့ ကိုယ့် ရိုးရာတေးခြင်းနဲ့ ဆိုရင်တော့ စွာ…. ခိုးရာ လိုက်လာမှာပဲ….. မစိုးရိမ်ပါနဲ့ အကိုရယ် ကျွန်မအဖေ အမေက လောကမှာ ဇာသူနဲ့မှ သဘောတူဖို့ မထင်။ ဒါပေမယ့် အဖေအမေ သဘောမတူကေတော့ ဘ၀မှာ ဇာပိုင်ပေါင်းသင်းရဖို့လဲ၊ အကိုလျှောက်ရေ လမ်း သေချင်လဲသေပါစေ၊ အကိုအပင်ပေါ်က ပြုတ်ကျကေ ယင်းအပင် ကျွန်မခုတ်လိုက်မယ်၊ အကိုရေနစ်ရင်လဲ အဲ့ဒီရေအိုင်ကို ကုန်အောင် ခပ်ပစ်လိုက်မယ် …… ယင်းပိုင်ဆိုကတ်ရေလေ။”
မြိုလူမျိုးတို့ ဓလေ့ထုံးစံအရ အရွယ်ရောက်ရေ သမီးမိန်းကလေးတိစွာ နီးစပ်ခင်မရာ အချင်းချင်းစုပနာ အိမ်တအိမ်မှာ စုပြီး ညအိပ်လေ့ ရှိကြပါရေ။ ယင်းအချိန်မှာ ကာလသား လူပျိုတိ လာရောက် လည်ပတ်ကတ်ပနာ မိဘ ခွင့်ပြုချက်ရရေအခါ အိမ်မှာ စကားပြောခွင့်၊ တေးခြင်းတိ သီဆိုခွင့်ရှိကြပါရေ။ ညနီပိုင်း အလုပ် အားလပ်ရေ အချိန်ဆိုကေတော့ ၀ါးစောင်းသံ၊ အုန်းမှုတ်တယောသံ၊ ပလွေသံတိ၊ အပြန် အလှန် စောင်းချိတ် သီဆိုသံတိ၊ မေတ္တာဖွဲ့ တေးခြင်းသံတိနဲ့ ပျော်စရာဖြစ်နီပါရေ။ မိန်းကလေးအချင်းချင်း စုဝေးပြီးတော့လဲ ကိုယ့်စိတ်ထဲမှာ ခံစားရရေ အချစ်၊ အလွမ်း၊ အဆွေး၊ ပျော်စရာတိ အကြောင်း လက်တန်းဖွဲ့ဆိုပြီး သီဆိုလေ့ရှိပါရေ။ သီဆိုကြရေအခါလဲ အပျို၊ လူပျို မှ မဟုတ်ဘဲ အိမ်ထောင်ရေတိ လူလတ် လူကြီးတိလဲသီဆိုတတ်ကြရေလို့ မြိုတိုင်းရင်းသူမဆာပါရ်က ပြောပါရေ။
“အလိုလိုပေါ်လာစွာ သူများဘားမှာ သင်စရာမလိုလေ။ ယင်းချင့်က ပျော်ရေအချိန်မှာထွက်လာရေ အသံရှိရေ။ နောက်ပြီးကေ ခံစားချက်ရှိရေအခါမှာ ထွက်လာရေ တေးခြင်းသံဆို ကိုယ် ရင်ထဲက ပေါက်ထွက်လာရေ အသံ။ သင်ဖို့မလို။ အခုအချိန်လောက်ဆိုကေ တခါတလေ အမျိုးသမီးအဖွဲ့တိ လူကြီးတိပဲဖြစ်ဖြစ် အမိတိ၊ သူငယ်ချင်းအပေါင်းအသင်းတိ တခါတလေ ဆိုကြရေ။ အားပီး တေးခြင်းချေတိ ဆိုကြရေ။”
ဒေါ်မဖြူကတော့ အခုဆိုအသက် ၆၅နှစ်ကျော်နီပါယာ။ သရို့ ငယ်ရွယ်စဉ်ကတော့ ဗန်းဗွီးရွာမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ရိုးရာအတီးအမှုတ်တိနဲ့ စည်ကားခပါသေးရေ။ သူရို့ ငယ်စဉ်ကရွာမှာ ဂီတသံစဉ်တိနဲ့ ဘဇောင် ပျော်စရာကောင်းခရေ ဆိုစွာကို မှတ်မှတ်ရရပြောပြပါသေးရေ။
“လထိန်ထိန်သာနီယာဆိုကေ အပျို လူပျို လည်ကြရေ။ ဒေဘက်ရွာက ဟိုဘက်ရွာက လည်ကတ်ရေ။ ပျော်ပျော်ပါးပါး။ ယင်းမှာ စောင်းတိ တီးလို့ ယင်းအချိန်ကစောင်းတီးရေဆိုကေ ပျော်စရာ။ အခုပိုင် သေးသေးမွှားမွှား မဟုတ်။ တခါတလေ မိုးလင်းချင်းလင်းလားရေ။ တခါတလေ သန်းခေါင်ကျော်ရေ။ ငါရို့က အိပ်ချင်ယာ။ ကိုယ့်အိမ်ကိုယ် ပြန်ကတ်ဖိ့လို့ ပြောရရေ။ အလည်လာကြရင်လဲ မိဘတိက မပြောကြပါဘူး။ ခွင့်ပြုထားပြီးသား။”
ဦးလင်မ်တွီးက တေးအလင်္ကာသီဖွဲ့စွာကောင်းသူဖြစ်သလို တူရိယာအစုံလည်းတီးမှုတ်တတ်သူပါ။ အခု သူ့အသက် ၇၀ ကျော်လာခဲ့ပါပြီ။ သူငယ်စဉ်က ရွာမှာဇာလောက်အထိဆိုခဲ့၊ တီးခဲ့၊ ကခဲ့သလဲဆိုစွတိကို အခုအချိန်အထိ မှတ်မှတ်ရရရှိနီရေလို့ ပြောပါရေ။
“ကျွန်တော်က သရုပ်ဆောင်ပေါ့။ မင်းသားလေ၊ ပြောဖိုဆိုကေတော့ မပါကေမဖြစ်ပေါ့။ ကျွန်တော်ရို့က အပျော်ဆုံးဗျာလ် ယင်းအချိန်မှာ။ တစ်ခုလေ့သင့် မစဉ်းစား။ ပျော်ဖို့၊ ကဖို့၊ ဆိုဖို့၊ ကိုယ် နီချင်သလိုနီရေလေ လွတ်လပ်ရေးပေါ့။”
အခုအချိန်မှာတော့ ဗန်းဗွီးရွာချေမှာ စောင်းတီးသံတိအစား၊ ဂီတာသံတိ၊ ဘိုးမှုတ်သံတိ တီးခတ်သံတိ အစား ခေတ်ပေါ် MTV ဇာတ်လမ်းတိက နီရာယူလာကတ်ပါယာ။ ယေလေ့ မြို့နဲ့ အလှမ်းဝေးရေ မြိုရွာတိမှာတော့ တီးမှုတ်သီဆိုသံတိ ကြားနီရဆဲပါ။
“နွားထိုးပွဲအချိန်မှာပဲ ယင်း ဘိုးမှုတ်ရေ အသံတိကြားရစွာ။ အခုခေတ် အချေတိကတော့ မသိကတ်လေ။ သူရို့ တတ်လဲမတတ်။ တစ်ခုကိုလဲ မသိကတ်။ ဗွီဒီယို၊ ဂစ်တာပဲ၊ ယင်းချင့်နန့် ကိုယ်ရိုးရာတိ ဇာကိုလဲ သူရို့ မသိကတ်ယာ။”
ဦးလင်မ်တွီးကတော့ သူ့လက်ထဲက ဘိုးကိုကိုင်ထားရင်း အနားက ထွက်ပေါ်နီရေ စောင်းသံကို နားထောင်ရင်း သူ့ဆန္ဒကို တဖွဖွပြောနီပါသေးရေ။
“ယင်းကြောင့်ပဲ ကျွန်တော်ဆုတောင်းရေ … အို … ဘုရား….. ထာဝရဘုရား …… ကျွန်တော် မြို လူမျိုးပဲ ဖြစ်ချင်ရေ။ ကျွန်တော်ရို့ နောင်ဘ၀မှာလဲ။ ပျော်စရာကောင်းရေ ယင်းပိုင် ကျွန်တော် ဖြစ်စေချင်ရေ လောကမှာ ဆိုပြီးတော့ ဆုတောင်းရေ။”
577 total views, 1 views today