ရိုးမရေဒီယိုမဂ္ဂဇင်း
အောက်တိုဘာ ၃ ရက်။ ။ ၂၀၁၈-၁၉ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လတာ ကာလ အတွင်း မောင်တော နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ သန်းကျော်အထိ ရှိခကြောင်း မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ သိရပါရေ။
မူလ မီနီဘတ်ဂျက်အရ ကုန်သွယ်မှုပမာဏအား အမေရိကန် ဒေါ်လာ ငါးသန်းခန့်အထိ ကုန်သွယ်မှုပြုလုပ်ရန် လျာထားခပြီး အမေရိကန်ဒေါ်လာ ၄ ဒသမ ၈၉ သန်းကျော်ကို ကုန်သွယ်မှု ပြုလုပ်နိုင်ခခြင်းဖြစ်ပါရေ။
“ဧပြီကနေ စက်တင်ဘာထိ ငါးသန်းလျာထားရေပေါ့နော်။ ငါးသန်းမှာ လေးသန်းကျော် ကျွန်တော်ရို့ ဆောင်ရွက် နိုင်ခရေပေါ့။ ဒီမီနီဘတ်ဂျက် ခြောက်လတာအတွင်းမှာ ကုန်သွယ်မှုပြုလုပ်နိုင်ခတာပေါ့။” ဟု မောင်တောနယ်စပ် ကုန်သွယ်ရေး စခန်းမှ တာဝန်ခံ ဦးကျော်နိုင်ဦးက ပြောပါရေ။
ယင်းကာလအတွင်း မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့်ရှ်နိုင်ငံဘက်သို့ အခြေခံစားသောက်ကုန်ပစ္စည်းတိ့နှင့် လူသုံးကုန် ပစ္စည်းတိ့ကို တင်ပို့ခသော်လည်း ရေထွက်ပစ္စည်းအမျိုးမျိုးကိုသာ အဓိကထားတင်ပို့ခခြင်း ဖြစ်ကြောင်း သိရပါရေ။
အဆိုပါ မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းတွင် ပြီးခရေ ၂၀၁၇- ၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်က အမေရိကန် ဒေါ်လာ ၈ ဒသမ ၃၁၁ ပမာဏအထိ ကုန်သွယ်မှုပြုလုပ်နိုင်ခကြောင်း မောင်တောနယ်စပ် ကုန်သွယ်ရေး စခန်း ၏ တရားဝင် ထုတ်ပြန်ခသော စာရင်းဇယားတိ့မှာ ဖော်ပြထားပါရေ။
မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံသို့ သွင်းကုန်တင်သွင်းမှု လုံးဝ မရှိဖြစ်နေပြီး ကုန်သွယ်မှု အလားအလာ အားနည်းနေသော်လည်း ပွင့်လင်းရာသီမှာ ပြန်လည်ကောင်းမွန် လာနိုင်ကြောင်း နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းရှင်တိ့က ခန့်မှန်းထားကြပါရေ။
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြားရှိ ကုန်သွယ်ရေးဇုန်တိ့မှာ တန်ချိန် ၅၀၀ နှင့် ၈၀၀ ကြားရှိသော ကုန်တင်သဘောင်္ကြီးတိ့ အချိန်ပြည့် ဝင်ထွက်လားနိုင်ရန်နှင့် ဒေသအမှား အလုပ်ကိုင်အခွင့်လမ်းတိ့ ဖန်တီးပီးရန် ရည်ရွယ်၍ ကညင်ချောင်းစီးပွားရေးဇုန်ကို လည်း အကောင်ထည်ဖော်ဆောင်လျှက်ရှိကြောင်း သိရပါရေ။
477 total views, 1 views today