ကိုအောင်၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဘင်္ဂလားပင်လယ်ပြင်ထဲမှာ ရာသီဥတုသာယာလာပြီဆိုစွာနဲ့ ဂွ၊ သံတွဲ၊ ငပလီ စရေ ကမ်းခြေတိက ကျော့ပိုက် လုပ်သားတိ ပင်လယ်ပြင်ထွက်ဖို့ ပြင်ဆင်နေကြပါပြီ။

ညနေပိုင်း လေးနာရီ ၀န်းကျင် အချိန်လောက်ဆိုကေ ပင်လယ်ကမ်းခြေတလျှောက်မှာ စက်လှေတိ အုပ်စုလိုက် ပင်လယ်ပြင်ကို ထွက်ခွာနေကြစွာကို တွီ့မြင်ရမှာပါ။ သူရို့ ဇာကို လားပြီး ငါးရှာကြမှာလဲ၊ ဇာလိုငါးတိရလဲ၊ အကျိုးအမြတ်ကို ဇာလို ခွဲဝေကြသလဲ စရေ စိတ်လှုပ်ရှားစရာ၊ ထိတ်လန့်ဖွယ်ရာ၊ ပျော်ရွှင်ဖွယ်ရာ ပင်လယ်ပြင်အတိ့ အကြုံတိကို ပြောပြချင်ပါရေ။

ကျော့ပိုက်လုပ်သားတိစွာ မိုးရာသီအမှားမှာ ငါးဖမ်းလှေတိ ပြုပြင်မွမ်းမံတာ၊ ငါးဖမ်းပိုက်တိ၊ စက်ကိရိယာ အသုံး အဆောင်တိ စုဆောင်းတာလုပ်ပြီး မိုးကုန်တာနဲ့ ငါးဖမ်းထွက်ကြဖို့ ကြိုတင် ပြင်ဆင်ရပါရေ။ ဦးသန်းနိုင်က သံတွဲမြို့ ဂျိတ္တောရွာမှာ နေထိုင်သူတစ်ဦးပါ။ ရေလုပ်သားဘ၀ကနေ ဦးစီး၊ ပဲ့ကိုင်အထိ လုပ်ခပြီးမှ ကျော့ပိုင်ဖောင်ကို ကိုယ်တိုင် တည်ထောင် လုပ်ကိုင်လာသူပါ။ သူက အခုလို ရှင်းပြပါရေ။

“လုပ်ငန်းစတင်တာကတော့ မြန်မာလနဲ့ဆိုရင် သီတင်းကျွတ်လ၊ အင်္ဂလိပ်လနဲ့ဆိုရင် နိုဝင်ဘာလပေါ့။ အဲ့ဒီလမှာ စရေ။ ဆောင်းတွင်းနဲ့ နွေရာသီကို ကျွန်တော်ရို့ အလုပ်လုပ်ရေပေါ့။ အလုပ်လုပ်ပြီး ၆ လပိုင်းပေါ့၊ ဇွန် (ကဆုန်လ) လောက်ပေါ့ အဲဒီလမှာ ရာသီသိမ်းရေ။ စုစုပေါင်း အလုပ်လုပ်ရေလက ၅ လ ကနေ ၆ လခွဲပေါ့ အဲ့ဒီလောက် အလုပ် လုပ်ရေ။”

အလျားပေ ၅၀ ကျော် သစ်သားလှေတိကို မြင်းကောင်ရေ ၂၀ အထက် အင်ဂျင်တိနဲ့ မောင်းနှင်အသုံးပြုကြပါရေ။ ပိုက်တင်ရေ ခေါင်းဆောင်လှေကြီး၊ မီးထွန်းဖို့ အင်ဂျင်ပါရေလှေတစီး၊ ရရေငါးကို သယ်ယူဖို့ လှေတစီး သုံးစီးပါရေ လှေအပ်စု တဖွဲ့ကို ကျော့ပိုက် တဖောင်လို့ခေါ် ပြီး လုပ်သား ၁၅ ယောက်က ၂၅ ယောက်အထိ ပါဝင်လုပ်ကိုင်ရစွာပါ။ ကိုလှဌေးက နှစ်ပေါင်း နှစ်ဆယ်ကျော် ကျော့ပိုက်လုပ်ငန်း လုပ်ကိုင်ခသူပါ။ သူရို့အဖွဲ့ ဇာလို ငါးဖမ်းကြလဲဆိုတာ အခုလို ပြောပြပါရေ။

“ကျော့ပိုက်က သုံးစီး တစီးမှာ ပိုက်ရှိရေ။ သူကတော့ ခေါင်းဆောင်လှေကြီး၊ ပြီးရင် နောက်လိုက် လှေလေး နှစ်စီး ကတော့ မောင်းရေစက်ရယ် မီးထွန်းရေစက်ရယ်။ ဒိုင်နမိုတိနဲ့၊ မီးသီးက တတန်းမှာ ခြောက်လုံးလောက်ရှိရေ သုံးတန်း၊ အရင်တုန်းက တစ်ရာ့တစ်ဆယ်အားလေးတိရှိရေ။ မီးသီးအားတိက နောက်ပိုင်းဆိုရင်မြင့်လာရေ။ အခုဆိုရင် အတိ့ကြီး အများကြီး မြင့်လာပါပြီ။ အရင်တုန်းက တလုံးကို လေးငါးရာခေတ်က အခု ဆိုရင် သိန်းချီတောင်မှ သုံးနေကြပြီ။  အဲ့ဒါတိနဲ့ မှောင်တာနဲ့ မီးထွန်းတာပေါ့။ ဟိုဘက် ဒီဘက်ချပြီးတော့ မီးထွန်းတာ။ မီးထွန်းရေအခါမှ မီးရောင်ကြောင့် ငါးလိုက် လာတာပေါ့။ ည တညလုံးထွန်းထားလိုက်တာ မိုးလင်း လေးနာရီလောက်ကျမှ ပိုက်နဲ့ ၀ိုင်းရတာ။  ဟိုအရင်ကဆို လက်နဲ့ ဆွဲရရေ။ နောက်မှ တဖြည်းဖြည်းတိုးတက်လာတော့ စက်တိနဲ့ ဆွဲ”

ကျော့ပိုက်လုပ်ကိုင်သူတိက ကိုယ်နေထိုင်ရာနဲ့ အနီးအနားက ပင်လယ်ပြင်မှာ ငါးရှာကတ်သလို တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တိကို ခရီးထွက်ပြီးတော့ လုပ်ကိုင်ကြစွာလဲရှိပါရေ။ ဧရာဝတီတိုင်းဒေသကြီးက သဇင်နဲ့ ငွေဆောင်၊ ရခိုင်ပြည်နယ် ထဲမှာပဲ မာန်အောင်ကျွန်း၊ ကျောက်ဖြူမြို့နယ်ထဲက ဇင်ချောင်း၊ ရမ်းဗြဲက နဂါး၊ ကင်းချောင်း၊ စရေ နေရာတိကို ခရီး ထွက်ပြီး လုပ်ကိုင်ကြတာပါ။ ဇာနေရာ ဇာဒေသမှာပဲ လုပ်လုပ် သူရို့တိရဲ့ အလုပ်ချိန်က ညနေ ၄ နာရီ လှေ စထွက်ရေ အချိန်က နောက်နေ့ မနက် အရုဏ်တက်ချိန်ထိ ဖြစ်ပါရေ။ စက်လှေစထွက်ပြီဆိုတာနဲ့ ကျော့ဖေါင်တခုလုံးရဲ့ ခေါင်းဆောင် ပဲ့ကိုင်ရဲ့ ညွှန်ကြားချက်အတိုင်း လှေဦးစီးနဲ့ လုပ်သားတိက တာဝန်ခွဲဝေ လုပ်ကြ ရတာပါ။ လှေဦးစီးလုပ်ခဖူးရေ ကိုလှဌေးက အခုလို ပြောပြပါရေ။

“နောက်က တက်မကိုင်က ဇာကိုရောက်အောင်လားဖို့လို့ ပြောတာနဲ့ ကျွန်တော်ရို့က ရောက်အောင် လားရရေ။ သူနဲ့ ကိုယ်နဲ့ နှစ်ယောက် တိုင်ပင်ပြီးတော့။ ငယ်သားကတော့ အိပ်ပြီ။ သူ့ တာဝန်ဘာမှမရှိဘူး။ မီးထွန်းဖို့ နေရာရောက်ပြီဆိုရင် ကျွန်တော်က အမြဲတမ်း ငါးကို ကြည့်နေရရေ။ ဒီငါးက ဇာလိုအခြေအနေရှိရေ။ ထူရေ ပါးရေ ဆိုတာကို တက်မကိုင်ကို ပြောနေရရေ။ တက်မကိုင်က မေးနေရေ ခဏခဏ၊ ကျွန်တော်ကလည်း အဲ့ဒါကို ကြည့်နေရရေ။ ဒီနေရာမှာ တကယ်လို့ ငါးပါးရေဆိုရင် ကျောက်ဆွဲရဖို့၊ ဦးစီးက ဆွဲရရေ။ ပင်ပန်းရေ ဦးစီးက။ ကျောက်ဆွဲပြီး ဦးစီးက တနေရာကိုပြောင်း။ ဒီလောက်မှာ ချသင့်ရေဆိုချ။ ကျန်ရေသူက အိပ်နေ ကိုယ်ကတော့ အလုပ်လုပ်နေရတာပေါ့။ ဦးစီးနဲ့ တက်မကိုင်က တာဝန်ကြီးတာပေါ့။”

မနက် အရုဏ်မတက်ခင် လေးနာရီလောက်ဆိုရင်တော့ တညလုံး မီးထွန်းထားလို့ ရောက်နေရေငါးတိကို ပိုက် လုပ်သားတိက ပိုက်ဝိုင်းဖို့ ပိုက်ဆွဲတင်ဖို့ တာဝန်စပါပြီ။ စက်ကိရိယာတိ မသုံးနိုင်သေးခင်ကတော့ လက်နဲ့ပဲ ဆွဲကြရတာပါ။ ပိုက်လုပ်သား တယောက် ဇာလောက်အထိ လုပ်ကိုင်ရရေဆိုတာ ကိုလှဌေးက အခုလိုရှင်းပြပါရေ။

“ပင်ပန်းလွန်းအားကြီးလို့ ထမင်းစားလို့တောင် မရတော့ဘူး။ စက်မပေါ်ရေခေတ်က လက်နဲ့ဆွဲရရေ။  ဒီ သံကွင်းကြိုး ကြီးတိကို။ တခါတလေ အကြောင်းမလှလို့ ပင်လယ်ပြင်မှာ ကျောက်တိဘာတိ ငြိရေဆိုရင် မနက်လေးနာရီ လောက်က လားလိုက်တာ ဒီကို ညဘက် ၈ နာရီမှ ရောက်ရေ။ ထမင်းဆာအားကြီးလို့ လေးဘက်ကုန်းတက်ရရေ အိမ်ကို… ဗိုက်ဆာအားကြီးလို့”

လုပ်သားကနေ တက်မကိုင်အထိ ကိုယ့်တာဝန်နဲ့ ခွဲဝေယူပြီး လုပ်ကိုင်ကြရသလို တက်မကိုင်နဲ့ လှေဦးစီးရို့က ငါးရဖို့ နေရာကို ရှာဖွေနိုင်ရရေ အတိ့အကြုံနဲ့ အရည်အချင်းလဲ ရှိဖို့လိုပါရေ။ အဲ့ဒီအတွက် ကိုယ့်ထက်ဝါရင့်ရေ ဆရာတိဆီက သင်ယူကြရစွာပါ။ ဇာအချိန် ဇာနေရာမှာ ငါးရနိုင်ရေဆိုတာ မှတ်သားထားရပြီး အဲ့ဒါကိုမှတ်ချက်လို့ ရေလုပ်သား တိက ပြောကြပါရေ။

“မှတ်ချက်ဆိုစွာ နဂို လူကြီးတိရဲ့ ဟိုတောင်နဲ့ ဟို ချိုင့်နဲ့၊ ဒီတောင်နဲ့ ဒါနဲ့ အဲ့လိုမျိုးတိ မှတ်ချက်တိ ရှိရေ။ ဒါကို ရှေ့ကလူကြီးတိကပြောရေ။ ကျွန်တော်ရို့က မှတ်ထား။ မနေ့က ရောက်ရေနေရာကို ဒီနေ့ ရောက်အောင် လားရတာပဲ။ လှေကို ဦးတည်ပြီး တန်းလို့ လားရေ။ အဲ့ဒီနေရာကိုရောက်ရင် …. ဒါကတော့ မှန်းချေပေါ့၊ ဒီနေရာမှာတော့ ငါးကရှိသင့်ရေ အဲ့လိုထင်ရင် အဲ့ဒီနေရာမှာ ကောက်ပြီးတော့ချ… မီးထွန်း… အဲ့လိုပဲပေါ့။”

လသာရက်တိဆိုကေတော့ သူရို့တိ အလုပ်နားရက်တိပါ။ သူရို့ အလုပ်လုပ်ရက်က တစ်လကို ၂၂ ရက်လောက် လုပ်ကြ ရရေလို့ ဆိုပါရေ။ ရေလုပ်သားတိကတော့ အဲ့ဒီ အလုပ်လုပ်ချိန် ၂၂ ရက်ကို တမှောင်လို့ သတ်မှတ်ပါရေ။

“အကြမ်းဖျဉ်းပြောရင် လလို့တွက်ရေ။ ကျွန်တော်ရို့ ဒေသမှာကျတော့ မှောင် လို့ပြောရေ။ မှောင် ဆိုတာက ကျွန်တော်ရို့ ဒီ လသာရေ၊ လမသာဘူးပေါ့။ လမသာရေ ရက်တိကို အဓိကထားလုပ်ရေ။ လသာရေရက်တိဆို အလုပ်နားရရေ သဘော ရှိရေ။ အဲ့ဒီတော့ လတလရဲ့ လပြည့်ကျော် ၂ ရက် ၃ ရက် အဲ့ဒီ ၃ ရက်လောက်ကပင် လုပ်လိုက်တာ နောက်တလ အဆန်း ၁၄-၁၅ လပြည့်ကာနီးပေါ့ ကြားထဲမှာ ၂၂ ရက် အလုပ်လုပ်ရေ။ အဲ့ဒါကိုပဲ တလစာလို့ သတ်မှတ်ရေ။”

သူရို့ တမှောင်လုပ်ပြီးရေ အချိန်ဆိုရင်တော့ ကျော့ပိုက်ပိုင်ရှင်ဆီက လုပ်အားခတိကို ရှင်းပီးတော့မှာပါ။ တမှောင်မှာ ရှာလို့ ရခရေ ၀င်ငွေကို စုပေါင်းထားပြီး ပိုက်ရှင်ကဝေစု၊ လုပ်သားတိရဲ့ ဝေစုကို သဘောတူထားရေအတိုင်း ခွဲဝေကြပါပြီ။ လုပ်အားခ ငွေရှင်းရေအခါ ရာခိုင်နှုန်းနဲ့ ခွဲဝေပီးတာရှိသလို လစာနဲ့ ပီးတာလဲရှိရေလို့ ဦးသန်းနိုင်က ပြောပါရေ။ တခါတလေ ပိုက်လုပ်သားတိမှာ အရေးပေါ်ငွေလိုအပ်တာ ကျန်းမာရေးအတွက် လိုအပ်တာမျိုးရှိရင်တော့ ပိုက်ရှင်ဆီက ကြိုတင်ငွေ ထုတ်ပီးထားရတာလဲ ရှိပါရေ။

“နှစ်မျိုး သုံးမျိုးလောက်ခွဲရေ။ ပထမတမျိုးကတော့ ရလာရေအပေါ်မှာမူတည်ပြီးတော့ သူရို့ကို ၃၀ ပေါ့၊ ကျွန်တော်ရို့က ၇၀၊ အဲ့ဒီ ၃၀-၇၀ မှာ လုပ်သားတိက လိုက်ရုံပဲ၊ ပိုက်လိုက်၊ ဘာမှပီးစရာမလိုဘူး။ ရရေ အကျိုးအမြတ် ထဲက ၃၀ ကို လိုက်ရေသူ ၁၅ယောက်၊ ၂၅ ယောက် ကခွဲယူရေ။ ကျွန်တော်ရို့ ၇၀ မှာ ဆီဖိုး၊ စက်ပြင်ခ၊ ပိုက်ပြဲလားတာ၊ လှေနာ လားတာ အဲ့ဒါတိကျတော့ ကျွန်တော်ရို့က ကိုယ့်ဥစ္စာကိုယ်လုပ်၊ အဲ့ဒီ စနစ်နဲ့လားရေ။ ဒုတိယ တမျိုးက လခနဲ့လားရေ။ ပိုက် ပိုင်ရှင်တိက ကိုယ့်ဆီမှာရှိရေ လုပ်သားတိကို ဇာနည်းကို ကြိုက်လဲ၊ သူရို့က အဲ့ဒီနည်း ကောင်းရေ၊ ကြိုက်ရေဆို အဲ့ဒီ နည်းသုံးရေ။ တချို့က ဇာနည်းသုံးဖို့ဆို အဲ့နည်းသုံးရေ။”

နေ့စဉ်ရလာရေ ငါးထဲက ရေလုပ်သားတိအတွက် စားဖို့ ခွဲဝေပီးရသလို အဲ့ဒီ ဝေပီးရေငါးကို ပြန်ရောင်းတာ၊ ငါးခြောက် လှန်းထားတာ လုပ်နိုင်ရေအတွက် ရေလုပ်သားတိအတွက် နေ့စဉ်ဝင်ငွေကလဲ ရပါသေးရေ။ တက်မကိုင်နဲ့ လှေဦးစီး ရို့ကတော့ လုပ်သားစုအတွက် ရရေ ဝေပုံကျ ၃၀ ရာခိုင်နှုန်းထဲက အချိုးကျရရေအပြင် ဆရာကြေးအနေနဲ့  ရရေငါးရဲ့ ရာခိုင်နှုန်းတချို့ကို ခံစားခွင့်ရှိပါသေးရေ။

“တထောင်မှာ တဆယ်ပီးဖို့ဆိုရင် အဲ့ဒီထဲမှာ ခွဲပြီးတော့မှ ဦးစီးက သုံးကျပ်၊ တက်မကိုင်က ခုနစ်ကျပ်ရရေ အရင်တုန်းက ဆိုရင်။ ဒီခေတ်ကျတော့ ဦးစီးက ငါးကျပ် တက်မကိုင်က ဆယ့်ငါးကျပ် အဲ့လိုရသေးရေ။ ထပ်ပြီးရသေး ရေ အပိုငွေပေါ့။ ဆရာကြေး အဲ့လိုမျိုးရှိရေ။”

တကယ်တော့ ပိုက်တဖောင်အတွက် စိုက်ထုတ်ရရေ အရင်းအနှီးကလဲ နည်းလှတာတော့ မဟုတ်ပါဘူး။ ပထမဦးဆုံး အရင်းအနှီးအဖြစ် သိန်းသုံးရာကျော်လောက် ရှိသလို တရာသီမှာလဲ အနည်းဆုံး သိန်းနှစ်ရာလောက် ကြိုတင်ကုန်ကျ ရရေလို့ ပိုက်လုပ်ငန်းရှင် ကိုကျော်ဝေစောက ပြောပါရေ။

“လှေတိရော ပိုက်တိရော စက်တိရော တန်ဖိုးဆိုရင် သိန်းသုံးရာအကျော်မှာပဲရှိရေ။ သိန်းသုံးရာ့ ငါးဆယ် ၀န်းကျင်မှာကို ကုန်ကျရေ။  တနှစ်ကို ပြင်ဆင်စရိတ် ဆိုတာ သိန်းတရာ့ငါးဆယ်ရဲ့ အထက်မှာပဲရှိရေ။ ပြင်ဆင်စရိတ် တောင်မှ။ ရာသီချိန်မှာ ဆင်းရေ ဆီဖိုး .. ကျွန်တော်ရို့သုံးရေ ဒီဇယ်ရို့ ဘာရို့သုံးရေအဖိုးတိ၊ အလုပ်လုပ်ရေအချိန်မှာ လုပ်သားခ၊ လုပ်သားခ ကြိုတင်ထုတ်ပီးရေငွေ ရို့ဆိုတာက အဲ့ဒီအချိန် သိန်းငါးဆယ်နဲ့ တရာကြားမှာ ထပ်ကုန်ရေ။”

ဒီလိုငါးတိရခကေတောင်မှ ငါးဈေးကွက်ကို ကုန်သည်တိကပဲ ထိန်းချုပ်ထားရေအတွက် ရေလုပ်သားတိက ပီးရေဈေးနဲ့ပဲ ရောင်းချ လိုက်ရတာ များပါရေ။ ဒေသဖွံ့ဖြိုးမှုအခြေအနေအရ အအေးခန်းစက်ရုံတိ မတည်နိုင်သလို ရောင်းမကုန်ရေ ငါးကို ငါးခြောက်လှန်းဖို့ သောင်ပြင်ဧရိယာ နည်းလာတာက ရေလုပ်သားတိ နစ်နာနေရရေလို့ ဆိုပါရေ။ အစိုးရက ထိုက်သင့် သလို ကူညီပီးဖို့ မျှော်လင့်ရေလို့ ကျော့ပိုက်လုပ်ငန်းရှင် အသင်း ဥက္ကဌလဲဖြစ်ရေ ကိုကျော်ဝေစောက ပြောပါရေ။

“အရင်းအနှီးလိုရေအတွက် SME ကို အတတ်နိုင်ဆုံး ကျွန်တော် လိုက်လုပ်ရေ။ ယေလေ့သင့် ကျွန်တော် သတင်း ကြားသလောက် ရေလုပ်ငန်းနဲ့ ပတ်သက်လို့ လျာထားချက် မပါဘူးလို့ သိရရေ။ ရေလုပ်ငန်းနဲ့ ပတ်သက်လို့ SME က သိန်းနှစ်ရာအောက်လို့ ပီးနိုင်ခဖို့ဆိုရင် ရေလုပ်ငန်းတိ ပိုပြီး ဖွ့ဖြိုးလာဖို့၊ ပိုပြီးတော့လည်း အကူအညီ အထောက်ပံ့ ပိုရလာဖို့လို့ ထင်ရေ။”

ပင်လယ်ထဲမှာ ပင်ပင်ပန်းပန်း ရှာဖွေကြပေမယ့် မျှော်လင့်သလို၊ ထင်ထားသလို ဖြစ်လာတာတော့ မဟုတ်ပါဘူး။ တခါတလေ မထင်မှတ်ပဲ ငါးတိရလို့ ပျော်ရတာလဲ ရှိပါရေ။

“ပိုက်ဝိုင်းတာနဲ့ ပိုက်ဆွဲလို့ မရတော့ဘူး။ သံကွင်း တစ်ရုံ တစ်ရေ။ ဆွဲလို့မရတော့ဘာလဲပေါ့။ ကျောက်များ ငြိနေလား.. ကျွန်တော် ဦးကနေလားပြီးတော့ တက်နဲ့ စိုက်ကြည့်လိုက်တာ အဲ့ဒီတက်က ရေထဲ မဖောက်ပဲနဲ့ လှမ်းနေရေ ဟာ ဘာလဲ မြင်လဲ မမြင်ဘူး… ဒါကြီး ဘာဖြစ်လဲ ဘာလဲပေါ့ … ဟာ. … တဖြည်းဖြည်းနဲ့ … နောက် ဇာဟုတ်ဖို့လဲ … ငါး …. ငါး …. ငါး …. ငါး …. တပြင်လုံးဗျာ အဲ့ဒီထဲမှာ ပြည့်နေတာပဲ။ အဲ့ဒီခါတုန်းက လှေ ခြောက်စီးတိုက်ရတာ။ တခြား ထူးထူးဆန်းဆန်း ကတော့ မထင်မှတ်ပဲနဲ့ ငါးနီတူဝိုင်းလိုက်တာ ကျွန်တော့ယောက်ဖက အဲ့ဒီတုန်းက တက်မကိုင်ပေါ့ …. ဘာမှ မမြင်ပဲ ငါးကို ဆွဲရင်း ဆွဲရင်းနဲ့ ငါးရောင်တိ အဲ့ဒါကြီးတိ ပေါ်လာတာ။ အဲ့ဒါက မထင်မှတ်ပဲရတာ ၀မ်းသာတာပေါ့။ သူ့ထက်မြင့်တာ ကျတော့ ယူးဇနား (ငါးမုတ်) ဒါမျိုးလဲ ရဖူးရေ။ ယူးဇနား ရတုန်းကလဲ အခဲလိုက်ကြီး ပင်လယ်ပြင်ထဲမှာ။ ကိုယ့်အတွက် မှတ်မှတ်ရရ ၀မ်းသာဖို့ကောင်းတာတိပေါ့။”

တကယ်တော့ ပင်လယ်ဆိုတာ မာယာများလွန်းပါရေ၊ အခုသာယာနေပေမယ့် ခဏတွင်းချင်း လေကြီး မိုးကြီးနဲ့ ကြမ်းတမ်း ခက်ထန်လာတတ်ပါသေးရေ။ ပင်လယ်ထဲမှာ ခက်ခက်ခဲခဲ ရင်ဆိုင်ရှင်သန်ခရရေ အတိ့အကြုံကို ဦးသန်းနိုင်က အခုလို ပြန်ပြောင်း ပြောပြပါရေ။

“ညဦးပိုင်း ကိုးနာရီလောက်က မောင်းတာ ကမ်းကို လုံးဝမရောက်ဘူး။ ရှေ့ကို နည်းနည်းတိုးရေ၊ နောက်ကို နည်းနည်း ရွေ့ရေ၊ အဲလိုမမောင်ပဲနဲ့ ကျောက်ချထားလို့လဲ မရဘူး။ ကျောက်ချထားရင်လဲ ပြတ်ရင် ပြတ်၊ မပြတ်ရင် ကျောက်က ပေါ်ပါရေ။ ကျွန်တော်ရို့ ကျောက်လဲမချရဲဘူး။ ဒီတိုင်းပဲမောင်းရေ။ ဇာလောက်ထိမောင်းလဲဆိုရင်  နောက်မှာရှိရေ ရှပ်ရိုး၊ ပန်ကာလည်ရေ နေရာတိက မီးခိုးထွက်ရေ။ တညလုံးမှ မသတ်တာ။ ရှေ့က ကျွန်တော်ကိုယ်တိုင် မောင်းရေစက်နဲ့ နောက်က လှေတစီး၊ ပိုက်တင်ထားရေလှေကို တွဲပြီးမောင်းရတာ ကျွန်တော်က။ နောက်ကလှေမှာ စက် မရှိဘူး။ အခုမှသာ စက်တိ သုံးကြတာ။ ကမ်းကို တဖြေးဖြေးမောင်းလာရေအခါ ကမ်းခြေကို ရောက်ရေအခါ စက်တိ ပြန်သုံးလို့မရတော့ဘူး။ ကမ်းကို ဇာသူဆွဲတင်မှန်း မသိတော့ဘူး။ နောက်ပိုင်းလူတိ ဇာသူမှ မရောက်တော့ဘူး။ တော်တော်များများ ဆုံးလားရေ။ ကျွန်တော်ရို့ကမ်းခြေမှာ အဲ့ဒီတုန်းက ကင်းချောင်း၊ ဇင်ချောင်း၊ အဲ့ဒီနေရာမှာ ကျွန်တော်ရို့ သိရသလောက် လူပေါင်း သုံးရာနီးပါး ဆုံးရှူံးလားရေ။”

ကျော့ပိုက်လုပ်ငန်းလုပ်သူတိ အားလုံးကတော့ အဆင်ပြေကြ၊ အမြတ်အစွန်း ရကြတာတော့ မဟုတ်ပါဘူး။ ဦးသန်းနိုင်က ထိုက်သင့်သလောက် အမြတ်ကျန်ပေမယ့် ဒီနှစ်မှ စလုပ်ရေ ကိုဇော်နိုင်ထွန်းကတော့ ဆုံးရှူံးမှုရှိခပါရေ။

“ငါးတိ့များရရင်တော့ ကိုက်တာပေါ့။ မရရင်တော့ ရှူံးတာပေါ့။ ကျွန်တော်က မနှစ်ကတော့ ရှူံးရေ။ ဒီနှစ်ရှူံးရေ၊ နောက်နှစ်ခါ မြတ်ဖို့၊ နောက်နှစ်ရှူံးရင် နောက်တနှစ်ခါ မြတ်ဖို့ ဒီလိုပဲ မျှော်လင့်ချက်လေးနဲ့ လမ်းလျှောက်နေရရေ။ ပင်လယ်ထဲက လုပ်ငန်းဆိုတာကတော့ ကြိုတင်ခန့်မှန်းလို့မရဘူးလေ။”

ပင်လယ်ထဲမှာ နှစ်ပေါင်း ၂၀ ကျော် ရုန်းကန်လှုပ်ရှားခပြီး ကျန်းမာရေးအခြေအနေအရ ပင်လယ်ထဲကို မထွက်နိုင်တော့ပေမယ့် ကျော့ပိုက်လုပ်ငန်းကို သံယောဇဉ်ကြီးလှရေ ကိုလှဌေးကတော့ ကမ်းခြေမှာ ပိုက်တိဖာရင်း ပင်လယ်ကို ငေးမျှော်ကြည့်နေဆဲပါ။

“အခုကျတော့ ကျွန်တော် ဘာမှမလုပ်နိုင်ဘူးလေ။ ယေလေ့သင့် အားရေအချိန်လေးမှာ ၀င်ငွေလေးရအောင်တော့ ကျားပိုက်လေးတိဖာရေ။ တခြားနေရာထက်စာရင် ဒီလုပ်ငန်းက ၀င်ငွေကောင်းပါရေ။ တော်တော်ကောင်းရေ။ မြန်မာနိုင်ငံမှာ တော်ရုံနေရာမှာ ရှိဖို့မဟုတ်ဘူး။ တရက်လုပ်ရင် တသောင်းရရေ။ မနက် ၇ နာရီက ၁၁ နာရီ ထမင်းစားဖို့ ၁ နာရီက ၅ နာရီထိဆို တသောင်းရရေလေ။ ပိုက်ကလေးလုပ်တောင်မှ။”

 512 total views,  2 views today