ရိုးမရေဒီယိုမဂ္ဂဇင်း

အောက်တိုဘာလ ၃ ရက်။ ကျွဲနှင့် နွားတိ့ကို တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ တင်ပို့နိုင်ဗျာလ် ဖြစ်ကြောင်း အစိုးရက တရားဝင် ကြေညာခပြီး၊ ယင်းနောက်ပိုင်း ၂၀၁၈ ခုနှစ် ဇွန်လမှ စပြီးတင်ပို့ရာ လက်ရှိ အချိန်ထိ ၂၅၅ ကောင်တင်ပို့နိုင်ပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရပါရေ။

ကျွဲနှင့် နွားတစ်ကောင်စီလျှင် အမေရိကန်ဒေါ်လာ ၁၂၀၀ စီ သတ်မှတ်ထားပြီး ပြီးခရေ ဇွန်လနှင့် သြဂုတ်လရို့မှာ အကောင်ရေ ၁၀၀ စီနှင့် စက်တင်ဘာလမှာ ၅၅ ကောင် စုစုပေါင်း အကောင်ရေ ၂၅၅ ကောင် တင်ပို့ခခြင်းဖြစ်ပါရေ။

“အရင်နှစ်တိကတော့ မပို့ဖြစ်ခဘူး။ အခု ခြောက်လပိုင်းမှာ စပြီး ပို့တာပေါ့နော်။ အားလုံးပေါင်း သုံးကြိမ်ပဲပို့ရသိ့ရေ။ အခွန် ဘဏ္ဍာငွေ ရအောင်ဆိုပြီးကေ တရားဝင် တင်ပို့နိုင်အောင် ကြိုးစားနေကြရေပေါ့နော်။ အခုက စမ်းသပ်ကာလဖြစ်နေလို့ပေါ့။ တရားဝင် သတ်မှတ်တာက အမိန့်ကြေညာစွာ ရှိရေလေ။ အခု အောက်တိုဘာလဆိုရင် တစ်နှစ်ပြည့်ပြီပေါ့။”ဟု မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက ရခိုင်ပြည်နယ် ဦးစီးမှူး ဒေါက်တာသန်းနိုင်က ပြောပါရေ။

တင်ပို့ရာမှာ အသက် ၅ နှစ်နှင့် အထက် မျိုးမပွားနိုင်တော့ရေ သင်းခွဲပြီးသား အထီးတိ့ကိုရာ သီးသန့် တင်ပို့ခြင်းဖြစ် ကြောင်း၊ မျိုးရိုးထိန်းသိမ်းရေအနေဖြင့် အမတိ့ကို တင်ပို့မှု မပြုကြောင်းနှင့် တစ်ကြိမ်ပို့လျှင် အကောင်ရေ ၁၀၀ နှင့် အထက် တင်ပို့ရန် ခွင့်ပြုမထားကြောင်း ဆိုပါရေ။

လတ်တလောမှာ မာန်အောင်မြို့နယ်မှ ကုမ္ပဏီနှစ်ခုက တင်ပို့နေခြင်းဖြစ်ပြီး တစ်ခြားကုမ္ပဏီတိ့အနေဖြင့် တင်ပို့မည် ဆိုလျှင် လည်း ကုမ္ပဏီမှတ်ပုံတင် ရှိရမည်ဖြစ်ကြောင်း သိရပါရေ။

 406 total views,  1 views today