ရိုးမရေဒီယိုမဂ္ဂဇင်း
နိုင်ငံတော် ဒုတိယသမ္မတ၏ ရခိုင်ပြည်နယ်သို့ လာရောက်မည့် ခရီးစဉ်အတွင်းတွင် အကျဉ်းဦးစီးဌာနမှ သိမ်းဆည်း ထားရေ ရခိုင်ပြည်နယ် မြေပုံမြို့နယ် မြောက်ကြိမ်ကျေးရွာရှိ လယ်ယာမြေ ၃၀၀ ခန့်ကို တောင်သူတိ့ထံ ပြန်လည် ပီးအပ်လားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်လွှတ်တော် လယ်ယာ၊ သားငါး၊ သစ်တောနှင့် ဆည်မြောင်း လုပ်ငန်းအဖွဲ့မှ သိရပါရေ။
နိုင်ငံတော်ဒုတိယသမ္မတကိုယ်တိုင် လာမည့် အောက်တိုဘာလ ဒုတိယအပတ်မှာ တောင်သူတိ့ကို မြောက်ဦးခရိုင်သို့ ခေါ်ယူကာ လယ်ယာမြေပြန်လည် ပီးအပ်ပွဲပြုလုပ်ထားကြောင်း ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာနက အကြောင်းကြားလာခြင်း ဖြစ်ကြောင်း သိရပါရေ။
“ပြန်လည် စွန့်လွှတ်ဖို့ဆိုပြီးတော့ ပြည်ထဲရေးဝန်ကြီးဌာနက အကျဉ်းဦးစီးဌာနက သိမ်းဆည်းထားရေ လယ်ယာ မြေတိကို ဝန်ကြီးကို အကြောင်းကားလာရေလို့ တစ်ဆင့် ကျနော်က သိရရေ။ ဒီလမှာ ဝန်ကြီးက ကျနော့်ကို ထပ်ပြီး အကြောင်းကြားလာရေပေါ့။ ” ဟု ရခိုင်ပြည်နယ် လွှတ်တော်မှာ လယ်ယာ၊ သားငါး၊ သစ်တောနဲ့ ဆည်မြောင်း လုပ်ငန်း အဖွဲ့ ဥက္ကဌ တာဝန်ယူထားရေ မြေပုံမြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောပါရေ။
တောင်သူ ၄၅ ဦးက ပိုင်ဆိုင်ရေ အဆိုပါ မြေယာတိ့ကို အကျဉ်းဦးစီးဌာနခွဲတစ်ခု တည်ဆောက်ရန် ၂၀၀၄ ခုနှစ်က သိမ်းဆည်းခ ခြင်းပြီး ထိုဒေသမှာ သဘာဝဘေးအန္တရာယ် နှစ်စဉ် ကျရောက်တတ်ရေ နယ်မြေတစ်ခုဖြစ်သောကြောင့် ၂၀၀၈ ခုနှစ်က ပြန်လည် ရုတ်သိမ်းလားခပါရေ။
ဒေသခံတိ့မှ ၎င်းရို့ကြုံရရေ အခက်ခဲတိ့နှင့် လယ်ယာမြေတိ့ကို ပြန်လည်ရလိုကြောင်း တင်ပြလာ၍ ပြီးခရေ အစိုးရလက် ထက်က တစ်ကြိမ်၊ ယခုအစိုးရလက်ထက်က တစ်ကြိမ်လွှတ်တော်မှာ မေးမြန်းခပြီး ယခုနှစ်မှာသာ ပြန်လည် စွန့်လွှတ်ခခြင်းဟု ဦးအောင်ဝင်းက ပြောပါရေ။
လာမည့် သမ္မတခရီးစဉ်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် မြောက်ဦးခရိုင်ဖက်သို့ လားရောက်မည်ဟု သိရပြီး မြောက်ဦးမှ အစိုးရက သော်လည်းကောင်း၊ တပ်ကသော်လည်း သိမ်းဆည်းထားရေ လယ်ယာမြေအချို့ကို စွန့်လွှတ် လားမည်ဟု လည်း သိရပါရေ။
461 total views, 2 views today