ရိုးမရေဒီယိုမဂ္ဂဇင်း
ရန်ကုန်အဝေးသင်တက္ကသိုလ်မှ သီးခြားဌာနခွဲတစ်ခုအဖြစ် ဖွင့်လှစ်ထားသော မောင်တောခရိုင် အဝေးသင်တက္ကသိုလ်မှာ တက်ရောက်မည့် အင်္ဂလိပ်စာနှင့် ပထိဝီဘာသာရပ် အထူးပြု ကျောင်းသူ၊ ကျောင်းသား ၄ ဦး ရှိပါရေဟု အဆင့်မြင့် ပညာရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောသည်။
“လောလောဆယ်ကတော့ အောက်တိုဘာအဝေးသင် ဒုတိယအသုတ်မှာ တက်မယ့်ကျောင်းသား ၄ ဦးပဲရှိရေ။ မောင်တောရယ်၊ ဘူးသီးတောင်ရယ်၊ သံတွဲရယ်ပေါ့။ သက္ကယ်ပြင်မပါသေးဘူး။ သက္ကယ်ပြင်က နိုဝင်ဘာအဖြတ်မှ ပါဖို့။”ဟု ညွန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက ပြောပါရေ။
အဆိုပါ အဝေးသင်ဒုတိယအသုတ် အောက်တိုဘာလမှာ တက်ရောက်မည့် ကျောင်းသူ၊ ကျောင်းသား ၄ ဦးမှာ ဘူးသီးတောင်မြို့နယ်မှ ၂ ဦး၊ မောင်တောမြို့နယ်မှ ၁ ဦးနှင့် သံတွဲမြို့နယ်မှ ၁ ဦးဖြစ်ပြီး ၎င်းတို့မှာ အင်္ဂလိပ်စာနှင့် ပထဝီဝင် ဘာသာရပ်အထူးပြု တတိယနှစ် ကျောင်းသူ၊ ကျောင်းသားတိ့ ဖြစ်ပါရေ။
နိုဝင်ဘာလမှာ ဖွင့်လှစ်မည့် အဝေးသင်တတိယအသုတ် မြန်မာစာနှင့် သမိုင်းအထူးပြု ဘာသာရပ်တိ့ကို တက်ရောက်မည့် ကျောင်းသူ၊ ကျောင်းသား ဦးရေကို အတိကျ မသိရသေးဘဲ စာရင်းပြုစုနေဆဲဖြစ်ပြီး ယင်းအသုတ်မှာ ယခု အသုတ်ထက် ကျောင်းသားဦးရေ ပိုများလာနိုင်ကြောင်းလည်း ဒေါက်တာသိန်းဝင်းက ဆိုပါရေ။
“အောက်တိုဘာအသုတ်က အဝေးသင် ဒုတိယအသုတ်ပေါ့။ နိုဝင်ဘာအသုတ်က အဝေးသင်တတိယအသုတ်ပေါ့။ အတန်းမတူရေအတွက် အောက်တိုဘာမှာတော့ တက်ဖို့သူနည်းရေ။ နောက်ဆုံးအသုတ်ကိုတော့ သက်ဆိုင်ရာက စာရင်းလုပ်နေရေ။ အတိကျမဖြစ်သေးဘူး။”ဟု ညွန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောပါရေ။
ယခုအသုတ်အတွက် ကျောင်းသူ၊ ကျောင်းသားတိ့အား အနီးကပ်သင်တန်း ပို့ချခြင်းနှင့် စာမေးပွဲ စစ်ဆေးခြင်း၊ အဖြေလွှာတိ့ ပြုစုခြင်းရို့အတွက် ရန်ကုန်တိုင်းဒေသကြီးရှိ ဆရာ၊ ဆရာတိ့က လာရောက်ပြသမည် ဖြစ်ကြောင်း သိရပါရေ။
ပြီးခရေ၂၀၁၂ ခုနှစ်က ဖြစ်ပေါ်ခသော လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်ပါရေ့ ပဋိပက္ခတိ့ကြောင့် အစ္စလာမ်ဘာသာဝင် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတိ့မှာ ပညာသင်ကြားခွင့် ဆုံးရှုံးခရပြီးနောက် မောင်တောခရိုင်မှာ သီးခြားအဝေးသင်ဌာနခွဲတစ်ခုကို ယခုနှစ်မှာ စတင်ဖွင့်လှစ်လာခြင်း ဖြစ်ပါရေ။
ရခိုင်ပြည်နယ်မှာ အစ္စလာမ်ဘာသာဝင် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတိ့အတွက် ရန်ကုန်အဝေးသင် တက္ကသိုလ်မှ သီးခြားဌာနခွဲတိ့ကို စစ်တိမြို့ရှိ သက္ကယ်ပြင်၊ မောင်တောမြို့နှင့် သံတွဲမြို့တိ့မှာ ဖွင့်လှစ်ပီးထားကြောင်း သိရပါရေ။
419 total views, 1 views today