ကိုအောင်၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဒေတစ်ပါတ်မှာတော့ ငပလီကမ်းခြေမှာ ခရုခွံချေတိကို အမှီပြုပြီး အသက်မွေးကြသူတိအကြောင်းကို တင်ဆက် ပီးချင်ပါရေ။

ခရုခွံချေတိကို အမှတ်တရပစ္စည်းချေတိ ပြုလုပ်ရောင်းချကြရေ လုပ်ငန်းဟာ ငပလီ အဓိကစီးပွားရေးလုပ်ငန်း တခု ဖြစ်နေပါသေးရေ။

သူရို့တိ ခရုခွံတိရဖို့ ဇာပိုင်ရှာကတ်လဲ၊ ဇာပိုင်ပစ္စည်းချေတိ ပြုလုပ်ကတ်လဲ၊ သူရို့ စိန်ခေါ်မှုတိ ကြားထဲမှာ သူရို့တိ ဘဇောင် ရပ်တည်နေကြလဲ စရေအကြောင်းအရာတိကို သိရဖို့ ငပလီဒေသခံတိကို တွိ့ဆုံမေးမြန်းထားစွာပါ။

ငပလီကမ်းခြေဆိုစွာ ရခိုင်ပြည်နယ်ထဲမှာ လူသိအများဆုံးနဲ့ လာရောက်လည်ပါတ်အပန်းဖြေသူ အများဆုံး ကမ်းခြေ တခုပါ။ ငပလီကမ်းခြေပတ်ဝန်းကျင်က ကျေးရွာတိမှာ နေထိုင်ကြသူအများစုကတော့ ကမ်းခြေကိုပဲ အမှီပြုပြီး လုပ်ကိုင် စားသောက်ကြစွာပါ။ ရေလုပ်ငန်း၊ ဟော်ရေနဲ့ စားသောက်ဆိုင်လုပ်ငန်း ဒေသထွက်ကုန် ရောင်းချရေ လုပ်ငန်းတိကို အဓိကလုပ်ကိုင်ကြပြီး အလုပ်အကိုင်အခွင့်အလမ်း ပေါများရေနေရာတခုပါ။ ငပလီကမ်းခြေကို လာရောက် လည်ပတ် သူတိုင်းဟာ ပုံသဏ္ဍာန် အရောင်အသွေး မျိုးစုံရှိရေ ခရုခွံလေးတိနဲ့ အလှဆင်ပြုလုပ်ထားရေ အမှတ်တရ ပစ္စည်းတိကို သတိထားမိကြမှာပါ။

ရှည်လျှားရေ ကမ်းခြေတလျှောက်က အများပြည်သူ အပန်းဖြေရာ နေရာတိမှာပဲဖြစ်ဖြစ်၊ ဟိုရေကြီးတိနဲ့ လမ်းမ တန်းက ဆိုင်တိမှာပဲဖြစ်ဖြစ် ခင်းကျင်းပြသပြီး ရောင်းချနေကြစွာက ခရုအလှဆင်ပစ္စည်းတိပဲ ဖြစ်ပါရေ။ အဲ့ဒီ ဆိုင်တန်းတိထဲမှာ ပစ္စည်းတိကို ကိုယ်တိုင်ပြုလုပ်ပြီး ရောင်းချစွာရှိသလို လုပ်ပြီးသားတိကို တဆင့်ခံ ရောင်းချ ကြစွာတိလဲ ရှိပါရေ။ ကိုယ်တိုင်လုပ် ကိုယ်တိုင်လဲ ရောင်းချရေ ပုပုကတော့ သူ့ဆိုင်မှာရနိုင်စွာတိကို  အခုလိုပြောပါရေ။

“ခရုကလစ် လက်ပတ် ဆံထိုး ခရုဆွဲကြိုး ခန်းဆီးလိုက်ကာ မီးဆိုင်း လေးတိ ခရုပန်းအိုးလေးတိ ပန်းခြင်းလေးတိ နောက်ပြီး အရုပ်မျိုးစုံ ထုတ်ရေပေါ့။ ခရုနဲ့ ပတ်သက်ရေ အရုပ်ချေတိ။” မပုပုက ပြောပါရေ။ “ခရုကလစ်မှာ ကပ်ရေဟာဆို ကြွေစေ့နဲ့ အချောစေ့၊ လက်ပါတ်မှာ အဲ့ဒါပဲ အသုံးများရေ။ ပန်းခြင်း တောင်းတိမှာကျတော့ ဂျိတ်စေ့တိ အများဆုံးဖြစ်ရေ။ ခန်းဆီးလိုက်ကာမှာကျတော့ ဂုံးချောခွံလေးတိ ဖက်လိပ်တိပေါ့”

ဖြူဖြူ၊ ၀ါဝါ၊ ညိုညို အပြောက်ပြောက် အရောင်အသွေးမျိုးစုံနဲ့ ခရုခွံလေးတိက မြင်သူတိုင်း မကြည့်ရရင် မနေနိုင် လောက်အောင် ဆွဲဆောင်နိုင်မှာပါ။ ခရုချေတိ အဆင်ဆန်းလွန်းလို့ အတုလို့တောင် ထင်ကြရေလို့လဲ သူက ပြောပါရေ။

“အမှတ်တရ ပစ္စည်းဆိုတော့ ဧည့်သည်တိကတော့ သူ့ဟာနဲ့သူ အကုန်ကြိုက်ပါရေ။  ဇာဟာပိုပြီး ကြိုက်ရေလို့ မရှိဘူး။ သူရို့က ကမ်းခြေမှာပဲ ရစွာကိုး။ လာလို့ရှိရင် အထူးအဆန်းပဲ အကုန်လုံး၊ အံ့သြလွန်းလို့ အတုလား အစစ်လားလို့တောင် အမေးခံရရေ။ ခရုလေးတိက ထူးဆန်းလို့လေ … အမျိုးတိက အများကြီး အကျွန်ရို့ မမြင်ဖူးစွာတိတောင်ရှိရေ။”

ငပလီ မ-ဇင် ရပ်ကွက်မှာ နေထိုင်ရေ ဒေါ်လှလှခိုင်ကလည်း ခရုပစ္စည်းတိ ကိုယ်တိုင်ပြုလုပ် ရောင်းချစွာပါ။ သူ ဒေလုပ်ငန်းကို လုပ်ကိုင်လာစွာ မိဘတိ လက်ထက်ကတည်းကဖြစ်ရေလို့ ပြောပါရေ။ ငပလီက ဇာနေရာမှာ ဇာပိုင် ခရုခွံလေးတိ ရနိုင်သလဲ ဆိုစွာ သူကအခုလို ရှင်းပြပါရေ။

“အဲ့ဒါက ဇာလဲဆိုတော့ တရွာကို တမျိုးထွက်ရေ ခရုလေးတိက၊ အမျိုးအစားလေးတိ မတူဘူး။ ဟိုဘက် ဂျိတ္တောဆိုရင် ခရုအလို့ ခေါ်ရေ သေးသေးလေးတိ၊ ဂျိတ်စင်လို့ သော့ချိတ်လုပ်ရေ ခရုလေးတိ ထွက်ရေ။ ဒီဘက်က မြပြင် လင်းသာ လင်းသာက ကျတော့ ဂုံးခွံ ဖြူဖြူလေးတိထွက်ရေ။ ငပလီကတော့မရဘူး ငပလီကို ကျော် ဇီးဖြူကုန်း၊ မဇင်၊ အဲ့ဒီက ကြွေစေ့ရို့ ဒေါင်စေ့ရို့ အဲ့ဒါလေးတိရရေ။”

ထူးခြားလှစွာကတော့ ငပလီမှာ တနေရာက တမျိုးစီ ထွက်ရှိရေ ခရုခွံလေးတိကို စုဆောင်းပြီး စိတ်ကူးပုံဖော် ဖန်တီး ကြစွာပါ။ မိုးရာသီမှာ ခရုခွံတိ စုဆောင်းပြီး ခရီးလားတိလာရေ အချိန်မှာ အဆင်သင့် ရောင်းချနိုင်ဖို့ ပြင်ဆင် ထုတ်လုပ် ထားရရေလို့ ပုပု ကရှင်းပြပါရေ။

“သူ့ဟာနဲ့သူ အချိန်ပီးရရေ။ ခရုလက်ပတ်တကွင်းဆိုရင် ကြိုးမှာကပ်လိုက်စွာဆိုတော့ ကြိုးထိုးဖို့ အတွက်ရော အဆင့် လေးငါးခြောက်ဆင့်လောက် လုပ်ရရေ။ ထိုးရေလူရော ဖြတ်ရေလူရော ကပ်ရေလူရော ခရုကအစ အချိန်ပီး  ပြီးတော့ လုပ်ရရေ မိုးရာသီကတည်းက လုပ်ရရေ။ နွေရာသီမှာ လုပ်ကေတော့ လိုက်မမီ။ ဒီအလုပ်က အချိန်ပီးပြီး လုပ်ထားမှ၊ စုထား ဆောင်းထားမှ။ နောက်ပြီး ခရုတိက နွေရာသီရောက်ကေ ကကောင်းမပွားတော့ဘူး။ သူက လှိုင်းကြီးမှ ပွားစွာ။ ကမ်းခြေရဲ့အောက်မှာလှိုင်းနဲ့ သဲကြမ်းနဲ့ အဲလိုမှပွားစွာဆိုတော့ မိုးရာသီကတည်းက စုဆောင်းထားရရေ နွေရာသီကတော့ ကမ်းခြေမှာလဲ ယင်းလောက်မရှိတော့ဘူး လှိုင်းသေးလားရေအခါ။”

ငပလီကမ်းခြေမှာ နေထိုင်သူတိက မိုးရာသီမှာ တခြားအလုပ်တိ မလုပ်နိုင်သေးခင် ခရုခွံချေတိ ရှာဖွေရေ အလုပ်က ၀င်ငွေရနိုင်ပါရေ။ မြပြင်ရပ်ကွက်မှာနေရေ သဲသဲက ကမ်းခြေမှာ ခရုတိကောက်နေသူပါ။ ခရုခွံတိ ရရှိဖို့အတွက် ဒီရေကျချိန်ကိုစောင့်ရင်း ကျောက်ဆောင် ကျောက်တုံးတိကြားမှာ တင်ကျန်ရင်ခရေ ခရုခွံတိကို ရှာဖွေစွာလို့ ပြောပါရေ။

“မိုးတွင်းကျကေ ကောက်စွာပေါ့။ နွေရာသီဆိုကေ ကောက်လို့လဲ မရတော့ဘူး၊ ရှိလဲ မရှိတော့ဘူး ပေါ်လဲ မပေါ်တော့ဘူး။ ဒေနိ့တော့ မိုးထက် အစောကြီးကနေကောက်ရေ။ ရေအတက်အကျပေါ်မူတည်ပြီးတော့ ကောက်ရစွာပါ့။ အဲ့ဒါက တပြီကို ခြောက်ရာရရေ ကြွေလေးတိကျတော့ တဘူးကို ရှစ်ရာရရေ။”

နောက်ပိုင်းမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ခရုခွံတိ ရစွာနည်းလာရေအတွက် အမှတ်တရ ပစ္စည်းချေတိ ထုတ်လုပ်ဖို့ ကုန်ကြမ်းရဖို့ကလည်း အခက်အခဲဖြစ်လာရပါရေ။ ကုန်ကြမ်းကို တခြားနေရာတိက မှာယူနေရပါဗျာလ်။

“အရင်တုန်းကဆိုတော့ လွယ်ရေ အခုကတော့ နဲနဲ ရှားလားပြီ ပစ္စည်းတိက။ ခရုလဲ သိပ်မပွားယာ၊ ဆိုခါ ကမ်းခြေရှိရေနေရာ ရဲကျွန်းရို့ မန်အောင်ကျွန်းရို့ ဂွ ယင်းနေရာတိက ရောက်ရေ။ ငပလီကမ်းခြေမှာ ကောင်းမရှိဗျာလ်။ ဧည့်သည်ကလဲ များရေအခါကျတော့ မိုးရာသီခဏပဲ နွေရာသီဆိုတော့ ကောက်လို့ လုံးဝမရှိတော့ဘူး ခရုက ရှားလားရေ သဘောပေါ့။”

ဒေသ ဖွံ့ဖြိုးလာစွာ၊ အလွန်အကျွံ ကျောက်နဲ့ သဲထုတ်လုပ်စွာတိကြောင့် သဘာဝသွင်ပြင်တိ ပြောင်းလဲလာပြီး အကောင်း အဆိုး ယှဉ်တွဲနေရေ ပြောင်းလဲမှုတိက ခရုတိ အရင်လို ရှာဖွေမရနိုင်ဖြစ်နေရစွာပါ။ ဒေါ်လှလှခိုင်က မှတ်မှတ် ရရဖြစ်နေရေ အကြောင်းအရာကို ခုလို ပြောပါရေ။

“အကျွန်ရို့ ငယ်ငယ်တုန်းကဆို လင်းရိုးတောင်ဆိုစွာရှိရေ။ အဲ့ဒီတောင်ကြီးက ခြင်္သေ့တကောင် ၀ပ်နေသလိုပဲ။ တောင်ရှည်တန်းကြီး။ အဲ့ဒီလင်းရိုးတောင်နားမှာ ပုတီးစေ့တိပေါ်ရေဆိုပြီးတော့ ပုတီးစေ့ ကောက်သမားတိရဲ့ အဓိကနေရာ။ ပုတီးစေ့တိ ယူမကုန်ဘူး။ ပုတီးစေ့ကောက်ရေ သူတိဆိုစွာ လင်းရိုးတောင်ကြီးနားမှာ ကြက်မလေးတိ ၀ပ်နေသလို ခမောက်ကလေးတိနဲ့ ဟာ….. အများကြီးပဲ၊ အဲ့ဒီမှာ လေယာဉ်ကွင်း စီမံကိန်းတိလုပ်ရေ ဟိုရေတိ စီမံကိန်းတိ လုပ်ရေအခါ ကျောက်လိုရေလေ ကျောက်လိုတော့ ဒီက ကျောက်တူးကြစွာ။ ကျောက်တူးရင်း တူးရင်းနဲ့ ကျောက်ကလဲ ဈေးကွက် ၀င်လာရေလေ။  ဈေးကွက်ဝင်တော့ ကျောက်တိကို ထုရင်း ထုရင်းနဲ့ အခု မရှိတော့ဘူး လင်းရိုးတောင်ကြီး။ လင်းရိုး တောင်ကြီး ဇာနားမှာလဲဆို ကျောက်တပုံပဲရှိတော့ရေ။”

ကိုယ့်ဆီက ထုတ်ကုန် ပစ္စည်းလေးတိ ကိုယ့်ကမ်းခြေမှာပဲ ရောင်းချရသလို တခြားဒေသတိကို တင်ပို့ရောင်းချရစွာလဲ ရှိပါရေ။

“ကမ်းခြေပစ္စည်းဆိုတော့ ကိုယ့်ကမ်းခြေမှာတော့ ပိုပြီးရောင်းရရေ။ ပို့ရတာကတော့ ကျိုက္ခမီ စက်စဲ၊ ကျိုက်ထီးရိုး၊ ရွှေစက်တော် ရို့ အဲ့လိုဒေသတိ၊ ဘုရားပွဲတော်လေးတိမှာဆို အမှတ်တရလေးတိ ရောင်းရပါရေ။ တနေရာမှာ တခုတမျိုးစီပေါ့။”

ယေလေ့သင့် ခရုခွံတိ ရှားလာရေအတွက် ကုန်ကြမ်းအခက်အခဲဖြစ်လာရေအတွက် တခြားနေရာတိကို မှာယူရလို့ ကုန်ကျစရိတ်ကလဲ ပိုလာစွာပါ။ ချောင်းသာကထုတ်ရေ အမှတ်တရ ပစ္စည်းတိရဲ့ လက်ရာကို လိုက်မမှီနိုင်သေးစွာကလဲ လုပ်ငန်းမှာ အကျိုးအမြတ်နည်းပါးရရေလို့ ဆိုပါရေ။ ပုပုကတော့ သူ့လုပ်ငန်းအခြေအနေကို အခုလိုပဲ ပြောပါရေ။

“အရင်တုန်းကတော့ ပစ္စည်းပေါရေ၊ ဈေးပေါရေ၊ ယေလေ့သင့် ဒီ ပစ္စည်းက သိပ်မပေါက်ဘူး။ လူသုံးနည်းရေ။ နောက်ပြီး ငပလီကမ်းခြေက ချေုာင်းသာနဲ့ မတူဘူး ချောင်းသာက လူတိကျတော့ အဆန်း အဆန်းလေးတိ ထွင်တတ်ရေ။ ဒီက လူတိကတော့ ရိုးရိုးပဲ ခရုတလုံးဆို တလုံးလိုက် ကပ်လိုက်ရေ။ ထွင်ပြီးမလုတ်တတ်ရေအခါ ရိုးရိုးသားသား ပစ္စည်းလေးလို ဖြစ်နေရေ။ ဆိုတော့ ဈေးလဲ သိပ်မရ၊ ခုကတော့ သူ့ဟာနဲ့သူ လူတိက သဘာဝပစ္စည်းလေးတိ ကြိုက်လာရေအခါ ဈေးကတော့ ကြီးလာရေ။ အကျွန်ရို့ ၀ယ်ရရေ ကုန်ကြမ်းလဲ ကြီးလာရေ။ ယေလေ့သင့် အမြတ်နည်းလားရေ။ ရောင်းအား သွက်ရေ။ အမြတ် နည်းလားရေ။ ကိုယ့်အတွက် ကျန်တာနည်းလားရေ။”

ငပလီဒေသခံတိအတွက် အရင်က ခရုကောက်စွာဟာ အဓိက၀င်ငွေရရေ လုပ်ငန်းတခုဖြစ်ခပေမယ့် အခုအချိန်မှာတော့ ခရု ကောက်ခြင်းကို အားလပ်ချိန်အပိုဝင်ငွေရှာရေ အလုပ်တခုအနေနဲ့ပဲ လုပ်နိုင်ကြပါတော့ရေ။ မ-ဇင် က ဒေါ်ခင်ခင်လှကတော့ ခရုရှားပါးလာတာ ထုတ်ကုန်လျော့နည်းလာတာ တိကြောင့် အခက်အခဲတိကို အမှတ်တရ ပစ္စည်းဆိုင်လေး တဆိုင် ဖွင့်လှစ်လိုက်ပြီး ဖြေရှင်းဖို့ကြိုးစားနေပါရေ။

“ခရုမကောက်ရလို့ စားစရာမရှိဖြစ်လားရေလို့တော့ မဟုတ်ဘူး။ အကျွန်ရို့ မိသားစုကတော့ ခရုပဲ လုပ်စားတာ။ အကျွန်ရို့ကတော့ နည်းနည်းတော့ ကြပ်တည်းလားရေပေါ့။ ယေလေ့သင့် မနှစ်ကစလို့ အကျွန်ရို့လဲ ကမ်းခြေမှာ ဆိုင်ထွက်လိုက်ရေလေ။ ခရုပဲ အားကိုးနေလို့ မရတော့ဘူးဆိုပြီး ကမ်းခြေမှာ ဆိုင်ထွက်လိုက်ရေ။ ခရုတမျိုးတည်း မဟုတ်ဘူး ငပလီ အင်္ကျီရို့ အစုံပေါ့။ ဒီလိုပဲ လုပ်ငန်းကတော့ တဖြည်းဖြည်း ပြောင်းလားတာပေါ့။”

 780 total views,  1 views today