ကိုအောင် ၊ ရိုးမရေဒီယိုမဂ္ဂဇင်း
ဒါးလက်ချောင်း ရှမ်းကုန်းရွာလေး၏ အိမ်တအိမ်ထက်ကို ရောက်ရှိနီကတ်တေ ပရိသတ်တိ့က စိတ်လှုပ်ရှားဖွယ်ရာ မြင်တွီ့နီရရေ။ စုန်းတိ့ကို လာရောက်ဖို့ ရွာနန့် နတ်ဆရာကြီးတိ့က ဖိတ်ခေါ်နီပနာ ဆရာကြီး လက်ထောက်တစ်ယောက်က မောင်းကို အချက်မှန်မှန်တီး နောက်တစ်ယောက်က အစားသောက်ထည့်ထားရေ စကောကို သစ်သားယောက်မနန့် တချက်ချင်း မှန်မှန်ခေါက်နီရေ အသံတိ့ကလည်း လူတိုင်းစိတ်ကို လှုပ်ရှားစီပါရေ။
သူရို့ ဇာလုပ်နီကတ်လဲ၊ ဇာကြောင့် စုန်းတိ့ကို ဖိတ်ခေါ်နီလဲ၊ စုန်းတိ့က ဇာပုံစံမျိုးနန့် လာဖို့လဲ။ ဝင်ရောက်လေ့လာရင်းနန့် ပွဲကို ဦးဆောင်သူ နတ်ဆရာကြီး ဦးမောင်နှောင်းကို မိန်းမြန်းပနာ တင်ဆက်ပီးလားဖို့ပါ။
အမ်းမြို့နယ် ဒါးလက်ချောင်းထဲမှာ နီထိုင်ကတ်စွာတိ့ကတော့ ချင်းလူမျိုး အများစုပါ။ တောင်ယာလုပ်ငန်း လယ်လုပ်ငန်း သစ်ခုတ် ၀ါးခုတ်လုပ်ငန်းတိ့နန့် အဓိက အသက်မွီးကတ်ပါရေ။ ရိုးရိုးသားသား နီထိုင်ပနာ ကိုးကွယ် ယုံကြည်မှု ကလည်း ရှေးယခင်က အတိုင်းပဲ တည်ရှိနတုန်းပါ။ စောင့်ရှောက်နိရေ့ နတ်တိ့၊ စုန်းတိ့ရှိပနာ တောတောင်၊ ရပ်ရွာ စည်းကမ်းတိ့ကို အမှတ်တမဲ့ ဖောက်ဖျက်မိကေ အစောင့်နတ်၊ စုန်းတိ့က ဖမ်းစားတတ်ပနာ လူမှာကျန်းမာရေး ထိခိုက်တတ်တယ်၊ အလုပ် အကိုင် စီးပွားရေး ထိခိုက်တယ်လို့ ယုံကြည်ကတ်ပါရေ။ အခု ရှမ်းကုန်းရွာက အိမ်ထဲမှာ နီထိုင်သူတစ်ယောက် ကျန်းမာရေးမကောင်းလို့ ရိုးရာ ပဆန်းနည်းပညာနန့် ကုသပေးနိစွာပါ။ ဆရာဦးမောင်နှောင်းက အခုပိုင် ရှင်းပြပါရေ။
“စုန်း၊ နတ်၊ ခုံးဆိုတာ ….. နီရေနေရာမှာ စုန်းရှိရေ၊ နီရေနေရာမှာ နတ်ရှိရေ။ တောင်မှာနေရင် တောင်စောင့်နတ်ရှိရေ။ အိမ်မှာနီကေ အိမ်စောင့်နတ်ရှိရေ။ နောက်ဆုံး စားဖိုမှာလဲ မီးဖိုစောင့်နတ်ရှိရေ။ မီးကို တံဆွီးနန့် အရမ်းကာရော မထွီးရ။ ထွီးလို့ရှိကေ ဖမ်းရေ။ ဖမ်းလို့ရှိကေ ကြက်ချေနန့် မီးဖိုမှာ တဲ ဆောက်ပနာ ပဆန်းပူဇော်ရရေ။ ယင်းပိုင် ပူဇော်ကေ တစ်ခုဆေးလေ့သင့် ကုလို့ မကောင်းရေ အနာကို ပဆန်းဟောစွာနန့် ပျောက်လားရေ။ စုန်းဆိုစွာ စုန်း။ အခြားပဲနီရေ။ စည်းနန့်၊ ကမ်းနန့်၊ သစ္စာနန့်၊ သမာဓိနန့်နီရေ။ သူရို့ သမာဓိကို မသိလို့ နင်းမိရေ။ ကျော်မိတယ်။ ဖောက်ပြန်မိရေအခါ သူရို့စည်းကျဝါးကျနှုန်းနန့် ဖမ်းရေ။ သူ ပီးချင်ရေ အဖျားအနာ၊ အပူ၊ အဆာ၊ အကျိ၊ အချွဲ၊ အညောင်း အညာ၊ ပီးထားရေ။ ပီးထားကေ ဟို လူနာကခံစားရရေ”
ဒေပိုင် ကုသဖို့ စုန်းတိ့ကို ခေါ်ရေအခါ ဇာပုံစံနန့် ဇာနီရာက လာဖို့ဆိုစွာ မသိနိုင်။ ဇာပုံစံနန့် လာလာ၊ ဇာနည်းလမ်းနန့် လာလာ။ ပူဇော်ပသဖို့ ဆိုရေအကြောင်း။ စားသောက်ဖွယ်ရာတိ့နန့် ပဆန်းဆရာက ဖိတ်ခေါ်ရရေ။ လိုအပ်တေ အသုံး အဆောင်တိ့ဖြစ်တေ မောင်း၊ ဒါး၊ လှံ၊ ပလိုင်း၊ ဆန်ကော၊ ခေါင်ရည်ဗူးတိ့နန့် အစုံအလင်ပါအောင် ခင်းကျင်း ပြင်ဆင်ရရေ။ ထမင်း၊ အသားတစ်မျိုးမျိုး၊ ခေါင်ရည်၊ မုန့်ဆီကြော်၊ ပေါက်ပေါက် ရို့နန့် သတ်မှတ်ထားရေ ပုံစံအတိုင်း စံမံချက်ပြုတ်ရရေလို့ ဆိုရေ။
“လူယောင်ဆောင်လို့လာပါ။ ကြက်ယောင်ဆောင်လို့လာပါ။ ၀က်ယောင်ဆောင်လို့လာပါ။ ခွေးယောင် ဆောင်လို့လာပါ။ ဖမ်းရေ ဆီးရေနေရာမှာ လူနာက ကျွေးဖို့ မွေး ဖို့၊ သတ်ထုံး သတ်ပေးမယ်၊ သတ်လှည့် သတ် ပေးမယ်။ ပြီးကေ အူစုံ အသည်းစုံ၊ ဆီ၊ ရေ၊ အကြော်နန့် အလှော်နန့်၊ အမွှေးအကြိုင်၊ ကျွေးမယ် မွေးမယ် ပူဇော်မယ် ပသမယ်၊ ခမယ်၊ ယမယ်၊ ဥပမာအားဖြင့် ခုနစ်ရက်သား သမီး ဦးထွန်းအေးကို နဂိုအတိုင်းဖြစ်အောင် ချွတ်ပါ၊ လွှတ်ပါ။ ဆိုစွာကို တောင်းပန်ရရေ။ ယင်းချင့်ကို အခြေခံရရေပေါ့။ အဓိကကတော့ လူနာနန့် စုန်းကို အခြေခံပနာ ဟောပီးရရေ။ ယင်းပိုင်မဟုတ်ကေ ကျရာပြောဆိုပနာ ထမင်းတိ့ ၀က်သားတိ့ စားကတ်ဆိုလဲ မဟုတ်။”
ဖိတ်ခေါ်ပြီးရေအခါ ဆန်ကောထဲမှာ ထမင်း၊ ခေါင်ရည်၊ ၀က်သား အူစုံ အသည်းစုံ၊ မုန့်ဆီကြော်၊ ပြင်ဆင်ပနာ လက်ထောက်ဆရာက ဆန်ကောကို သစ်သားယောင်းမနန့် ခေါက်ပနာ စုန်းတိ့ကို စားသောက်ဖို့ ကျွေးမွေးရပါရေ။ စားသောက်ပြီးကေ ဖမ်းထားရေ လူနာကို ပြန်ကောင်းလာအောင် လွှတ်ပီးဖို့ တောင်းပန်ရပါရေ။
“ယင်းချင့်ထဲမှာ အစားအစာတိ့ ပြည့်စုံအောင် တည်ပြီးခါမှ တုတ်ချောင်းနန့် ခေါက်လို့မရ။ ထမင်းမွှီရေ ယောက်မနန့်ရာ ခေါက်လို့ရရေ။ ထမင်းမွှီရေ ယောက်မမှာအမိန့်အာဏာကကောင်း ရှိရေ။ လိပ်ပြာတိ့ အများကြီးရှိရေ။ သူက ခေါက်ပီးရေ။ ဒေ စုန်းတိ့ လာပနာ စားကတ်ပါ။ ဟိုမမာရေ လိပ်ပြာကိုလဲ လွှတ်ပီးပါ ဆိုရေ အကြောင်းနန့် ယောက်မနန့် ဆန်ကောကို ခေါက်ပီးရရေ။ ကြားအောင်လို့။ စားပါလို့။ ဒေမှာ ဒေမှာ လာပါ စားပါ နေရာပြရရေပေါ့။”
ပြောရဖို့ဆိုကေ ဒေ စုန်းခေါက်ပွဲ အစီစဉ်တိ့ ဆောင်ရွက်ဖို့ ပဆန်းဆရာကြီးတစ်ယောက်တည်းနန့် မဖြစ်ရေအတွက် လက်ထောက် တပည့်တိ့နန့် စုန်းအကြီးအကဲနီရာမှာ ဆောင်ရွက်ဖို့ လူတိ့ကို ကြိုပနာ ရွီးချယ်ထားရပါရေ။ စုန်းခါက် ပူဇော်ဖို့ တဲငယ်ချေကို ရောက်ဖို့အတွက် ရွာလည်လမ်းက ပတ်ပနာ လှည့်လည်ရပါရေ။ ပဆန်းဆရာကြီးက ရှိ့ဆုံးက ဓါးကို ထမ်းပနာ ဦးဆောင်ရရေပိုင် လက်ထောက်တပည့်တိ့က အစီစဉ်တိုင်း လိုက်ပါကတ်ရပါရေ။
“ပဆန်းဆရာက ဆန်ကောလဲ မကိုင်နိုင်ဆိုခါ ဆန်ကောကိုင်ဖို့ တပည့်ကို ရွေးရရေ။ နောက် မောင်းတီးဖို့ လူရွေးရရေ။ ၀က်ထမ်းနိုင်ဖို့လူ အင်အားရှိဖို့လူကို ရွေးရရေ။ ရှေ့နောက် နှစ်ယောက် လိုပါရေ။ ခေါင်ဘူးတိ့ ခေါင်ရည်တိ့ ထမ်းဖို့ ခြင်းကြားပို့ဖို့ လူ နှစ်ယောက်ရွေးရပါသိ့ရေ။ ပြီးကေ ပေါက်ပေါက်နန့် မုန့်ဘူးကိုင်ဖို့လူကို ရွေးရသေးရေ။ ကွမ်းအစ်နဲ့ လှံ ကိုင်ဖို့လူကိုလဲ ရွေးရသေးရေ။ ပြီးကေတော့ အမှား အမှန်ကို ကြည့်ရှုဖို့ စုန်းမင်းကြီးလို့ နှစ်ယောက်၊ မှားလားလို့ရှိကေ အကြံဉာဏ်ပီးနိုင်ဖို့ အမာခံ နှစ်ယောက် ရွေးရပါရေ။ ယင်းလောက်နန့် အဆင်ပြေပါရေ။ ယင်းလောက်နဲ့ စုန်းခေါက်ပွဲကို လုပ်လို့ရပါရေ။”
သတ်မှတ်ထားရေ အစီအစဉ်အတိုင်း လှည့်လည်ပနာ တဲငယ်ကို ရောက်တေအခါမှာတော့ စုန်းတိ့ကို ကျွေးမွေးကြပါဖို့ယာ။ ပါဝင်ဆောင်ရွက်ရဖို့ လက်ရွေးစင် တပည့်နောက်လိုက်တိ့က အစီအစဉ်တကျ အမှားအယွင်း မရှိရအောင် ဂရုတစိုက် လုပ်ကိုင်ပီးရပါရေ။
“နံပါတ် ၁ ကတော့ စုန်းဗျာလ်။ စုန်းကို လက်ဆီးဖို့ ရေလဲလောင်းပေးရရေ။ လက်မဆေးဘဲနန့် ဇာသူလေ့ မစား။ လက်ဆေးပြီးမှ ပေါက်ပေါက်၊ ပြီးကေ မုန့်။ ပြီးမှ ဆေးလိပ် ကွမ်းယာ၊ ပြီးမှ ထမင်း၊ ဟင်း၊ ၀က်သားတိ့ စုံအောင် တင်ပေးရေ။”
ပဆန်းဆရာ လုပ်ပုံကိုင်ပုံ အစီအစဉ် မှားယွင်းစွာ မပြည့်စုံစွာ ရှိ မရှိကို စုန်းမင်းကြီးနှစ်ယောက်က စောင့်ကြည့်ပီးရပါရေ။ ယင်း စုန်းမင်းကြီး နှစ်ယောက်ကို ပြည်တော်သမီးနဲ့ ပြည်တော်သူကြီးလို့ သတ်မှတ်ပီးထားရပြီး ပဆန်း ဆရာကြီး ဆောင်ရွက်မှုကို စုန်းမင်းကြီးနှစ်ယောက်က ပြည့်စုံ၊ ကျေနပ်တယ်လို့ ဖြေဆိုရေအခါမှ တင်မြှောက် ပူဇော်ပွဲ အောင်မြင်ရေလို့ ဆိုပါရေ။
“ပြည်တော်သမီးဆိုစွာ မိန်းမ၊ စုန်းမ။ ပြည်တော်သူကြီးဆိုစွာ စုန်းဖို။ စုန်းမကို အရင်မေးပါတေ။ ကျွန်တော်တို့ လုပ်တာ ကိုင်တာတိ့၊ မှန်ပါသလား။ စုံပါသလား စေ့ပါသလား။ ဟုတ်ကော ဟုတ်ရဲ့လား။ ဟုတ်ပါတယ်လို့ ထောက်ခံရေ။ ထောက်ခံပြီးမှ ယောကျာ်းကို မေးရေ။ စုန်းမင်းကြီး ကျွန်တော်ရို့ လုပ်စွာကိုင်စွာ၊ ပြောတာ ဆိုတာတိ့ မှန်ရဲ့လား။ မှန်ပါတယ်။ ဟုတ်တယ် ဆိုမှ ကျွန်တော်ရို့က ပြန်လှည့်ခွင့်ရရေ။ သူရဲ့ ခွင့်ပြုချက်နန့်ပါ။”
ဦးမောင်နှောင်း အခုလို စီရင်ကျွေးမွေးနီစွာကတော့ ရွာလယ်စုန်းလို့ ခေါ်ရေ စုန်းအမျိုးအစားပါ။ ယေလေ့သင့် နောက်ထပ် အဆင့်အငယ်စား တခြားစုန်း အမျိုးအစားတိ့လဲ ရှိသေးရေ၊ အမျိုးအစားကို လိုက်ပနာ ပြင်ဆင် ကျွေးမွေးရရေ အစီအစဉ်တိ့လဲ ကွဲပြားပါရေ။
“စုန်းဆိုကေလေ့ စုန်းငယ်တိ့ရှိသေးရေ။ စုန်းငယ်ဆိုစွာ အ၀မှာ ခြင်းကြားထဲမှာ ဖက်ရွက်နန့် ယင်းပိုင် ကျွေးစွာ ရှိသေးရေ။ ခေါက်စွာတိ့ကတော့ ဒေပုံစံ။ ခေါက်စွာရာ။ ကျွေးစွာကတော့ ကြက်ရာ ကျွေးရေ။ ယင်းစုန်းက ချောင်းလဲ ပိုင်သေးရေ။ ချောင်းမှာလဲ ဆန်ကောနဲ့ ခွေးနဲ့ ကျွေးရပါရေ။ ယင်းပိုင် သုံးမျိုးရှိပါရေ။”
ဒေလောက်နန့်လေ့ မပြီးသိ့ပါဘူး။ အဓိက ပူဇော်ရဖို့ စုန်းတိ့ကို စားသောက်ဖွယ်ရာ အစုံနဲ့ ပူဇော်ရရေပိုင် နောက်လိုက် နောက်ပါ စုန်းတိ့အတွက်လဲ ပြင်ဆင်ကျွေးမွေးရပါသိ့ရေ။
“စုန်းတိ့ကို ပူဇော်ပြီးအချိန်မှာ …… စုန်းကလဲ စုန်းတမျိုးလဲ မဟုတ်၊ စုန်းအရူးတိ့၊ အနှမ်းတိ့၊ အကျိုးတိ့၊ အပဲ့တိ့၊ ယင်းချင့်တိ့ကိုလည်း အောက်ကနိ့ ဖက်ရွက် နှစ်ရွက်ခံပြီးပနာ စုန်းအရူးတိ့၊ စုန်း အနှမ်းတိ့၊ စုန်းအမိုက်တိ့၊ စုန်း အ, အ တိ့ကိုလည်း ကျေနပ်ပါစီကြောင်း ကျွန်တော်တို့ ကျွေးမွေးရပါရေ။”
စုန်းတိ့ကို တည်ခင်းကျွေးမွေးရရေ ထုံးစံအတိုင်း ပဆန်းဆရာကြီးနန့် အဖွဲ့ဝင်တိ့ကလည်း စားသောက်ကတ်ရပါရေ။
“သူရို့ စားထုံးတိ့ကို ကျွန်တော်ရို့က စားပီးရရေနဲနဲစီ။ အစု အစုလိုက်ပေါ့။ စုန်းက စားထုံး စုန်းက စားလှည့်၊ စုန်းကသောက်ထုံး စုန်းက သောက်လှည့်၊ စုန်းက ခေါင်ရည်သောက်စွာကို သောက်ထုံး သောက်ပေးရရေ။ စားထုံး စားပေးရရေ။”
အစီအစဉ်တိ့ တဆင့်ပြီးတဆင့် ဆောင်ရွက်ပြီးအချိန်မှာ လာရောက်တေ ဧည့်သည်တိကို ကျွေးမွေးဧည့်ခံရရေ အလှည့် ရောက်ပါဗျာလ်။ ကျွေးမွေးပြီးအချိန်မှာတော့ စုန်း ခေါက်ပွဲလဲ အဆုံးသတ်ပါယာ။ စုန်း အပြင် ရိုးရာအစွဲအလန်း တမျိုးဖြစ်တေ ခုံး၊ နောက် တောနတ်၊ တောင်နတ်၊ ချောင်းနတ်၊ စရေပိုင် အမျိုးမျိုး ရှိရေလို့ ယုံကြည်ကတ်ပါရေ။ အခုပိုင် နာမကျန်းဖြစ်တေအခါမျိုးမှာ ပဆန်းဆရာက တွက်ချက်ပီးရပြီး စုန်းကြောင့်မဟုတ်ဘဲ တခြား နတ် ဖမ်းစားစာကြောင့် ဖြစ်ရစွာဆိုကေ ပူဇော်ကုသရေ ဓလေ့ထုံးစံတိ့ကလည်း ကွဲပြားစွာလဲရှိပါရေ။
“စုန်းမဟုတ်ပဲနန့် မမာလို့ရှိကေ ခုံး သွင်းလို့ ရရေ။ ၀က်နဲ့ပဲ သွင်းပါရေ။ ခေါင်တည်ပြီးတော့မှ ဖက်ရွက် တည်ပနာ ပဆန်းဖော်၊ ချည်မျှင်ပတ်၊ ခုံးကုလို့ ရှိသိ့ရေ။ ယင်းပိုင် ခုံးပြီးကေ ခုံးမဟုတ်ဘဲ တောက နတ်စိမ်းဖမ်းရေလို့လဲ ရှိသိ့ရေ။ နတ်စိမ်းမှာတော့ တဲချေဆောက်ပနာ ယင်းတဲထဲမှာ အငယ်ကျကေ ဝက်နန့်၊ အကြီးကျကေ ဆိတ်နန့်ပ။ အမျိုးမျိုးရှိရေ။ အခုပိုင် တဲထဲမှာ ဖက်ကလေးခင်း၊ ခွက်ကလေးနန့် ရေတည်ပနာ ပဆန်းဆရာက ပူဇော်ရတာစွာ ရှိရေ။ ပူဇော်ပြီးမှ ယင်းထဲမှာပဲ အသားတိ့ကို ပုံပြီးပနာ ပြန်လို့ ရုတ်သိမ်း စကားနဲ့ ပုံရေစကားနဲ့ အညီ ရုတ်သိမ်းပနာ့ အဆင်ပြေအောင် လုပ်ရရေ အစဉ်အလာတိ့ရှိရေ။”
အခုပိုင် နာမကျန်းလို့ ကုသပေးရစွာရှိရေပိုင် မင်္ဂလာပွဲတိမှာလဲ သတ်မှတ်ထားရေ စည်းကမ်းအတိုင်း နတ်တိ့ကို ပူဇော်ရစာမျိုးလဲ ရှိပါသိ့ရေ။ မင်္ဂလာဆောင်ပွဲတိမှာ လုပ်ဆောင်ရဖို့ ထုံးစံ၊ စားသောက်ရဖို့ ထုံးစံတိ့ကို လိုက်နာရပါရေ။
“မင်္ဂလာပွဲပေါ့။ သမီးလင်နောက် ပါလားလို့ မိဘကို ကျေးဇူးဆပ်လာဖို့ မင်္ဂလာပွဲ၊ ခေါင်တိ့နဲ့ တည်လာရေ။ ၀က်တိ့ ဖုတ်လာရေ။ ယင်းအခါကျကေ ယင်းလောက် ပူစရာမလိုယာ။ ၀က်သားကို အစုလေးတပုံ နှစ်ပုံ ပုံပနာ အားလုံးက စားဖို့၊ စားကေလေ့ သမီးရို့ အစဉ်အလာက ယင်းဝက်သားကို မစားရ။ သမီးရို့ အစဉ်ဘက်က စားရဘို့အတွက် မိဘတို့က ကြက်သားတိ့ကို ကျွေးရရေ။ ။”
ယပြီးနာ စီးပွားရေးလုပ်ဆောင်ရေ နီရာမှာလဲ သတ်မှတ်ထားရေ အစီစဉ်တိ့အတိုင်း ဆောင်ရွက်ရပနာ ဒေပိုင် ပွဲတိ့ကတော့ ပျော်ပွဲရွှင်ပွဲလဲ ဖြစ်ပါရေ။
“ယချင့်ပြီး ဇာရှိလဲဆိုကေ ကျွန်တော်ရို့ တောတောင်မှာ တောင်ယာလုပ်စားရေအခါ အယင်ခေါက် လူကြီးတိ့ လက်ထက်က ပျော်ပွဲတိ့ရှိရေ။ ကောက်ချည်သွပ်ပွဲ၊ ယာနတ်ပွဲ၊ ယင်းပိုင်ပွဲကြီး ပွဲကောင်းတိ့။ ယင်းမှာလဲ ဝက်နန့်ရာ ကျွေးရေ။ ဆွေမျိုးညာတကာတိ့ ဖိတ်ပနာ ပဆန်းတိ့ ဟော၊ ပဆန်းတေးခင်းတိ့ကို ဆို။ ခေါင်တိ့ သောက်လိုက်။ ပျော်လိုက်ပါးလိုက် ယပိုင်။”
ယေလေ့ ခေတ်ပြောင်းလာစွာ၊ ခေတ်ပညာတတ်မြောက်လာစွာ၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာစွာတိ့ကြောင့် ဓလေ့ ထုံးစံတိ့လေ့ တစစ ပြောင်းလဲလာပါယာ။ အရင်က တောင်ယာစိုက်ချိန် ပူဇော်ရရေ စပါးလိပ်ပြာနတ်ကို ပူဇော်ပွဲဆိုကေ ပျောက်ကွယ်သလောက်ဖြစ်လားယာ။
“ရခိုင်မှာယာ ရှိဗျာလ်။ စပါးလိပ်ပြာစွာ။ ရခိုင်ပြည်က စပါးလိပ်ပြာစွာ တနားချေ ကျွန်တော်ရို့ဘားသို့ လှမ်းကြည့်။ တနားချေ ကြည့်ပီးပါလို့ တောင်ထက်က လှမ်းလှမ်းပနာ ခေါ်ရေ နတ်တိ့ရှိရေ။ ဝက်နန့်ရာ ခေါ်ရရေ။ အခုတော့ ယာလဲ မလုပ်ယာ။ နတ်လဲ မရှိယာပေါ့။ ယင်းနတ်လဲ ဇာရောက်လားဗျာလ်လဲ မသိဗျာလ်။ ယင်းပွဲလဲ မရှိဗျာလ်။ အခုက နာရေးမှာ ကုသပီးရေ အလုပ်ယာ ရှိဗျာလ်။”
ပြောင်းလဲလာရေ ခေတ်အခြေအနေကိုလိုက်ပနာ မိသားစု စားဝတ်နေရေးအတွက် တခြားစီးပွားရေးလုပ်ငန်းကို တွဲဖက်လုပ်ကိုင်ကေလေ့ နာမကျန်းဖြစ်တိုင်း၊ စီးပွားရေးအခက်အခဲဖြစ်တိုင်း ပဆန်းဟောပီးဖို့ ကုသပေးဖို့ ဦးမောင်နှောင်းကို ခေါ်သူတိ့ ရှိနေသေးလို့ စီးပွားမရှာနိုင်စွာက ဦးမောင်နှောင်းပါ။
“လုပ်ဖို့ ဆဲဆဲမှာ လာနေယာ ပဆန်းခေါ်ဖို့။ မလားဆိုကေ မတော်တဆ သေလားကေ ရန်သူလို့ မြင်ဖို့။ သြော် ဒေအခင်က ငါ့သမီးကို မကုပီးလို့၊ ခေါ်ဆိုရေအခါ မလာလို့၊ လွန်လားလို့ သီလားရရေ ဆိုပနာ ကျွန်တော်ကို ရန်သူပိုင် မြင်ဖို့ကြောက်လို့ ကျွန်တော်က မပျက်မကွက် ထမ်းဆောင်ရရေ။ ယင်းအချိန် သူရို့ကလေ့ ကျွန်တော်ကို ကြေးငွေ ဖူလုံအောင် မဖြည့်စွမ်းနိုင်ဆိုရေခါ ဆင်းဆင်းရဲရဲ အငတ်ငတ်အမွတ်မွတ်နန့်ရာ ကျွန်တော့်တစ်မိသားစုလုံး ခံစားရရေ။”
ခေတ်ကာလအခြေအနေ ဘဇောင်ပိုင်ပြောင်းပြောင်း ရိုးရာ အစွဲအလန်းတိ့နန့် ယုံကြည်မှုတိ့ ရှိနိသမျှ ဆရာဦးမောင်နှောင်း ပဆန်း ဆက်ဟောနီရဖို့သိ့ရာဖြစ်ပါရေ။
818 total views, 1 views today