ရိုးမရေဒီယိုမဂ္ဂဇင်း
စက်တင်ဘာ ၁၉။ ။ ဆံပင်တိ့ဖြူ၊ ပါးရည်တိ့ တွန့်နီရေ အသက် ၆၀ ကျော် အရွယ် ဒေအမျိုးသမီးကြီးစွာ ဘဝနုပျိုမှုတိ့ကို ရခိုင်ပြည်နယ်အတွက်၊ နိုင်ငံအတွက် ဒီမိုကရေစီအတွက် ပီးဆပ်ထားသူ ရခိုင်အမျိုးသမီး ဒေါ်ညိုအေးပါ။
အခု လက်ရှိမှာ သားသမီးတိ့နန့်အတူ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မင်းဂံရပ်ကွက်မှာ နီထိုင်ပနာ ရခိုင်လူမျိုးတိ့အတွက် ကြိုးစားနီသူတစ်ယောက်ပါ။
“လုံးဝကို ချွတ်ခြုံကျလားစွာက အရီးရို့ ရခိုင်ပြည်နယ်ကလေ။ တစ်ခုလေ့ကို စီးပွားရေးလဲ အပွင့်လင်းဆုံး ပြောရစွာ လုံးဝကို မရှိ။ ကျန်းမာရေးကလဲ အားကိုးစရာမရှိ။ အမှန် ဖေ့သာ ရှိလူတိ့က လေယာဉ်နဲ့ ရန်ကုန်ကို ပြီးရစွာ ချည်း။ ယင်းပိုင်ဖြစ်နီရေ။ အရီးရို့တောင် ပြီးဖူးရေ။” လို့ ဒေါ်ညိုအေးက ဆိုပါရေ။
“ဖွံ့ဖြိုးတိုးတက်မှု အားနည်းနီရေ ရခိုင်ပြည်နယ်မှာ အမျိုးသမီးတိ့၊ ကလေးသူငယ်တိ့အတွက် အဘက်ဘက်က ရပ်တည်ပီးနီရေ ရခိုင်အမျိုးသမီးကွန်ရက်မှာ ဥက္ကဌ တာဝန်ကို ယူထားသူတစ်ယောက်လည်း ဖြစ်ပါရေ။
“ရွာတစ်ရွာကို ဝင်လိုက်ကေ မမနန့် အချေတောင် ကောင်းအကြီးမရှိ။ အပွင့်လင်းဆုံးပြောစွာ။ အရွယ်ရောက်ပြီးရေ အချေနန့် လေးဆယ်အောက် မမ မရှိ။ ငါးဆယ်အောက် မမ မရှိ။ လေးဆယ်ကျော်ကျော်တောင်မှ အပြင်ထွက်လားရေ။ ဒေချင့်က အရီးရို့ ရခိုင်ပြည်နယ်က အမျိုးသမီးတိ့ လက်ရှိဖြစ်နီရေ အခြေအနေ။ နောက်ပြီးကေ အိမ်တွင်းအကြမ်းဖက်မှု ကကောင်းအများဆုံး ဖြစ်ရေ ပြည်နယ်တစ်ခု။” လို့ ဒေါ်ညိုအေးက ဆက်ပြောပါရေ။
ဆယ်ကျော်သက် အရွယ်ကတည်းက နိုင်ငံရေးအခြေအနေ အပြောင်းအလဲတိ့ကြားမှာ သူလိုလားရာ သူယုံကြည်ရာ လမ်းကို စတင်လျှောက်လှမ်းခစွာပါ။ သူ ယုံကြည်ရာ ဒီမိုကရေစီလမ်းစဉ်တစ်ခုအတွက် သူတစ်ယောက်တည်း ဘဝကိုတင်မက သူ့သားသမီးမြီးမြစ်တိ့ ဘဝတိ့အထိပါ ပီးဆပ်ရစွာပါ။
“ အဂုတော့ အရီးမှာ သားသမီးက အမှန် မွေးခစွာက ၇ ယောက်ပေါ့။ ယေလေ့သင့် ကံမကောင်းလို့ ပြောရဖို့။ သားအကြီးဆုံးချေ ရန်ကုန်မှာ ဆုံးလားရေ။ ပြီးကေ သီးအလတ်မချေတစ်ယောက်ကတော့ ရန်ကုန်မှာ ဆုံးကျန်ခရေ။ ယင်းနန့် စစ်တွေရောက်ခါ ယင်းသားနှစ်ယောက်ကို ၈၇ မှာ မွီးရေ။ ယင်းပိုင်နီရင်းနန့် အချေတိ့ ကျောင်းနီရေ အရွယ်မှာ ဆယ်တန်းမအောင်ယာ။ သမီးတစ်ယောက်ရာ အောင်ရေ။ ဆုံးလားရေ သမီးချေတစ်ယောက်ပဲ အောင်ရေ။ ဇာကြောင့်လဲဆိုကေ အချေတိ့က အမိ့ဒဏ်ကို မခံနိုင်လေ။ ကျောင်းတက်တိုင်း တက်တိုင်းမှာ ထောင်ထဲမှာ အမိက။ အမှန်တကယ် ပတ်ဝန်းကျင်က ဖယ်ကျဉ်မှုကိုလဲ ခံခရရေ။” လို့ ဒေါ်ညိုအေးက ဆက်ပြောပါရေ။
ရခိုင်ပြည်နယ်အတွက်ဆို သူ့ဘဝ သူ့မိသားစု သူ့သားသမီးတိ့ကိုပါ စွန့်လွှတ်ပနာ အသက်စွန့် တိုက်ပွဲဝင်ဖို့ အမျိုးသမီးတစ်ယောက်ပါ။
“အရီးလင်က ဒေတစ်ရပ်ကွက်လုံးက အတွင်းရေးမှူး လေးနှစ်၊ ဥက္ကဌအဖြစ်နန့် လေးနှစ်လောက် လုပ်ဖူးရေ။ သူ ဥက္ကဌ လုပ်နီယင်းနန့် သူ အရီးကို အကြိမ်ကြိမ် ဖမ်းရရေ။ ဖမ်းရရေဆိုခါ မိသားစုအရေးလေ။ ကကောင်းဒုက္ခရောက်တေ အခြေအနေ။ အင်တန် ကြိုးစားပနာ ဘဝကို ရပ်တည်ရရေ။ ပွဲရုံတိ့လဲ ဆုံးရှုံးရေ။ ရှိရေ ပစ္စည်းတိ့လေ့ ရောင်းစားလို့ ကုန်ရေ။ ကိုယ်ရို့က ဝင်ငွေက နည်းလာရေအချိန်မှာ ရှိစွာချေတိ့ကို ထုခွဲပနာ အလုပ်လုပ်ရရေလေ။ ခရီးလားရစွာတိ့လေ့ ရှိရေ။ ပြီးကေ အရီးက နိုင်ငံရေးပါတီနန့် ၁၃ နှစ်လုံးလုံး ဖေ့သာတစ်ပြားလဲ မရခ။ ဒေအလုပ်ကို ရပ်ပလိုက်ဖို့ဗျာလ်လို့ စိတ်ထဲ ဆုံးဖြတ်ချက်တိ့ ချထားစွာ ရှိရေ။ ယေလေ့သင့် တကယ်တမ်းမှာ မရပ်နိုင်။” လို့ ဒေါ်ညိုအေးက ဆိုပါရေ။
ဒေါ်ညိုအေးစွာ မွေးချင်းမောင်နှမ ၁၃ ယောက် ရှိပနာ အခုအချိန်ထိ သူ့ကို စကားမပြောဘဲ ပစ်ပယ်ထားရေ သွီးသားမိသားစုအရင်းတိ့ကလဲ ရှိနိဆဲပါ။
“အလုပ်တစ်ခုကို ဇောက်ချပနာ ယင်းလူ ယင်းအလုပ်ကို လုပ်ဖို့ဆိုရေအခါ မိသားစုကလဲ ယင်းဒုက္ခတိ့ကို ဝိုင်းဝန်းပနာ ခံပီးရရေ။ တစ်ယောက်တည်း ခံရစွာတော့ မဟုတ်။ အရီးမှာဆိုကေ သားသမီးတိ့ တစ်ယောက်လေ့သင့် ပညာတတ်မဖြစ်။ ဇာကြောင့်ဆို အရီး လှိုင်းဂယက်ကြောင့် တစ်ယောက်လဲမဖြစ်စွာ။ ယင်းချင့်တိ့ ရှိရေ။ ယင်းတွက်နန့် တစ်ယောက်စီကို ၇ နှစ် ၈ နှစ်လောက် နှုတ်မဆက်ဘဲ ထားရေ။ အခု သူရို့ ပြန်ပနာ အရီးဘားကို လာတယ်။ တစ်ခါလေ့သင့် မတွီ့ဖူးပေါ့။ သူ့ ညမ တစ်ယောက်နန့် သူနန့် နှစ်ပေါင်း သုံးဆယ်လောက် ကွဲနီရေပေါ့။ လာတွီ့ရေ။ အရီးကတော့ အီးဆေးပါ။ ယေလေ့သင့် စိတ်တော့မရှိကေ့။ ယုံကြည်စွာ လမ်းလျှောက်ကတ်တေအချိန်မှာ ပတ်ဝန်းကျင် ရိုက်ခတ်မှု ရှိရေအချိန်မှာ မောင်နှမတိ့ ပတ်ဝန်းကျင်ကလဲ သည်းခံပီးပါဆိုပနာပေါ့။ တစ်ချို့ကလည်း သည်းမခံနိုင်။ စကားတောင်မပြောကတ်ယာ။” လို့ ဒေါ်ညိုအေးက ပြောပါရေ။
“အခုက အရီးရို့ မိသားစုအခြေအနေကတော့ ယင်းပိုင်ဗျာလ်။ လုံးလည်လိုက်နီရေပေါ့။ သားလူပျိုတစ်ယောက်က အရီးကို ထောက်ပံ့ရေ။ အချေအဖသားတစ်ယောက်ကတော့ အလုပ်တော့ လုပ်တယ်။ ယေလေ့သင့် အရီးရို့ကို တစ်လနီမှ တစ်ကြိမ်။ ယင်းလောက် ထောက်ပံ့ရေ။ ကျန်စွာကတော့ သူရို့ ဝင်ငွေနန့် ရရေ ထောက်ပံ့မှုနန့် စားကတ်ရရေပေါ့။ အရီးအနေနန့်ကတော့ ဝင်ငွေလဲ မရှိလေ။ ဆားနန့်တစ်လှည့် ငါးနန့် တစ်လှည့် ယင်းပိုင် သည်းခံရရေ။” သူက ဆက်ပြောပါရေ။
နှစ်ပေါင်း ၃၀ ကျော် နိုင်ငံအတွက် လူမျိုးအတွက် ဒီမိုကရေစီအတွက် သူ ကြိုးစားခစွာတိ့ကတော့ ပြန်ရလိုက်စွာက အိုမင်းရင့်ရော်မှုတိ့ပါ။
“ဇာပိုင်ရှိလဲဆိုကေ အားမလိုအားမရ ခံစားရရေပေါ့။ ဇာဖြစ်လို့လဲ ဆိုကေ အော် ငါစွာငါပေါ့။ ကိုယ့်ထက်သူများကို ဦးစားပီးကြမ်းလွန်းရေအတွက် ကိုယ့်မိသားစုအပေါ်မှာ လစ်ဟာမှုတိ့ရှိရေ။ ယင်းကြောင့်လဲ သူရို့ကို အပြစ်မပြောနိုင်ရေ အားနည်းချက်ရှိရေပေါ့။ ကိုယ်မသီခင် ဇာလောက်ထိ အကောင်းဆု့း လုပ်ပီးနိုင်ခဖို့လဲ၊ ဇာလောက်များ လူသားတိ့ကို ကိုယ် အကျိုးပြုပီးနိုင်ခဖို့လဲ။ ကိုယ်လုပ်ခရေ ကိုယ့် တောင်းဆိုချက်တိ့၊ ကိုယ်ရို့ လုပ်ခရေ မူချေတိ့ လမ်းပွင့်လားကေ အရီးရို့ နီခရေ မြန်မာနိုင်ငံက အရီးမှာ ကျန်ခရေ သားသမီးတိ့အတွက် အကျိုးဆက်လေ။ လောဘကတော့ ယင်းလောဘတစ်ခုရာ ရှိရေ။ ကျန်ရေ လောဘမရှိ။”
ဆွေမရှိမျိုးမရှိ၊ ဘေးလွယ်အိတ်တစ်လုံးနန့် သူ ယုံကြည်ရာကို ရှေ့ဆက်လျှောက်ဖို့ အများအတွက်ရာ စဉ်းစားပနာ အများအတွက် ရပ်တည်ပီးပနာ သူ့အတွက် မစဉ်းစားမိ မရှာဖွေမိရေ နိုင်ငံရေးသမားတစ်ယောက် ဘဝနေဝင်ချိန်က .. .
532 total views, 1 views today