Arakan Yoma
ဆောင်းနှင်းတိ ဝီနီရေ မိုးထဖက် စောစောတစ်ခုမှာ အက်ျီဆင်တူ ဝတ်ဆင်
ထားကတ်တေ မမာ့တချို့စွာ လက်က မ်းစာစောင်တစ်ခုကို ပီးဝီးနီကတ်ပါရေ။
မြန်မာနိုင်ငံအနောက်ဖက်အစွန်ဆုံး မော င်တောမြို့ထက်က ဟင်းသီးဟင်းရွက်သားငါးဈီး အဝင်ဝမှာ ဘာသာပေါင်းစုံက မမာ့တချို့က မမာ့တိကို အကြမ်းဖက်မှုပပျောက်ရီးလှုပ်ရှားမှုအဖြစ် လုပ်နီကတ်စွာဖြစ်ပါရေ။
ယင့်မမာ့တိရေ Women”s Network Rakhine State အဖွဲ့ဧ့ မောင်တောမြို့ကအဖွဲ့ဝင်တိဖြစ်ပနာ ဒီဇင်ဘာလ ၉ ရက်နိ မိုးထဖက်က ပြုလုပ်ခကတ်စွယဖြစ်ပါရေ။ဒေအဖွဲ့ထဲမှာ မောင်တောမြို့နယ်က မွတ်ဆလင်၊ဟိန္ဒူ၊သက်၊မြို၊ခမီ၊ဒိုင်းနက်၊ရခိုင် စရေ လူမျိုးပေါင်းစုံ၊ဘာသာပေါင်းစုံက မမာ့တိပါဝင်ပါရေ။
ဒေအဖွဲ့မှာ ဦးဆောင်နာယကတစ်ဦးဖြစ်တေတောက်ပသောရောင်ခြည်မမာ့တိအဖွဲ့က ဥက္ကဋ္ဌတစ်ဦးဖြစ်ရေဒေါ်သန်းရီလည်းပါဝင်ပါရေ ။
”ဒေကန်ပိန်းကို ဇာကြောင့်လုပ်တေလဲ ဆိုကေ အကျွန့်ရို့မမာ့တိက အကြမ်း ဖက်မှုတိကို ကကောင်းခံနီကတ်ရရေ။အကျွန်ရို့မောင်တောမှာဆိုကေ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနန့်ဖွဲ့စည်းထားရေ အကျွန်ရို့အဖွဲ့က ပိုပနာ ဒေActivity ကိုလုပ်သင့်ရေလို့ အကျွန်ရို့အနီနန့်ဆုံးဖြ တ်လို့ လုပ်စွာဖြစ်ပါရေ။” လို့ ဒေါ်သန်းရီက ရှင်းပြပါရေ။
အပြည်ပြည်ဆိုင်ရာမမာ့တိအပေါ်အ ပေါ်အကြမ်းဖက်မှုပပျောက်ရီး၁၆ ရက်တာလှုပ်ရှားမှုအဖြစ် နိုဝင်ဘာလ ၂၅ ရက်နီကနီပနာ ဒီဇင်ဘာလ ၁၀ ရက်နိအထိသတ်မှတ်ပြုလုပ်နီကတ်ပါရေ။
မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုနန့်အတူရခိုင်ပြည်နယ်မှာ လူမျိုးရီး၊ဘာသာရီးဆန်ရေပဋိပက္ခတိဖြစ်ခပါရေ။ရခိုင်ပြည်နယ်မှာ ၂၀၁၂ ကနီ ၂၀၂၀ အထိ လက်နက်ကိုင်ပဋိပက္ခအပါအဝင်ပဋိပက္ခပေါင်းစုံဖြစ်ခပါရေ။
ဒေအထဲမှာ ၂၀၁၂ ပဋိပက္ခကြောင့် ရ ခိုင်ပြည်နယ်တစ်ခုလုံးမှာ ရခိုင်တိအပါအဝင် သီဆုံးသူ ၁၉၂ ဦး၊ဒဏ်ရာရသူ ၂၆၅ ဦး၊ နီအိမ်ပေါင်း ၈,၆၀၀ ကျော်ဖျက်ဆီးခံခရပြီးကေ လူပေါင်း တစ်သိန်းလောက် အိုးအိမ်စွန့်ခွါ ထွက်ပြီးခရကတ်တေလို့ ရခိုင်ပြည်နယ်ပဋိပက္ခတိ စုံစမ်းစစ်ဆေးရီးကော်မရှင်ဧ့ ၂၀၁၃ ခုနှစ် ဧပြီလထုတ်အစီရင်ခံစာမှာ ဖော် ပြထားပါရေ။
ဒေပိုင်ပဋိပက္ခတိကြောင့် ဒေသတွင်းနီလူမျိုးပေါင်းစုံစွာ အခက်အခဲပေါင်းမျိုးစုံကို ရင်ဆိုင်ကြုံတွေ့ခံစားနေခကတ်ရရေပိုင် လူမျိုးတစ်မျိုးနန့်တစ်မျိုးကြား၊ဘာသာတစ်ခုနန့်တစ်ခုကြား မှာ မယုံကြည်မှုတိကို ဖြစ်ပေါ်စီခပါရေ။
ယင်းအထဲမှာ မမာ့တိစွာ ပဋိပက္ခဧ့ဆိုးကျိုးကို ပိုပနာခံစားခကတ်ရရေမကသိ အကြမ်းဖက်မှုတိကိုလည်း ခံစားခကတ်ရ၊ခံစားနီကတ်ရတုန်းဖြစ်ပါရေ။”အကျွန်ရို့ မူဆလိန်မမာ့တိက အိမ်ထဲမှာရာ နီကတ်ရစွာများပါရေ။ယင့်ကြောင့် အိမ်ထဲမှာ အကြမ်းဖက်မှုတိ ကကော င်းခံနီကတ်ရပါရေ။” လို့ မူဆလိန်မမာ့တစ်ယောက်က ဆိုပါရေ။
ယင်းမမာ့တိထဲမီာ ရှီးရိုးအစိုင်အလာတိ၊ဘာသာရီး၊လူမျိုးရီး၊ဥပဒေအရကန့်သတ်မှုတိကို ပိုပနာခံစားရနီကတ်စွာကလူနည်းစုတိထဲက မမာ့တိက ပိုလို့ရင်ဆိုင်ကျော်ဖြတ်နီကတ်ရရေလို့ ဆိုကတ်ပါရေ။
”စိတ်မှာ ပညာဆိုစွာတစ်ခုလေ့မသိက တ်ပါ။အမြင်ဆိုးရေပိုင် အပြင်သို့လားကေလေ့ လူတိက မကောင်းမြင်ကတ်ပါရေ။ယင့်ကြောင့် အပြင်သို့ထွက်လို့မရပါ။နောက်ပြီးကေ လားချင်ရေနီရာသို့
လားလို့မရပါ။” လို့ မူဆလိန်မမာ့တစ်ယောက်က သူရို့ရင်ဆိုင်ကြုံတွီ့ကျော်ဖြတ်နီကတ်ရစွာတိကို ပြောပြပါရေ။
ရခိုင်ပဋိပက္ခကိုအဖြေရှာဖြေရှင်းဖို့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ရေအမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လက် ထက်မှာ ကြိုးစားခပါသိရေ။ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ချုပ်ဟောင်းကိုဖီအာနန်ကို ဦးဆောင်စီပြီးကေ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပီးကော်မရှင်တစ်ခုကို ၂၀၁၆ ခုနှစ်စက် တင်ဘာလမှာ ဖွဲ့စည်းပီးခပါရေ။ယကေလေ့ ဒေကော်မရှင်ဧ့ အပြီးသတ်အစီရင်ခံစာထုတ်ပြန်ပြီး ၂၄ နာရီမပြည့်သိခင်မှာ ပဋိပက္ခကြီးတစ်ခုထပ်ပနာပေါ်ပေါက်ခပါရေ။
ဒေကော်မရှင်က ”မြန်မာအစိုးရအနီနန့်ကိုယ်စားပြုခံရမှုအားနည်းရေ တိုင်းရ င်းသားလူမျိုးစုငယ်တိ၊နိုင်ငံမဲ့ဖြစ်နီသူတိ၊မိမိတို့နီထိုင်ရာဒေသမှ စွန့်ခွာထွက် ပြီးနီကတ်ရရေ လူ့အဖွဲ့အစည်းတိ၊မမာ့တိဧ့ နိုင်ငံရေးကဏ္ဍနှင့် အရပ်ဘက်လူ့ အဖွဲ့အစည်းတိမှာ ကိုယ်စားလှယ်တိထားရှိနိုင်မှုနန့်ကိုယ်တိုင်ပါဝင်နိုင်မှုတိမြင့်တက်လာစီရီးအတွက် ဆောင်ရွက်ပီးခြင်း၊ပြည်သူနန့်ထိတွီ့ဆက်ဆံမှုတိပြုလုပ်ခြင်း၊အစိုးရနန့်လူ့အဖွဲ့အစည်းတိအကြား ဒေသဆိုင်ရာအဆင့်မှာ ယုံ ကြည်မှုတည်ဆောက်ခြင်း၊မူဝါဒတိချ မှတ်ခြင်းနန့်အကောင်အထည်ဖော်မှုတိမှာ အရပ်ဖက်လူ့အဖွဲ့အစည်းတိပါဝင်နိုင်မှုကို မြှင့်တင်ပီးခြင်းတိကို ဆောင် ရွက်သင့်ရေ။”လို့ ရခိုင်မှာ ငြိမ်းချမ်း သာယာဝပြောနီနန့်မမာ့တိအတွက် အကြံပြုထားပါရေ။
”အကျွန်ရို့လူမျိုးမှာ ဇာလောက်ထိကြုံတွီ့နီရလေ့ဆိုကေ အကျွန်ရို့လူမျိုးမှာ
အလုပ်အကိုင်အခွင့်အလမ်းတိဆုံးရှုံးရေ။ပညာသင်ဖို့ဆိုကေလေ့ မရှိဆင်းရဲ သားတိက အခက်အခဲရှိရေ။ယင့်ကြောင့် မရှိဆင်းရဲသားတိက ပညာရီးမှာ ဆု တ်ယုတ်နီစံာတိလေ့ ရှိပါရေ။”လို့ မောင်တောဒေသခံ သက်လူမျိုးမမာ့တစ် ယောက်က သူမရို့လူမျိုးတိကြုံတွီ့နီရစွာတိကို ပြောပြပါရေ။
ရခိုင်က မမာ့တိမှာ ပဋိပက္ခပေါင်းစုံကို ကြုံတွီ့ခံစားနီကတ်ရရေမကသိ၊အကြ မ်းဖက်မှု၊ခွဲခြားဆက်ဆံခံနီရမှု၊ပညာ သင်ကြားခွင့်၊အလုပ်အကိုင်အခွင့်တိကိုပါ ရင်ဆိုင်ကျော်ဖြတ်နီကတ်ရရေလို့ ဆိုပါရေ။”အကျွန်ရို့လူမျိုးတိက စာမတတ်ကတ်ပါ။စာမတက်လို့ အကြမ်းဖက်မှုတိခံနီကတ်ရပါရေ။”လို့ ဟိန္ဒူမမာ့တစ်ဦးကသူမရို့ ရင်ဆိုင်ကြုံတွီ့နီရစွာတိကို ပြောပြပါရေ။
ရခိုင်က လူနည်းစုတိထဲက မမာ့တိစွာအခြီခံလူ့အခွင့်အရီးတစ်ခုဖြစ်တေ ပ ညာသင်ကြားခွင့်တိကို ဆုံးရှုံးနီကတ်ရလို့ ရခိုင်ကော်မရှင်ကလေ့မမာ့ရီးရာဌာနတစ်ခုလိုအပ်တေလို့ အကြံပြုထားပါရေ။
”ရခိုင်ပြည်ထဲမှာနီထိုင်ကတ်တေ မမာ့တိဧ့ အခန်းကဏ္ဍမြှင့်တင်ရီးနန့်ပတ်သ က်တေ ကိစ္စတိကို ဆောင်ရွက်နိုင်ဖို့နန့်သက်ဆိုင်ရာဝန်ကြီးဌာနတိနန့် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနတိမှာ မမာ့တိ၊မမာ့ချေတိဧ့ လိုအပ်ချက်တိနန့်ပတ် သက်ဗျာယ် သင့်လျှော်ရေလုပ်ငန်းအ ကောင်းအထည်ဖော်မှုတိကို ဆောင်ရွက်လားစီရီးအတွက် နည်းပညာအထောက်အကူပီးနိုင်ရေ မမာ့ရီးရာဌာနတစ်ခုကို ရခိုင်ပြည်နယ်အစိုးရမှာ ထူထောင်လားသင့်ရေ။”လို့ ရခိုင်ကော်မရှင်က ဆိုထားပါရေ။
ရခိုင်မှာ လူမှုသဟဇာတတိ မညီမျှသိရေပိုင် လွတ်လွတ်လပ်လပ်လားလာလှုပ်ရှားပညာသင်ကြားခွင့်တိ မရကတ်သိလို့လည်း ဆိုကတ်ပါရေ။
”နီချင်ရေပိုင်နီလို့မရပါ။စီးပွားရီးတိအ ခက်အခဲဖြစ်၊ပညာရီးအခက်အခဲရှိနီပါရေ။နောက်ပြီးကေ လူမျိုးပေါင်းစုံနန့်နီဖို့ အခက်အခဲဖြစ်ပါရေ။အားလုံးအဆ င်ပြေအောင်လုပ်ချင်ပါရေ။”လို့ မူတလိန်မမာ့တစ်ယောက်က သူမဧ့သဘော ဆန္ဒကို ပြောပြပါရေ။
”ရခိုင်ပြည်နယ်အစိုးရနန့်အထွေထွေအု ပ်ချုပ်ရီးဦးစီးဌာနရို့ရေ ပြည်နယ်တွင်းက လူမျိုးစုငယ်တိနန့်ဘာသာရီးဆိုင်ရာအုပ်စုငယ်တိဧ့ အဖွဲ့ဝင်တိကို အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခွင့်တိ ပိုပနာရရှိဖို့ ဆောင်ရွက်ပီးသင့်ရေ။ယင်းအုပ်စုက မမာ့ဝန်ထမ်းအဖြစ် တာ ဝန်ထမ်းဆောင်ခွင့်ရဖို့ အထူးကြိုးစားဆောင်ရွက်ပီးသင့်ရေ။ရဲတပ်ဖွဲ့မှာ တာ ဝန်ထမ်းဆောင်သူတိရေ မမာ့တိနန့်လူ နည်းစုတိအပါအဝင် ပြည်နယ်အတွင်းရှိ နီထိုင်သူတိအားလုံးကို ကိုယ်စားပြုမှုရှိအောင် ဆောင်ရွက်သွားသင့်ရေလို့ ကော်မရှင်က ထပ်ပနာအကြံပြုတိုက်တွန်းလိုပါရေ။” လို့လည်း ရခိုင်ကော်မရှင်က အကြံပြုထားပါရေ။
ရခိုင်ပြည်နယ်ထဲက မောင်တောဒေသစွာ ပဋိပက္ခဒဏ်ကိုအခံရဆုံးဖြစ်တေပိုင် ဒေအထဒမှာ မူဆလိန်၊ဟိန္ဒူ၊မြို၊မမာ့တိရေ အကြမ်ဖက်အခံရဆုံးလို့လည်း ပြောကတ်ပါရေ။
”အကျွန်ရို့ အိမ်တွင်းအကြမ်းဖက်မှုစွာဘာသာတိုင်းလူမျိုးတိုင်းမှာ ရှိပါရေ။ယကေလေ့ တိုင်းရင်းသားချေတိနန့်မူတလိန်၊ဟိန္ဒူတိမှာ များပါရေလို့ အကျွန့်ရို့ ယူဆရေအတွက်နန့် ယင့်ကြောင့် ဦးစားပီးပနာလုပ်နီစွာဖြစ်ပါရေ။ ဟိန္ဒူ၊မူဆလိန်၊မြို၊ယင်းလူမျိုးသုံးခုမှာပိုပနာ အခက်အခဲရှိရေလို့ ထင်ရေ။”လို့ မောင်တောအခြေစိုက် တောက်ပသောရောင်ခြည်မမာ့တိအဖွဲ့ဧ့ ဥက္ကဋ္ဌ ဒေါ်သန်းရီက ဆိုပါရေ။
ရခိုင်ဒေသမှာ လူမှုသဟဇာတဖြစ်ပနာမမာ့တိအရေးကို ကောင်းမွန်စွာဆောင် ရွက်နိုင်ဖို့အတွက် ရခိုင်ကော်မရှင်က ”အစိုးရအနီနန့်လူ့အဖွဲ့အစည်းတိအ ကြားပြန်လည်သင့်မြတ်မှုတိရှိလာစီရီးအတွက် ဆွေးနွီးညှိနှိုင်းမှုတိပြုလုပ်ဖို့အထောက်အကူပြုရေ အခြေအနေကောင်းတိကို ဖန်တီးပီးသင့်ပါရေ။”လို့ ဆိုပါရေ။
ရခိုင်က မမာ့တိစွာ အခြီခံလူ့အခွင့်အ ရီးတိကိုပါ ချိုးဖောက်ခံနီရရေလို့လေ့ လူ့အခွင့်အရေးအဖွဲ့တိက ဆိုပါရေ။”အများအားဖြင့် မရှိဆင်းရဲသားတိ၊ရခိုင်သူရခိုင်သားတိ၊အမျိုးသမီးတိလူ့အခွင့်အရေးချိုးဖောက်ခံနီရပါရေ။”လို့ ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူတိအဖွဲ့က ဒါရိုက်တာတစ်ဦးဖြစ်တေ ကိုမြတ်ထွန်းက ချက်မှတ်ပြုပြောပါရေ။
မမာ့အရီးကိစ္စတိမှာ အစိုးရအပါအဝ င် ဌာနဆိုင်ရာတိက ပါဝင်ဆောင်ရွက်ဖို့ပူးပေါင်းလုပ်ဆောင်ပီးဖို့ လိုအပ်နီရေလို့လေ့ မမာ့အရီးလှုပ်ရှားသူတိက ဆိုပါရေ။
”အကျွန်ရို့က ယင်းစွာကို မီးမောင်းထိုးပြစွာဖြစ်ပါရေ။အကျွန်ရို့က အလင်းပြစွာဖြစ်ပါရေ။ကိစ္စတိဖြစ်လာရေဆိုကေနောက်တခါ ဒေပိုင်ပုံစံမျိုးဖြစ်လာရေဆိုကေ အကျွန်ရို့ကလေ့ မမာ့ရို့အဖွဲ့ထဲကဖြစ်စီ၊အကျွန်ရို့မမာ့တိကဖြစ်တေဆိုစွာနန့်ဌာနဆိုင်ရာတိနန့်လားပြီးကေအမှုဖွင့်ပနာ အကူအညီတောင်းလားဖို့ဖြစ်ပါရေ။”လို့ ဒေါ်သန်းရီက သူမရို့ဧ့မျှော်လင့်ချက်၊အနာဂတ်တချို့ကို ပြောပြပါရေ။
မောင်တောဒေသခံသာဘာလူမျိုးပေါ င်းစုံက မမာ့တိကတော့ခါ ရှီးရိုးအစိုင်အလာတိ ရင်ဆိုင်ကျော်ဖြတ်ပနာ မမာ့အရီးတိကို ပူးပေါင်းလှုပ်ရှားဗျာယ်အနာဂတ်သစ်ကို မျှော်လင့်နီကတ်ပါရေ။
390 total views, 1 views today