ရခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီရို့ စစ်ပွဲကာလထဲက ပိတ်ထားခရေ ပလက်ဝ-ကျောက်တော် ကုလားတန်မြစ်ရီကြောင်းလမ်းကို ပြန်မဖွင့်ပီးသိမ့်ရေအတွက် ပလက်ဝမှာ ကုန်စျီး နှုန်းတိ မြင့် တက်နိန်တုန်းလို့ ဒေသခံတိက ပြောကပ်ပါရေ။

အဂုပိုင် ပိတ်ထားစွာ လက်ရှိအချိန်ထိဆိုကေ ၂ နှစ်ကျော်ကြာမြင့်နိန်ယာလည်း ဖြစ်ပါရေ။ ပြီးခရေ မေလက စားနပ်ရိက္ခာပြတ်လပ်ဖို့ အခြေအနိန်နဲ့ ရင်ဆိုင်နိန်ကပ်ရစွာကြောင့် ဒေသခံတိက စစ်တပ်ကို တောင်းဆိုခဲ့ကပ်ပြီးရေနောက် မြို့ခံ ၅ ယောက်ကို ရွီးချယ်ပြီးကေ အဆိုပါ မြစ်ကို ဖြတ်သန်းလားလာခွင့်ပြုထားစွာပါ။


ဒေသခံတိကတော့ခါ အဆိုပါ လားလာခွင့်ရထားသူ ၅ ယောက်ဘားက တဆင့်ခံပနာ အဆမတန်ကြီးမားရေ စျီးနှုန်းတိ ပီးပနာ ဝယ်နိန်ရရေအတွက် ဝင်ငွေနဲ့ ထွက်ငွေမလိုက်ဖြစ်နိန်လို့ အခက်အခဲဖြစ်နိန်ရေလို့ မြို့ခံ ဦးစိုးလှက ပြောပါရေ။


ပေါ်ဆန်မွှီးတစ်အိတ်ကို ဖေသာ ၆၅၀၀၀၊ စားသုံးဆီတစ်ပီပါကို လေးသိန်းကျော်၊ ဓာတ်ဆီတစ်လီ တာကို ၂၅၀၀ ကျပ် စရေ စျီးနှုန်းထက်ဝက်လောက်စီ တိုးပီးပနာ ဝယ်ယူနိန်ရစွာလို့ ဆိုကပ်ပါရေ။


ကုန်ပစ္စည်းတိ ဈီးတက်နေတက်နီစွာစွာ ပလက်ဝ-ကျောက်တော် ကုလားတန်မြစ် ရီကြောင်းလမ်းကို ပိတ်ထားစွာကြောင့်ဖြစ်ပြီးကေ ယင်းလမ်းကိုဖွင့်ပီးပြီး ဒေသခံတိကို လားလာခွင့်ပီးကေ ကုန်ဈီးနှုန်းတိလည်း ပုံမှန်ပြန်ဖြစ်လားနိုင်ကြောင်း မြို့ခံတိက ပြောပါရေ။
ပလက်ဝမြို့ထက်မှာနီထိုင်ရေ အမျိုးသမီးတစ်ဦးစွာ စားဝတ်နီရေးခက်ခဲလာစွာကြောင့် အမြန်ဆုံးလမ်းဖွင့်ပီးးဖို့ တောင်းဆိုပါရေ။


ချင်းပြည်နယ် ပလက်ဝမြို့နယ်စွာ ရခိုင့်တပ်တော် AA ဖက်က အဓိက လှုပ်ရှားရာနယ်မြေတိထဲက တစ်ခုဖြစ်ပြီးကေ တိုက်ပွဲတိအပြင်းအထန်ဖြစ်ပွားပြီးနောက် စစ်တပ်က ကုန်သွယ်မှုလမ်းကြောင်းတိကို ပိတ်ထားခစွာပါ။

ပလက်ဝမြို့နယ်စွာ ကျောက်တော်မြို့ကို အဓိကထား ကုန်သွယ်မှုပြုလုပ်စွာဖြစ်ပြီးကေ ပလက်ဝကနိန် ကျောက်တော်ကို ကုလားတန်မြစ်အတိုင်း စက်လှေနဲ့ ၅ နာရီကျော် မောင်းရပါရေ။

 375 total views,  1 views today