ရိုးမရေဒီယို မဂ္ဂဇင်း

သြဂုတ်လ ၁၄ ရက်။ ။ နိ့စိုဉ်နန့်အမျှ ရုန်းကန်လှုပ်ရှားလာကတ်တေလူတိ့စွာ ရုံးပိတ်ရက်အရှည်ကြီးရဗျာလ်ဆိုကေ ပြည်တွင်းပြည်ပ နီရာအသီးသီးရို့ကို ခရီးထွက်ပနာ အပန်းဖြေထွက်တတ်ကတ်ပါရေ။ ဒေပိုင် ခရီးထွက်ပနာ ပြန်လာချိန်ဆိုကေလေ့သင့် လားရောက်လည်ပတ်ခရေ ဒေသထွက်ကုန် တိ့ နာမည်ကြီး အစားအစာတိ့ကို အမှတ်တရလက်ဆောင်အဖြစ် ဝယ်လာတတ်ကတ်ပါရေ။

ရခိုင်ပြညနယ် စစ်တွေမြို့ကနိ ၁၉ မိုင်လောက် လားကေ ရောက်တေ ကွန်းတောင်ရွာမှာဆိုကေတောင် ကွန်းတောင်ကြက်ကင်က ဒေသအစားအစာတစ်ခုအဖြစ် နာမည်ကြီးပါရေ။

“အရီးရို့ ရောင်းလာစွာ နှစ်ဆယ်ကျော်ပါယာ။ သမီးရောင်းစွာက တစ်ဆယ်ကျော်လောက်ရာ ရှိပါသိ့ရေ။ ၁၂ နှစ်ကျော်ရာ ရှိစွာပါ။”

သူတော့ ကွမ်းတောင်ကျေးရွာမှာ ကြက်ကင်ကို ၁၂ နှစ်ကျော် ရောင်းလာရေ တစ်ယောက်ပါ။ ဒေအလုပ်ကိုတော့ သူ့ ယောက္ခမဘားကနိ လက်ဆင့်ကမ်းပနာ လုပ်ကိုင်လာစွာ ဖြစ်ပါရေ။

“သမီးက အေက မဟုတ်ပါ။ တစ်ခြားရွာက။ ဒေကို လင်နောက်ကို လိုက်လာလို့ပါ။ ယောက္ခမ ဘိုးဘွားစဉ်ဆက်ပေါ့။ သူရို့လုပ်လို့ သမီးလေ့ ဒေကို ရောက်လာလို့ ကြက်ကင်ကိုရာ လုပ်ပါရေ။ ယောက္ခမလုပ်လို့ လုပ်စွာ။ ကြက်ကင်လုပ်စွာကတော့ ဆူးတိ့တော့ သူများဘားက ဝယ်ရရေ။ ဆူးတိ့၊ ကြက်တိ့ပါ။ ကြက်ကင်လုပ်တေသူပါ ငှားရရေ အားလုံး။ ကြက်ခွပ်တေအခါမှာလည်း ကိုယ်တိုင် ခွပ်ရရေ။ သူများခွပ်လို့ကမရ။ ကြက်ကို လုပ်ပီးရရေ ကိုယ်တိုင်လုပ်ရစွာ များရေ။ စပ်ရစွာတိ့ပ။ ငရုတ်တိ့။ ငရုတ်ကောင်းတိ့ ချင်းတိ့။ အချိုမှုန့်၊ ဆား၊ ရှာလကာရည်၊ သံပုရာသီးရို့ အားလုံး ထည့်ရရေပ။ သံပုရာသီး ငံပြာရည်တိ့ အားလုံးထည့်ပနာ လုပ်ရစွာ။”

ဒေသထွက်အစားအစာကို ဒေသခံတိ့ ကောင်းမစားကတ်စွာက ပုံမှန်ပိုင် ဖြစ်နီပါရေ။ ကွမ်းတောင်ကြက်ကိုကိုလဲ ကွမ်းတောင်က လူတိ့ စားစွာ နည်းပနာ ခရီးလားတိ့ကရာ အများစားကတ်ပါရေ။

မစိုးမိုးကတော့သူများတိ့ထက် ပိုပနာ အရသာကောင်းရေ ကြက်ကင်ကို ရောင်းချင်နီသူ တစ်ယောက်လည်း ဖြစ်ပါရေ။

“ စနီ၊ တနင်္ဂနီကျကေ အကောင် ၁၀၀ လောက် ရောင်းရပါရေ။ အခြားရက်တိ့မှာလေ့သင့် လေးငါးဆယ်လောက်ရာ ရောင်းရရေ။ လေးဆယ်ငါးဆယ်။ ယင်းလောက်ရာ။ တခြား စနေ၊ တနင်္ဂနွေကျမှ သမီးရို့ ပိုရောင်းရရေပေါ့။ မြောင်ကိုလားရေ။ စစ်တွေကလူတိ့ အပျော်ခရီးထွက်ရေ။ သဘောလေ။ ယင်းပိုင်။ သမီးရို့ ငါးသိန်းဖိုးလောက် ရောင်းကေ တစ်ရက်မှာ ငါးသောင်း ခြောက်သောင်း ကျန်ရေ။ ကြက်ကင်ဖို့ဆိုကေ မီးသွီးပါဝယ်ရရေ။ ဆူးတိ့။ ကြက်တစ်ကောင်ကို ငါးထောင်ကျော်။ ပြန်ရောင်းကေ ခြောက်ထောင်။ အရင်းက ၅၅၀၀ လောက်ပေါက်တေ။”

သူနန့် သူယောက္ခမ ကြက်ကင်ရောင်းလာရေ နှစ်ယောက်ပေါင်း သက်တမ်းက နှစ် ၃၀ ကျော်ပါရာ။ ခု နောက်ပိုင်း တိုးတက်လာမှရာ ကြက်ဒိုင်တိ့ ပေါ်လာပနာ အိမ်လာပို့ပီးကေလေ့ အရင်နှစ်တိ့ကတော့ သူရို့ကိုယ်တိုင် ရွာတိ့ကို ဆင်းပနာ ကြက်တိ့ လိုက်ဝယ်ရပါရေ။ မိန်းမသား နှစ်ယောက်အတွက် အေပိုင် လိုက်ဝယ်ရရေ အခက်အခဲကလဲ မငယ်ပါ။

“ တစ်ခါက သူရို့ ရောင်းမကုန်ခင်ဆို အမိနန့် နှစ်ယောက်လားပနာ ဝယ်ရရေ။ ကြက်တိ့ကို ရွာမှာလားဝယ်ရစွာ။ ကိုယ်စွာကို ထမ်း။ မပါလေ။ အကောင် သုံးလေးဆယ်ကျော်ကို ထမ်းလို့ ဇာပါဖို့။ တစ်ခါတစ်လီ ကြက်တိ့ လွတ်ကျ ထွက်ပြီးကတ်တေ။ နောက်ပိုင်း ဝေါနန့်ထမ်းရေ။ တစ်ခါတစ်လီ နှစ်ခေါက်လောက်ထမ်းရရေ။ ပြီးမှ အိမ်ရောက်တေ။  နောက်တဖြည်းဖြည်းတိုးတက်လာရေ။”

သူရို့အနေနန့် ကွမ်းတောင်ကြက်ကင်ကို ကွမ်းတောင်မှာတင်မဟုတ် ရခိုင်ပြည်နယ်ထဲက အခြားမြို့နယ်တိ့မှာလေ့ လားရောင်းရေအခါ ရင်ဆိုင်ကြုံတွီ့ရရေ အတွေ့အကြုံကြောင့်လဲ ဒေမြို့ထဲမှာ ဆက်ရောင်းဖြစ်နီစွာပါ။

“ သမီးရို့ကို သူရို့ခေါ်ရေ။ စစ်တွေကိုလားရေပေါ့။ သင်္ကြန်မှာ။ မစွံ။ ဇာဖြစ်လို့ဆိုကေ ဟိုကလူတိ့က လိမ်ရောင်းရေလို့ ထင်ရေ။ ကွမ်းတောင် ကြက်ကင်က ကွမ်းတောင်မှာရာ ရစွာလေ။ စစ်တွေမှာမရပေါ့။ ယင်းပိုင်။ နောက်ပိုင်း ကွမ်းတောင်မှာရာ ရောင်းရေ။”

သူ အထက်တန်းကျောင်းတက်နီရေအချိန်ကတော့ သူ့ အိမ်မက်စွာ ကျောင်းဆရာမတစ်ယောက် ဖြစ်ချင်ခစွာပါ။ ယေလေ့သင့် ဆယ်တန်းရှုပနာ အိမ်ထောင်ကျခရေနောက် ဒေသအယူတိ့ကြောင့် မိရိုးဖလာ လုပ်ကိုင်လာရေ ဒေအလုပ်ကိုရာ ဝင်ရောက်လုပ်ကိုင်လာကတ်စွာပါ။

“တစ်ခါလေ့သင့် မရောင်းဖူးလေ။ စရောင်းခါတော့ ယောက္ခမအလုပ်ပေါ့။ ဇာပိုင်ပြောရဖို့လဲ သူရို့အလုပ်ဆိုခါ လုပ်ရဖို့ပ။ ယင်းစိတ်နန့်ရာ။ ကြိုးစားရေ။ ဇာဖြစ်လို့မရလဲ။ စိတ်ထဲမှာတော့ တစ်ခုလေ့ မစိုင်းစား။ အလုပ်ဆိုစွာ ဂုဏ်ရှိရေပေါ့။ နောက် သမီးမွီ့းရေ ၈ လ အရွယ်လောက်မှာ။ ကြက်သတ်တေ အခင်တစ်ယောက်က ကြက်မသီစွာကို မသိဘဲ ရပူထဲကို ထည့်လိုက်တေ။ ကြက်တိ့ ထပနာ ပြီးရေ။ သမီး ကြောက်လားရေ။  တစ်ခုလေ့သင့်မဖြစ်ဆိုပနာတော့ ပြောကတ်တေပ။ စိတ်ထဲမှာတော့ တစ်မျိုးခံစားရရေ”

ဘေးပတ်ဝန်းကျင်က အကုသိုလ်အလုပ်လို့ ပြောကတ်တိုင်း စိတ်မကောင်းဖြစ်တေ။ ယေလေ့ နိ့စိုင်စားဝတ်နိရေးအတွက် အသက်မွီးဝမ်းကျောင်းအလုပ်ဖြစ်တေ ကြက်ကင်ရောင်းရေ အလုပ်ကို ရခိုင်ပြည်နယ် ကွမ်းတောင်မြို့မှ သူကတော့ ဆက်ပနာ လုပ်ကိုင်နီဖို့ ဆိုပါရေ။

“တစ်ခါတစ်လီ ယင်းပိုင်အလုပ်ကိုလုပ်ရစွာ။ စိတ်မကောင်းဖြစ်တေ။ ဇာဖြစ်လို့ဆိုကေ သူများတိ့က အကုသိုလ်အလုပ်လို့ ပြောကတ်လို့။ သမီးစိတ်ထဲမှာတော့ မရှိပါ။”

သူရို့ နီရေ နီရာမှာတော့ အပြင်အလုပ်ထွက်လုပ်တေ လူတိ့က ရှားပနာ အားလုံးနီးပါးက ကိုယ်ပိုင်ဈီးဆိုင်တိ့နန့်ရာ လုပ်ကိုင်ကတ်စွာ များပါရေ။ ဇာဖြစ်လို့ ဒေပိုင် လုပ်ကိုင်ကတ်လေ ဆိုရေ သူရို့ ခံယူချက်ကတော့ ရိုးရှင်းပါရေ။

 534 total views,  1 views today