ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း
မခိုင်အေးသန်းစွာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နီထိုင်ရေ အဝီးသင်ကျောင်းသူ တစ်ဦးပါ။ ကျောင်းတိ ရပ်နားထားရရေ ကာလမှာ သူမစွာ အစိုးရ အလုပ်တိခေါ်တိုင်း စစ်တွေမြို့ကို လာလာ လျှောက်တတ်ပါရေ။ တစ်ခေါက်လာလျှောက်တိုင်း ကျောက်တော်ကနီ စစ်တွေကို အလားအပြန်ကားစရိတ်၊ တည်းခိုစရိတ်၊ စားစရိတ်နဲ့ အလုပ်အတွက် လိုအပ်တေ စာရွက်စာတန်းစရိတ်စခက တစ်ကြိမ်ကို သိန်းနဲ့ချီ ကုန်ကျတတ်ကေလည်း အခုအချိန်ထိ အလုပ်မရသေးပါ။
“ကြီးကြပ်၊လဝက၊TA၊ဆေးစပ်ရို့ လျှောက်ဖူးပါရေ။ အခက်အခဲတိအများကြီးပါ။ယင်းမှာအိမ်ထောင်စုတိ၊သုံးဆင့်ထောက်ခံစာတိ၊ဆီးလက်မှတ်တိ၊နောက်ပြီးကေ လေဘာတိယူရပါရေ။ အခက်အခဲတိက လေဘာတိမှာဆိုကေ ၁ ရက်နဲ့ မရ။၂ရက်နဲ့ မရ။ ယင်းချင့်တိရှိရေ။ လူတစ်ရာ ခေါ်စွာကိုတစ်ထောင်လောက် လျှောက်တေ လေ။လိုက်မမှီပါ။ ရဲစခန်း ထောက်ခံစာတော့အဆင်ပြေပါရေ။ ကြီးကြပ် လျှောက်တေ အခါ ကလူတိ တပျင်းများပါရေ။ တန်းစီပနာစောင့်ရရေ။ လူ၁၀၀၀၊၂၀၀၀လောက်ရှိဖို့ တန်းစီရပါရေ။ အခက်အခဲတိပါ။ခရီးစရိတ်ကစစ်တွေကိုအလား၁၀၀၀၀ကျပ် အလာ ၁၀၀၀၀ကျပ် ပါ။ ယင်းမှာရုံးတိကို လားရေ ခါမှာ ကားငှားရပါရေ။ ယင်းမှာလည်းစရိတ်တစ်ခုပါ။ နီစရိတ်ပါ။ မမချေ ဆိုကေ တော့ စားဖို့သောက်ဖို့လားဖို့လာဖို့ကုန်ပါရေ။ တစ်ခုမှာမှမပါဖူးပါ။”
အစိုးရဌာနတစ်ခုက အလုပ်တခုအတွက် ဝန်ထမ်းခေါ်ယူယာဆိုကေ ဆယ်တန်းအောင်၊ ဘွဲ့ရထားရေ လူငယ်တိ ထောင်နဲ့ချီလာလျှောက်ပြီးကေ ပြွတ်သိပ်စုဝေးနီရေ မြင်ကွင်းကို ပြည်နယ်၏မြို့တော် စစ်တွေမှာ မကြာမကြာ မြင်တွိ့ရလေ့ရှိပါရေ။ ပုဂ္ဂလိကကုမ္ပဏီ၊ ယင်းမဟုတ်ကေ ဆိုင်တစ်ဆိုင်ဆိုင်မှာ ဝန်ထမ်းတစ်ယောက် ခေါ်ရေ ဆိုကေ လည်း ဒေ အတိုင်းလျှောက်ကတ်စွာပါရာ။ ဒေချင့်ရေ ရခိုင်ပြည်နယ်မှာ အလုပ်အကိုင် ဇာလောက်ရှားပါးလဲဆိုစွာကို မီးမောင်းထိုးနီရေ ပြယုဂ်တစ်ခုလည်း ဖြစ်ပါရေ။ လူဦးရေ ၃ ဒဿမ ၃၄ သန်းရှိရေ ရခိုင်ပြည်နယ်မှာ ယခင်က တစ်နိန့်ကို လူဦးရေ ၃၀၀ လောက်စွာ ပြည်မနဲ့ ပြည်ပနိုင်ငံတိကို လားရောက်လုပ်ကိုင်လေ့ရှိပါရေ။
အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ပြည်မက ရခိုင်အလုပ်သမားသိန်းနဲ့ချီ နီရပ်ပြန်လာခကတ်စွာကြောင့် နဂိုတည်းက ရှိနှင့်ပြီး လူဦးရေကိုတောင် အလုပ်အကိုင် မဖန်တီးပီးနိုင်သိရေ ရခိုင်ပြည်နယ်မှာ အလုပ်လက်မဲ့ ဖြစ်လာသူဦးရေ နှစ်ဆ တိုးလာခစွာလည်း ဖြစ်ပါရေ။
“အလုပ်တစ်ခုခေါ်လို့ထောက်ခံစာ တောင်းရကေ ရပ်ကွက်ရုံး၊ရဲစခန်းတိကိုလားပနာတောင်းရစွာတဝအခက်ခဲပါ။လေဘာကြောင့် တဝဒုက္ခရောက်ရပါရေ။ ဟိုတစ်ခေါက်ကခေါ်ရေ ကြီးကြပ်၂တုန်းကဆိုကေ ရခိုင်ကမြို့နယ်အသီးသီးလူငယ်တိလာလျှောက်ကတ်ပါရေ။ နယ်ကလူတိဆိုလမ်းစရိတ်ကြီးသလားမမိန်းပါကေ့ ။လေဘာယူစွာလူ များစွာကြောင့်၁ရက်စောင့်၊၂ရက်စောင့်နဲ့ဘုန်းကြီးကျောင်းတိမှာတည်းပနာ။အပင်ပန်းခံ နီပူခံပြီးကေ လေဘာရုံးရှေ့မှာစောင့်ခ ရပါရေ။ အလုပ်မရှိရေလူ များစွာကိုး။အလုပ်တစ်ခုခေါ်ကေ လျှောက်တေ သူကအများကြီးပါ။ခေါ်စွာ၁၀ယောက်လျှောက်စွာ၁၀၀၀လောက်ပါ။ပါလားဆိုကေ မပါ။ နောက်အလုပ်တစ်ခုလျှောက်ဖို့ဆိုကေ ထောက်ခံစာထပ်တောင်း သံသရာလည်နီစွာပါရာ။အလုပ်လည်းမရပါ။”လို့ မောင်ဘိုဇော်မင်းက သူကြုံရရေ အခက်အခဲကို ရင်ဖွင့်လားစွာပါ။
သူရို့မောင်နှမတစ်စုစွာဆိုကေ ကျောက်ဖြူကနီ စစ်တွေကို ပြောင်းလာခကတ်ပြီးကေ အိမ်ငှားနီထိုင်နေရေ ထဲက လူငယ်တစ်ဦးဖြစ်ပြီးကေ အလုပ်ရှာနီခစွာ နှစ်ဝက်လောက်ရှိလားယာဖြစ်ကေလည်း အခုချိန်ထိ အလုပ်တစ်ခုရရှိဖို့ ကြိုးစားရုန်းကန်နီရဆဲ ဖြစ်ပါရေ။
အလုပ်အကိုင်တစ်ခုရနိုးနိုးနဲ့လာလျှောက်တေ ထောင်နဲ့ချီရေ ထဲက ဆယ်ဂဏန်း၊ အများကြီးခေါ်ကေ ရာဂဏန်း လောက်ရာ ခေါ်ယူလေ့ရှိပြီးကေ အများစုကတော့ နီရပ်ကိုရာ ပြန်လှည့်လားကတ်ရစွာပါ။ နယ်ကလူငယ်ချေတိ အလုပ်တစ်ခုလာလျှောက်တေ ဆိုကေ ရောက်တေနိ မှာ လျှောက်လွှာယူ၊ နောက်တစ်နိမှာ အလုပ်သမားကဒ်ရ ဖို့အတွက်ထပ်စောင့် စသဖြင့် စောင့်ဆိုင်းကတ်ရပါရေ။
လျှောက်လွှာတင်ပြီးကေ ကျချိန်မှာတော့ နီရပ်ကို ပြန်လားကတ်ရပြီးကေ ဝင်ခွင့်အင်တာဗျူးဖြေဆိုရဖို့ နိရက်တိမှာ ပြန်လာကတ်ရပါရေ။ဒေပိုင် မကြာမကြာ လာရောက်ကတ်ရလို့ ငွေကြေးချို့တဲ့ရေ မိသားစုဝင်တိက လူငယ်တိဆိုကေ ပိုမိုပြီးကေ အခက်အခဲကြုံကတ်ရပါရေ။ ဒေပိုင် များစွာသော အခက်အခဲတိကို ကျော်လွှားပြီးကေ လည်း အလုပ်ခေါ်ယူဖို့ထဲ ကိုယ် ပါမပါ ဆိုစွာက မသေချာသိ ပါ။
မြောက်ဦးမြို့နယ် ညောင်ပင်လယ်ကျေးရွာက (၂၁)နှစ်အရွယ် မောင်မောင်မောင်အေး ပြောပြစွာက “အခက်အခဲတိ အများကြီးထဲက လာရစွာတိအင်တာဗျူးခေါ်ခရေ သူတိတွက် ကံကောင်းချင်မှကောင်းဖို့ပါ။ကျနော်အခုလက်ရှိအလုပ်၄ခုလျှောက်ထားပါရေ။ တစ်ခု ကလိုအပ်မှခေါ်ဖို့လတ်။နောက်တစ်ခုကအင်တာဗျူးမပါပါ။နောက်တစ်ခုကခေါ်ရေ။ ကျနော်ရို့ကိုပထမဆုံး မိန်းဖြီ ဖြီရ ရေ။ နောက်တစ်ခေါက် ရွီးဖြီ ဖြီရ ရေ။ ရွီးဖြီမှာကျနော်တတ်သလောက် အတွိကြုံနဲ့ ကြိုးစားဖြီခ ရေ။ အကေလည်း ကံဆိုးချင်တော့မပါပါ။”လို့ ဖြစ်ပါရေ။
လူငယ်ချေတိ အလုပ်လျှောက်တေ အခါ ကြုံကတ်ရရေ အခက်အခဲတိထဲက ငွေကြေးအခက်အခဲရာမက မြန်မာနိုင်ငံမှာ သတ်မှတ်ထားရေ အလုပ်သမားကဒ်၊ ရဲစခန်းနဲ့ ရပ်ကွက်ထောက်ခံစာတောင်းရရေ အခက်ခဲတိကြောင့်လည်း အများကြီး ဖြစ်ကတ်ရပါရေ။ ဒေသခံတိအတွက်အကြောင်း မဟုတ်လေည်း နယ်က လာလျှောက်တေ လူငယ်တိ အတွက်ကတော့ ထောက်ခံစာတိ အပြည့်အစုံ လိုအပ်လို့ လား တောင်းရေ အခါ အဆင်မပြေကတ်စွာလည်း ရှိပါရေ။
“နယ်ကလူတိဆို တပျင်းခက်ခဲပါရေ။ နီရစွာ စားရစွာ ကုန်ကျစရိတ်လည်း ပိုများရေ။ နီဖို့ စားဖို့ အဆင်မပြေစွာ တိ ရှိရေ။ ဘုန်းကြီးကျောင်းမှာ ကပ်နီရေခါ နီရပါရေ။ အလုပ်လျှောက်ဖို့ဆိုအလုပ်ရှင်က ရပ်ကွက်ထောက်ခံစာ၊ ရဲထောက်ခံစာလိုရေ ဆိုကေ တကယ်လို့ နယ်ကလူတိဆိုကေ ဇာက လားတောင်းရဖို့ပါလဲ။ခုက တိုင်းပြည်အခြေအနေ မကောင်းရေ ထဲလွယ်လွယ်နဲ့ ထောက်ခံစာယူလို့ရနိုင်ဖို့လဲ။ ကျနော်ရို့ကအလုပ်လာလျှောက်ဖို့လားကေ ရင်တစ်မော့မော့နဲ့ပါ။”လို့မောင်မောင်မောင်အေးကဆက်ပြောပါရေ။
ဒေ အခက်အခဲတိ ကျော်လွန်လားလို့ အလုပ်လျှောက်ကတ်ယာဆိုကေ လည်း ခေါ်ယူရေ ဝန်ထမ်းအင်အားနဲ့ လာလျှောက်တေ အင်အားက အဆမတန်ကွာခြားစွာကြောင့် အလုပ်မရရေ သူတိက ပိုများပါရေ။ ဆင်းရဲချို့တဲ့ရေ မိသားစုက တော်ရုံမိဘတိဆိုကေ အလုပ်လျှောက်လွန်းလို့ သား၊ သမီးတိအပေါ် မယုံကြည်ကတ်တော့ဘဲ ငြိုငြင် လာရေ အခိုက်အတန့်တိလည်း ကြုံနီကတ်ရပါရေ။
မခိုင်းအေးသန်းက အခုပိုင် ရင်ဖွင့်ပါရေ။” ဇာပိုင်ပျောက်လားလဲမသိပါ။ထွက်လာကေ မပါစွာတိ ရှိပါရေ။ ဆေးစပ်တိက မထွက်ပဲပျောက်နီစွာပါ။အိမ်မှာကမရှိ(ငွေးကြေးချို့တဲ့)။အကေလည်း ကိုယ်ကလျှောက်ချင်ရေ။ ပါအောင်ဆိုပနာလားလျှောက်တေ။ အခက်အခဲတိထဲကပါ။အိမ်ကမလျှောက်ကေ့ဖိ လမ်းစရိတ်ကုန်ရေ။ ပါစွာလည်းမဟုတ်။အကေလည်း ကိုယ်ကပါချင်ရေ။
လားလျှောက်တေ။ ငွေမရှိရေ ကြားထဲကပါ။၄ ကြိမ်၊၅ ကြိမ်လျှောက်ဖူးရေ။ တစ်ခုလည်းမပါသိပါ။ “
အမှန်ဆိုကေ မြစ်ချောင်းအင်းအိုင်တိ၊ တောင်တောလယ်မြေတိရာမက သဘာဝ ရေနံနဲ့ ဓာတ်ငွေ့ထွက်တေ ပင်လယ်ကမ်းရိုးတမ်းဒေသ ရခိုင်ပြည်နယ်မှာ အလုပ်အကိုင်ရှားပါရေ ဆိုရေ အနေ အထားက တကယ့်ကို အံသြစရာကောင်းပါရေ။
မောင်မောင်အေး၊ မခိုင်အေးသန်းနဲ့ မောင်ဘိုဇော်မင်းရို့ကတော့ ရခိုင်ပြည်နယ်က ဒေသထွက် ကုန်ကြမ်းတိကို ကုန်ချောအဖြစ်ပြောင်းလဲထုတ်လုပ်နိုင်ဖို့ စက်ရုံအလုပ်ရုံတိ ပေါများ လာရေးကို မျှော်လင့်နီကတ်ပနာ ခုပိုင် မထွန်းကားလာသရွိတော့ လူငယ်တိစွာ အလုပ်တစ်ခုရရှိရေး ခက်ခဲနီဖို့သိန့်ပင် ဖြစ်ပါရေ။
“ကျနော်ရို့စစ်တွေမြို့မှာအလုပ်ရှာရစွာ လွယ်မလိုနဲ့ တပျင်းခက်ပါရေ။ ခက်တေဆိုစွာက သူရို့ခေါ်ရေ လားလျှောက်တေ ကိုယ်ရို့ကအခက်အခဲတိ အများကြီးထဲကလားပြီကေ လျှောက်တေ ထဲက ကိုယ်မပါဆိုကေ စိတ်ဓာတ်တိကျပြီးကေ လိုင်းပေါ်ကအလုပ်ခေါ်စာတိမြင်ကေ ကိုယ်တွက်မဟုတ်လိုယူဆရေ။ ကျနော်က ရရေ အလုပ်ကိုလုပ်တေ။ မခေါ်စွာများရေ။ ကျနော်ညံလို့လားလို့သုံးသပ်ကေ လည်းကျနော်ညံ့ရေ ထဲမပါပါ။”လို့ မောင်မောင်အေးက ရင်ဖွင့်လိုက်ပါရေ။
414 total views, 1 views today