ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း
မိုးထအရုဏ် ယောက္ခမ အိမ်ကကြက်ဖကြီး တွန်ကြူးသံစွာ ဒေါ်ချိုမာအေးအတွက် သဘာဝက ပီးရေ နိုးစက် တစ်ခုဖြစ်လို့ နီပါရေ။ ယင်းအချိန်ဆိုကေ သူမ အိပ်ရာက နိုးထရပါယာ။ အိမ်ရှင် အမျိုးသား အလုပ်လားဖို့ ထမင်းချိုင့်နဲ့ သူ အလုပ်မလားခင် သား၊ သမီးအတွက် ပြင်ဆင် ချက်ပြုတ်စရာတိ ရှိလို့ပါ။
ဒေကိစ္စတိ့ ပြီးချိန်မှာက သူ့၏ တစ်နိန့်တာ လုပ်ငန်းက စတင်ဖို့ပါယာ။ သူက တစ်ရွာလုံးမှာ တစ်ယောက်အမျိုး သမီးလဲ မလုပ်တေ အလုပ်ကို တစ်ဦးတည်း လုပ်ကိုင်ပါရေ။ ယင်းက ရန်ကုန်-စစ်တွေ အမြန်လမ်းမကြီး တလျှောက်မှာ အမျိုးသားတိပိုင် ဘေးတွဲဆိုင်ကယ် မောင်းစွာပါ။ ဆိုင်ကယ်မောင်းရေ အချိန်မှာလည်း ကျန်းမာရေး ချူချာပြီးကေ နို့မပြုတ်သိရေ သားချေကို အချိန်တိုင်း တင်ဆောင်လားတတ်ပါရေ။
“မိုးလင်း အရုဏ်မှာ ထမင်းချက်ပါရေ။ အိမ်ရှင်နဲ့ သားသမီးတိ စားဖို့လိုပါရေ။ ချက်ပြုတ်ပြီးကေ ၇ နာရီဆိုကေ ဘေးတွဲ ထွက်ပါရေ။ လူစောင့်နီချိန် လူမလာချိန်မှာ အိမ်မှာ အဝတ် ဖွတ်ရပါရေ။ အကျွန်က လက်တိ ခြေတိ မြန်ရေ။ ချက်တေပြုတ်တေ။ အားလုံးလုပ်တေ။”
ဒေါ် ချိုမာအေးက ပြောပြခစွာပါ။
တခါတခါမှာ အနီးအနားမှာရှိရေ စစ်တွေမြို့တွင်းက သိန်းတန်၊ အမြင့်ကျွန်း စရေ ရွာတိကို လားရရေပိုင် တခါတခါမှာ ဆိုကေလည်း ၁၆ မိုင် နီးပါးဝေးလံရေ ပုဏ္ဏားမြို့နယ်အတွင်းက ကွမ်းတောင်နဲ့ အနီးတဝိုက် ကျေးရွာတိ အထိ သွားရေလို့ သူက ဆက်ပြီးကေ ပြောပြပါရေ။
အကျွန်က ၆ နာရီ၊ ၇ နာရီမှာ လူတိ ခေါ်လာရေ။ တစ်ခေါက် လားမယ်ဆိုကေ လားလိုက်တေ။ မိန်းမတိနဲ့ အလားအပြန်ပါ။ အကျွန် အချေက ဝမ်းဆာလို့ ငိုပါရေ။ အကေ အိမ်ရှင်က ဖုန်းခေါ်ရေ။ မလာသိလား။ ၇ နာရီ ၈ နာရီ တီးလားရေ။ ကွမ်းတောင်ထိ လားပါရေ။ အမြင့်ကျွန်းထိ လားရေ။ သိန်းတန်လားပါရေ။
အမှန်က သူ ဘေးတွဲ ဆိုင်ကယ် မောင်းစွာ ၅ လလောက်ယာ ရှိပါသိရေ။ အဖ မွန်၊ အမိ ထားဝယ် လူမျိုးရို့က မွီးဖွားလာပြီးကေ ထိုင်းနိုင်ငံမှာ ကြီးပြင်းလာရေ သူစွာ ယင်းမှာယာ အလုပ် လုပ်ကိုင်ဖို့ ရောက်ရှိနီရေ စစ်တွေမြို့နယ် ငတောက်တက်ရွာက ရွှေ့ပြောင်း လုပ်သားတစ်ဦးနဲ့ အိမ်ထောင်ကျလားပါရေ။
အချေ သုံးယောက် ရပြီးရေနောက်ပိုင်းမှာ အမျိုးသားဖြစ်သူ၏ ဇာတိကျေးရွာကို အလည်အပတ်ဆိုပြီးကေ လိုက်ပါလာခပါရေ။ ယပိုင်နဲ့ မိဘတိ့ရှိရာ ရွာ ပြန်လားဖို့ ဆဲဆဲမှာ မြန်မာနိုင်ငံအတွင်း ကိုဗစ်ကပ်ဘေး ထဖောက်လိုက်၊ အာဏာသိမ်းမှု ပေါ်ပေါက်လိုက်နဲ့ မပြန်ဖြစ်ခယာလို့ ဆိုပါရေ။ ယင်းကြောင့် သူစွာ ဒေမှာနီယင်း အလုပ်တစ်ခုခု လုပ်နီဖို့ ဆုံးဖြတ်လိုက်ပါရေ။
အကေလည်း မရင်းနှီးရေ ဒေနယ်မြေမှာ သူ့ အနေနဲ့ ငါးရှာဟင်းခူးလည်း မလုပ်တတ်ပါ။ ယင်းကြောင့် ထိုင်းမှာ လုပ်နီခရေ ပန်းရံအလုပ်နဲ့ ဆိုင်ကယ်မောင်းရေ အလုပ်နှစ်ခုထဲက တစ်ခုကို ရွေးချယ်ဖို့ ဖြစ်လာခရေလို့ ဆိုပါရေ။
“မိသားစု ၄ ယောက် ရှိပါရေ။ ခု ဘေးတွဲ မောင်းရစွာက သား၊ သမီးစားဖို့ လိုပါရေ။ မမောင်းကေ အကျွန့်မှာ လုပ်စားဖို့ နည်းလမ်း မရှိပါလေ။ ရခိုင်မှာ ဆိုကေ ဇာအလုပ်တစ်ခုလဲ မလုပ်တတ်ပါ။ အကျွန် တတ်စွာက ဘေးတွဲ မောင်းစွာ။ ပန်းရံ လုပ်စွာ။ အကျွန် သားချေကလည်း ငယ်သိခါ ပန်းရံ လုပ်စားလို့ အဆင်မပြေပါ။ ယင်းလို့ ဘေးတွဲ မောင်းစားစွာပါ။ ဘေးတွဲမှာ တင်ပြီးကေ လားနီပါရေ။”
ဘေးတွဲ ဆိုင်ကယ် မောင်းရေ အလုပ်စွာ ပြောရဖို့ဆိုကေ လွယ်ရေ အလုပ်တစ်ခု မဟုတ်ပါ။ ယင်း လုပ်ငန်းကို လုပ်ကိုင်နီလူတိ အတွက် ထိန်းချုပ်ရ လွယ်ကူကေလည်း မောင်းလေ့မရှိရေ သာမန် အမျိုးသားတိ အတွက်တောင် ခက်ခဲပါသိရေ။ ဒေ အလုပ်ကို အမျိုးသမီးတစ်ဦး ဖြစ်တေ အသက် (၃၁) အရွယ် ဒေါ်ခင်မာချို တစ်ယောက် ဇာပိုင် စိတ်ထားမျိုးနဲ့ လုပ်ကိုင်ပါလဲ။
“တစ်ခါတစ်လေ ဘေးတွဲ မောင်းပြီးကေ ဆီကုန် လားပါရေ။ အကေ ကိုယ့်စွာကို တိုးပနာ လားရပါရေ။ ဘေးတွဲ မောင်းရစွာလည်း တပျင်း ထိန်းရ ခက်ခဲပါရေ။ နှစ်ဘီးနဲ့ မတူပါ။ အကျွန်က ထိန်းရလို့ လက်တိ ညောင်းပါရေ။ အကေလည်း ဇာပိုင် လုပ်ရပါဖို့လဲ။ ယောကျာ်းတိ လုပ်စားလို့ ရရေ။ ကိုယ်လည်း မိန်းမဖြစ်ပြီးကေ ဇာလို့ လုပ်စားမရလဲဆိုပြီးကေ ယပိုင်စိတ်ထားပြီးကေ မောင်းပါရေ။”
မောင်းနီယင်းနဲ့ တစ်ခါတစ်လေမှာ ဆိုင်ကယ် ပျက်လားစွာ၊ လမ်းမှာ ဆီပြတ်လားစွာတိကြောင့် အမျိုးသမီး တစ်ယောက်အနေနဲ့ ပင်ပန်းခရစွာတိ ရှိရေပိုင် တစ်ခါတစ်ခါမှာလည်း ဆိုင်ကယ် အက်ဆီးဒင့် ဖြစ်စွာတိလည်း ကြုံခရရေလို့ ပြောပြပါရေ။
“ဘေးတွဲ မမောင်းခါက ဆိုကေ တစ်ခုလည်း မလုပ်တတ်ပါ။ ယပိုင် ထမင်းချက် ဟင်းချက်။ အိမ်ရှင်လုပ်လို့ စားရေး သောက်ရေး အဆင်မပြေစွာကြောင့် ကိုယ့်စွာကို ဘေးတွဲ ထမောင်းစွာပါ။ ဘေးတွဲလည်း မောင်းရေ။ ထမင်းလည်းချက်ရေ။ အိမ်မှာ အလုပ်တိပါလုပ်တေ။ အချေလည်း ထိမ်းရပါရေ။ ဘေးတွဲ မောင်းနီချိန်မှာ လူက ခေါ်ကေ အချေကိုပါ တင်လာရေ။ အချေ အိပ်နီကေ အခန်းထဲမှာ ထားခလိုက်တေ။”
ပြီးခရေ ဧပြီလမှာ ဖြစ်ခရေ မတော်တဆမှုမှာ ဆိုကေ ခြေသန်း တစ်ချောင်း ကျိုးလားပြီးကေ ဝင်ငွေ မရှိရေ ကြားထဲက တစ်လနီးပါး နားလိုက်ရရေလို့ သူက စိတ်မကောင်းစွာနဲ့ ပြောပြပါရေ။ လက်ရှိမှာ ဒေသခံတိ အနေနဲ့လည်း အကြပ်အတည်းနဲ့ ရင်ဆိုင် နီရချိန်ဖြစ်လို့ ဆက်လို့ မောင်းနှင်နီကေလေ့ နိန်စရိတ် မကိုက်ဘဲ ကျန်းမာရေး မကောင်းရေ သားချေလေးအတွက်လည်း ဆေးစရိတ် ပူပန်နီရရေလို့ ဆိုပါရေ။
“လင်တစ်လုပ်၊ မယားတစ်လုပ် လုပ်တေဆိုကေ ဝင်ငွေတိ အများကြီး ရှိလာဖို့ပါလေ။ အချေတစ်ယောက်က လည်း ရောဂါသည်။ ယင်းအချေ ကို ရင်ကြပ်နာရှိလို့ ဆေးကုရပါရေ။ သား၊ သမီး ၃ ယောက်ရှိစွာ။ အကြီးဆုံးက ထိုင်းမှာ။ ဒေမှာ နှစ်ယောက်ပါလာရေ။ ၆ နှစ်တစ်ယောက်၊ ၂ နှစ် တစ်ယောက်ပါ။ အကျွန် (ယောက္ခမ) အိမ်မှာနီစွာ အခန်းတွဲပြီးကေနီစွာ။”
ရွာနီးတဝိုက်က အမျိုးသမီးတိဆိုကေ အမျိုးသားတိ သောက်စားမူးယစ်ပြီးကေ မောင်းနှင်စွာတိ မြင်တွေ့ရလို့ ဒေါ်ချိုမာအေးနဲ့ယာ အမြဲတမ်း လိုက်ပါ စီးနင်းကတ်တေလို့ ဆိုပါရေ။ အခုအချိန်မှာက သူ့မိတ်ဆွေတိစွာ ငွေကြေး ကြပ်တည်းလို့ မစီးနိုင်ကတ်ကေလေ့ သူက သူရို့အတွက်ဆိုကေ အခမဲ့ မောင်းပီးဖို့လည်း အသင့် ဖြစ်ပီး နီရေပိုင် လိုအပ်လာကေလည်း ညကြီးသန်းခေါင်လည်း မိန်းမတန်မဲ့ လိုက်ပီးတတ်ပါသိရေ။
“အချေတစ်ယောက် လမ်းမှာ လားနီစွာကို ကိုယ်က ဘေးတွဲမောင်းပြီးကေ ပြန်လာပါရေ။ လမ်းမှာ လားနီခါ အချေကို တိုက်ဖို့ နည်းနည်းယာ လိုပါရေ။ အကျွန်က ဖယ်စွာကြောင့် အကျွန်လဲကျလားလို့ ခြေထောက် ကျိုးလားပါရေ။ စက်ကို ကစ် (Kick) ကန်နှိုးရကေ ခြေထောက် နာနေစွာလည်း မပျောက်သိပါ ။ ဆေးသောက်နီရသိပါရေ။”
တခါတခါမှာဆိုကေ အမျိုးသမီးတစ်ယောက် အခုပိုင် ခက်ခက်ခဲခဲနဲ့ ရုန်းကန်ပြီးကေ လုပ်ကိုင် စားသောက် နီရစွာကို ကူညီဖေးမဖို့အစား ပျက်ရယ်ပြုစွာတိလည်း ခံရရေလို့ ဆိုပါရေ။ အမြန်လမ်းပေါ်မှာ သူမ မောင်းနီစွာကို တခြားယာဉ်တိက အမျိုးသမီးဆိုပြီးကေ အားတင်စွာတိလည်း ရှိရေလို့ သူမက ရင်ဖွင့်ခပါရေ။
“ဘေးတွဲမောင်းနီလည်း အကျွန်က သတိရှိပါရေ။ တချို့တလေက ကားမောင်း တပျင်းကြမ်းပါရေ။ ကားဖြတ်ခါ အကျွန်က ဘရိတ်ကိုက်လိုက်တေ။ မိန်းမတစ်ယောက် ဘေးတွဲမောင်းနီလို့ ဖြည်းဖြည်း မလားကတ်ပါ။ အားကုန်လားရေ။ ကြောက်တော့ခါကြောက်ရေပေါ့။ ကြောက်ကေလည်း ဇာပိုင်လုပ်ရဖို့ပါလဲ ။ မောင်းစားနီရစွာကို။”
အခုပိုင် မိဘတိမရှိရေ သူစိမ်းနယ်မြေမှာ ခက်ခဲရေအချိန်တိကို ဖြတ်သန်းရတိုင်း သူမ၏ မိဘတိဘားကို ပြန်လိုရေ အားငယ်စိတ်တိ ဖြစ်ပေါ်ခ ကေလည့် သူစွာလည်း မိခင်နေရာရောက်နေယာဖြစ်တေတွက် သား၊ သမီးတိကို ကြည့်ရင်းနဲ့ယာ အားယူခရရေလို့ ဒေါ်ချိုမာအေးက ပြောပြပါရေ။
ဒေါ်ချိုမာအေးက လက်ရှိနေထိုင်ရေ ယောက္ခမအိမ်ဘေးက တာပေါ်လင်စ မိုးထားရေ ၈ ပေပတ်လည် သာသာ တဲအိမ်ချေကို စွန့်ခွာပြီးကေ သမီးချေနဲ့ မိဘတိရှိရာကို ဇာခါပြန်နိုင်ဖို့လဲ ဆိုစွာကိုယာ တွေးနေမိရေ အကြောင်း အခုပိုင် ပြောပြခပါသိရေ။
“အကျွန်က အားငယ်ပါရေ။ ဇာလိုဆို မိသားစုက အဝီးမှာပါ။ မိဘကို လွမ်းပါရေ။ သမီးချေကလည်း ထိုင်းမှာ ဆိုခါ သမီးချေ နဲ့ တူတူ မနီရပါ။ စိတ်ထဲမှာက သားသမီး တိနဲ့ တူတူ နေချင်ပါရေ။ မိသားစု ၅ ယောက်ပါလေ။ ခုက လမ်းပိတ်ထားပါရေ။ လမ်းဖွင်ကေပြန်ဖို့ စိတ်ရှိပါရေ။ အားတော့ ငယ်ရေ။ စိတ်တော့ လုံးဝ မလျှော့ပါ။ အကျွန် သားသမီး စားဖို့လိုပါရေ။ ကိုယ်က အရေးမကြီးပါ။”
596 total views, 1 views today