ထူး ၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ပြည်မဖက်မှာ ဆူပူအကြမ်းဖက်မှုတိ မရပ်မနား ရှိနီစွာကြောင့် ရခိုင်ပြည်နယ် အပြင်ဖက်ကို ရောက်ရှိနီကတ်တေ ရွေ့ပြောင်း အလုပ်သမား အများအပြားစွာ သူရို့၏နေရပ် ရခိုင်ပြည်ကို ပြန်လည် ဝင်ရောက်လာနီကတ်ပါရေ။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နိန့်မှာ တပ်မတော်က အာဏာသိမ်းလိုက်ပြီးရေနောက်ပိုင်း ပေါ်ပေါက်လာခရေ အဓိကရုန်းတိ၊ ဆန္ဒပြသပိတ်မှောက်လှုပ်ရှားမှုတိနဲ့ ဖြိုခွင်းနှိမ်နှင်းမှုတိကြောင့် စက်ရုံအလုပ်ရုံတိ ပိတ်ထားရစွာ၊ အခြေခံလူတန်းစားတိအဖို့ ဝင်ငွေနည်းပါးလာပြီးကေ နီထိုင်ရေး ခက်ခဲလာစွာတိကြောင့်ဖြစ်တေလို့ ပြန်လာသူရို့က ပြောပြပါရေ။

အသက်အန္တရာယ် စိုးရိမ်ရရေ အခြေအနေတိကိုလည်း သူရို့အနေနဲ့ အများအပြား ရင်ဆိုင်ခကတ်ရရေလို့ ဆိုကတ်ပါရေ။ နေရပ်ပြန်လိုသူရို့ကို အကူအညီပီးနီရေ အရပ်ဖက်အဖွဲ့အစည်းတချို့၏အပြောအရဆိုကေ ဒေရက်ပိုင်းမှာ ပြန်လာသူ ထောင်ချီရှိနီယာလို့ သိရပါရေ။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် လိပ်မကျေးရွာကနီ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်မှာ အထည်ခြုပ် လုပ်ငန်း လုပ်ကိုင်နီရေ အသက် ၂၄ နှစ်အရွယ် မစိုးစိုးလင်းဆိုကေ မငြိမ်မသက်မှုတိ ဖြစ်ပေါ်လာ ပြီးရေနောက်ပိုင်း အလုပ်အချိန်တိ ပုံမှန်မရှိရေအခါ၊ အချိန်ပို မဆင်းရစွာတိကြောင့် လတွက်မကိုက် စွာကနီ နေရပ်ပြန်ဖို့ ဆုံးဖြတ် လိုက်ရပါတော့ရေ။

“အိုတီ(အချိန်ပို) ဆင်းရကေ ၂ သိန်းကျော်ရရေ။ မဆင်းရကေတော့က ၁ သိန်းကျော်ယာ ရရေ။ လစာ ၁ သိန်း ကျော်နဲ့ နေစရိတ်၊ စားစရိတ်နဲ့တောင် မမျှ။ အလုပ်တိက ခက်ခဲလားရေ။ဇာလို့ဆိုကေ ရက်တိက ပုံမှန် မဆင်းရ။ ဆန္ဒပြဖို့ လားကတ်တေဆိုကေ ကျန်ခရေ လူတိက အလုပ်လုပ်လို့ မရယာ။ လုပ်ရရေ အခါလုပ်ရရေ။ မလုပ်ရရေအခါ မလုပ်ရ။ အိုတီတိ မဆင်းရကေ အလုပ်အဆင်မပြေကေ နေလို့ မရ။ စားရစွာ နေရစွာနဲ့ မမျှယာ။ ယင်းကြောင့် အဆင်မပြေယာဖြစ်လို့ ပြန်လာစွာပါ။”

အဆောင်နီသူ အခြေခံလူတန်းစားတိအနေနဲ့ မိမိနေရပ်မဟုတ်တေ ဒေသမှာ ဝင်ငွေအတည်တကျ မရှိယာဆိုရေ အခါမှာ အဆောင်စရိတ် မလုံလောက်စွာတိ၊နိန့်စိုင် စားဝတ်နေရေး အဆင်မပြေစွာ၊ ရွာကို ပြန်လာဖို့တောင် ခရီးစရိတ် မရှိရေ အခြေအနေတိနဲ့ ကြုံတွေ့ခကတ်ရရေလို့ ဆိုကတ်ပါရေ။ ကျောက်တော်ဒေသခံ အသက် (၁၉) နှစ်အရွယ် မအေးသန္တာထွန်းက အခုပိုင် ရင်ဖွင့်ပါရေ။

“အလုပ်ပိတ်လားကေတော့ ကိုယ့်လက်ထဲမှာ ဖေ့သာ လုံလုံလောက်လောက် မရှိ။ အိမ်က လှမ်းမှာရပါရေ။ အိမ်က အဆင်​မပြေကေ အလုပ်ရှာကေလည်း အလုပ်က ရှာမရပါ။ သူငယ်ချင်းတိ ဘားက အပူကပ်ပြီးကေ ချေးရပါရေ။ အဆင်ပြေစွာပိုင် ထမင်းစားရဖို့ အတွက်ကို အမျိုးမျိုးနေခရပါရေ။ ရန်ကုန်မှာ ဒေစစ်အာဏာ သိမ်းပြီးရေ နောက်ပိုင်းမှာဆိုကေ တဖြည်းဖြည်းနဲ့ အခြေအနေက ပိုပိုဆိုးလာပါရေ။”

ရန်ကုန်တိုင်းဒေသကြီးမှာ ရခိုင်ပြည်နယ်ထဲက ရွှေ့ပြောင်းအလုပ်သမား ၆ သောင်းဝန်းကျင် ရှိရေလို့ ရခိုင် အမျိုးသား ကွန်ယက်အဖွဲ့ဘားက သိရပါရေ။ သူရို့ အများစုစွာ စက်ရုံ၊ အလုပ်ရုံတိမှာ ဝင်ရောက် လုပ်ကိုင်ကတ်ပြီးကေ တချို့ကကျကေ ကုမ္ပဏီအလုပ်တိနဲ့ ပန်းထိမ်လုပ်ငန်းတိကို လုပ်ကိုင်ကတ်ပါရေ။

ယင်းထဲက ထောင်နဲ့ချီရေ အခြေခံအလုပ်သမားတိ ဒေရက်ပိုင်းမှာ နေရပ်ပြန်လာနီကတ်စွာပါ။ လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့တိ၏ အကူညီနဲ့ လာရောက်သူတိရှိစွာပိုင် တချို့ကလည်း ကိုယ့်အစီစဉ်နဲ့ကိုယ် ပြန်လာ နီကတ်စွာတိတွေ့ရပါရေ။ မအေးသန္တာထွန်းဆိုကေ မိမိအဆောင် လုံခြုံရေးအတွက် အလှည့်ကျ ကင်းစောင့်စွာတိ လုပ်ဆောင်ခရပါရေလို့ ဆိုပါရေ။

“ည ဆိုကေလည်း ကောင်းကောင်းမအိပ်ရပါ။ ကောင်းကောင်းမစားရ။ နိန့်ဘက် ဆိုလိုရှိကေ ဆန္ဒပြဖို့ လားကတ်တေ။ ညဘက်ဆိုကေ ရွာထဲကို မီးကွင်းတိနဲ့ ပစ်ကတ်စွာတိ ရှိပါရေ။ ယင်းပိုင်ပြဿနာတိ တပျင်း ဖြစ်တေအခါမှာ မအိပ်ဘဲ ကင်းစောင့်ရပါရေ။ ရခိုင်ကို ပြန်လာဖို့ကလည်း လမ်းစရိတ်က မရှိ။ အလုပ်မရှိလို့ အိမ်က ဖဲသာမှာပြီးကေ ကားလက်မှတ် ခံလို့ ပြန်လာရပါရေ။ ကင်းစောင့်ရလား ဆိုကေ သူများတိနဲ့ ရပ်ကွက် အလိုက်တော့ မဟုတ်ပါ။ ကိုယ့် အိမ်လုံခြုံရေးအတွက် ကိုယ်စောင့်ခရစွာပါ။

ကိုဗစ်ကာလ ခါကနီ ကြပ်တည်းနီကတ်ရရေ သူရို့တိစွာ အခုကပိုင် အခြေအနေတိ ကြုံတွိ့လာရချိန်မှာ က ပိုပြီးကေ အခက်ခဲတိ ရှိလာခကတ်ပါရေ။ အလုပ်လုပ်ကိုင်နီရင်း လတ်တလော အခြေအနေတိ ကြောင့် အလုပ်နားလိုက်ရရေအခါ မြောက်ဦးမြို့နယ် ညောင်ပင်လယ်ကျေးရွာက လူငယ် မောင်မောင်အေးက အခုပိုင်ယာ ပြောပြလာပါရေ။

“လူလာနည်းရေအခါ အလုပ်က အဆင်မပြေပါ။ လူတိက လမ်းတိမှာ ဆန္ဒပြစွာလည်း များရေ။ လမ်းပိတ်ဆို့ကေ ကျနော်ရို့လည်း လားလာရစွာ အခက်ဆိုခါ သူဌေးတိက ကျနော်ရို့ကို ကြည့်ပြီးကေ အခြေနေအရ ဆင်းလို့ရရေ နိန့် ဆင်းခိုင်းရေ။ ဆင်းလို့ မရရေနိန့်ကျကေ မဆင်းရပါ။ ခုဆိုကေ မဆင်းရစွာ အင်တန်ချေ ကြာနီပါယာ။”

ရန်ကုန်ရောက် ရခိုင်ပြည်နယ်က အခြေခံအလုပ်သမားတိစွာ လှိုင်သာယာ၊ ရွှေပြည်သာစရေ စက်ရုံအလုပ်ရုံ ပေါများရေ မြို့နယ်တိမှာ ယာယီ နေထိုင်လျက်ရှိနီကတ်စွာပါ။ မတ်လ ၁၄ ရက်နိန့်က ရဲနဲ့ စစ်အင်အား ပူးပေါင်း တပ်ဖွဲ့တိစွာ အဆိုပါမြို့နယ်တိထဲက ဆန္ဒပြ သပိတ်စစ်ကြောင်းတိကို ဖြိုခွင်းပစ်ခတ်မှုတိ လုပ်ဆောင်ပြီးကေ စစ်အုပ်ချုပ်ရေး ကြေငြာခပါရေ။ ဒေအခြေအနေကြောင့်လည်း နေရပ်ပြန်လာသူ အရေ အတွက်ကို ပိုပြီးကေ တိုးလာစီခရေလို့ ဆိုရဖို့ပါ။

လူမှုကူညီ ကယ်ဆယ်ရေးလုပ်ဆောင်ပီးနီရေ ရခိုင်အမျိုးသားကွန်ယက်ဥက္ကဌ ဦးတင်ထူးအောင်က “အဓိကတော့ အခြေခံလုပ်သားတိပေါ့။ သူရို့မှာ ကိုဗစ်ဖြစ်ခါကပင် စားဝတ်နေရေး အဆင်မပြေစွာ အကိုရို့တောင် ဆန်ဆီဆား ထောက်ပံ့ပီးခရရေ။ ရွေးကောက်ပွဲ ကာလကပေါ့။ နိုင်ငံတော် စီမံအုပ်ချုပ်မှုကောင်စီက နိုင်ငံတော်အာဏာ ရယူလိုက်တေအချိန်မှာ စက်ရုံတိ ပိတ်လားရေ။ ယင်းချင့်မှာ အခက်ခဲ ပိုဖြစ်လားကတ်တေ။ လစာ မရစွားလည်းပါရေပေါ့။” လို့ ပြောပါရေ။

လက်ရှိမှာတော့ အခုပိုင် အလုံးအရင်းနဲ့ နေရပ် ပြန်လာမှုတိကြောင့် ကားလက်မှတ်နဲ့ လေယာဉ်လက်မှတ် မလောက်ငှ မှုတိ ဖြစ်ပေါ်နီရေလို့ လက်မှတ်အရောင်းဌာန ကိုယ်စားလှယ်တိ ဘားကနီ စုံစမ်းသိရှိရပါ ရေ။ နောက်ပြီးကေ လက်ရှိမှာဆိုကေ မတန်တဆ ဈေးတင်ရောင်းချရေ အခြေအနေတိကိုလည်း သူရို့တိစွာ ရင်ဆိုင် နီကတ်ရပါရေ။

ဒေကိစ္စနဲ့ ပတ်သက်လို့ကတော့ ရခိုင်အမျိုးသားကွန်ယက်အနေနဲ့ သက်ဆိုင်ရာ ကိုယ်စားလှယ်တိနဲ့ ညှိနှိုင်းဖို့ ကြိုးစားနီရေလို့ ဆိုပါရေ။

“ကားလိုင်းတိစွာ မတန်တဆ ဈေးတောင်းနီကတ်တေ ဆိုရေဟာတိကိုလည်း ကားလုပ်ငန်းရှင်တချို့နဲ့ ဆွေးနွေး ကြည့်မယ်လို့ စဉ်းစားထားရေ။” လို့ ဦးတင်ထူးအောင်က ဆက် ပြောပါဆရ။

လက်ရှိမှာ နေရပ်ကို ပြန်လည်ရောက်ကတ်လာကတ်တေ ရွှေ့ပြောင်း အလုပ်သမားတိစွာ အလုပ်အကိုင် ရှားပါးရေ မမတ ရခိုင်ဒေသမှာ ဇာ ဆက်လုပ်ရဖို့ဆိုစွာကို မသိရှိရသိရေအတွက် စက်ရုံအလုပ်ရုံတိ ပေါ်ပေါက်လာရေး ဆောင်ရွက်ကတ်ဖို့ တောင်းဆိုနီကတ်ပါရေ။

မစိုးစိုးလင်းက “ရခိုင်မှာ အလုပ်အကိုင်တိ ရှိစီချင်ရေ။ စက်ရုံတိ ဖွင့်စီချင်ရေ။ ယပိုင်ဆိုကေ ရခိုင်က လူတိလဲ သူများနေရာ လားစရာမလို။ ကိုယ့်နေရာ မှာ အဆင်ပြေပါရေ။ အများအားဖြင့် အထည်ခြုပ် စက်ရုံတိ ဖွင့်စီချင်ပါရေ။”လို့ သူ့ ဆန္ဒကို ပြောပြခပါရေ။

 444 total views,  2 views today