Arakan Yoma |

ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားစွာကို ပြန်လည်ရုတ်သိမ်းလိုက်တေလို့ မတ်လ ၁၁ ရက်နိန့်ကထုတ်တေ နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြပါရှိလာပါရေ။

AA အဖွဲ့အနီနဲ့ အကြမ်းဖက်လုပ်ငန်းတိကို လုပ်ဆောင်ခြင်း မရှိယာဖြစ်တေအတွက် ယင်းသို့ ရုတ်သိမ်းလိုက်ရခြင်း ဖြစ်ကြောင်း ဆိုပါရေ။

သတင်းထုတ်ပြန်ချက်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားရေ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နဲ့ ဦးတည်ချက် ၉ ရပ်ရို့နဲ့အညီ တနိုင်ငံလုံး ထာဝရငြိမ်းချမ်းမှု တည်ဆောက်ရေးအတွက်လို့ ရီးသားပါရှိပါရေ။

AA ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခရေ ယခင်အစိုးရအဖွဲ့လက်ထက် အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့က ၂၀၂၀ ခုနှစ်၊ မတ်လ ၃ ရက်နိန့်မှာ အကြမ်းဖက်အုပ်စုအဖွဲ့အဖြစ် ကြေညာခစွာ ဖြစ်ပါရေ။

 476 total views,  1 views today