Arakan Yoma |

ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားခြင်းအားအား ပြန်လည်ရုတ်သိမ်းလိုက်သည်ဟု မတ်လ ၁၁ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြပါရှိလာသည်။

AA အဖွဲ့အနေဖြင့် အကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင်ခြင်း မရှိတော့၍ ယင်းသို့ ရုတ်သိမ်းလိုက်ရခြင်း ဖြစ်ကြောင်း ဆိုသည်။

သတင်းထုတ်ပြန်ချက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်တို့နှင့်အညီ တနိုင်ငံလုံး ထာဝရငြိမ်းချမ်းမှု တည်ဆောက်ရေးအတွက်ဟု ရေးသားပါရှိသည်။

AA ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့သည့် ယခင်အစိုးရအဖွဲ့လက်ထက် အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့က ၂၀၂၀ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် အကြမ်းဖက်အုပ်စုအဖွဲ့အဖြစ် ကြေညာခဲ့ခြင်း ဖြစ်သည်။

 567 total views,  1 views today