ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

လတ်တလောမှာ တပ်မတော်သားတိနန့် ရဲတပ်ဖွဲ့ဝင်တိကို တွိ့ရ မြင်ရကေ ဒေါသ ထွက်ကတ် ရရေလို့ နိုင်ငံ၏ အများစု ပြည်သူတိ၏ သဘောထားကို လူမှုကွန်ရက်စာမျက်နှာတိမှာ ဖော်ပြလာကတ်စွာကို တွိ့မြင်လာရပါရေ။

အကြောင်းမှာက ၎င်းရို့ရေ ငြိမ်းချမ်းစွာ ဆန္ဒပြ၊ သပိတ်မှောက်နီကတ်တေ ပြည်သူလူငယ်တိကို အကြမ်းဖက် နည်းလမ်းတိ သုံးပနာ ဖမ်းဆီးစွာ၊ ရိုက်နှက်စွာတိ ရာမက ပစ်သတ်တေအထိ ပြုလုပ်နီစွာတိကို နိစိုင် မြင်တွိ့နီကတ်ရလို့ ဖြစ်စွာကို သူရို့ ဖော်ပြကတ်တေ အကြောင်းအရင်းတိက ညွှန်ပြလို့ရှိနီပါရေ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ရေ မြန်မာ့ တပ်မတော်စွာ ဒီမိုကရေစီ နည်းလမ်းအရ ပြည်သူက တင်မြှောက်ထားရေ ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရကို ဖြုတ်ချလိုက်ပနာ နိုင်ငံ့အာဏာကို ဖေဖော်ဝါရီ ၁ ရက်နိ ကပင် သိမ်းယူထားပါရေ။ ယင်းနိကပင် မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတိ ဆက်တိုက် ပေါ်ပေါက် လာပါတော့ရေ။

ယင်းပိုင် မတရားမှုတိကို လက်ပိုက်ကြည့် မနီနိုင်ဘဲ တတ်နိုင်ရေဘက်က တိုက်ပွဲဝင်ဖို့လို့ ဆိုပနာ ရန်ကုန်ရောက် ရခိုင် လူငယ်တိကလည်း ပါဝင်လာကတ်ပါရေ။

(Photo – Arakan Yoma) ရန်ကုန်တွင် ဆန္ဒပြကြသော ရခိုင်အပါအဝင် တိုင်းရင်းသားပေါင်းစုံသပိတ်


“ဇာကြောင့် ပါဝင်ဖြစ်ခစွာလဲဆိုကေ ရခိုင်ပြည်မှာ အသတ်ခံထားရရေ၊ သီကတ်တေ။ ရခိုင်တိ အများကြီး ဒုက္ခရောက်ခရေ၊ ဒေချင့်တိစွာ ဒေစစ်အာဏာရှင်၏ လက်ချက်တိ အများကြီးပါရေ။ မတရားမူ့ကို မလိုချင်စွာကြောင့်ပါ ၊ မတရားမူ့ကို လက်ပိုက်ပြီးကေ ကြည့်မနီနိုင်စွာကြောင့် ”လို့ ယင်းလှုပ်ရှားမှုမှာ ပါဝင်ရရေ အကြောင်းအရင်းကို ရခိုင်လူငယ် မမင်းစုကစံ ပြောပြပါရေ။


အစပိုင်းမှာ ရခိုင်လူငယ်တိအနေနဲ့ တစ်ဦးတစ်ယောက်ချင်းစီ နီးစပ်ရာအသိုင်းအဝိုင်းတိနန့် လိုက်လံ လှုပ်ရှားခကတ်ကေလည်း နောက်ပိုင်းမှာမိမိရို့လူမျိုးအချင်းချင်းစုမိလာခကတ်ပါရေ။ ယင်းနောက် AAD (Arakan Against Dictatorship) လို့ခေါ်ရေ အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းလိုက်ကတ်ပါရေ။ ယင်းကတဆင့် တိုင်းရင်းသား ပေါင်းစုံ စုဖွဲ့ထားရေ GSCN (General Strike Committee Of Nationalities)လို့ ခေါင်းစိုင် ပီးထားရေ အဖွဲ့အစည်းတိနဲ့လည်း ပူးပေါင်းမိလာခပါရေ။


AAD အဖွဲ့ဝင် ကိုခိုင်က “ANP က စစ်ကောင်စီထဲမှာ ဝင်ပါလာစွာတိ ရှိရေ။ ရခိုင်အမျိုးသားရေးဂုဏ်က တပျင်းကို ကျဆင်းလားရေ။ ကျနော်ရို့က ယင်းဂုဏ်ကို အဖတ်ဆည်ဖို့လုပ်စွာတော့ မဟုတ်။ ဒေအာဏာရှင်ကို မကြိုက် ဆန့်ကျင်ရေ။ ယင်းကြောင့် ကျနော်ရို့ ဒေမှာရှိရေ တစ်သီးပုဂ္ဂလ ခံစားချက်တူရေလူတိ လမ်းကို အတူတူ ထွက်လာကတ်တေပေါ့၊ ဒုတိယတစ်ချက်က ဒေမှာ တစ်ခြားလူမျိုး အများကြီးရှိရေ။ ယင်းလူတိနဲ့ ကျနော်ရို့က သွေးစည်းညီညွှတ်မူကို ပြချင်ရေ။ ယင်းရွယ်ရည်ချက်လည်း ပါပါရေ၊ တတိယ တစ်ချက်က နိုင်ငံရေးရည်မှန်းချက်ပေါ့ ”လို့ ပြောလာပါရေ။

(Photo – Arakan Yoma) ရန်ကုန်တွင် ဆန္ဒပြကြသော ရခိုင်အပါအဝင် တိုင်းရင်းသားပေါင်းစုံသပိတ်

ရခိုင်လူငယ်တိ လမ်းထက်စထွက်ချိန်မှာ AA နန့် တပ်မတော်ရို့ ပဋိပက္ခအတွင်း တပ်မတော်၏ လုပ်ရပ် ကြောင့် ဖမ်းဆီး သေဆုံးမှုတိ ရှိခစွာကို NLD အနီနန့် လက်ပိုက်ကြည့်နီခရေလို့ ယူဆပနာ ယင်း အာဏာသိမ်းရေ လုပ်ရပ်ကို ဆန့်ကျင်စွာမှာ ပါဝင်စရာမလိုလို့ဆိုပြီးကေ ၎င်းရို့ကို တားမြစ် ဝေဖန်စွာတိ ရှိခကြောင်း ဒေ လူငယ်တိက ပြောပါရေ အကေလည်း ၎င်းရို့ ဆန့်ကျင်နီစွာက စစ်အာဏာရှင်ကိုရာ မဟုတ် ဇာ အာဏာရှင်ကို မဆို ဆန့်ကျင်စွာ သိစီလိုရေလို့ မမင်းစုစံက ဆိုပါရေ။


““စစ်အာဏာရှင်တစ်ခုထဲ မဟုတ်။ ဇာအာဏာရှင်ဖြစ်ဖြစ် ဆန့်ကျင်ရပါဖို့ ၂၀၀၈ ဖွဲ့စည်းပုံစွာ အာဏာသိမ်းခါကပင် ပျက်ပြီးသားဥပဒေတစ်ခုပါ။ အသက်ဝင်အောင် ထပ်မလုပ်ပါကေ့။ ရခိုင်လူမျိုးတိ ဒေစစ်ဘီလူးတိဘားမှာ အသတ်ခံထားရစွာ သွေးမခြောက်သိပါ။ နာတတ်ဖို့လိုပါရေ။ အမျိုးကို ချစ်ဖို့ထက် စုစုရို့ အရင်ဆုံး လူပီသအောင် ကြိုးစားရပါဖို့။ ပြီးမှ ကိုယ့်လူမျိုးကိုယ် ချစ်ဖို့လိုပါရေ။ ဒေချင့်သည် ဗမာပြည် တစ်ခုတည်းနဲ့ ဆိုင်စွာမဟုတ်ပါ။”

တပ်မတော်က ရေးဆွဲထားပြီးကေ ပြီးခရေ ၅ နှစ်လုံးလုံး ဖျက်သိမ်းဖို့ ကြိုးပမ်းခကတ်တေ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေစွာ အာဏာသိမ်းလိုက်တေ ဆိုခါကနီ ပျက်ပြယ်လားယာလို့ ယင်း လူငယ်တိက ယုံကြည် နီကတ်ပါရေ။ သို့ဖြစ်တေအတွက် ယင်း စစ်အာဏာရှင်ဆန့်ကျင်ရေ သပိတ်မှောက်မှုတိမှာ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးနဲ့ ပြည်နယ်တိမှာ ကိုယ်ပိုင်ပြဌာန်းခွင့်ရရေးတိကိုလည်း တောင်းဆိုနီကတ်စွာကို တွိ့ရပါရေ။


“ရခိုင်အမျိုးသားနိုင်ငံရေး ရွယ်မှန်းချက်ကို ကျနော်ရို့ လမ်းပေါ်မှာ လက်ဖြန့်တောင်းလို့ မရစွာတော့ သိရေ။ ကျနော်ရို့ ပြောချင်စွာတိ၊ နိုင်ငံရေး ရည်မှန်းချက်တိ ထုတ်ပြချင်ရေ ဖော်ပြချင်ရေ ယင်းတစ်ချက်လည်း ပါပါရေ”လို့ ကိုခိုင်က ဆိုပါရေ။

ရခိုင်ပြည်နယ်အတွင်းမှာက ဒေပိုင် ဆန္ဒပြမှုတိကို စတင်ပြုလုပ်ကတ်ချိန်ကနီ ဆန္ဒပြ လူအုပ်ကို ဟန့်တား ဖမ်းဆီးပနာ အချုပ်ချထားခြင်း၊ တားမြစ်ခြင်းနဲ့ ဝရမ်း ထုတ်ခြင်းတိကို ပြုလုပ်ထားခပါရေ။ ဒေအတွက်ကြောင်း အယင်ကနီ မတည်ငြိမ်သိရေ ရခိုင်ပြည်နယ်မှာ ယင်းပိုင် လုပ်ရပ်တိ နည်းပါးလားခပါရေ။ အကေလည်း ရခိုင်ပြည်နယ် တောင်ပိုင်းမှာ ဆက်လက်လုပ်ဆောင်လို့ရှိခကတ်ပြီးကေ NLD နဲ့ ALD ၏ မြို့နယ် ပါတီဝင်တချို့ ဖမ်းဆီး ခံထားကတ်ရပါရေ။


အာဏာသိမ်း စစ်ကောင်စီရေ အာဏာသိမ်းလိုက်ချိန်က စတင်ပနာ AA နဲ့ ၎င်းရို့၏ တိုက်ပွဲကြောင့် နှစ်နှစ်နီးပါး ပိတ်ထားခရေ အင်တာနက်ကို ပြန်ဖွင့်ပီးခြင်း၊ ရခိုင့်အင်အားကြီးပါတီ ANP ကို ၎င်း ကောင်စီမှာ နီရာပီးခြင်း၊ NLD လက်ထက်က ဖမ်းဆီးခံခရရေ ဒေါက်တာအေးမောင်ရို့ကို လွှတ်ပီးခြင်းရို့ ပြုလုပ်လို့ ရှိနီပါရေ။ သို့ပါကေလည်း ယင်းကောင်စီရေ ရခိုင်လူငယ်ရို့၏ ယုံကြည်မှုကို မရရှိတော့ပါ။


“ဖက်ဒရယ်ပြည်ထောင်စုကိုတောင်းဆိုရေ ဖက်ဒရယ်ဒီမိုဂရေစီပေါ်ပေါက်ရေးပေါ့ နောက်တစ်ခုက မတရား ဖမ်းစီးခံထားရသူများကို လွှတ်မြှောက်ရေး မတရားဖမ်းဆီထားရေ အထဲမှာ ဇာသူမဆိုပါပါရေ ဇာလူမျိုးမဆို ပါပါရေ ကချင်မှာလည်း ဒေပိုင်မျိုး တက်ကြွလှုပ်ရှားသူတိ အများကြီး ဖမ်းထားစွာတိ မလွှတ်ပါ။ ကရင်မှာလည်း ယင်းပိုင် ရခိုင်အရေးနဲ့ ဖမ်းထားစွာကို မလွှတ်သေးစွာတိ အများကြီး သူရို့ လွှတ်ပြစွာက အပေါ်ယံတိပါ တကယ့် လုပ်နီခကတ်တေ၊ ပီးဆပ်ခကတ်တေ လူငယ်တိ နိုင်ငံရေး အကျိုးအမြတ်တစ်ခုလဲ မရှိရေ လူငယ်တိ မလွှတ်ပါ ”လို့ မင်းစုစံက ဝေဖန်ပါရေ။


ဖမ်းဆီးခံ နိုင်ငံတော် အကြီးအကဲရို့ကို ပြန်လွှတ်ပီးဖို့၊ နိုင်ငံအာဏာ လွှဲပီးဖို့ အစရှိစွာတိကို တောင်းဆိုကတ်တေ ပြည်သူတိကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တိရေ အစပိုင်းမှာ ရေပစ်တိနဲ့ ဖြိုခွင်းခြင်း၊ မျက်ရည်ယိုဗုံး အသုံးပြုခြင်း၊ လှောက်လေးတိနဲ့ ပစ်ခြင်း၊ နံပါတ်တုတ်တိနဲ့ ရိုက်နှက် ဖမ်းဆီးခြင်းတိကို ပြုလုပ်ခကေလည်း လက်ရှိအချိန်မှာ ပစ်သတ်မှုတိပါ ပြုလုပ်လျက်ရှိနီပါရေ။


အာဏာ စတင်သိမ်းခါက သေနတ်တချက် မဖောက်ခလို့ ပြောနီကတ်တေ ယင်း အာဏာသိမ်း အုပ်စုရေ လက်ရှိ အချိန်မှာ အနည်းဆုံး ပြည်သူ ၃၀ ခန့်ကို သေဆုံးစီလားယာ ဖြစ်တေပိုင် ဖမ်းဆီး၊ တရားစွဲဆိုခံထားရသူ ၁၂၁၃ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားတိ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က စာရင်းထုတ်ပြန်ထားပါရေ။

 434 total views,  1 views today