Arakan Yoma |

ဂွမြို့နယ်မှာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းလိုက်တေလို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၏ ဖေ့စ်ဘွတ်စာမျက်နှာက မတ်လ ၃ ရက် နိန့်က ဖော်ပြခပါရေ။

ယင်းချင်စွာ ရခိုင်ပြည်နယ်အတွင်းမှာ ပထမဦးဆုံး ဖွဲ့စည်းခြင်းလည်း ဖြစ်ပါရေ။ ဂွမြို့နယ်စွာပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၏ မဲဆန္ဒနယ်ဖြစ်ပြီးကေ လက်ရှိ ၎င်းမှာ ဖမ်းဆီးထိန်းသိမ်းခံနီရပါရေ။


အာဏာသိမ်း စစ်ကောင်စီအနေနန့် ငြိမ်းချမ်းစွာဆန္ဒပြနီကတ်တေ ပြည်သူတိကို ဥပဒေမဲ့ သတ်ဖြတ်စွာ၊ ဖမ်းဆီးစွာတိ ရှိနီရေအတွက် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ အစီစဉ်နဲ့နန့်အညီ ယင်းပိုင် ဖွဲ့စည်းလိုက်စွာဖြစ်တေလို့ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါရေ။

ဒေအုပ်ချုပ်ရေးအဖွဲ့မှာ အဖွဲ့ဝင် (၁၈) ဦးပါရှိရေလို့ ဖော်ပြပါရေ။ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်၊ ဥပဒေပညာရှင်၊ မြို့မိမြို့ဖ၊ လူငယ်၊ တောင်သူလယ်သမား၊ အလုပ်သမားနဲ့ CDM မှာ ပါဝင်နီရေ ဝန်ထမ်း ကိုယ်စားလှယ်ရို့နန့် ဖွဲ့စည်းကြောင်းကိုလည်း ထုတ်ပြန် ချက်က ဖော်ပြပါရေ။


ရပ်ကွက်၊ ကျေးရွာအုပ်စုတိမှာလည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အစည်းတိ ဖွဲ့စည်းပြီးကေ အယင်အမြန် အကောင်ထည်ဖော် လားဖို့လို့လည်း ဆက်လက် ဖော်ပြစွာကို တွိ့ရပါရေ။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီရေ လက်ရှိမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေး၊ နိုင်ငံတော် သမ္မတနန့် အတိုင်ပင်ခံပုဂ္ဂိုလ်ရို့ အပါဝင် ဖမ်းဆီးခံထားရသူရို့ လွတ်မြောက်ရေး၊ ဒီမိုကရေစီရရှိရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံရေ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပေါ်ပေါက်ရေးတိကို ဆောင်ရွက်လားဖို့လို့ ထုတ်ပြန်ထားပါရေ။

 609 total views,  1 views today