ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

တပ်မတော်က အာဏာသိမ်းလို့အပြီး ဒုတိယမြောက်နိန့်မှာ မြို့ပေါ်နီ လူအများစုစွာ အပြင်မထွက်ကတ်ဘဲ အိမ်မှာ အရိပ်အခြေကြည့်ပနာ နီနီခကတ်ပါရေ။ မိဘရို့ကလည်း သူရို့ သား၊ သမီးတိကို နေအိမ် ပြင်ပ မထွက် လားကပ်ဖို့ ဂရုစိုက်နီရချိန်ပါ။ ယင်းချိန်မှာ – အသက် (၁၄) နှစ်အရွယ် မစုစုအောင် တစ်ယောက်က ဖရဲသီး ဗန်းချေကို ခေါင်းထက်မှာရွက်လို့ မြို့ပတ်ပနာ တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်ရောင်းနီရပါရေ။

သူက ရခိုင်ပြည်နယ် စစ်တွေမြို့ မီးလောင်ပြင် ကျုးကျော်ရပ်ကွက်ကပါ။ ကျန်းမာရေး မကောင်းရေ မိခင်၏ လစဉ် ဆေးဖိုးနဲ့ ကျဘန်း အလုပ်သမား ဖခင်ဖြစ်သူကို သူ တတ်နိုင်ရေဖက်က ဝင်ကူရင်း မိသားစု စားဝတ် နေရေးကို ဖြေရှင်း ပီးနီးစွာ ဖြစ်ပါရေ။ သူ့ မှာ စုစုထွန်းလို့ ခေါ်ရေ အမွှာညီမ တစ်ယောက်လည်း ရှိပါသိရေ။

“ဘာဘာကတော့ ကြုံရာကျဘန်း လုပ်ပါရေ။ မေမေက တစ်ခုလည်း မလုပ်နိုင်ပါ။ ရောဂါသည်ပါ။ အခက် အခဲက အဖက်ဖက်က ချို့ယွင်းချက်တိ ရှိပါရေ။ အဆင်မပြေမှုတိ များပါရေ။ မေမေက မကြာမကြာ ဆေးရုံ တက်နီရခါ အဆင်မပြေမှုတိကလည်း တပျင်းကို များစွာပါယာ။ အလုပ် အကိုင်ကလည်း တဝ အဆင်မပြေခါ ကျောင်းတက်ဖို့က စနေ၊ တနင်္ဂနွေ ကျကေလည်း အားကေ ကိုယ်မှာ ရောင်းဖို့ လားရပါရေလေး။” လို့ သူက ပြောပြပါရေ။

စုစုအောင်ရို့ မိသားစုစွာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ AA နဲ့ တပ်မတော်ရို့ တိုက်ပွဲတိ ဖြစ်ပွားလာပြီးရေ နောက်ပိုင်း မြောက်ဦး မြို့နယ်ကနီ စစ်တွေမြို့ကို ပြောင်းရွှေ့ နီထိုင်လာကပ်စွာပါ။ ၂၀၁၉ ခုနှစ်လောက်က ပြောင်းရွေ့လာချိန် အကွက်ရိုက် ရောင်းချလို့ဟိနီရေ စစ်တွေမြို့ မီးလောင်ပြင်က ခြံတစ်ခြံကို ၂ သိန်းနဲ့ ဝယ် လိုက်စွာလို့ ဆိုပါရေ။

“အိမ်ဝယ်လို့ နီစွာပါ။ အိမ်ရာက အဖေ နွေစပါး လုပ်တေအခါက ဖဲသာချေ နည်းနည်းချေ ရခပါရေ။ ယင်းဟင့်နဲ့ အိမ်ရာ ၂ သိန်းပီးလို့ နီစွာပါ။ ဘာဘာက ကြုံရာကျဘန်း ပန်းရံ လုပ်ရေအခါ လုပ်ပါရေ။ ဒေကုန်တန်းမှာ သင်္ဘောတိ ဝင်ပါရေ။ စက်လှေတိဝင်ရေဆိုကေ အထုပ်ထမ်းပါရေ။ ကားတိနဲ့ ဈေးကြီးကို လိုက်ပို့ရပါရေ။”

AA နဲ့ တပ်မတော်ရို့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတိ့ စတင်ဖြစ်ပွားလာချိန် ပြီးခရေ ၂၀၁၈ ခုနှစ် ကုန် ပိုင်းကနီ ဒေသခံတိစွာ တစတစနဲ့ ရွှေ့ပြောင်းလာခကပ်စွာထဲမှာ စုစုအောင်ရို့ မိသားစုလည်း ပါဝင်လာခစွာ ဖြစ်ပါရေ။

သူ စရောက်ချိန်မှာ ၈ တန်းတက်ခလို့ ၉ တန်းတက်ဖို့နှစ်မှာပင် ကိုဗစ်ကြောင့် စာသင်ကျောင်းတိ ပိတ်သိမ်း လိုက်တေတွက် မတက်လိုက်ရပါယာ။ သူစွာ စစ်တွေမြို့ ဓညဝတီရပ်ကွက်က ဘုန်းတော်ကြီးသင် စာသင်ကျောင်းမှာ ပညာသင်ရင်းနဲ့ အားလပ်ချိန်တိမှာ ကျောင်း အသုံးစရိတ်နဲ့ မိသားစုအတွက် ကိုယ်တိုင် ရုန်းကန် နေခစွာပါ။

“ဆယ်နာရီလောက်ကေ ရောင်းဖို့ထွက်ပါရေ။ ဓညဝတီ၊ မကျည်းမြိုင်၊ စက်ပြင် ဘက်၊ ကုန်တန်းဘက်တွေကို လား ရောင်းပါရေ။ အလုပ်ခွင်တိကို။ ရောင်းလို့ ကောင်းရေ ဆိုကေလည်း တချက်ချေပါယာ။ ရောင်း မကောင်းရေ နိန့်ဆိုကေ အသုံးစရိတ် စားသောက်ရေးတိမှာ ကြပ်တည်းလားပါရေ။ မေမေရောဂါဖြစ်ခါ အကြွီးတင် လားပါရေ။ ယင်းစာကို မသွင်းနိုင်။ ငွေရဖို့လူမှာက လာပြီးကေ ဆိုကပ်စွာ ပါယာလေး။ အကေ စိတ်ဆင်း ရဲရရေ။ ကိုဗစ်ကာလမှာ ဆိုကေ ရောင်းလို့က တစ်ခလည်း မကောင်းစွာ။ ၂ ထောင်ဖိုး ရောင်းကေ လည်း ၂ ထောင်ဖိုးပြန်ပါ လာရေ။ အကေ ရှုံး။ အကေ စိတ်ပင်ပန်း။”

ကျောင်းဖွင့်ရာသီမှာ ကျုရှင် တက်ရဖို့ အချိန်နဲ့ အားလပ်ရက်တိမှာယာ အပိုဝင်ငွေ ရှာနေခရစွာကနီ အခု ဆိုကေ ကျောင်း ပိတ်ထားရေအတွက် အချိန်ပြည့် ရောင်းချနီရပါယာ။ ဖရဲသီးရို့ပိုင် ရာသီပေါ်သီးနှံတိ ယာမက အချိန်ရကေ ရစွာပိုင် ထီပေါက်စဉ် ရောင်းစွာတိ အပြင် တချို့စားသောက်ဆိုင်တိမှာ အချိန်ပိုင်းလည်း ဝင်လုပ် ပါသိရေ။ ၁၄ နှစ်သာသာ ရှိသိရေ ဒေကလေးမချေ အတွက် အိပ်ချိန်ကော ပြည့်ပြည့်ဝဝ ရှိပါဖို့လား။

“သမီးရို့ ကျောင်းထွက် လိုက်ဖို့ယာလို့ ပြောခါ မိဘက ငါရို့ စာမတတ်။ နင်ရို့တတ်ရဖို့။ နင်ရို့ ၁၀ တန်း အောင်ခကေ ကလောင်ချေကိုင်လို့ စားရဖို။ ယင်းပိုင် စိတ်က မိဘတိမှာ အပြည့်ရှိပါရေ။ ဘာဘာ နီကောင်းလား မီးကေ နီမကောင်း သမီး ဆိုကေ စိတ်ဆင်းရဲရရေ။ တစ်ခါတစ်ခါကျကေ ကိုယ့်စွာကို အားငယ် မိပါရေ။ စနေ၊ တနင်္ဂနွေနိန့်ကျကေ ရောင်းဖို့ ထွက်ပါရေ။ ၂ နာရီ၊ ၃နာရီဆိုကေ အိမ်ပြန်ပါယာ။ ကျောင်းတက် နီချိန် ဆိုကေလည်း ၄ နာရီ ကျောင်းလွတ်ကေ လောကာနန္ဒာနားက အရီးမ မုန့်ဟင်းခါးဆိုင်မှာ အချိန်ပိုင်း အလုပ် လုပ်ပါရေ။ ၅ နာရီ၊ ၆နာရီ အထိပါ။ ဆိုင် သိမ်းကေက အိမ်ကို ၇ နာရီမှ ရောက်စွာပါကို။ အကေ ရီချိုး၊ ထမင်းစား။ စာဖတ်နဲ့ အိပ်ချိန်တောင်မရပါ။ တစ်ခါတစ်လေ ကျကေ မအိပ်လိုက်ရပါ။”

မစုစုအောင်ပိုင် မိသားစုအတွက် အခုပိုင် ရောင်းချရင်း တစ်ဖက်တစ်လမ်းက ဝင်ငွေ ကူရှာပီးနီရေ မုန့်လက်ကောက်သည် မချေ တစ်ယောက်စွာ ပြီးခရေ ဇူလိုင်လက ပြည်နယ် အစိုးရအဖွဲ့ ရုံးစိုက်တေ စစ်တွေမြို့မှာ အသတ်ခံခရပါရေ။

ဖေ့စ်ဘုတ် လူမှုကွန်ယက်နဲ့ တချို့သတင်းတိ အရ အဆိုပါကေ ယင်းမမချေစွာ အသတ်မခံရခင်က အဓမ္မ ပြုကျင့်ခြင်းကို ခံခရရေလို့ သိရပါရေ။ ဒေအမှုစွာ ဒေသနီ ပြည်သူတိအကြား ဟိုးလေးတကျော် ဖြစ်ခကေလည်း အစိုးရ အာဏာပိုင်တိ ဖက်ကကျ အရေးယူ ဖမ်းဆီးနိုင်စွာတိ မရှိခပါ။

ဒေဖြစ်ရပ်ဆိုကေ စုစုအောင်ရို့ပိုင် အသက်မပြည့်သိရေ မမချေ တိ အတွက် တစ်ယောက်တည်း လားလာ လှုပ်ရှားနီရစွာ မလုံခြုံပါ ဆိုရေအချက်ကို ပြသနီစွာဖြစ်ပါရေ။ သို့ပါကေလည်း သမုဒ္ဒရာ ဝမ်းတထွာ အတွက် တိုက်ပွဲ ဝင်နီရရေ သူရို့ပိုင် ဘဝတိ ၏ နိ့စိုဉ် စားဝတ်နေရေးကို ဇာသူကများ လာရောက် ဖြေရှင်း ပီးနိုင်ဖို့ပါလဲ။

သူ့မှာ မိသားစုအရေးအပြင် နောက်ထပ် ပူပင်စရာတိလည်း ရှိနီပါသိရေ။ မိသားစု စားဝတ်နေရေး ဖူလုံမှု မရှိရေ အထဲ ရွာက အဖို့ အဘောင်ကို ထောက်ပံ့ပီးရစွာပါ။ ကျောင်းသူချေ တစ်ယောက် ဖြစ်တေ ဆိုစွာကို မိန့်ထားပြီးကေ အရွယ်ရောက် အမျိုးသမီး တစ်ယောက်မှာတောင် ရှိခဲလှရေ စိတ်သဘောထား ပြည့်ဝသူ တစ်ယောက်လည်း ဖြစ်ပါရေ။

မစုစုအောင်က “နယ်မှာဆိုလည်း အဘိုး၊ အဖွား၊ အရီးမ ရို့ ရှိပါရေ။ အဘိုးနဲ့ အလောင်မှာ ဆိုကေ သား နှစ်ယောက်က မသန်စွမ်းပါ။ စစ်လည်းဖြစ်နီလို့ ပိုပြီး ကျပ်တည်းပါရေလေ။ ယင်းဘက်တိ့မှာ စစ်ဖြစ်နေရေ အပြင်လည်း မထွက်ရ ဆိုကေ ဖဲသာတိ၊ ဘာတိ နည်းနည်းပါးပါးစီ ကိုယ်စားဖို့ စွာက မစားဘဲ ပို့ပီးရပါရေ။”လို့ ပြောပါရေ။

မိသားစုအတွက် အမြဲတမ်း အနစ်နာ ခံတတ်ရေ သူ့ အနေနဲ့ လိုချင်ဖြစ်ချင်ရေ ဆန္ဒတိကိုလည်း တတ်နိုင်သမျှ မျိုသိပ် ထားရပါရေ။ အခုပိုင် အဆင်မပြေမှုတိ များစွာ ရှိနီခလို့ ရင်ဘတ်ထဲမှာ အကြိမ်ကြိမ် ငိုနီခကေလည်း သမီး လိမ္မာချေဖြစ်တေ မစုစုအောင်က ငြိုငြင်ရေဆိုရေ အပြုအမှုတိကို မိဘတိဘားမှာ တစ်ခါချေမှ မပြခပါ။

“ကျောင်းမှာ စုံညီပွဲ ကျပါရေ။ ကပွဲတိ ပါရေ။ ဇာပိုင် ဇာပိုင် ခြုပ်ရဖို့။ ဇာတိ လိုအပ်တေဆိုကေ မပါဘဲ နီ လိုက်တေ။ မိဘက သမီး မပါလားမေးကေ မပါ မေမေ။ လိမ်ထားရေ။ မတတ်နိုင်ခါ မပါစွာက အကောင်းဆုံး ပါလေ။ မပြည့်စုံရေ ဘဝမှာ ရောင်းလို့ ပင်ပန်းစွာက တစ်မျိုး။ ပြီးကေ ငွေမှာပါရေ ဟေးမေသယ်သူ ငွေထည့်ပီးလိုက်။ ရောင်းလို့ကလည်း မကောင်း။ အမေကလည်း နီမကောင်း ဆိုကေ အိပ်ယာဝင်ကေ ငိုမိပါရေ။ တစ်ခါတစ်လေ”လို့ နုနယ်နေသေးရေ မျက်ဝန်းတစ်စုံမှာ ဝမ်းနည်းမျက်ရည် စိုရွှဲစွာနဲ့ ပြောပြပါရေ။

ဥပဒေရေးရာ ကုစားရေးအဖွဲ့၏ စာရင်းဇယားတိ အရဆိုကေ ရခိုင်ပြည်နယ်မှာ အသက်မပြည့်သိ့ရေ အချေသူငယ်တိ့ မုဒိန်းမှု ပြုကျင့်ခံရမှုပေါင်း NLD အစိုးရ ၅ နှစ်တာ အုပ်ချုပ်ခရေ နောက်ဆုံးနှစ် ၂၀၂၀ ပြည့်နှစ်မှာ ၂၆ မှု အထိ ရှိခပါရေ။ အကေလည်း စားဝတ်နေရေးချိုတဲ့လို့ မပြည့်မစုံ နီနီရရေ သူရို့ပိုင် ဘဝတိက ဒေပိုင် အချက်တိစွာ ကာကွယ် ရကောင်းမှန်းကော သိနိုင်ပါ့ဖို့လား။ ဖြစ်လာခကေကော ဇာသူက တာဝန်ယူ ဖြေရှင်းပီးဖို့ပါလဲ။

ကြီးလာကေ ကျောင်းဆရာမ ဖြစ်ချင်ရေ မစုစုအောင်ပိုင် အသတ်ခံခရရေ မုန့်လက်ကောက်သည်မချေ မှာကော ရည်မှန်းချက်တိ မရှိဘဲ ရှိလီပါဖို့လား။ အခက်အခဲကြုံလာကေ ရင်ဆိုင် ဖြေရှင်းဖို့ဆိုရေ သတ္တိကကော မရှိဘဲနီပါဖို့လား။ အကေလည်း သူမရို့ပိုင် ငယ်ရွယ်နုနယ်သိရေ မမချေ တစ်ယောက်ကို စော်ကား လာရေအခါမှာ ဇာပိုင်ကား ပြန်လည် ခုခံနိုင်စွမ်း ရှိနိုင်ပါဖို့လဲ။

မိသားစုမှာ ကြုံနီရရေ အခက်ခဲတိအားလုံး မချိမဆန့် သိုလှောင်ထားရသမျှအားလုံးကို Arakan Yoma ကို ရင်ဖွင့်လိုက်ရလို့ ရင်ထဲ ပေါ့လားရေလို့ ဆိုရေ မစုစုအောင်က “တစ်နိန့်နိန့်တော့ အောင်မြင်ရဖို့ ဆိုရေ စိတ်ကတော့ ရှိပါရေ ။ အကေလည်း မသေချာပါ။ မိဘက ဆယ်တန်းတောင် သင်နိုင်ပါဖို့လား မသေချာ သေးပါလေ။ ကိုယ့်မှာ ရည်မှန်းချက် ပန်းတိုင်က ကျောင်းဆရာမ ဖြစ်ချင်စွာပါ။”လို့ ဖွင့်ဟခပြီးကေ ကျန်နီသိရေ လက်ကျန်ချေတိကို “ဖရဲသီး၊ ဖရီးသီး”လို့ အော်ရောင်းရင်း ထွက်လားပါရေ။

ကိုဗစ်ကာလကျော်လွန်လို့ ကျောင်းဖွင့်ရာသီ ပြန်ရောက်ရှိလာချိန်မှာကော မစုစုအောင်တစ်ယောက် ကျောင်း ဆက်တက်ဖြစ်ဖို့သိပါလား။ သူ ဖြစ်ချင်ရေ ကျောင်းဆရာမ ဖြစ်ခွင့် ရှိပါဖို့သိလား ဆိုစွာက သူ၏ ကံတရားရာလို့ ဆိုရဖို့ရာ ဖြစ်ပါရေ။

 789 total views,  1 views today