Arakan Yoma |

ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ရို့မှာ ၁၉ လကြာ ပိတ်ထားခရေ မြန်နှုန်းမြင့် 4G အင်တာနက်ကို အင်္ဂါနိန့်ညက စပနာ ပြန်လို့ အသုံးပြုရလာဗျာလ်ဖြစ်ပါရေ။

လက်ဟိ့မှာ လိုင်းသုံးလို့ ရနိဗျာလ်ဆိုလေ့သင့် လိုင်းဆွဲအားက ထင်သလောက် အဆင်မပြေသိဘဲ MPT နဲ့ Mytel ကလွဲလို့ တခြား ကွန်ယက်တိက အသုံးပြုလို့ မရသိလို့လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းနေ ဒေသခံရို့က Arakan Yoma ကို ပြောကပ်ပါရေ။

ကျောက်တော်ဒေသခံ မမြတ်မွန်ကျော်က “ဒေ မိုးထ ၉ နာရီလောက်ကပင် Mytel 4G ရရေ။ MPT က 3G၊ Telenor က 2G လိုင်းကျ၊ လိုင်းတက်လိုက်နဲ့။ MM 900 ကမ်းရိုးတမ်းဖုန်း 2G , 3G ရရေ။ Oreedo 2G ရရေ။ ဆက်တင်ထဲ ဝင်ပနာ carrier က စစ်ထားစွာ။” လို့ ပြောပါရေ။

ရခိုင်ပြည်နယ်က မြို့နယ် ၈ ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ရို့မှာ ပြီးခရေ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နိန့် ကနေ အင်တာနက်နဲ့ မိုးဘိုင်းဝန်ဆောင်မှုလုပ်ငန်းတိကို ဖြတ်တောက်ခံထားခရစွာ ဖြစ်ပြီးကေ တစ်နှစ်နဲ့ ၇ လ လောက် ကြာမြင့်ရေ အချိန်မှာ အခုပိုင် ပြန် ရရှိလာစွာလည်း ဖြစ်ပါရေ။

အစိုးရနဲ့ တပ်မတော် တာဝန်ရှိသူတိကတော့ အင်တာနက်ပိတ်ထားစွာရေ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနီရေ စစ်ရီး အခြေအနေတိကြောင့်လို့ အကြောင်းပြခပနာ ၂၀၂၀ ခုနှစ် မေလမှာတော့ မောင်တောမြို့နယ်မှာ တည်ငြိမ်လာလို့ ဆိုပြီးကေ အင်တာနက် ပြန်ဖွင့်ပီးခပါရေ။

ယေလေ့သင့် ယင်းခါက ကျန်ရှိနီသိရေ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ရို့မှာ 2G အင်တာနက်ယာ ဖွင့်ပီးခစွာပါ။

ဒေခု အင်တာနက် ပြန်ပနာ ရဟိ့လာမှုရေ ပြီးခရေ ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ ထပ်မံ အနိုင်ရရှိခရေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရကို ဖြုတ်ချပြီးကေ တပ်မတော်က အာဏာသိမ်းလို့ ၂ ရက်အကြာမှာ ရရှိလာစွာလေ့ ဖြစ်ပါရေ။

ဒေသခံတချို့ကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအခြေအနေတိ မငြိမ်မသက်ဖြစ်နီစွာကြောင့် အင်တာနက် ရရှိစွာရေ ယာယီသဘောမျိုးနဲ့ ဖြစ်နီနိုင်ဖို့လား ဆိုပြီးကေလည်း ဖေ့စ်ဘုတ်လူမှုကွန်ယက်ပေါ်မှာ ရီးသားမှုတိ့ကို တွီ့မြင်နီရပါရေ။

 565 total views,  1 views today