ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း
စစ်တွေမြို့မှာ “မေတ္တာဝတီ”လို့ နာမည်ပီထားရေ အနှိပ်ခန်းတခုရှိပါရေ ယင်းအနှိပ်ခန်းက ရခိုင်ပြည်နယ်အတွင်းက မျက်မမြင် လူငယ်တချို့ ဝမ်းစာ ရှာဖွေရာ နီရာ တစ်ခုလည်း ဖြစ်ပါရေ။
ယင်းအနှိပ်ခန်းမှာ ဂျပန် အကြောဖြေ နည်းပညာကို အမြင်အာရုံ မသန်စွမ်းသူတိကို သင်တန်းပို့ချပနာ ဝင်ငွေရရှိအောင် ဖန်တီးပီးထားစွာ ဖြစ်ပါရေ။
ပြီးခရေ ၂၀၀၉ခု နှစ်က ပင် စလို့ ဖွင့် ခစွာ ဖြစ်ပါရေ ဆယ်စုနှစ်တစ်ခု ကျော်လွန်ခဗျာလ်လည်း ဖြစ်ပါရေ။ စလို့ လုပ်ခါက အနှိပ်ခန်းပုံစံ ဖွင့်လှစ်ခစွာ မဟုတ်တေပိုင် အေဂုနီရာမှာလည်း မဟုတ်ပါ။
“ဒေကျောင်းကို စရောက်စွာ အသက် ၁၀ နှစ် ကနီ စရောက်စွာဖြစ်ပါရေ။ ကျောင်းဆရာ တစ်ယောက်နန့် အဆက်သွယ်ရလို့ ဒေကျောင်းကို ရောက်လာစွာ။ မိသားစုဝင် ညီကို၊ မောင်နှမ သုံးယောက်ရှိရေ။ မိဘက ထောက်ပံ့ စွာကမဟိပါ။ ခုလောလောဆယ် ဂျပန်-မြန်မာ အကြောနှိပ်လုပ်ပါရေ။” လို့ မေတ္တာဝတီ မျက်မမြင် ကျောင်းကို ရောက်ရှိလာရေ ပုဏ္ဏားကျွန်းမြို့နယ် ဆင်သေရွာက အသက် (၂၀) ကျော် အရွယ် မမြတ်စုလှိုင်က ပြောပြပါရေ။
စစ်တွေမြို့၊ စံပြရွာမှာ နီထိုင်ကတ်ပြီး ယင်းအနှိပ်ခန်းမှာ အလုပ် လုပ်ကတ်တေ မျက်မမြင်တိက ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ရသေ့တောင် စရေ မြို့နယ်ရို့က ဖြစ်ပါရေ။
မွီးရာပါ အမြင် အာရုံချို့တဲ့သူတိလည်း ရှိရေပိုင် အသက်အရွယ် ကြောင့် မျက်စိ ကွယ်လားသူတိလည်း ရှိကတ်ပါရေ။သူရို့တိကို စစ်တွေမြို့က ဦးရွှေကျော်သာ ဆိုသူက စောင့်ရှောက်ထားစွာပါ။
အယင်က မျက်မမြင်ကျောင်း ဖြစ်ခကေလည်း အခြေအနေ အမျိုးမျိုးကြောင့် အလုပ်အကိုင် ဖန်တီးကာ စောင့်ရှောက်ရေ သဘောမျိုးနန့် လုပ် ထားရေလို့ ဆိုပါရေ။
ဦးရွှေကျော်သာက “ဗုဒ္ဓပြတိုက် ဆရာတော်ကို ကျွန်တော်ရို့ မျက်မမြင်ကျောင်း တစ်ကျောင်းလုပ်ဖို့ စိတ်ကူးထားေရ။ နေရာမရှိ အတွက်အခက်ခဲ ဖြစ်နီပါေရ။ အရှင်ဘုရားကျောင်းမှာ လုပ်လို့ရဖို့လား ဆိုတော့ လုပ်လို့ဆိုပါေရ။ ယင်းပိုင် ပြောေရနိက စပြီး ယင်းနီရာမှာ အခင်ရို့ ကိုယ့်ဖေ့ချာနန့်ကိုယ် ၃၂ ပေ×၁၆ ပေလောက်ရှိဖို့ တစ်ထပ်ပျဉ်းခင်း၊ ဝါးကာ ဆောက်လိုက်ေရလို့” လို့ စတင်ဖွင့်ဖြစ်ခရေ အကြောင်းကို ပြောပြပါရေ။
မျက်မမြင်တိက တောင်းဆိုရေအတွက်နန့် ဦးရွှေကျော်သာ က မိတ်ဆွေတချို့နန့်အတူ မျက်မမြင် စာသင်ကျောင်း တစ်ခုဖွင့်ဖို့ ကြိုးစားရာမာ နီရာအခက်ခဲ ရှိအတွက်နန့် အစ်ကိုတော်စပ်ရေ ဘုန်းတော်ကြီးတစ်ပါး ဘား က နီရာ တောင်းခံခပါရေ။
ယင်းနောက်ပိုင်း ယင်းဘုန်းတော်ကြီးကျောင်း ခြံထဲမှာပင် နီရာတစ်ခုရရှိခရေ အတွက် အဆောင်တစ်ခု ဆောက်လုပ်ပြီးကေ “မေတ္တာဝတီ” နာမည် ပီးပနာ မျက်မမြင်ကျောင်းကို စတင်ထူထောင်ဗြီး မျက်မမြင်တိကို ပြုစုစောင့်ရှောက်ပနာ စာပီ သင်ကြာပီးစွာတိ ပြုလုပ်ခပါရေ။
ယင်းအချိန်က မျက်မမြင်လူငယ်ချေ ၅ ဦးနန့် စတင်ခပနာ အဂုခါ ၂၀ဦး ခန့်ထိ ရှိလာခရေလို့ ဆိုပါရေ။
အဂုပိုင် မျက်မမြင်ဦးရေ များလာချိန်မှာ သူရို့တိ နိစိုဉ် စားဝတ်နီဖို့အတွက် ငွေကြေးအခက်အခဲတိ ဖြစ်လာပါရေ။
ယေဇူးနန့် အရွယ်ရောက်ပြီးသူ မျက်မမြင် လူငယ်ချေတစ်ဦးက ဦးဆောင်ပနာ သူ တတ်ကျွမ်းရေ အဆိုအတီးတိနန့် နယ်တကာ လှည့်လည်ဗြီး ဖျော်ဖြေရေးတိ လုပ်ပါရေ၊ သူရို့ကျောင်းနာမည်နန့် အမွှီးနံသာတိုင် ထုတ်လုပ်စွာ၊ ကြိမ်ခြင်းတောင်း ရက်လုပ်စွာ အစရှိရေ လက်မှုပညာတိနန့် ဝင်ငွေ ရှာခကတ် ပါရေ။
“ဥပမာ တီးဝိုင်း ထောင်ချင်ေရဆိုလို့ အခင်က အကြွေးဝယ်ပီးေရ။ အလှူခံေရ။ ယင်းချိန်က ဝန်ကြီးချုပ် လှမောင်တင်၏ ဇနီးကိုယ်တိုင်လာပြီး အလှူဒါန လုပ်စွာတိဟိေရ။ လူတိကလည်း စိတ်ဝင်စား လာကတ်တေ။ စိတ်ဝင်စားပြီး အခင်ရို့က အလှူရပြီးကေ သူရို့ကို တီးဝိုင်း ထောင်ပေးလိုက်တေ။ သူကလည်း ကြိုးစားပါေရ။ ကျောက်တော်၊ အပေါက်ဝနယ်တိကို လားပြီးကေ မျက်မမြင်ဆိုတော့ခါ လူတိက လှူကတ်တေ။ ယင်းပိုင်နန့် ရံပုံငွေတိ ရလာကတ်တေ။ ရံပုံငွေတစ်ခုတည်းနန့် အဆင်မပြေသိန့်ပါ။ ဒေအချေတိကို ပညာ သင်ရဖို့ဆိုပြီးကေအခင်ရို့ ဇာလုပ်လည်းဆိုကေ မတ္တာဝတီမျက်မမြင် နံသာတိုင် ဆိုပြီးလုပ်ခကတ်တေ။ နံသာတိုင်ရောင်းေရ။ ကြိမ်ခင်းတိ ရက်ကတ်တေ။ ရက်ကေလည်း လုပ်ေရ တန်ဖိုးနန့် ရောင်းစျေးနန့် မကိုက်ခါ ကြိမ်လည် ဝယ်မရတော့ မလုပ်ဖြစ်ဗျာလ်။”
ယင်းပိုင် အဆင်မပြေစွာတိ ရင်ဆိုင်ကျော်ဖြတ်ယင်းနန့် သူရို့အတွက် အခွင့်အလမ်းတစ်ခု ရောက်ရှိလာပါရေ။
ယင်းချင်းက အေဂု အသုံးချလျက်ရှိနီရေ ဂျပန်နည်းပညာနန့် နှိပ်နယ်ပီးရေ နည်းပညာသင်ယူခွင့် ဖြစ်ပါရေ။ ရန်ကုန်က အနှိပ်ဆရာ တစ်ဦးကို စစ်တွေသို့စေလွှတ်ပနာ မျက်မမြင်ထဲက လူငယ် အမျိုးသားနန့် အမျိုးသမီးတစ်ဦးရို့ကို ယင်းသက်မွေးဝမ်းကျောင်း ပညာရပ်ကို သင်ကြားပီးခစွာပါ။ ကျန်မျက်မမြင်တိကို ဆင့်ပွား သင်ပီးပနာ ယင်းဘုန်းတော်ကြီး ကျောင်းမာပင် ယာယီအနှိပ်ခန်း ဖွင့်လို့ ရံပုံငွေ ရှာခ ကတ်ပါရေ။
“ဂျပန်အနှိပ် သင်တန်းကျောင်းကို ယောကျာ်းချေတစ်ယောက်၊ မိန်းမချတစ်ယောက် ပို့ပီးလိုက်တေ။ သင်တန်း ခြောက်လ ပြီးေရအချိန်မှာ ယင်းနှစ်ယောက်က နေပြည်တော်မှာ ဆီးဂိမ်းပြိုင်ပွဲကျင်းပအတွက် တပ်က အရာရှိ တစ်ဦး ခေါ်လားလို့ အလုပ်ရလားေရ။ အခင်ရို့ မျက်မမြင် ၁၀ ကျော်လောက်က ဒေမှာ လစဉ်ကြေး ချေနန့်မှီတင်း နီထိုင်ကတ်ရေရ။ ဆရာတော် ဦးဉာဏ်ရက အနှိပ်ဆရာတစ်ယောက်ကို စစ်တွေကို လွှတ်ပီးပါဆိုလို့ အနှိပ်ဆရာ တစ်ယောက် ပို့လိုက်ပြီးကေ ဒေ မဟာကုသလကျောင်းမှာပင် ယောကျာ်ချေတစ်ယောက်၊ မမချေတယောက် အနှိပ်သင်ကတ်တေ။
အနှိပ်သင်ရင်းနန့် အနှိပ် အခန်းတိနန့် ယာယီဖွင့်လိုက်တေ။ အနှိပ်ခန်းဖွင့်တေအခါ လူတိက သဘောကျကတ်တေ။ ဂျပန် အကြောပညာကို သူရို့ သဘောကျကတ်တေအခါ ကောင်းကောင်းအလုပ်ဖြစ်တေ”
အချိန်တခု ကြာမြင့် ဖြတ်ကျော် ပြီးလားခါ ယင်းနည်းပညာနန့် မျက်မမြင်တိက နှိပ်နယ်ပီးစွာတိကို ဒေသနီ လူအများက သဘောကျ လက်ခံလာကတ်လို့ ယင်းအလုပ်တိမှာလည်း အဆင်ပြေလာခပါရေ။
ယေတာလေးသင့် တချို့ အဆင်မပြေ စွာတိရှိခလို့ နီရာ အပြောင်းအလဲတိ လုပ်ခရလို့ အေဂု ဗျူးပွိုင့်၏ အနောက်ဖက်သို့ ရောက်ရှိလာခ ရရေ လို့ ဆိုပါရေ။ ဝင်ငွေ ကောင်းလာရေပိုင် ပြဿနာတချို့လည်း ပေါ်ပေါက် လာခ ပါရေ။ ယင်းအကြောင်းတိနန့် ပတ်သက်လို့ ဦးရွှေကျော်သာက အေဂုပိုင် ပြောပြပါရေ။“အလုပ်တိဖြစ်လာခါမှ ပြဿနာက စလာေရ။ အခင်ရို့ကလည်း နှစ်နှစ်ပြီးကေ သူပြောအ တိုင်း အခင်ရို့တခုလည်း မကိုင်လိုက်ပါဗျာလ်။ ပထမကတော့ အခင်ရို့က စာရင်းတိနန့် လုပ်ကတ်တေ။ နှစ်နှစ် ကုန်ေရခါ အားလုံးကို သူရို့ကို အပ်လိုက်တေ။ မင်းရို့လုပ်ကတ်ဖိ ဆိုပြီးကေ သူက သူစွာသူ လုပ်ပြီးကေ အချေတိနန့် နဲ့ သူက အနှိပ်ခ ဇာလောက်ရကေ သူဇာလောက် ငွေလောဘတိ ဖြစ်လာကတ်တေ။”
လုပ်ငန်း အဆင်မပြေစွာတချို့ ရှိလာခပြီး ဦးဆောင် ကူညီလုပ်ပီးနီသူ တချို့ နှုတ်ထွက်လားကတ်တေ၊ မျက်မမြင် လူငယ်တချို့ကျောင်းက ထွက်လားခကတ်တေ စရေ အခက်ခဲတိနန့် ရင်ဆိုင်လာ၇ပါရေ။ ကျောင်းမာ မျက်မမြင် ၈ ဦးရာ ကျန်ခပါရေ အလုပ်ချိန် မှာ ဗျူးပွိုင့် နောက်ဖက်က အနှိပ်ခန်းမာ နိကတ်ဗြီး ညဖက်ကျကေ စံပြရွာရပ်ကွက်က ဦးရွှေကျော်သာ လုပ်ငန်းခွင် တစ်ခုမှာ နီစရာ ပီးထားခ ပါရေ။
“တာဝန်လေးစွာကတော့ ဥက္ကဌ လည်း သီလားဗျာလ်။ ဘဏ္ဍာရေးမှူးလုပ် သူကလည်း သူရို့နန့် နည်းနည်းဖြစ်ေရအခါ မလာဗျာလ်။ အခင်က သူရို့တောင်းဆိုေရ နှစ်နှစ် လုပ်ပီးလိုက်စွာ။ နောက်ပိုင်းမှာ တခုလေး မလုပ်ပီးဗျာလ်လို့။ ယေတာလေးအခင်က တာဝန်ခံ။ သူရို့လားပြီး နောက်ပိုင်းမှာ ကျန်ခေရအခါအခါ အခင်က သူရို့တိကို ပစ်ထားလို့မရ။ အချေတိကတော့ လိမ္မာပါေရ။ သူရို့ဆို့ တစ်လကို ၈ သောင်း၊ ၁ သိန်း လောက်ကို ရကတ်တေ။ စားပြီးသောက်ပြီးပေါ့။ ကိုဗစ်ဖြစ်တဲ့ ကာလဆို ငွေတပြားမှမရပါ။
သူရို့အားလုံးကို အခင်ကကျွေးထားရေရ အေချင်း ကတော့အခင်မှာ ကုသိုလ်တစ်ခုပေါ့။ ကိုယ်စိတ်ထဲမှာယင်းပိုင် ပဲတွေးေရ ကျောင်းလို့ မဟုတ်တော့ပါ။ မျက်မမြင်လာလို့ရှိကေ အခင်ရို့က ထိန်းသိမ်း ထားေရ။ ပညာတစ်ခုရအောင် အေဂု အကြောနှိပ် သင်ပီးေရ။”
ကိုဗစ်ရောဂါ ဝင်လာပြီး နောက်ပိုင်း လာရောက် အနှိပ်ခံသူ မရှိ အတွက်နန့် စားဝတ်နီရေးတိ ကျပ်တည်းလာ ရသည့်အထဲ ဆယ်ကျော်သက် အရွယ်ကပင် ပြုစု၊ စောင့်ရှောက်လာခရေ မျက်မမြင် အချေတိရေ အရွယ်ရောက်လာကတ်တေ အခါ တစ်ဦးနန့်တစ်ဦး လူငယ် သဘာဝအတိုင်း ချစ်ကြိုက်ပြီး အချင်းချင်း အိမ်ထောင်ပြုကတ်စွာတိ ရှိလာပါရေ။
လက်ရှိ ယင်းအနှိပ်ခန်းမာ လူလွတ် တစ်ဦးကျန် ရှိပြီး ကျန်လူတိက အိမ်ထောင်ကိုယ်စီနန့် ဖြစ်နီကတ်ပနာ တချို့က သားသမီးကိုယ်စီနန့်ပါ။
မျက်မမြင်တိအတွက် အိမ်ထောင်ရေး စားဝတ်နီရေးက ကြီးမားရေ အခက်ခဲတစ်ခု ဖြစ်ပါရေ။ ယင်းအချက်မှာ ကူညီစောင့်ရှောက်ပီးသူတိ အတွက်လည်း အခက်ခဲတွိလာရ ပြီး သားသမီးတိပါ မွီးလာခါ သူ ပီးထားေရနီရာမှာ အဆင်မပြေဗျာလ်လို့ လို့ဆိုပါရေ။
ယင်းအတွက်နန်ု့ သူရို့တိ မိသားစုနန့် တူတူ နီဖို့ နီရာတန်းလျား တစ်ခု ဆောက်လုပ်ကာ သီးသန့်စီ ထားရှိဖို့ အစိုးရဘားက အကူညီပီးဖို့ မေတ္တာရပ်ခံထားပါရေ။
“သားနန့်သမီးနန့် ဖြစ်လာေရအခါ ဘုန်းကြီးကျောင်းမှာလည်း ထားလို့မရဗျာလ်။ အခင်ရို့ဘားမှာလည်း အကြာကြီးဆိုကေ သားနန့် သမီးနန့်ဆို အဆင်မပြေပါ။ ခုက ကအချေမရကတ်သိန့်လို့။ ရ သူတိက ရန်ကုန်မြို့မှာ လား နီကတ်တေ။ ခု ကအချေးမရှိ အတွက် အခင်ရို့ဘားမှာ နီလို့ရေရ။ သားကြီးသမီးကြီးနန့် ဖြစ်လာကေ အခင်ရို့ဘားမှာ ထားလို့မရပါဗျာလ်။ အခင်ကတော့ မျက်မမြင်အတွက် မြေတစ်ကွက်တောင်း ထားေရ။ ယေတာလေး အစိုးရကတော့ မျက်မမြင်အတွက်မပီးပါ။ မသန်စွမ်းအတွက်ရုံးဆိုပြီးကေ စစ်တွေတက္က သိုလ်ရှေ့မှာ မြေတစ်ကွက်ပီးထားေရလို့ သိရှိထားပါေရ။ ယေကေလေး အေချင်းက မျက်မမြင်သပ်သပ် မဟုတ် အတွက် ဆက်လက် မဆောင်ရွက်ဘဲထား ရှိပါေရ” လို့ ဦးရွှေကျော်သာက ပြောပါရေ။
ရခိုင်ပြည်နယ် လူဦးရေ၏ ၅ ဒဿမ ၃ ရာခိုင်နှုန်းမှာ မသန်စွမ်းသူတိဖြစ်နီပနာ အမြင် အာရုံချို့တဲ့သူ မသန်စွမ်းသူ ၆၅၅၇၆ ဦးရှိကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်၊ အလုပ်မှုဆောင် အဖွဲ့ဝင် ဦးညွန့်အောင်က ပြီးခရေနှစ်က စစ်တွေမြို့မှာ မသန်စွမ်းအဖွဲ့ ဖွဲ့စည်းစိုဉ် မီဒီယာ တချို့ကို ဖြေကြားခပါရေ။
ရခိုင်ပြည်နယ်မှာ မသန်စွမ်းဦးရေ များပြားနီကေလည်း ယင်း ပုဂ္ဂလိက “မေတ္တာဝတီ” မျက်မမြင်ကျောင်းက လွဲကေ ဇာ သင်တန်းကျောင်းမှ မရှိပါ။
ပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က လူမှုဝန်ထမ်းကယ်ဆယ်ရေးနန့် ပြန်လည်နီရာ ချထားရေး ဝန်ကြီးဌာနက ငွေကြေးထောက်ပံ့စွာတိ ပြုလုပ်နီပြီး မသန်စွမ်းများနန့် ပတ်သက်လို့ သင်တန်းကျောင်းတိ ဖွင့်ဖို့ဆိုကေ သူရို့နန့် ပတ်သက်တေ အချက်အလက်တိ စွမ်းဆောင်ရည်နန့်လိုအပ်ချက်တိကို သိရှိမှရာ လုပ်ဆောင်ပီးလို့ ရနိုင်ဖို့ဖြစ်အတွက်နန့် သက်ဆိုင်ရာ မိဘတိနန့် ဦးဆောင်လုပ် ကိုင်နေသူတိ အနီနန့် အစိုးရဘားကို တိုက်ရိုက်ဖြစ်စီ၊ လူမှုဝန်ထမ်းကယ်သို့ ဖြစ်စီ တင်ပြလာကေ ဖြစ်နိုင်ခြေ အရှိဆုံးကို စဉ်းစား လုပ်ဆောင်လို့ ရ ရေလို့ Arakan Yoma ၏ မေးမြန်းချက်ကို ဖြေကြားပါရေ။
“သူရို့အနီနန့်နဲ့ ဇာပိုင် စွမ်းဆောင်နိုင်ေရအနီအထားမျိုးရှိလဲ။ မသန်ကေလေး စွမ်းေရ။ တချို့ မျက်စိမမြင် တီးနိုင်ရေ ဆိုနိုင်ရေ။ တချို့ကဇာပိုင်မျိုး လုပ်နိုင်ေရ။ ဒေချင့်တိကို ကျနော်ရို့က ဒက်တာ အချက်အလက် ရရှိမှသာလျှင် ဇာလုပ်သင့်လဲ စဉ်းစားလို့ရဖို့။ လူနှစ်ယောက်နဲ့လည်း ကျောင်း တစ်ကျောင်းက ဖွင့်လို့ အဆင်မပြေပြန်ပါ။”
အမြင်အာရုံချို့တဲ့ရေ မသန်စွမ်းရို့က အနှိပ်၊ ကွန်ပျူတာ၊ အဆိုအတီးစရေ ကဏ္ဍတိမှာ ဝါသနာပါ အားသန်လေ့ ရှိရေအတွက် အစိုးရအအနီနန်ု မသန်းစွမ်းတိအတွက် သင်တန်းကျောင်း တစ်ကျောင်း ဖန်တီးပီးဖို့ ဒုတိယအကြိမ်အနိုင်ရရှိထားရေ အစိုးရအနီနန့် လုပ်ဆောင်ပီးဖို့ လိုအပ်တေလို့ မသန်စွမ်းအရေး ဆောင်ရွက်နီသူတိက ထောက်ပြပါရေ။
အစိုးရ အနီနန့် ငွေကြေးထောက်ပံ့စွာ မဟုတ်ဘဲ သူရို့ ကိုယ်တိုင် ငွေကြေးကို ရှာဖွေတတ်အောင် သင်ကြားပီးဖို့ရာ လိုအပ်တေလို့ ဝေဖန်ပါေရ။
ရခိုင်ပြည်နယ်မသန်စွမ်းသူများအသင်း၊ ဒုတိယဥက္ကဌ ကိုတင်အောင်မိုးက “မျက်မြင်တိဆိုကေ မျက်မမြင် အနှိပ်ခန်းတိ၊ ကွန်ပျူတာပိုင်းတိ၊ ဂီတဖျော်ဖြေမူတိ၊ အဆိုအတီးအက တိကို အားသန်ကတ်တေ။ သူရို့က သက်မွေး ဝမ်းကျောင်းကိုလည်း ယင်းချင့်တိနန့် ပြုလုပ်ပါေရ။ မျက်မမြင်တိ အလုပ်အကိုင်အခွင့်လမ်း နည်းေရဆိုစွာ အမှန်က မျက်မမြင်ကျောင်းတိ နည်းေရအတွက်ကြောင့် ဖြစ်ပါေရ။ သူရို့ မျက်မမြင် ကျောင်းတိက မျက်မမြင်စာတိ တတ်လားဗျာလ် ဆိုကေ မြန်မာတစ်နိုင်ငံလုံးမှာလည်း လားလို့ရပါေရ။ ရန်ကုန်က အကိုရို့ ဆရာတိကလည်း မျက်မမြင်တွေပါ။အလုပ်အကိုင် အခွင့်လမ်းတိ ဦးဆောင်ပြီးကေ လုပ်နီကတ်စွာပါ။ သူရို့က မျက်မမြင်သင်ေရ စာကိုသင်ဖို့ ကျောင်းကို မရှိခစွာေကြာင့်ဖြစ်ပါေရ။ အစိုးရအအနီနန့် လုပ်ပီးဖို့ဆိုကေအကိုရို့ မသန်စွမ်းလောကထဲမှာ ပြောေရ စကားအရ ကျနော်ရို့ကို ငါးမျှားခွင့်မပေးပဲ ငါးမျှားနည်းပဲ သင်ပီးစီချင်ပါေရ” လို့ ပြောပါရေ။
ရသေ့တောင်မြို့နယ် ထွန်းရဝေ ကျေးရွာက ကိုသန်းရွှေ ဆိုကေ အသက် (၂၉) နှစ်ရှိနီဗျာလ်ဖြစ်ပါရေ။ သူက ဆယ်ကျော်သက်အရွယ် ရောက်မှ မျက်စိ ကွယ်လားစွာဖြစ်ပါရေ။ မိသားစု က မတတ်နိုင်လို့ အချိန်မှီဆီးမကုပီးနိုင်ခလို့ဖြစ်တေလို့ယူဆနီသူလည်း ဖြစ်ပါရေ။ သူက အစိုးရဘားက မသန်စွမ်းတိ အတွက် အလုပ်အကိုင် အခွင့်အလမ်းတစ်ခုခု ဖန်တီးပီဖို့ တောင်းဆိုပါေရ။
“ကျနော် ကျောင်းမှာ မနိဖူးပါ။ စစ်တွေရောက်ပြီးမှ ရေးတတ်ဖတ်တတ် လောက်ကို မျက်မမြင်စာကို သင်ခဲ့ရပါရေ။ ကျနော်ပထမ ပြောခရေပိုင် ကျနော်ရို့မသန်စွမ်းတိကို အစိုးရအအနီနန့် အလုပ်ကိုင် တစ်ခုလောက် အဆင်ပြေအောင် လုပ်ငန်းတစ်ခုလောက် အဆင်ပြေအောင် ဆောင်ရွက်ပိးစီချင်ပါရေ”
690 total views, 1 views today