ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း
သမီးဖြစ်သူပျောက်နီလို့ လိုက်ရှာဖို့ ထွက်လားရေ အဖစွာ အညောင်းတကြီးနဲ့ အိမ်ကို ပြန်ပြီးလာပါရေ။ အိမ်အနားကို အရောက်မှာ “ကိုယ့်သမီးအဝတ်တိက ဇာမျိုးလဲ”လို့ အလောတကြီးနဲ့ အော်မိန်းခါ ဇနီးဖြစ်သူက အိမ်အောက်ကို ပြီးဆင်း လာပြီးကေ “အကျႌအဝါဝတ်ထားရေ”လို့ ပြန်ဖြေပါရေ။ ယင်းနောက် အဖဖြစ်သူက “အကျႌတထည်၊ ဖိနပ်တစ်ရံ မြင်ခရေ” လို့ ဇနီးသည်ကို ပြောလိုက်ပါရေ။
ယင်းအချိန် သူရို့ ဇနီးမောင်နှံရေ အနီးဝန်းကျင်က ဆွေမျိုးတိနန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးပါးကို လားပြီးကေ ရဲစခန်းကို ဖုန်း ဆက်ကပ်ပါရေ။ တာဝန်ရှိ သူရို့ ရောက်ရှိလာပြီးနောက်မှာ ရွာနားကို လိုက်ရှာကပ်တေခါ တဖက်ရွာနဲ့ ခြားထားရေ ချောင်း အနားမှာ ကိုယ်တုံးလုံး အနေအထားဖြစ်နေရေ သမီးဖြစ်သူကို တွီ့ခရကြောင်း အမိ ဖြစ်သူက ပြောပြပါရေ။
“ယင်းနိန့် ညက သမီးသုံးယောက် TV ကြည့်ဖို့ လားကပ်ပါရေ။ ၇ နာရီလောက်က ထွက်လားစွာပါ။ ရွာမှာဆိုခါ ဟို အိမ်မှာ လည်း ကြည့်ကပ်တေ။ ဒေအိမ်မှာလည်း ကြည့်ကပ်တေ။ ဆိုခါ ကွဲနီကပ်တေ။ သူရို့ ညီမသုံးယောက်။ တစ်ဘက် ဆိုင်အိမ်မှာ ဖုန်းထဲမှာ က နီစွာကို ကြည့်ပနာနီကပ်ပါရေ။ TV ကြည့်လို့ အပြန်လမ်းမှာ ဖမ်းစီးပြီးကေ ခေါ်လား ကပ်စွာလို့ ပြောပါရေ။”
ဒေမတိုင်ခင် ကုန်ဆုံးလားရေ ၂၀၂၀ ပြည့်နှစ် နောက်ဆုံး လဖြစ်တေ ဒီဇင်ဘာ ၂၂ ရက်နိန့်က ဖြစ်ပါရေ။ ယင်းနိန့်က မခင်အေး (အမည်လွဲ) နဲ့ ညီမချေ နှစ်ယောက်ရေ ညစာသားထမင်းစားပြီးချိန် ၇ နာရီလောက်က သူများအိမ်မှာ TV ကြည့်ဖို့ လားဖို့ဆိုပနာ အိမ်က ထွက်လားကပ်ပါရေ။ တစ်နာရီလောက်ကြာပြီး နောက်ပိုင်း မခင်အေးစွာ TV ကြည့်နီရာက ရုတ်တရက် ထလာခပါရေ။
မခင်အေးရေ အသက် (၁၆) နှစ်ယာ ရှိသိ့ပြီးကေ ဆွံ့အ နားမကြားသူ တစ်ယောက်လည်း ဖြစ်ပါရေ။ သူစွာ လမ်းလျှောက် ပြန်လာခါ လမ်းမှာ အရက်သေစာ သောက်စားထားရေ တစိမ်းယောက်ျား နှစ်ယောက်နဲ့ တွေ့ပါရေ။ အကေလည်း အိမ်သို့ ဆက်လားမြဲ လားနေခပြီးကေ ညီမတိ ဘားသို့ ပြန်မလားခ။ ယင်းနောက်ခါ ချောင်းနားဖက်က အသံတိ စကေ့ချေကြားလို့ စိုးရိမ်စိတ် ဝင်နီရေ မခင်အေး အမိက အိပ်နီရေ လင်ယောကျ်ားကို လှုပ်နှိုးပနာ သမီးတိကို အခေါ်လွှတ်လိုက်ပါရေ။ သမီးချေ နှစ်ယောက်ကိုက သူရို့ရပ်ကွက် နေအိမ်တစ်အိမ်မှာ TV ကြည့်လို့ တွီ့ပါရေ။ အကေလည်း သမီးကြီးကျတော့ကေ သူရို့နဲ့ မဟုတ်။
“ချောင်းက အော်သံ ကြားလိုက်တေ ဆရာ။ လူအော်သံကြားစွာ ကိုယ့်သမီးမှန်း၊ သူများသမီးမှန်းမသိ။ ဆိုပြီးကေ အကျွန် လင် ယောကျ်ားကို ချောင်းမှာ လူ အော်သံကြားရေ။ ကိုယ့်သမီးတိ အိမ်မရောက်သိဆိုပြီးကေ နှိုးလိုက်တေ။ ရွာမှာလည်း ပတ်ရှာသေးရေ။ နှစ်ယောက် တွေ့ရေ။ ကျန်တစ်ယောက် မတွေ့ခါ ချောင်းပတ်ကုန်းမှာ ကိုယ့်သမီးများ ဖြစ်နီဖို့လား ဆိုပြီးကေ လားစုံစမ်းကြည့်ပါရေ။ ကုန်းကရွာနဲ့ နီးရေအခါ အကျွန့် လင်ယောကျာ်းက အိမ်ကို ပြန်ပြေး လာပါရေ။ လမ်းရောက်တေ အခါ ကိုယ့်သမီးအဝတ်တိက ဇာပိုင်ဟာလည်းလို့ မေးပါရေ။ အကျႌအဝါ ဝတ်ထားရေ။ ယပိုင် ပြောပြရေ အခါကျ အကျႌတထည်၊ ဖိနပ်တစ်ရံ မြင်ခရေလို့ ပြောပါရေ။” လို့ မခင်အေးအမိက ပြောပြပါရေ။
ရွာလူကြီးရို့နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတိစွာ အသံကြားရေဖက်ကို လိုက်လံရှာဖွေကပ်တေခါ အဓမ္မပြုကျင့် ခံထားရရေ ယင်း အမျိုးသမီးချေကို သူရို့နေထိုင်ရေ အမ်းမြို့၊ စျေးတောင်ရပ်ကွက် အနားချောင်းစပ်မှာ တွေ့ခရပြီးကေ ကျူးလွန်လူ နှစ်ဦး အနက် တစ်ဦးကို အခင်းဖြစ်တေ နေရာမှာပင် ဖမ်းဆီးနိုင်ခရေလို့ အမ်းမြို့နယ် ရဲတပ်ဖွဲ့က သိရှိရပါရေ။
ကျူးလွန်သူ နှစ်ဦးရေ အမ်းမြို့နယ် ကမ်းဒိတ်ကျေးရွာက ကိုမောင်သောင်းဖေ (၂၅) နှစ်နှင့် ကိုသက်ပြင်း (၂၂) နှစ် ရို့ ဖြစ်ကြောင်း သိရှိရပါရေ။ လက်ရှိမှာ ကျူးလွန်သူတိကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆(မုဒိန်းမှု)၊ ၁၁၄ (ပြစ်မှုကျူးလွန်ရန် အားပေးမှု) စရေအမူတိနဲ့ အမှုဖွင့်လှစ်ထားပါရေ။
“ရွာကလူတိလည်း ဝိုင်းလို့ ဖမ်းမိရေအခါကျတော့ တစ်ယောက်က လွှတ်လားပါရေ။ သမီးကလည်း ခန္ဓာကိုယ် တစ်ခုလုံးမှာ ဇာ အဝတ်စားတစ်ခုလဲ မရှိယာလို့ ပြောကပ်ပါရေ။ စိတ်တော့ ဒုက္ခဖြစ်ရပါရေ။ ကိုယ့်သမီးလေး မသန်စွမ်း တစ်ယောက်ကို နှိပ်စက် ကပ်စွာတော့ အရီး မကျေနပ်စွာတစ်ခုယာရှိစွာပါ။”လို့ မခင်အေး၏ အမိ်က ဝမ်းနည်းစွာနဲ့ပြော ပြပါရေ။
အမ်းမြို့ ဒေသခံ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုမျိုးလွင်က အမ်းမြို့နယ်မှာ အစိုးရ၏ ဥပဒေစိုးမိုးမှု အနေအထား တပျင်းကြီး အားနည်းလာကြောင်း တွေ့လာရပြီးကေ ယင်းအနေအထားတိကြောင့်လည်း အသက်မပြည့်သိ့ရေ အမျိုးသမီး ချေတိ ပစ်မှတ်ထားလာရခြင်း ဖြစ်တေလို့ ဝေဖန်ပါရေ။
“မြို့ပေါ်မှာတောင် အသက်မပြည့်ရေ လူငယ်အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရရေဆိုကေ မြို့နယ်တိမှာ ပိုပြီးကေ မလုံခြုံ ယာလို့ ခံစားရပါရေ။ အမ်း အနေအထားက ဥပဒေစိုးမိုးမူ့က ဒေမုဒိမ်းမှု တစ်ခုတည်း မဟုတ်။ ကျန်ရေ အမှုတိမှာလည်း ဥပဒေစိုးမိုးမူတိ မရှိပါယာ။ ဇာအရေးကိစ္စကိုမဆို အစိုးရဘက်ကို တိုင်ကြားလို့ ထိထိရောက်ရောက် လုပ်ဆောင်ချက်တိ မရှိပါယာ။ ဒေတွက်ကြောင့် ဒေအမျိုးသမီးတိအပေါ်မှာ ပစ်မှတ်ထားလာရေလို့ ကျနော်ရို့ မြင်လာ ရရေပေါ့။ ဒေအမူ့က မိဘတိကိုယ်တိုင် ဒေသခံတိနဲ့ ဝိုင်းဝန်းပြီးကေ ဖမ်းလို့ရာ ဒေလူကို မိစွာပါ။ ရဲကယာ ဖမ်းဖို့ဆိုကေ မိဖို့က မလွယ်ပါ။”လို့ ဝေဖန်ပါရေ။
ယင်းမတိုင်ခင် နိုဝင်ဘာလ ၂၉ ရက်နိန့်ကလည်း ပေါက်တောမြို့နယ်မှာ သက်ငယ်မုဒိန်းမှုတစ်ခု ဖြစ်ပွားခပါသိရေ။ အသက် (၁၂) နှစ်ယာရှိသိရေ မူဆလင်ဒုက္ခသည် အမျိုးသမီးချေကို အသက်ကြီး အမျိုးသားသုံးဦးက ကျူးလွန်မှု ဖြစ်ပါရေ။ နစ်နာသူအမျိုးသမီးချေစွာ ပေါက်တောမြို့နယ် အနောက်ရဲကျေးရွာက ငှက်ချောင်းကျေးရွာ မူဆလင် ဒုက္ခသည်စခန်းကို လားရောက်ပြီးကေ နေအိမ်တစ်အိမ်မှာ အိမ်ဖော်လုပ်ကိုင်နီသူ ဖြစ်ပါရေ။
အေပိုင် လုပ်ကိုင်နေရင်း တစ်နိန့်မှာ တစ်ခြားအိမ် တစ်အိမ်ကို အလည်လားရေခါ ငွေကျပ် ၁၂ သိန်းခိုးယူရေလို့ စွပ်စွဲ ခံရပြီးကေ ငွေပိုင်ရှင်ဖြစ်တေ မော်လဝီဆရာနှင့် အပေါင်းအပါနှစ်ဦးက မုဒိန်းမှု ကျူးလွန်ခစွာဖြစ်ကြောင်း နစ်နာသူ အမျိုးသမီးချေ၏ မိသားစုဘားက သိရှိရပါရေ။
နစ်နာရေအမျိုးသမီးချေနဲ့ တူဝရီးတော်စပ်တေ ဦးမောင်နုက “ယင်းကောင်မချေက အနောက်ရဲက ရောက်လာပြီးကေ (ငှက်ချောင်း ဒုက္ခသည်စခန်းက) အမိရ်ဟူးစောင် အိမ်မှာနီပါရေ။ အိမ်ဖော် အဖြစ်နီစွာပါ။ ၂ လလောက် နီပြီးခါမှ ဟစ်ဒအာလီ ဆိုရေလူ အိမ်မှာ အလည်လားရေလို့ ဆိုပါရေ။ သူ့ကို ငွေခိုးရေဆိုပနာ စွပ်စွဲကပ်တေလို့ ဆိုပါရေ။ ငြင်းကေလည်း အမိရ်ဟူးစောင် အိမ်ကနီ အုပ်ချုပ်ရေးမူး ရွှေလဆိုရေ အိမ်မှာ ခေါ်ယူခပါရေလတ်။ ရွှေလ အိမ်မှာ ခေါ်ပြီးကေ နှိပ်စက်တေ။ ရိုက်နှက်ကပ်ပါရေလတ်။”လို့ ဖြစ်စဉ်ကို အသေးစိတ်ပြောပြပါရေ။
ဆက်ပြီးကေ ဦးမောင်နုက “မိဘတိဘားမပို့ဘဲ အာမိရ်ဟူးစောင် အိမ်ကို ပြန်လို့ အပ်ပါရေလတ်။ အာမိရ်ဟူးစောင်နဲ့ အုပ်ချုပ်ရေးမှုးနဲ့ သတ်စွာပါ။ အာမိရ်ဟူးစောင် အိမ်ကနီ ရွှေလက ခေါ်ယူလားပြီးကေ တစ်ညလုံး ကြိုးတိချိုင်ပနာ ခြောက်ပေါက်မှာ ထည့်ထားပါရေလတ်။ ခြိမ်းခြောက်ပြီးကေ ဓားနဲ့ ထိုးပါရေ။ ပြီးကေ ငွေရှင်ကို ပြန်လို့ အပ်လိုက်ပါရေလတ်။ ယင်းကောင်မချေကို မုဒိမ်းလည်း ကျင့်ပါရေ။” လို့ ပြောပြပါရေ။
ကျူးလွန်ခံရသူ အမျိုးသမီးချေမှာ ခန္ဓာကိုယ် ဒဏ်ရာတချို့ ရရှိခရေအတွက် Save The Children နှင့် UNICEF စရေ INGO အဖွဲ့တချို့၏ အကူအညီနဲ့ စစ်တွေမြို့၊ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူလို့ရှိနီပြီးကေ ကျူးလွန်သူတိကို ပေါက်တောမြို့နယ် ရဲစခန်းမှာ တိုင်ထားကြောင်း မိသားစုဝင်တိက ဆိုပါရေ။ အမှု ဖွင့်ထားရေအနက် ရာဇသတ်ကြီးဥပဒေပုဒ်မတိ့ ဖြစ်တေ ၃၂၃ (သာမန်နာကျင်စေမှု)၊ ၃၄၂(ချုပ်နှောင်မှု)၊ ၃၇၆ (မုဒိန်းမှု)၊ ၃၅၄ (ကာယိ အိန္ဒြေပျက်ပြားစေမှု)၊ ၁၄၄ (ပြစ်မှုကျူးလွန်ရန်အားပေးမှု) တိပါဝင်ကြောင်း ရခိုင်အခြေစိုက် သတင်းဌာနရို့၏ တချို့ သတင်းတိမှာ မြင်တွေ့ရပါရေ။
အမှုဖွင့်ပြီး နောက်ပိုင်း ကျူးလွန်သူတိက နစ်နာသူ၏ မိသားစုဝင်ရို့ကို တုတ်၊ ဓါးတိနဲ့ လာရောက်ခြိမ်းခြောက်မှုတိ ရှိနေကြောင်း ဦးမောင်နုက Arakan Yoma ကို ပြောပါရေ။ ပေါက်တောမြို့နယ် ရဲတပ်ဖွဲ့ကတော့ကေ ကျူးလွန်သူတိကို ဖမ်းဆီးဖို့ ဒီဇင်ဘာလ ၂၅ ရက်နိန့်က အခင်းဖြစ်ပွားရာသို့ လားရောက်တေခါ တစ်ဦးကို ဖမ်းဆီးရမိခကြောင်း ပေါက်တောမြို့နယ် ရဲစခန်းမှူး ဒုရဲမှူးလှဌေးက Western News သို့ ဖြေကြားထားပါရေ။
ရခိုင်ပြည်နယ်မှာ သက်ငယ်မုဒိန်းမှု ယခင်နှစ်ကထက် ၄ ဆပိုတိုးလာကြောင်း ဥပဒေရေးရာကုစားရေးရုံး (LCM) ၏ ရခိုင်ပြည်နယ် ရုံးခွဲက ကောက်ယူထားရေ စာရင်းဇယားတိအရ သိရပါရေ။ ပြီးခရေ ၂၀၁၉ ခုနှစ်က သက်ငယ်မုဒိန်းမှု ၅ မှုရာ ရှိခပြီးကေ ၂၀၂၀ ခုနှစ်မှာ အမှုပေါင်း ၂၀ အထိရှိလာခစွာလည်း ဖြစ်ပါရေ။ ယင်းအထဲက စစ်တွေခရိုင်မှာ ၁၁ မှုနဲ့ ကျောက်ဖြူခရိုင်မှာ ၉ မှုရှိခစွာလည်း ဖြစ်ပါရေ။ ယင်းပိုင်တိုးလာနေချိန်ရေ ရခိုင်ဒေသအတွင်း တပ်မတော်နန့် ရခိုင့်တပ်တော် အေအေ အဖွဲ့ရို့ကြား လက်နက်ကိုင်ပဋိပက္ခ တင်းမာနီရေ အချိန်လည်း ဖြစ်ပါရေ။
ဥပဒေရေးရာ ကုစားရေးရုံး (LCM) ၏ ရခိုင်ပြည်နယ်ရုံးခွဲက ကောက်ယူထားရေ စာရင်းဇယားတိအရ ဆိုပါကေ ယင်း အမှုတိ့ ထဲက ၁၆ မှုစွာ တရားခံ မိထားပြီးကေ ကျန်ရေ ၄ မှုမှာက ကျူးလွန်သူ ထွက်ပြေး လွတ်မြောက်နီကြောင်း ဆိုထားပါရေ။ တချို့ရှေ့နေတိ့က အသက် (၁၈) နှစ်မပြည့်သေးသူကို အဓမ္မမှုကျူးလွန်ကြောင်း ထင်ရှားပါလျှင် သက်ငယ် မုဒိန်းမှုမြောက်ကြောင်း ဆိုထားပါရေ။
ယင်း ဖြစ်စဉ်တိအပြင် ပေါက်တောမြို့နယ် သဲခုံကျေးရွာမှာ အောက်တိုဘာလ ၁၁ ရက်နိန့်က အသက် (၁၇) နှစ်အရွယ် အိမ်ထောင်ရှိ အမျိုးသမီးချေတစ်ဦးကို အမျိုးသားဖြစ်သူ၏ အစီစဉ်နဲ့ သူ အပါအဝင် အပေါင်းအပါ ၈ ဦးရို့က အုပ်စုဖွဲ့ မုဒိန်းမှု တစ်ခုလည်း ရှိခပါရေ။ ယင်းဖြစ်စဉ်မှာဆိုပါကေ ကျူးလွန်သူတိကို ရခိုင့်တပ်တော် AA အဖွဲ့က ဖမ်းဆီးလားကြောင်း သတင်းတိ ထွက်ပေါ်ခပါရေ။
အေဖြစ်စဉ် ယာမက ပြည်သူတိက လက်ညိုးထိုး အပြစ်ပြောစရာ ပြစ်မှုတစ်ခုလည်း ရှိနီခပါသိရေ။ ယင်းကတော့ကေ သက်ငယ် မုဒိန်းမှုတော့ မဟုတ်။ နိုင်ငံတော်၏ လုံခြုံရေးကို တာဝန်ယူနီကပ်တေ တပ်မတော်သားတိက စစ်မြေပြင်အတွင်း ခိုကိုးရာ မဲ့နီရေ အမျိုးသမီးကို အုပ်စုဖွဲ့လို့ အဓမ္မပြုကျင့်ခခြင်းပင် ဖြစ်ပါရေ။ ရှေ့တန်း ထွက်လာကပ်တေ တပ်မတော်သား တိထဲက သုံးဦးရေ ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာက အသက် (၃၆) နှစ် အရွယ်အမျိုးသမီးကို ကျူးလွန်ခစွာဖြစ်ပါရေ။ ယင်း အမျိုးသမီးရေ အချေ ၄ ယောက် အမိလည်း ဖြစ်ပါရေ။ ယင်းအမျိုးသမီးကို တင်မက အချေမွေးပြီးလို့ ၆ ရက်ယာ ရှိသိရေ အဆိုပါ အမျိုးသမီး၏ သမီးဖြစ်သူကိုလည်း ပြုကျင့်ဖို့ ကြံစဉ်ခပါရေ။ ယင်းအမှုကို ၆ လခန့်အကြာမှာ စီရင်ချက် ချမှတ်နိုင်ခပြီးကေ ကျူးလွန်ရေ တပ်မတော်သားတိကို စစ်တွေမြို့အရပ်ဖက်အကျဉ်းထောင်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်အနှစ် ၂၀ စီချမှတ်ထားပြီး ဖြစ်ပါရေ။
စောစံငြိမ်းသူ ဦးဆောင်ရေ အင်္ဂလိပ်ဝေါဟာရ RWIO ခေါ် ရခိုင့်ရှေ့ဆောင်အမျိုးသမီးအဖွဲ့ဆိုပါကေ အမျိုးသမီးတိနဲ့ ပတ်သတ်တေ အကြမ်းဖက်မှုတိကို နှစ်စဉ်နှစ်တိုင်းစောင့်ကြည့်လျက်ရှိပါရေ။ မုဒိန်းမှုနဲ့ ပတ်သတ်လို့ပြောရဖို့ဆိုပါကေ ၂၀၂၀ ပြည့်နှစ်မှာ ပေါက်တောမြို့နယ်က အများဆုံးဖြစ်ပွားစွာကို တွေ့ရကြောင်းဆိုပါရေ။ ဖြစ်ပွားရရေ အကြောင်း အရင်းတိက အရက်အပါအဝင် မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ဆင်းရဲမွဲတေခြင်း၊ ဒေသအခြေအနေ မလုံခြုံခြင်း စရေ အကြောင်းတိ ပါဝင်ကြောင်း ဆိုပါရေ။
“၆ နှစ်တာကာလ အတွင်းမှာဆိုကေ ဖြစ်ပျက်တေ မုဒိန်းမှု အများအပြားစွာ ပေါက်တောမြို့နယ်မှာ အများဖြစ်ပါရေ။ ယင်းထဲမှာမှ ပေါက်တောမြို့နယ်ထဲမှာက ဒေသက်ငယ် မုဒိမ်းမှု ဆိုပါကေ အများကြီးဖြစ်ပါရေ။ အကျွန်ရို့လည်း ဒေကနိန့် ၂၀၁၇၊ ၂၀၁၈ ဝန်းကျင်မှာလည်း အကျွန်ရို့ စဉ်းစားမိနေရေ။ ဒေကိစ္စ စွာ ပေါက်တောမြို့နယ်မှာ ပိုပြီးကေ အဖြစ်များရေ အပေါ်မှာလည်း ကျမရို့ စဉ်းစားချက်တိ ရှိပြီးကေ ယင်းဟင့်ကို ဇာပိုင် စစ်တမ်း ကောက်နိုင်ဖို့လဲ။ ဇာပိုင် သုတေသန ပြုနိုင်ဖို့လဲ။ ဆိုပြီးကေ စဉ်းစားနီစွာရှိပါရေ။ တရားဝင်ဒေပိုင် စစ်ဆေးမှုတိနဲ့ စနစ်တကျ လိုက်လုပ်နိုင်ရေ အနေအထား မရှိကေလည်း ဒေသခံတိရဲ့ ကောလဟာလ ပုံစံမျိုးနဲ့ ပြောနေရေ စကားအရ ဆိုကေ ကြားလိုက်ရစွာက အရက်ဗူးတစ်ခုမှာ ဆိုပါကေ စိတ်ကြွစေရေ အရက် ပုလင်းတစ်လုံး လောက်ပါရေလို့ ပြောပါရေ။ ယပိုင်ဟာတိရေ ပေါက်တောမြို့နယ်ကို ပိုပြီးကေ ရောက်တေလို့ ကြားပါရေ။ ယပိုင်ဆိုပါကေ ကျမရို့ တရားဝင် ပြောလို့မရပါ။ တရားဝင်ပြောလို့ မရသော်လည်း ခုပိုင် အရပ်သားတိ၏ ထွက်ပေါ်လာရေ စကားအရဆိုလို့ရှိကေ ပေါက်တောမြို့နယ်မှာ မုဒိမ်းမှုတိများပြားရခြင်းရေ အရက် ပုလင်းတိမှာ စိတ်ကြွစီရေ ပုလင်းတစ်လုံးလောက်ပါရေ။ ယင်းဟာတိကို သောက်မိကေ ဖြစ်တေလို့ယာ ယူဆရရေ ဆိုပြီးတော့ကေ ပြောကပ်စွာရှိပါရေ။ ရခိုင်ဒေသအတွင်းမှာ အမျိုးသမီးတိကို အကြမ်းဖက်မှုတိ အခုချိန်အထိ များပြားနေရရေ အကြောင်းအရင်းက ကျကေ တစ်ဘက်မှာလည်း စီးပွားရေးတိ အခက်အခဲ အကျပ်အတည်း အခြေအနေတိမှာ ပိုပြီးကေ လုံခြုံမူကင်းမဲ့စီရေ အနေအထားတိကို ဖြစ်စေပါရေ။ ဆင်းရဲနွမ်းပါးရေ အိမ်တိမှာဆိုပါကေ များသော အားဖြင့်က အသက်မပြည့်ရေ သားသမီးတိကို အိမ်မှာ ထားခပြီးကေ မိဘတိက တော၊ တောင်တိကို လားလာ လှုပ်ရှား လုပ်ကိုင်စားသောက်ရရေ အခြေအနေတိမှာလည်း လုံခြုံမှု မရှိရေ အကြောင်းကြောင့် အဓမ္မပြုကျင့် ခံရရေ အနေအထားတိ့ ရှိပါရေ။ ဆိုတော့ စီးပွားရေး အကျပ်အတည်း အခက်အခဲတိ သက်ရောက်မှု ရှိရေလို့ ကျမရို့ ယူဆပါရေ။” လို့ စောစံငြိမ်းသူက ထောက်ပြပါရေ။
ရခိုင်ပြည်နယ်အတွင်း ဒေသတည်ငြိမ်မှု ဆုတ်ယုတ်လာရေ နောက်ပိုင်း တရားဥပဒေ စိုးမိုးမှုအပိုင်းတိ အားနည်းလားရေ အတွက် မုဒိန်းမှုအပါအဝင် မှုခင်းတိ ဖြစ်ပွားရေအခါ ရဲတပ်ဖွဲ့ကို လားရောက် တိုင်တန်းသော်လည်း အရေးတယူ ဆောင်ရွက် မပီးခြင်းကြောင့် နောက်ပိုင်းမှာ မည်သည့် အဖွဲ့အစည်းကို လားရောက် တိုင်တန်းရဖို့ဆိုစွာကို မသိရှိရေအနေ အထားတိကို ပြည်သူက ကြုံလာရစွာတိမှာလည်း ကျူးလွန်သူတိကို ထပ်မံကျူးလွန်ဖို့ အခွင့်အရေးပေးရာ ရောက်ကြောင်း ယူဆသူတိလည်း ရှိပါရေ။
အေပိုင် ပြစ်မှုကျူးလွန်ခြင်းတိ ထပ်မံမဖြစ်ပွားရအောင်၊ လျော့နည်းလာအောင် ဥပဒေရေးရာအပိုင်းတိမှာလည်း ပြင်ဆင်ဖြည့်စွက်ခြင်းတိ လိုအပ်နီစွာပိုင် တစ်ဖက်မှာလည်း အသိပညာပေးမှုများ၊ Sex Education လို့ ခေါ်ရေ လိင်ပညာ ပေးမှု တိနဲ့ ကလေးသူငယ် အခွင့်အရေးတိကို နားလည် သဘောပေါက်လာအောင် ဆောင်ရွက်မှုတိလည်း လိုအပ်နီပါရေ။ ယင်းအပြင် ဒေပိုင်ပြစ်မှုတိ မဖြစ်ပွားရအောင်နဲ့ ဖြစ်လာပါကေလည်း ဇာပိုင်ဆောင်ရွက်ရဖို့ကို အကူအညီပီးဖို့ အဖွဲ့အစည်း ရို့လည်း အများကြီး လိုအပ်နီကြောင်း သက်ငယ်မုဒိန်းမှုတိနဲ့ ပတ်သက်ပနာ စစ်တမ်း ကောက်မှုတိ ပြုလုပ်နီရေ ဥပဒေရေးရာ ကုစားရေးရုံး၊ ရခိုင်ပြည်နယ်ရုံးခွဲ တာဝန်ရှိသူ ဒေါ်မြသူဇာက ပြောပါရေ။
“ကလေးသူငယ်အခွင့်အရေး Child right law ၊ CRC Convention စသဖြင့်၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ တိကို အခွင့်အရေးတိကို မလေးစားလို့ဖြစ်ပါရေ။ နောက်တချက်က ချိန်းကပ်ရ လွယ်ကူရေ။ နောက်တစ်ချက်က အရက်သေစာ သောက်စားမှု၊ မူးယစ်ဆေးဝါးသောက်စားမူတိ ကြောင်းလည်း မုဒိန်းမှုတိ ဖြစ်ဖို့အတွက် ပိုပြီးကေ ပံ့ပိုးစီရေပါ့။ ပြီးကေ အင်တာနက် ဆိုရှယ်မီဒီယာတိမှာ ညစ်ညမ်း ဗွီဒီယိုတိ၊ ပုံတိပေါ့လေ စသဖြင့် ယင်းပုံတိကြောင်း ဒေသက်ငယ် မုဒိမ်းမှုတိ ဖြစ်ဖို့တွက် ပိုပြီးကေ ပံ့ပိုးစီရေ။ နောက်တစ်ချက်က အမရို့ မြန်မာနိုင်ငံမှာ ဆိုရှယ် Education learn ပညာပေးမှုနဲ့ ပတ်သက်ပြီးကေ အားနည်းရေ။ စရေ အချက်တိကြောင်းလည်း နေပြီးကေ ဒေပိုင် ပံ့ပိုးမှုတိ ဖြစ်စီရေ။ နောက်တစ်ချက်က နေပြီးကေ လက်ရှိ ဥပဒေမှာ ပြဌာန်း ထားရေ ပြဌာန်းချက်တိကို သိရှိမှု အားနည်းရေ အတွက်ကြောင့်လည်း ဒေပံ့ပိုးမှုတိကို ဖြစ်စီရေ။ ပြီးကေ ဒေချင့်တိကို မဖြစ်ရအောင် စောင့်ကြည့်၊ ကာကွယ်ပီးဖို့ စရေ ယန္တရားတိ မရှိရေအတွက်ကြောင်းလည်း နီပြီးကေ ဒေသက်ငယ်မုဒိမ်းမှုကို ဖြစ်ဖို့အတွက် ပံ့ပိုးပေးစီရေ။”
ကျူးလွန်သူတိကို စစ်ဆေးကြည့်ရေအခါ အိမ်နီးနားချင်း၊ ဆွေးမျိုးအရင်းအချာတိ ပါဝင်ရေအတွက် အယုံမလွယ်ကပ်ဖို့ လည်း တိုက်တွန်းကပ်ပါရေ။ ယင်းအပြင် အမျိုးသမီးငယ်တိကိုယာမက ယောက်ျားငယ်တိကိုပါ ပစ်မှတ်ထားလာမှု တိလည်း ရှိလာကြောင်း သိရပါရေ။ ယင်းပိုင်မိသားစုဝင် အချင်းချင်း ဖြစ်ပွားလာရေ အမှုတိမှာ အရှက်ရမှုတိမဖြစ် လာရအောင် နှစ်ဦးနှစ်ဖက် ကြေအေး လိုက်ကပ်စွာတိလည်း ရှိပါရေ။
“ကျူးလွန်ခံရရေ အမျိုးသမီး တစ်ယောက်အနေနဲ့ ကို့ဟာကို ကျူးလွန်ခံရရေ ဆိုကေပင် မသန့်မရှင်းစွာပိုင် ခံစား လားရစွာတိ ရှိပါရေ။ တစ်ဖက်မှာကလည်း ပတ်ဝန်းကျင်ကို ရင်ဆိုင်ဖို့ အခက်အခဲအများကြီးရှိပါရေ။ ဇာလို့ဆို ပတ်ဝန်းကျင်က ကျူးလွန်ခံရရေ အမျိုးသမီးကိုယာ ရှက်စရာဆိုရေ အဖြစ်နဲ့ ခံယူလားပြီးကေ တကယ်တန်း ရှက်ရဖို့ သူက ကျတော့ကေ ကျူးလွန်သူရို့သာ ဖြစ်ပါရေ။”လို့ စောစံငြိမ်းသူက အကြံပြုပါရေ။
Cover Photo credit to the UNICEF Myanmar/2017/Kyaw Kyaw Winn
521 total views, 1 views today