Arakan Yoma|
ရခိုင်ပြည်နယ်မှာ ပြီးခရေ ၂၀၁၉ ခုနှစ်ကထက် ၂၀၂၀ ပြည့်နှစ်မှာ သက်ငယ်မုဒိန်းမှု ၄ ဆထက် ပိုတိုးလာရေလို့ ဥပဒေရေးရာ ကုစားရေးရုံး၊ ရခိုင်ပြည်နယ်ရုံးခွဲမှ ကောက်ယူရရှိထားရေ စာရင်းဇယားတိအရ သိရပါရေ။
ပြီးခရေ ၂၀၁၉ ခုနှစ်မှာ သက်ငယ်မုဒိန်းမှု ၅ မှုသာရှိခပြီးကေ ၂၀၂၀ ခုနှစ်မှာ ၁၅ မှုပိုတိုးလာခပနာ စုစုပေါင်း အမှု ၂၀ အထိ ရှိလာခပါရေ။ စစ်တွေခရိုင်မှာ ၁၁ မှုနဲ့ ကျောက်ဖြူခရိုင်မှာ ၉ မှု ရှိခစွာလည်း ဖြစ်ပါရေ။ စစ်တွေခရိုင်မှာ ဆိုပါကေ စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်နန့် ပုဏ္ဏားကျွန်းမြို့နယ်တိ ပါဝင်ရေအထဲက ပေါက်တောမြို့နယ်မှာ အများဆုံး ရှိခရေလို့ ပြောပါရေ။
ကျောက်ဖြူခရိုင်မှာက ကျောက်ဖြူအပါအဝင် ရမ်းဗြဲ၊ မာန်အောင်နဲ့ အမ်းမြို့နယ်ရို့ပါဝင်ပါရေ။ ယင်း အမှုတိထဲက ၁၆ မှုမှာ တရားခံ ဖမ်းမိထားပြီးကေ ကျန် ၄ မှုမှာ ပြစ်မှု ကျူးလွန်သူကို ဖမ်းဆီးနိုင်ခြင်း မရှိခပါ။ ယင်းစာရင်းတိကို ပြီးခရေ ဒီဇင်ဘာလ ၂၆ ရက်နိန့် အထိ ကောက်ယူရရှိထားစွာဖြစ်ကြောင်း ဥပဒေရေးရာကုစားရေးရုံးက ရခိုင်ပြည်နယ်ရုံးခွဲ တာဝန်ရှိသူ ဒေါ်မြသူဇာက ပြောပါရေ။
ပြီးခရေ နိုဝင်ဘာလ ၁၁ ရက်နိန့်က ပေါက်တောမြို့နယ် သဲခုံကျေးရွာမှာ အိမ်ထောင်ကျနိန်ရေ (၁၇) နှစ်အရွယ် အမျိုးသမီးငယ် တစ်ယောက်ကို ခင်ပွန်းဖြစ်တေလူအပါအဝင် အပေါင်းအပါ ၈ ဦးက အဓမ္မပြုကျင့်မှု ဖြစ်ပွားခစွာပိုင် ယင်းမြို့နယ် အတွင်းမှာပင် နိုဝင်ဘာလ ၂၉ ရက်နိန့်လည်း ငှက်ချောင်းကျေးရွာကို လားလို့ အိမ်ဖော်အဖြစ် လုပ်ကိုင်နေရေ အသက် (၁၂) နှစ်အရွယ် မူဆလင်ဒုက္ခသည် အမျိုးသမီးချေတစ်ယောက်လည်း အမျိုးသားသုံးဦး၏ ပြုကျင့်မှု ခံခရပြန်ပါရေ။
ယင်းအပြင် ဒီဇင်ဘာလ ၂၁ ရက်နိန့်ရက်ကလည်း အမ်းမြို့မှာ ၁၆ နှစ်အရွယ် ဆွံ့အနားမကြား မသန်စွမ်း အမျိုးသမီးချေ တစ်ဦး ထပ်ပြီးကေ ပြုကျင့်ခရပါရေ။ အေပိုင် အမျိုးသမီးတိကို ပြုကျင့်မှု ယာမက ယောက်ျားချေတိကိုပါ ပစ်မှတ်ထား လာစွာလည်း ရှိခပါရေ။ ဥပဒေရေးရာ ကုစားရေးရုံး၏ စာရင်းမှာ ယောက်ျားချေကို ပြုကျင့်ရေ ဖြစ်စဉ်တစ်ခု ရှိခကြောင်း ဖော်ပြ ထားပါရေ။
ခုပိုင် မုဒိန်းမှုတိ များပြားလာရခြင်းရေ အရက်သေစာ သောက်စားမှုများပြားလာစွာ၊ လူမှုစီးပွားရေး အခြေအနေ ကျဆင်း လာစွာတိ့နဲ့ တရားဥပဒေစိုးမိုးရေးအပိုင်းတိ့မှာ အားနည်းချက်တိ ရှိလာရေအတွက် ဖြစ်တေလို့ ရခိုင့်ရှေ့ဆောင် အမျိုးသမီးအဖွဲ့၊ ဥက္ကဌ စောစံငြိမ်းသူက ပြောပါရေ။
499 total views, 1 views today