ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

တန်းတူအခွင့်အရေးမရခြင်းနှင့် လွတ်လပ်စွာ ပညာသင်ကြားခွင့် ဆုံးရှုံးနေရေအကြောင်းကို ပြောပြနီရင်း ငယ်ဘဝက အကြောင်းအရာ တချို့ပါလာစွာကို သတိထားမိပါရေ။ ပြည်နယ်၏ မြို့တော်က သူ့မွေးရပ်ဖြစ်ပြီးကေ ယင်းမြို့မှာ နာမေကြီးရေလို့ ဆိုကပ်တေ အထက်တန်းကျောင်းမှာ ဆယ်တန်းအောင်ခပနာ ယင်းမြို့ တက္ကသိုလ်က ဘွဲ့ယူခရေဆိုစွာ အကြောင်းတိလည်းပါပါရေ။

အယင်နှင့် အခုအခြေအနေတိ့က အများကြီးပြောင်းလဲလားယာလို့ ဆိုပါရေ။ အခု မျိုးဆက်သစ်လူငယ်တိ့မှာက သူရို့ အချေခါ ငယ်ဘဝကပိုင် မြို့ပေါ်ကျောင်းတိမှာ ပညာသင်ကြားခွင့်ရဖို့ဆိုစွာ မလွယ်ကူပါယာလို့ ဆိုပါရေ။ ယင်းအခြေ အနေရေ ၂၀၁၀ အလွန် အစိုးရလက်ထက်က စတင်ခစွာလို့ သူက ရှင်းပြပါရေ။ သူရို့စွာ ရခိုင်မျိုးနွယ်စု ၇ မျိုးထဲမှာ ပါဝင်ပြီးကေ မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးမှာလည်း တရားဝင် သတ်မှတ်ခံထားရပါရေ။

“ကျွန်တော် ကိုယ်တိုင် စစ်တွေအ.ထ.က ၄ ကနီ ၁၀ တန်းအောင်စွာကိုး။ စစ်တွေ တက္ကသိုလ်က ကျွန်တော်လည်း ကျောင်းပြီးစွာကို။ အခု generation (မျိုးဆက်) မှာ ကျကေ အချေတိစွာ စောစောက ကျနော်ပြောစွာပိုင် ၂၀၁၂ ခုနှစ် နောက်ပိုင်း ကနေ စစ်တွေမှာရှိရေ မြို့ပေါ်ကျောင်းတိကို တက်လို့မရပါယာ။ ကျွန်တော်ရို့ပါတီ အနေနဲ့လည်း နည်းပေါင်းစုံ ကြိုးစားပါရေ။ ယေလေ့သင့် အဆင်မပြေပါ။” လို့ အသက် ၃၁ နှစ်အရွယ် ကမန်လူမျိုး ကိုတင်လှိုင်ဝင်းက ပြောပြပါရေ။

တိုင်းရင်းသားဖြစ်ပါလျက်နှင့် တန်းတူအခွင့်အရေးတိ ဆုံးရှုံးလျက်ရှိရေ သူရို့လူမျိုးအတွက် တတ်နိုင်ရေဖက်က တိုက်ပွဲ ဝင်ရင်း ကိုတင်လှိုင်ဝင်းမှာ ကမန်လူမျိုးစု ခေါင်းဆောင်တိထဲ့က တစ်ဦးအပါအဝင် ဖြစ်လာပြီးကေ လက်ရှိမှာ ကမန်အမျိုးသား တိုးတက်ရေးပါတီ၏ အထွေထွေအတွင်းရေးမှူး တာဝန်ထမ်းဆောင် နီသူလည်း ဖြစ်ပါရေ။

လွန်ခဲ့ရေ ၈ နှစ်ကျော် ကာလက ရခိုင်ပြည်နယ်မှာ လူမျိုးရေး အသွင်ဆောင် ပဋိပက္ခတစ်ခု ဖြစ်ပေါ်ခပါရေ။ ယင်းအချိန်က အစ္စလာမ် ဘာသာဝင်ရို့၏ နေအိမ်တိစွာ မီးရှို့ခြင်းခံခရပါရေ။ ယင်းအချိန်က ဦးသိန်းစိန် ဦးဆောင်ရေ အစိုးရ အုပ်ချုပ်စဉ် ကာလလည်း ဖြစ်ပါရေ။ ယင်းအစိုးရရေ မြို့နှင့် ဝေးရာဒေသရို့မှာ သီးခြားစခန်းတိ ဆောက်လုပ်လို့ပင်ဖြစ်ဖြစ်၊ အယင်ရှိနေဆဲ ကျေးရွာတိမှာ အလားအလာ ကန့်သတ်လို့ပင်ဖြစ်ဖြစ် မူဆလင်ရို့ကို ထားရှိဖို့ အစီစဉ်ချမှတ်ခပါရေ။

ယင်းအစီစဉ်ထဲမှာ အစ္စလာမ်ဘာသာ ကိုးကွယ်ပါသော်လည်း ရခိုင်ရို့၏ ဘာသာစကားကို ပြောဆိုကပ်ပြီး ရိုးရာ၊ ယဉ်ကျေးမှုနန့် ဓလေ့ထုံးတမ်းရို့မှာ ကောင်းကောင်းကြီးနီးစပ်တေ ကမန်တိုင်းရင်းသားတိလည်း ပါဝင်လားပါရေ။ ယင်းနောက် ကမန်ရို့စွာ မူဆလင်တိ့နည်းတူ ပညာရေး၊ စီးပွားရေးနန့် အလုပ်အကိုင်အခွင့်အလမ်းက အစ ကဏ္ဍ အသီးသီးမှာ ခွဲခြားမှုတိ ခံလာခရပါရေ။

“ရခိုင်ပြည်နယ်ထဲမှာကျတောကေ့ ၂၀၁၀ ကာလလောက်ထိ စစ်တွေ တက္ကသိုလ်ရို့ မြို့နယ်ခြားတိမှာလည်း ရခိုင်နဲ့ တန်းတူ ပညာသင်ကြားလို့ရပါရေ။ ပြီးကေ ၂၀၁၂ ခုနှစ် ဒေ ရခိုင်ဒေသမှာ ပြဿနာတက်လာပြီးရေ နောက်ပိုင်းမှာ ကမန်တိစွာ ရခိုင်တိနဲ့ တန်းတူ ပညာသင်ယူခွင့် လုံးဝမရှိတော့ပါ။ ကျောင်းတက်လို့ မရပါ။ ပြီးကေ ဆေးကုသလို့ မရ။ ဆိုကေ ကျောင်းလည်း တက်လို့မရ ဆေးကုသလည်းမရ ဆိုပါကေ စီးပွားရေး လုပ်ကိုင်ရှာဖွေ စားသောက် ဖို့ဆိုစွာက တော့ကေ တွက်ရာကြည့်ပါဖိ။ တိုင်းရင်းသား ဖြစ်တယ်လို့ယာ ဆိုစွာ စာရွက်မှာယာ ရှိရေ။ ဥပဒေအရ တစ်ခု အခွင့်အရေးက ဒေနိ့အထိ ခံစားရရေလို့ ကမန်စိတ်ထဲမှာ မရှိသိပါ။” လို့ ကိုတင်လှိုင်ဝင်းက ဆိုပါရေ။

ယင်းခွဲခြားမှုထဲက သူရို့မှာ လွတ်မြောက်ဖို့ ကြိုးပမ်းလာခကပ်ပါရေ။ အုပ်ချုပ်နီရေ အစိုးရကို တင်ပြဆွေးနွေးခြင်း၊ ဒေသနီ ရခိုင်ရို့နန့် ညှိနှိုင်းခြင်းစရေ လုပ်ဆောင်ချက်တိ ဆောင်ရွက်ခကြောင်း ကမန်လူမျိုးစု ခေါင်းဆောင်တိက ပြောပြပါရေ။ သို့သော် အစိုးရ နှစ်ဆက်ကုန်ဖို့ယာ ဖြစ်တေ အခု အချိန်ထိ တာဝန်ရှိ သူရို့၏ အကောင်ထည်ဖော်ဆောင်မှု အားနည်းခြင်း ကြောင့် မအောင်မြင်ခရပါ။ မအောင်မြင်ရေအဆုံး ၎င်းရို့ရေ ဇာပိုင်မျိုးနည်းလမ်းနန့် လားရဖို့ကို စဉ်းစားလာကပ်ပါရေ။
ယင်းမှာ နေရပ်စွန့်ခွာပြီးကေ နယ်မြေသစ်မှာ နေထိုင်ဖို့နည်းလမ်းဖြစ်လာပါရေ။ ယင်းချင့်စွာ သူရို့အတွက် အဆင်အပြေဆုံး နည်းတစ်ခု ဖြစ်ဟန်တူပါရေ။ ကန့်သတ်ခံလိုက်ရရေနောက်ပိုင်း ကမန်ရို့စွာ ရန်ကုန်အပါအဝင် မန္တလေးနန့် တခြားပြည်နယ် တိုင်းတချို့ကို ပြောင်းရွှေ့လားကပ်ပါရေ။ အရင်က လူဦးရေ ၄ သောင်းခန့်ရှိခရေ ကမန် မျိုးနွယ်စု အထဲက ၂ သောင်းလောက်ပဲ ရခိုင်ပြည်နယ်မှာ ကျန်ရှိပါယာလို့ ကမန်အမျိုးသားတိုးတက်ရေးပါတီက သိရပါရေ။

“လူသဘာဝ လူဆိုစွာကတော့ ရေကြည်ရာ မြက်နုရာမှာ မိမိရို့ မိမိဘဝ၊ မိမိရို့ အနာဂါတ်စွာ မသေချာတော့ကေ့ ပြောင်းရွှေ့ နီထိုင်ကပ်ရစွာပါ။ ခိုင်မာ သေချာရေ အနာဂါတ် တစ်ခုကိုတော့ လိုချင်ကပ်စွာကိုး။ ယင်းကြောင့် ဇာပိုင် ခေါ်ဖို့လဲ ဒေပုံစံအတိုင်း လားကေတော့ ရခိုင်မှာ လူကျန်ဖို့ မဟုတ်ပါရာ။ ကမန်လို့ မဟုတ် ရခိုင်လည်းမကျန်။”

စစ်တွေ သံတွဲရို့မှာ သီးခြားကျေးရွာတိနဲ့ နီထိုင်နေကပ်ကေလည်း ကျောက်ဖြူမှာ ကျပါကေ ကျောက်တစ်လုံး ကယ်ဆယ်ရေးမှာ နီထိုင်နီကပ်စွာကို တွီ့ရပါရေ။ ရမ်းဗြဲမှာဆိုကေ ၁၀ ဦးတောင် မကျန်ယာလို့ သိရကြောင်း ကိုတင်လှိုင်ဝင်းက ဆိုပါရေ။ လက်ရှိ ရခိုင်ပြည်နယ်ထဲမှာ ကျန်ရှိနေသူ တချို့မှာလည်း ပိုမိုကောင်းမွန်ရေ အခွင့်အလမ်း ရရှိဖို့ ပြောင်းရွှေ့လိုရေ ဆန္ဒရှိပါကေလည်း ငွေကြေးပိုင်းဆိုင်ရာ လိုအပ်ချက်တိရှိနီကြောင်း ဆိုပါရေ။

“ကျွန်တော်ရို့ စစ်တွေမှာဆိုကေ သက်ကယ်ပြင်ရွာမ၊ သင်္ဂနက်၊ သာယာကုန်း ဒေရွာ သုံးရွာကျန်ပါရေ။ မြို့ပေါ်မှာ ရှိရေ ကမန် တချို့ကတော့ ရန်ကုန်ကို ပုံစံ အမျိုးမျိုးနဲ့ ပြောင်းရွှေ့လားစွာတိ ရှိပါရေ။ ဒေပိုင် ကျေးရွာထဲမှာ ရန်ကုန်ကို မပြောင်းနိုင်ရေ လူတိကျတော့ကေ ဒေကျေးရွာကိုယာ ပြန်ပြီးကေ အခြေချ နေကပ်စွာလည်းရှိပါရေ။

ကမန်ရို့ရေ တိုင်းရင်းသားဖြစ်ရေအတွက် နေရာပိုင်ဆိုင်မှုတိနဲ့ ဆုံးရှုံးနစ်နာမှုတိ ပြန်လည်ဖော်ဆောင်ပီးကပ်ဖို့ လိုအပ်ကြောင်းနန့် ဥပဒေပါ အခွင့်အရေးကို ပီးရဖို့ဆိုပြီးကေ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်ရေ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်မှာလည်း အကြံပြုထားပါရေ။ ယေလေ့ အစိုးရ၏ အားနည်းချက်ကြောင့် ကမန်ရို့၏ တောင်းဆိုမှုမှာ မအောင်မြင်ခလို့ ကိုတင်လှိုင်ဝင်းက ဆိုပါရေ။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း ကျန်ရစ် နေထိုင်လျက်ရှိကပ်တေ သံတွဲနန့် စစ်တွေမှ လူငယ်တိဆိုကေ သူငယ်တန်းကနီ အလယ်တန်းရောက်ရေအထိ ကျေးရွာတိမှာ ပညာသင်ကြားရပါကေလည်း မူဆလင်တိနှင့်အတူ ယှဉ်တွဲ သင်ကြားကြရရေ အတွက် ရခိုင်စကားပြောရေ သူရို့စွာ ဘာသာစကားနားမလည်ခြင်း၊ အထက်တန်းနှင့် တက္ကသိုလ် အဆင့်ထိ ရောက်လာပါကေလည်း လုံခြုံရေးအခြေအနေ စိုးရိမ်ရရေအတွက် ကျောင်းထွက်လိုက်ကတ်ရစွာတိ့ ရှိကြောင်း သံတွဲမြို့နယ် ကျောင်းတိုက် ကျေးရွာနေ အသက် (၃၁) နှစ်အရွယ် ကမန်လူငယ် အမျိုးသမီးတစ်ဦး ဖြစ်တေ မဆောင်းနှင်းဝေက ပြောပါရေ။

“စိတ်ပိုင်းဆိုင်ရာကို ဇာလောက်ထိ ထိခိုက်လည်း ဆိုလို့ရှိကေ ခုလက်ရှိ အမရို့မှာ ဖြစ်ပျက်နီရေ တစ်ခုက သူရို့က ကျတော့ကေ စိတ်ဓာတ်ပိုင်းဆိုင်ရာ တိ့မှာလည်း တပျင်းကို ထိခိုက်လားစွာတိ ရှိပါရေ။ ဥပမာ ဟို ပညာတတ်လို့ ရှိကေလည်း ကိုယ်ရို့က အလုပ် မရပါ ။ ဥပမာ ဘွဲ့ရလည်း လယ်ထွန်။ ဘွဲ့ရလည်း ကောက်စိုက်။ ဘွဲ့ရလည်း ဒေ ကြုံရာကျဘန်း အလုပ်လုပ်ပေါ့။ ကိုယ့်အိမ်မှာ မိဘမှာ ရှိရေ အလုပ်ကိုယာလုပ် ဆိုရေ လူငယ်တိက မြင်လာရေ အချိန်မှာ ပညာသင် လိုချင်စိတ် တပျင်းကို နည်းပါးလာပါရေ။ ဟိုတခါတလေတိ့မှာ ဆိုလို့ ရှိကေလည်း အမရို့ ခရီးလား လို့ ရှိကေ ကြုံတွေ့ ရစွာပေါ့။ ကိုယ်က အစ္စလာမ်ဘာသာ ဆိုရေဟာကို တောင် လူငယ်တိက ပြောဖို့ကို ယင်းလောက်ထိ ကြောက်လာကပ်တေ။ ကြောက်လာကပ်တေ ဆိုစွာ ကိုယ် ကိုးကွယ်ရေ ဘာသာကို မယုံကြည်လို့ မဟုတ်။ အစ္စလာမ်ဘာသာ ဆိုလို့ရှိကေ သူရို့က ခွဲခြားထားစွာတိ ရှိရေ အတွက် ယင်းဘာသာလို့ ပြောလို့ ရှိကေသူများကပဲ ကို့ကို အထင်သေးရေ မျက်လုံးနဲ့ ကြည့်ဖို့လား ။ ကို့ကိုများ ဇာပိုင် အနိုင်ကျင့်လိုက်ဖို့လဲ ဆိုရေ ပုံစံလေးတိ နဲ့ ကို့ဟာကို အစ္စလာမ်ဆိုရေ ဟာကိုတောင် ကို့ဟာကို အားငယ်လာရေ အနေအထားတိ ရှိလာရေပေါ့ ယင်းကတော့ စိတ်ဓာတ်ပိုင်း ဆိုင်ရာနဲ့ ပတ်သက်ပြီးလို့ရှိကေ ယင်းပိုင်မျိုးတိ ခုလက်ရှိ လူငယ်တိလည်း ဟို ကြုံတွေနေရပါရေ။ အရင်က အမရို့ ဒေ ကျောင်းတက်တုန်းကလည်း ယပိုင်မျိုး ကြုံတွေ့နီရရေပေါ့။ ယပိုင်မျိုးတိတော့ ရှိပါရေ ။ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ။”

တချို့မှာ ဘွဲ့ရရေအထိ သင်ကြားခွင့် ရခကေလေ့လည်း အစ္စလာမ်ဘာသာဝင် ဖြစ်နေရေအတွက် အလုပ်လျှောက်ခွင့် မရကပ်ခြင်းနှင့် ကျန်းမာရေး အခြေအနေတိ ကြုံရရေ အခက်မှာလည်း ခွဲခြားဆက်ဆံမှုတိ့ကို များစွာ ကြုံ ကြရပြန်ကြောင်း ထပ်လောင်း ပြောပြပါရေ။ ယင်းအပြင် လွတ်လပ်စွာ ခရီးသွားလာခွင့်မှာလည်း လက်ရှိအချိန်ထိ ပြည့်ပြည့်ဝဝ မရစွာတိ ရှိကြောင်း ဆိုပါရေ။

“အစိုးရဌာနပိုင်း ဆိုင်ရာတိမှာ အလုပ်လျှောက်တေ အချိန်မှာ ကျလို့ရှိကေ ကမန် အစ္စလာမ်ဆိုလို့ ရှိကေ လက်မခံစွာမျိုး။ ပညာရေး ဌာန ကျောင်းဆရာ၊ ဆရာမတိ့က ကျတော့ကေ လျှောက်လို့ရပါရေ။ အကေလည်း တခြားဌာနပိုင်း ဆိုင်ရာတိမှာ ဆိုလို့ရှိကေ ကမန်-အစ္စလာမ်ဆိုလို့ရှိကေ လက်မခံရေ အနေအထားတိ့ ရှိပါရေ။ ပြီးတော့ကျ ဟိုတယ်လုပ်ငန်းတိ့ မှာဆိုကေ ငပလီမှာရှိရေ။ ဟိုတယ်တိ့မှာ ဆိုလို့ရှိကေ တချို့တချို့သော ဟိုတယ်တိ့မှာ အစ္စလာမ်ဆိုလို့ရှိကေ လျှောက်လို့ မရစွာတိ့ ယပိုင်မျိုးတိ့ ခွဲခြားဆက်ဆံစွာတိ ရှိပါရေ။ ခုလတ်တလောမှာ နောက်တစ်ပိုင်းအနေနဲ့ကျ အမရို့ဒေ ကိုးကွယ်ရေ ဘာသာအပေါ်မှာ ကျကေ အမရို့ ဒေ ၂၀၁၂ က ပဋိပက္ခဖြစ်စဉ်မှာ ဗလီတိ မီးရှို့ဖျက်စီးခံရစွာတိ့ ရှိရေ။ ယင်းဟာတိ့ကို ပြန်ပြင်ဖို့အတွက် အခွင့်ရေးမရပါ။”

စစ်တွေမြို့နယ်က အသက် ၂၆ နှစ်အရွယ် ကမန်လူငယ် မအေးမြက သူရို့ အနီးတဝိုက်ကျေးရွာက ရခိုင်ကျေးရွာတိ့မှာ လျှပ်စစ်မီးနှင့် လမ်းတံတားတိ့ ကောင်းမွန်စွာ ရရှိပါသော်လည်း သူရို့နီထိုင်ရေ သင်္ဂနက်ကျေးရွာ အပါအဝင် သက္ကယ်ပြင် ရွာမနှင့် သာယာကုန်း ရွာတိမှာ ဆိုပါကေ ထိုသို့ ဖွံ့ဖြိုးတိုးတက်မှုတိ အင်မတန် အားနည်းလျက်ရှိကြောင်း သူရို့နီထိုင်ရေ ကျေးရွာ အခြေအနေတိ့ကို ရှင်းပြပါရေ။

မအေးမြက “အိမ်နဲ့ ခြံဆိုကေ ခုထိ မရသိပါ။ အိမ်တိလည်း မီးလောင်ရေထဲ ပါလားပါရေ။ ခြံလည်း မရ ခုထိ မရသိပါ။ လူငယ် တစ်ယောက် အနေနဲ့ တန်းတူ အခွင့်ရေးရချင်ပါရေ။ ခု တခြား တိုင်းရင်းသားတိ ပညာသင်ခွင့်ရရေဆိုကေ ကျွန်မ ရို့လည်း ပညာသင်ခွင့်ရချင် လိုချင်ပါရေ။ ယင်းပိုင် အားလုံးသူနဲ့ တန်းတူ အခွင့်ရေး လိုချင်ပါရေ။”လို့ ပြောပါရေ။

သူက အရင်က စစ်တွေမြို့ပေါ် နာဇီရွာရပ်ကွက်မှာ နေထိုင်ခသူဖြစ်ပြီးကေ ၂၀၁၂ ခုနှစ် ပဋိပက္ခနောက်ပိုင်း နေအိမ်တိ မီးရှို့ ခံကြရရ သူရို့ စုရုံးနေထိုင်လျက်ရှိရေ မြို့ပြင်က သင်္ဂနက်ကျေးရွာကို ပြောင်းရွှေ့လာခြင်းဖြစ်ကြောင်း ဆိုပါရေ။ ယင်း နောက်ပိုင်းမှာ သူရို့ မိသားစုမှာ စီးပွားရေး ကျဆင်းလားပြီးကေ ၈ တန်းက ကျောင်းထွက်လိုက်ရကြောင်း ဝမ်းနည်းစွာဖြင့် ပြောပြပါရေ။ ယင်းကြောင့် လက်ရှိသူ၏ လက်အောက်မောင်ချေ၊ ညီမငယ်ချေတိ တန်းတူ အခွင့်အရေးရစွာနန့် ပညာတတ်မြောက်အောင် သင်ကြားရစီလိုရေလို့ ပြောလာပါရေ။

ပြီးခရေ အစိုးရ နှစ်ဆက်တိုင် တောက်လျှောက် တောင်းဆိုလာခရေ အခွင့်အရေးတိ အကောင်ထည်ဖော်ခွင့် မရခကေလည်း လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထပ်မံအနိုင်ရလာချိန် ၂၀၂၀ အလွန်ကာလမှာ NLD ၏ သဘောထား ပြောင်းလဲလာဖို့လို့ ကမန်အမျိုးသား တိုးတက်ရေးပါတီက မျှော်လင့်နီပါရေ။

ကိုတင်လှိုင်ဝင်းက “ကိုယ်ပြည်နယ်မှာရှိရေ NLD အစိုးရ လက်ထက်မှာ ဒေရခိုင်ပြည်နယ်ကို ပြန်လည် ထည်ဆောက်ဖို့ ကျကေ အစိုးရ အနေနဲ့လည်း ဒေသခံ တိုင်ရင်းသားရို့၏ သဘောကို သူရို့လက်ခံဖို့ ဆိုပြီးကေ ဆိုနီစွာလည်း ဝမ်းသာစရာ တစ်ခုဖြစ်ပါရေ။ တကယ်လို့ ရခိုင်မှာ ရှိကပ်တေ ရခိုင်နိုင်ငံရေးခေါင်းဆောင်တိ့ ကိုယ်ပြည်နယ် အကျိုး ကိုယ့်ဒေသမှာ ရှိရေ ကိုယ့် လူ့အဖွဲအစည်း၏ အကျိုးကို တကယ် လိုလားလို့ရှိကေ စုပေါင်းဆောင်ရွက်မှသာ ရခိုင်ပြည်နယ်စွာ ခုပိုင် ရခိုင် ဒေသမှာ ရှိရေ လူဒေသခံတိ့စွာ ကိုယ့်ဒေသ ပြန်လည်စည်ပင်လာဖို့ တိုးတက်လာဖို့ ကိုယ်ဒေသ အတွက် ကိုယ်ကိုတိုင် လုပ်မှ ရဖို့ဆိုရေ အသိအနေနဲ့ ဆောင်ရွက်နိုင်ကပ်ပါစီလို့ ကျနော်က ယပိုင်ပဲ မျှော်လင့်ပါရေ။” လို့ပြောပါရေ။

ယင်းပိုင် ကမန်အမျိုးသားတိက မျှော်လင့်ချက်ထားရှိ နီရေအပေါ် NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဗဟိုပြန်ကြားရေး တာဝန်ခံ မုံရွာ အောင်ရှင်က ကမန်တိမှာလည်း တိုင်းရင်းသားဖြစ်တေအတွက် အခွင့်အရေးတိ့ ပြန်လည် ရလာနိုင်ခြေ ရှိပြီးကေ မူထဲမှာလည်း မည်သည့်တိုင်းရင်းသားကို ဦးစားပေးပြီကေ မည်သည့် တိုင်းရင်းသားကိုက နောက်ထားဖို့လို့ မရှိဘဲ အားလုံးအပေါ် တန်းတူ ဆက်ဆံကြောင်း ပြောပြပါရေ။

“ဒါပေါ့။ ဒါပေါ့။ ရနိုင်ပါရေ။ ကျနော်ရို့က ရဖို့လို့ပဲ ယုံကြည်ပါရေ။ ကိုယ့် တိုင်းရင်းသားတိ့ပါယာ ဇာလို့ ချန်လှပ်ထားဖို့လဲ။ ကျနော်ရို့ မူထဲမှာကိုက ဇာတိုင်းရင်းသားကို ဦးစားပေးရဖို့။ ဇာ တိုင်းရင်းသားကိုက နောက်ထားရမယ်ဆိုစွာ မပါပါ။ အားလုံး တန်းတူ ဆက်ဆံရေးပါယာ။” လို့ မုံရွာအောင်ရှင်က ပြောပါရေ။

၂၀၁၂ ခုနှစ် ပဋိပက္ခနောက်ပိုင်း ကမန်ရို့ရေ ယခင်ကပိုင် ရခိုင်ဒေသခံ တိုင်းရင်းသားတိနှင့် အတူတကွ ပြန်လည် ယှဉ်တွဲ နီထိုင်ဖို့ စိုးရိမ်မှုရှိနီရေ အပေါ် ပြည်နယ်အစိုးရက ထိုသို့ မဖြစ်ရအောင် ခိုင်မာရေ မူဝါဒတိ ချမှတ်ဖို့ လိုအပ်ကြောင်း ထောက်ပြ သူတိလည်း ရှိပါရေ။

ရခိုင်ရို့ရေ မိခင်ပြည်နယ်နှင့် မြန်မာနိုင်ငံက တိုင်းနှင့် ပြည်နယ်ရို့ အနှံ့တွင်မက နိုင်ငံရပ်ခြားတိကိုပါ နေထိုင်လျှက် ရှိနေ ပါသော်လည်း မည့်သည့် ဘာသာဝင်ရို့နှင့်မျှ အဆင် မပြေဆိုစွာကို မတွေ့ရရေအတွက် လွန်ခဲ့ရေ ၈ နှစ် ကျော် ကာလက ဖြစ်ပွားခရေ ဖြစ်စဉ်တိ ဖြစ်ပေါ်လာခြင်းရေ ရခိုင်ရို့ကြောင့် မဟုတ်ဘဲ အုပ်ချုပ်ခရေ အစိုးရ၏ တရားဥပဒေဆိုင်ရာ ကိစ္စရပ်တိ့ အပေါ် ကိုင်တွယ်ဖြေရှင်းမှု၊ အခြေခံ အကြောင်းတရားတိ့ကို ဖြေရှင်းဖို့ ပျက်ကွက်နေမှုတိ့ကြောင့် ဖြစ်ရရေလို့ လက်ရှိတွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တာဝန် ထမ်းဆောင်နေပြီးကေ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာကို အနိုင်ရရှိထားရေ ဒေါ်ထုမေက ထောက်ပြပါရေ။

“ကျမ အနေနဲ့ လွှတ်တော်မှာလည်း ကမန်ရို့ ဆုံးရှုံးမှုရှိစွာနဲ့ ပတ်သက်လို့ တောင်းဆိုခပါရေ။ သို့သော် အနိုင်ရပါတီ၏ နိုင်ငံရေး စိတ်ဆန္ဒ။ ပြီးကေ အစိုးရ၏ ကိုင်တွယ် ဖြေရှင်းမှုတိ အကုန်လုံးစွာ ကမန်လို့မှ မဟုတ်ပါ။ မြန်မာနိုင်ငံမှာ ရှိကပ်တေ နိုင်ငံသားတိုင်း၏ တိုင်းရင်းသားရို့၏ အခွင့်အရေးတိ့ နေပြီးကေ ပြည့်ပြည့်ဝဝ မရသိရေ အခြေအနေတိ့ တစ်ရပ်လို့တော့ ကျမရို့ ပြောလို့ရပါရေ။” လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက ပြောပါရေ။

(Photo Credit to Aye Thinzar Moe)

 629 total views,  1 views today