Arakan Yoma |

ရခိုင့်တပ်တော် AA နန့် မြန်မာ့တပ်မတော်ရို့ရေ ဒီဇင်ဘာလ ၉ ရက်နိန့်က ‘ဝ’ ပြည်သွေးစည်းရေးတပ်မတော် UWSA ထိန်းချုပ် နယ်မြေ ပန်ဆန်းမြို့မှာ လူချင်းတွေ့ ဆွေးနွေးခကပ်ပါရေ။
ယင်းအကြောင်း AA အဖွဲ့က ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက မီဒီယာများကို အတည်ပြု ဖြေဆိုခစွာလည်း ဖြစ်ပါရေ။

ဆွေးနွေးပွဲမှာ တပ်မတော်ဖက်က ဒုတိယစစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ် တိုးရီ ဦးဆောင်ရေ ကိုယ်စားလှယ်အဖွဲ့က တက်ရောက်ခပြီးကေ AA ဖက်ကတော့ကေ ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်နှင့် အဖွဲ့ တက်ရောက်ခကြောင်း ယင်းဖြေကြားမှုအရ သိရပါရေ။
ယင်း လက်နက်ကိုင်နှစ်ဖွဲ့ရေ နိုဝင်ဘာလ ၂၅ ရက်နိန့်က အွင်လိုင်းက ဆွေးနွေးမှုတစ်ခု ပြုလုပ်ခကပ်တေ လို့လည်း AA က အစောပိုင်းမှာ ကြေညာချက် ထုတ်ပြန်ပီးခပါသိရေ။

ယေပြီးကေ ဒီဇင်ဘာလ ၉ ရက်နိန့်မှာ လူချင်းတွီ့ဆုံ ဆွေးနွေးမှုတစ်ခုကို ပြုလုပ်လာနိုင်ခပြီးကေ အဂုတစ်ခေါက် ဆွေးနွေးမှုစွာ၂ နှစ်လောက် လက်နက်ကိုင် ပဋိပက္ခပြင်းထန်ခကပ်တေ ယင်းအဖွဲ့နှစ်ခုအတွက် ပထမဆုံး အကြိမ် တွီ့ဆုံညှိနှိုင်းမှုလည်း ဖြစ်လာပါရေ။

အွင်လိုင်းဆွေးနွေးမှုမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရွေးကောက်ပွဲ ပြန်ပြီးကေ ကျင်းပနိုင်ဖို့အရေး ကိစ္စ၊ စားနပ်ရိက္ခာ ပြတ်လပ်နီရေ ကျေးရွာတိ့ကို စားနပ်ရိက္ခာ သယ်ယူပို့ဆောင်ခွင့်နန့် ယုံကြည်မှု အပြန်အလှန် တည်ဆောက်မှု ရို့ကိုရာ ဆွေးနွေးနိုင်ခကပ်ကေလည်း UWSA ကြားဝင်ခရေ အခု လူချင်းတွီ့ဆုံမှုမှာ အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်တိကိုလည်း ပါဝင် လာခစွာကို သတင်းဖြစ်ပေါ်လာမှုတိ့ အရ တွိရပါရေ။

နိုဝင်ဘာလ ၁၂ ရက်နိန့် AA က ရခိုင်မြောက်ပိုင်းနှင့် ရှမ်းပြည်နယ်က ရွေးကောက်ပွဲ မကျင်းပရသိရေ ဒေသတိမှာ ပြန်လည် ကျင်းပနိုင်ဖို့အရေး အစိုးရကို တိုက်တွန်းချက် ထုတ်ပြန်ပြီးနောက်မှာ တပ်မတော်ကလည်း ကြိုဆိုခပါရေ။ ယင်း သဘောထားတိုက်ဆိုင်မှုတိနန့် အတူ ရခိုင်တိုက်ပွဲလည်း ရပ်ဆိုင်းလားခစွာမှာ ဒေနိန့်တိုင် ရှိနေယာဖြစ်ပါရေ။

ယင်းအပြင် နှစ်ဖက်လက်နက်ကိုင် အဖွဲ့ရို့၏ ကိုယ်စားလှယ်တိစွာ အရာထပ်လို့ တွီ့ဆုံဆွေးနွေးမှုတိ လုပ်ဖို့ ရှိနေရေလို့လည်း သတင်းတိက ထွက်ပေါ်နေသိပါရေ။

AA နန့် တပ်မတော်ရို့၏ တိုက်ပွဲ ရပ်တန့်နေမှုရေ သူ့ တိုက်တွန်းချက်ကြောင့် ဖြစ်နိုင်ရေလို့ ဂျပန်အစိုးရ အထူး ကိုယ်စားလှယ် နိပွန်ဖောင်ဒေးရှင်း ဥက္ကဌ မစ္စတာ ယိုဟီဆာဆာကာဝါက နိုဝင်ဘာလကုန်ပိုင်းက ရောက်ရှိလာရေ ရခိုင်ခရီးစဉ်မှာ သတင်းထောက်ရို့ကို ပြောကြားခပါရေ။

လက်ရှိမှာ ယင်း နှစ်ဖွဲ့ရို့၏ ငြိမ်းချမ်းရေး ဆွေးနွေးနီမှုအပေါ် နိုင်ငံရေး လေ့လာ စောင့်ကြည့်သူတိကလည်း အကောင်းလက္ခဏာ တစ်ရပ်လို့ ဆိုနီကတ်ပြီးကေ စစ်ပွဲဧရိယာက ဒေသခံ လူထုကလည်း စစ်ပွဲတိ အပြီးတိုင် ရပ်တန့်နိုင်ဖို့ လိုလားနီကပ်ပါရေ။

 557 total views,  1 views today