ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

အေဘက်ခေတ်မှာတော့ခါ နိန်ရာတိုင်းမှာ လူငယ်တိ ဦးဆောင်မှုကို တွိ့မြင်ရစွာ မဆန်းပါယာ။ အောင်မြင်နိန်စွာဖြစ်ဖြစ် ကြိုးစားနိန်ဆဲဖြစ်ဖြစ် မြင်ရစွာ ရိုးအီနိန်ကပ်ပါယာ။ ယကေလေ့ ရခိုင်ပြည်နယ်ပိုင် ဖွံ့ဖြိုးမှုနိမ့်ကျရေ ဒေသမှာ စွန့်ဦးတီထွင် လူငယ်တိ အဖို့ကတော့ခါ ထူးခြားပါရေ။

မိဘမျိုးရိုးက ချမ်းသာပြီးကေ၊ အသိုင်းဝိုင်းကပါ ပံ့ပိုးမှုတိကြောင့် ဦးဆောင်နေရာကို ရှိနှင့်ပြီး အစွမ်းအစနဲ့ ထပ်မံ ဆန်းသစ်တီထွင်ကပ်စွာမျိုး မဟုတ်ဘဲ နွမ်းပါးရေ မိဘနှစ်ပါးကနိန် မွီးဖွားလူသူတိက ရုန်းကန်ကပ်ရရေအခါ ပိုလို့ စိတ်ဝင်စားဖို့ ကောင်းပါရေ။

ယင်းလူတိထဲက အသက် ၂၇ နှစ်အရွယ် ကိုဝင်းကျော်လင်း တစ်ယောက် ပါဝင်ပါရေ။ စစ်တွေမှာ မွီးရေ သူစွာ ပင်ပန်းစွာ ကြီးပြင်းလာခရရုံမက အသက်အန္တရာယ်နဲ့ နီးစပ်တေ မတော်တဆမှုတိကိုပါ တွိ့ကြုံခရရေအထိ ရင်ဆိုင်ခသူပါ။

အဂုအချိန်မှာတော့ခါ ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ဆောင်ကို သူဦးစီးပြီးကေ တည်ထောင်ခနိုင်ပါယာ။ တခမ်းတနားကြီး မဟုတ်ရေပိုင် မြို့ပြကြီးထဲမှာလည်း မဟုတ်ပါ။ ဇာဖြစ်လို့လဲဆိုကေ ချမ်းသာကြွယ်ဝသူတစ်ယောက် မဟုတ်ဘဲ သူ့၏ တချိန်က ဖြစ်ခွင့်မရခရေ တချို့ဆန္ဒချေတိကို မျိုးဆက်သစ်တိကို ဖြည့်ဆည်းပီးစီချင်ပြီးကေ မြန်မာ့ပညာရေးစနစ်ကိုလည်း တစ်ထောင့်တစ်နိန်ရာကနိန် တွန်းလှန်ချင်လို့ပါ။

“မြန်မာနိုင်ငံက ပညာရေးစနစ်မှာ ကျောင်းသားတစ်ယောက် ၁၀ တန်း မအောင်ယာဆိုကေ ဘဝက ဆုံးရှုံးလားရေလိုလို ပျက်စီးလားရေလိုလို ဖြစ်နိန်ရေ။ မိဘတိ အမြင်တိ၊ ကျောင်းသားတိ ခံယူချက်တိလည်း ပျက်ပြားလားရေ။ ဇာလို့လဲဆိုကေ သူရို့မှာ စာကိုယာ တောက်လျှောက် ဖတ်ခရရေ။ စာကိုယာ သင်ရရေ။ စာဖတ်လို့လည်း မရနိုင်ဆိုရဖို့။ ယင်းစာမအောင်လိုက်တေအခါဆိုကေ သူရို့မှာ တခြား စွမ်းရည်တိ၊ အတတ်ပညာတိ တစ်ခုလည်း မရလိုက်။”လို့ တည်ထောင်သူ ကိုဝင်းကျော်လင်းက အပြင်က ကျောင်း သားတိကို ရုံးခန်းထဲကနိန် တစ်ချက်လှမ်းကြည့်ယင်း ပြောပါရေ။

မနှစ်က လျှောက်ထားခပြီးကေ ဒေနှစ်မှာတည်ထောင်ခွင့်ရခရေ သူ့ကျောင်း၏ နာမေစွာ “နီ၊ လ၊ ကြယ်” ဖြစ်ပြီးကေ နီ၊ လ၊ ကြယ် ကောင်းကင်သုံးစင်းရို့၏ အဓိပ္ပာယ်ကိုဖော်ဆောင်ပါရေ။ အမှန်ကတော့ခါ သူစွာ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းဆင်း အထက် တန်းပြ ကျောင်းဆရာတစ်ဦးပါ။ ယကေလေ့ တက္ကသိုလ်ပြီးလို့ အလုပ်ခွင်ထဲကိုဝင်ခပြီးကေ ဇာလောက် မကြာလိုက်တေ အချိန်တိုချေ အတွင်းမှာ နှုတ်ထွက်ခပြီးကေ ဘော်ဒါဆောင်နဲ့ ခြီလှမ်းစခပါရေ။

အေခြီလှမ်းစဖို့ကလည်း အခြေနေတစ်ခုကြောင့်ဖြစ်လာခစွာလို့ ဆိုရပါဖို့။ သူ တာဝန်ကျနိန်ရေ ရခိုင်ပြည်နယ် စစ်တွေမြို့က နယ်ရွာချေ တစ်ရွာကို ကျောင်းတက်ဖို့လားယင်းနဲ့ ဆိုင်ကယ်အက်စီးဒင့်ဖြစ်ခစွာကြောင့် သူ ကြမ်းတမ်းမှုဒဏ်တိ မခံနိုင်ဘဲ ခန္ဓာကိုယ်မှာ တချို့ ချွတ်ယွင်းချက်ချေတိ ရှိလားစွာက အစပြုခစွာ ဖြစ်ပါရေ။

“ကျနော်က ဆိုင်ကယ်နဲ့ လားနိန်ယင်းနဲ့ ကားတစ်စီးနဲ့ တိုက်မိပြီးကေ အက်စီးဒင့် ဖြစ်ခစွာ။ အသက်တော့ မသီလိုက်။ လက်ဖျံရိုး တစ်ချောင်းကျိုးလားရေ။ ပေါင်ရိုးကျိုးလားရေ။ ပြီးကေ တင်ပဆုံက အရိုးဆက် ပြုတ်ထွက်လားရေ။ ယပိုင်နဲ့ ဆီးကုစွာ ၇ လ လာက်ကြာလားရေ။ သက်သာလို့ လမ်းချေဘာချေ လျှောက်နိုင်ရေ အနိန်အထားကိုရောက်လာကေလေ့ ကိုယ်ကျနိန်ရေ ဝါဘိုကျောင်းကိုလားပြီးကေ ကျောင်းတက်ဖို့၊ စာသင်ဖို့ဆိုစွာကလည်း မဖြစ်နိုင်။ ဇာဖြစ်လို့လဲဆိုတေက အကိုက နှစ်ဘီးဆိုင်ကယ်တိကိုဆိုကေ နောက်ကလည်း မစီးနိုင်။ လိုင်းကားတိမှာဆိုကေလည်း လမ်းကြမ်းတိမှာ မစီးနိုင်။”

အက်စီးဒင့်ဖြစ်ပြီးရေနောက်ပိုင်းမှာ သူ ဇာဆက်လုပ်ဖို့လဲဆိုစွာတိကို တွေးကြည့်ရေအခါ ဆယ်တန်းအောင်ရေလောက်ကပင် အနှစ်နှစ်အလ လပေါင်းများစွာ အခက်ခဲမျိုးစုံနဲ့ ကြိုးစားရုန်းကန်ပြီးကေ သင်ယူခရရေ ပညာကို ပြန်လို့ အသုံးချချင်သိမ့်စွာက တကြောင်း နောက်ထပ် တတ်ကျွမ်းထားရေ ပညာတိလည်း များများစားစား သင်ယူဖို့ အချိန်မရလိုက်စွာက တဖုံနဲ့ အေဖက်ကို ဦးလှည့်လာခစွာလို့ သူက ဆိုပါရေ။ ဦးလှည့်လာခရေ အချိန်မှာလည်း အသက်အရွယ်နဲ့ မငှရေ ငွေရေး ကြေးရေးပြဿနာတိ၊ သင်ကြားရေးပိုင်းမှာ အသုံးပြုဖို့ နည်းလမ်းတိ၊ နောက်ပြီးကေ ဆရာ၊ ဆရာမရေးရာတိ ပေါင်းစုံပါယာ။ ယကေလေ့ နောက်မဆုတ်ဘဲ ရှေ့ဆက် တိုးခသူပါ။

“နံပါတ် ၁ ကငွေရေးကြေးရေးအခက်အခဲ။ ကိုယ်ကလည်း ချမ်းသာရေ မိသားစုက ပေါက်ဖွားလာ သူတစ်ယောက်လည်း မဟုတ်။ အယင်က လုပ်ခဖူးရေ ဝန်ထမ်းဘဝကိုယာ ဖြတ်သန်းဖူးရေ။ ယင်း ဖြတ်သန်းလာရေ ကာလကလည်း ကကောင်းနည်းရေ။ ဆိုကေ ငွေရေးကြေးရေးက အခက်ခဲရှိရေ။ ဇာလို့လဲဆိုကေ သူရို့ စံသတ်မှတ်ချက်အရ ပြောရဖို့ဆိုကေ ကိုယ်ရို့က ကိုယ်ပိုင်ကျောင်း တစ်ကျောင်းလုပ်ဖို့ဆိုကေ နံပါတ် (၁) ကျောင်းဆောင်တစ်ဆောင်လိုရေ။ ကျောင်းဆောင်ဆိုစွာကလည်း ဘော်ဒါဆောင်ပိုင် သာမန်အိမ်တစ်အိမ်မှာ ဖွင့်လို့ကားမရ။ သီးခြားစာသင်ခန်း၊ ဆရာဆရာမနားနိန်ခန်း၊ ရုံးခန်းတိလည်းဖွဲ့စည်းပါရှိရေ အိမ်တစ်ဆောင်။ တနည်းအားဖြင့်ပြောရဖို့ဆိုကေ စာသင်ကျောင်းတစ်ကျောင်းပါ့ယေ။ ကျောင်းအဖြစ်ဖွင့်လှစ်လို့ရရေ အဆောက် အဦး တစ်ခုရှိမှ ပညာရေးဝန်ကြီးဌာနက ကိုယ်ပိုင်ကျောင်း အနေနဲ့ သတ်မှတ်လို့ပီးဖို့ဆိုခါ လက်ထဲမှာလည်း ကိုယ့်မှာ ကိုယ်ပိုင်ခြံဆိုစွာ မရှိသိမ့်။ ဆိုကေ အကို့အိမ်ရှင်မ မိဘတိဘားက မြေကွက်တစ်ကွက်ရရေ။ ယင်းမြေကွက်မှာ ကိုယ့်မှာရှိရေ စုဆောင်းထားရေ ငွေချေတိနဲ့ ကျောင်းဆောင်တစ်ဆောင် အယင်ဆုံးလုပ်လိုက်တယ်။ ပွင့်ပွင့်လင်းလင်းပြောရကေ အကြွေးတိ ကျန်နိန်သိမ့်ရေ။ ယကေလေ့ ဇာပဲဖြစ်ဖြစ် ကျောင်းဆောင်ချေတစ်ခု လုပ်ပြီးမှ ကိုယ်က ကျောင်းတည်ထောင်ဖို့ ကြိုးစားရရေပါ့။”

အဂုပိုင် မဟန်သိမ့်ရေ အခြေအနေမှာ ကိုဝင်းကျော်လင်းတစ်ယောက် ဇွဲ့မလျော့ဘဲ ကြိုးစားရုန်းကန်နိန်စွာကကော ဇာကြောင့်ပါလဲ။

သူက “ဘာဘာက ရွာကြီးတောင်အစိုးရကျောင်းမှာ ဒရဝန်။ မေမေက ကျောင်းရှေ့မှာ မုန့်ပဲသရေစာရောင်းရေ။ မိုးထပိုင်းဆိုကေ ထမင်း ကြော်။ ညပိုင်းဆိုကေ မုန့်တီရောင်းရေ။ အဂုထက်ထိလည်း ရောင်းတုန်းသိမ့်။ ကိုယ့်မိသားစုမှာ ညီအကိုမောင်နှမ ၇ ယောက်ရှိရေ။ ပြောရဖို့ဆိုကေ ကိုယ့်မိသားစုက အချေဘဝခါကပင် ပင်ပန်းခရေ။ ကိုယ်စွာ သူများတိနဲ့တန်းတူ ကျူရှင်မတက်နိုင်ခ။ မှတ်မှတ်ရရ ခုနစ်တန်းနှစ်မှာ မိသားစု စီးပွားရေး အကျပ်အတည်း များခရေ။ ၂၀၀၆ လောက်ကပါ့။ ယကေလေ့ တချို့ဆရာမတိက အလကား သင်ပီးခလို့ အများနဲ့ တန်းတူ စာသင်နိုင်ခရေ။ ယပိုင်ပုံစံမျိုးတိ။ ၁၀ တန်းနှစ်ကိုရောက်ခါလေ့ သိရေ အတိုင်းယာ။ အနည်းဆုံးတော့ မေးခွန်းဟောင်း စာအုပ်တစ်ဆပ်လောက်လိုရေလေ။ ယင်းချင့်အပြင် ဗလာစာအုပ်။ အကြမ်းစာအုပ်။ အနည်းဆုံးအဆင့်လိုစွာကို ပြောပြစွာ။ ကိုယ်တတ်နိုင်ကေ တတ်နိုင်သလောက် အထူးထုတ်ပင် ဖြစ်ဖြစ်။ ယချင့်တိ ပြည့်ဝအောင် မသုံးခရ။”လို့ ရင်ဖွင့်ပါရေ။

ယပိုင် အခက်ခဲတိကြားထဲက တစ်တန်းထက်တစ်တန်းကြီးလာခပြီးကေ ဂုဏ်ထူးတစ်ဘာသာနဲ့ ဆယ်တန်းကို အောင်မြင်ခပါရေ။ အောင်မြင်ခချိန်မှာလည်း သူကကံဆိုးခပါသိမ့်ရေ။ သူတက်ချင်ရေ ရီကြောင်းတက္ကသိုလ်ကို အမှတ်မမီခပါ။ ယင်းကြောင့် ကောလိပ်ဖက်ကိုပြောင်းတက်ပြီးကေ သူ့ရည်မှန်းချက်ကို အကောင်အထည်ဖော်လို့ ရသိမ့်ရေလို့ တွေးနိန်မိချိန်မှာ သူ့ကို ထောက်ပံ့ဖို့ မိသားစုမှာ လုံလောက်ရေ ငွေကြေးရှိယင့် လားဆိုရေ ပြဿနာပေါ်လာရေ။ ယင်းကြောင့် လွယ်လွယ်နဲ့ တက်လို့ရနိုင်ဖို့ ရန်ကုန်ပညာရေးတက္ကသို လ်ကိုယာ ရွီးချယ်ခရပါရေ။

“ပွင့်ပွင့်လင်းလင်းပြောရကေ စတိတ်ကျောင်းသားအရွယ်ကခါ ဖြစ်ချင်ခစွာ သင်္ဘောသား တစ်ယောက်ပါ့။ နိုင်ငံခြားသင်္ဘော လိုက်ချင်ရေ။ ယကေလေ့ ၁၀ တန်းအောင်ခါ ရီကြောင်းတက္ကသိုလ်အမှတ်မမီစွာလည်း ပါရေ။ ရီကြောင်းတက္ကသိုလ်တက် နိုင်ဖို့အတွက် အမှတ်မမီခ။ ရီကြောင်းကောလိပ်ကနိန် တက်ဖို့ကလည်း ငွေရေးကြေးရေးကို မိဘတိက မလိုက်နိုင်ဆိုရေ အစိတ် အပိုင်းတိမှာ ရန်ကုန်တက္ကသိုလ်ကိုယာ တက်ရောက်ခွင့်ရခရေ။”လို့ သူက ပြောပြပါရေ။ ယကေလေ့ ဝါသနာမပါရေ အရာတစ်ခုကို မလုပ်ချင်ဆိုရေ စိတ်က ကိန်းအောင်းနိန်ခလို့ ယင်းစိတ်တိကို ဖြေပျောက်ပြီးကေ ပစ္စုပ္ပန်ကိုယာ ကောင်းအောင်ဖြတ်သန်းဖို့ စိတ်မွီးခစွာမှာ ကကောင်း အချိန်ယူခရရေလို့ ဆိုပါသိမ့်ရေ။

ထပ်လို့လည်း သူက “အစောပိုင်းကာလမှာတော့ခါ ကျောင်းတက်နိန်ရကေလည်း အဆင်မပြေမှုတိရှိခရေ။ ဇာဖြစ်လို့လဲဆိုကေ ကိုယ်ကအေကျောင်းက ဘွဲ့ရလာကေ ကျောင်း ဆရာ လုပ်ရဖို့။ ကိုယ်က ကျောင်းဆရာလုပ်ဖို့ ဝါသနာလည်း မပါခါ ကျောင်းကို လည်း စိတ်မပါ။ တက္ကသိုလ် ပထမနှစ်၊ ဒုတိယနှစ်လောက်ထိ ဖြစ်ခရေ။ ယကေလေ့ နောက်ပိုင်းမှာ ကိုယ်ကစဉ်းစားလာရေ။ အဂု ဇာပဲဖြစ်ဖြစ် ကိုယ့်ဘဝရွီးချယ်မှုယာ ဆိုပါဖိ။ ကျောင်းဆရာတစ်ယောက်ဖြစ်ဖို့ယာ အကြောင်းပါလာရေ။ ယင်းကြောင့် ကိုယ်က ဇာလော က်ပဲ ဝါသနာပါချင်ပါ၊ မပါချင်နိန်လီပတ်စီ။ သေချာစွာက အေအလုပ်ကိုလုပ်နိန်ရဖို့ ပုံစံလမ်းကြောင်းကို ဝင်လာရေပါ့။ ဆိုကေ ကိုယ်က ဆုံးဖြတ်လိုက်ရေ။ ဇာပင်ဖြစ်ဖြစ် ကိုယ်ရောက်နိန်ရေနိန်ရာမှာ အကောင်းဆုံးဖြစ်အောင်တော့ခါ ကြိုးစားဖို့လိုရေ ဆိုရေစိတ်နဲ့ စိတ်မျိုးနဲ့။” လို့ ပြောပြပါရေ။

အေအချိန်မှာတော့ခါ အမှောင်ခွင်းပြီးကေ အလင်းကို ဝင်ရောက်လာသူ တစ်ယောက်ပိုင် အားသွန်ခွန်စိုက်နဲ့ ကြိုးစားရေလို့ သူက ပြောပြပါရေ။ အေအချိန်မှာလည်း သူ့မှာ အခက်အခဲတိက အများကြီးရှိခစွပါယာ။ အိမ်ကပို့ရေ ဖေသာနဲ့ မလုံလောက်စွာ၊ အချေကပင် စာတော်ရေ ကျောင်းသားဆိုကေလေ့ အင်္ဂလိပ်စကားတိ၊ ကွန်ပျူတာရို့ပိုင် နည်းပညာအပိုင်းတိမှာ အားနည်းနိန်ခရေ ယပိုင် ပြဿနာတိပါ။ ယချင့်တိကို သူက ဇာပိုင်ဖြေရှင်းခပါလဲ။

“ရန်ကုန်မှာ ကျောင်းတက်ရရေ။ ကိုယ်ရို့ခေတ်က ကျောင်းသားတိုင်းဆိုစွာ တက္ကသိုလ်ဆောင်မရခ။ ကိုယ်လည်း တက္ကသိုလ်ဆောင် မရလို့ အပြင်ဆောင်မှာ နိန်ရရေ။ ကိုယ့်မိဘတိကလည်း ယင်းခေတ် အတိုင်းအတာနဲ့ဆိုကေ တစ်လမှာမှ ဖေသာ ၈ သောင်းလောက်ပို့ပီးနိုင်ရေ။ မေမေရို့ဘားက ၆ သောင်း။ အေးမတစ်ယောက်ဘားက ၂ သောင်းပါ့။ ကိုယ်တက္ကသိုလ် တက်နိန်ချိန်မှာ ကိုယ့်အေးမ တစ်ယောက်က ဘွဲ့ရပြီးယာ။ နောက်တစ်ယောက်က အဝေးသင်တက်တေ။ ကိုယ့်အထက်က အကိုတစ်ယောက်ဆိုကေ ရှမ်းပြည်မှာ DSTA တက်နိန်ရေ။ ကိုယ့်အောက်က ညီမကတော့ခါ ၁၀ တန်းပါ့။ ကျောင်းသားတွေဆင့်နိန်ရေ။ ဆိုကေ ကိုယ့်မိဘက တစ်လမှာမှ ၈ ေ သာင်းလောက်ပီးနိုင်စွာ။ ကိုယ်က အပြင်ဆောင်မှာ နိန်ရေအတွက် ၂ သောင်းပီးရရေ။ ကိုယ်ထမင်းစားခ တစ်လမှာ ၆ သောင်း။ ထမင်းစရိတ်နဲ့ အဆောင်စရိတ်ပေါင်းလိုက်ကေ ၈ သောင်းဖြစ်လားယာ။ ကိုယ်လည်း တက္ကသိုလ်ကျောင်းသား ဆိုကေတော့ အသုံးစရိတ်ချေတိလည်း နည်းနည်းရှိလာရေ။ ယကေလေ့ ယင်းအတွက်ကို မိဘက မပီးနိုင်။ ဆိုကေ ဂိုက်လိုက်ပြရေ။ ၅ တန်း၊ ၆ တန်း၊ ၇ တန်း၊ ၈ တန်း၊ အစုယာ။ ၁၀ တန်းတိကိုလည်း ရန်ကုန်က တချို့ဘော် ဒါဆောင်တိမှာလိုက်ပြီးကေ ပြရေ။ ကိုယ့်ကျောင်းအားလပ်ချိန်တိမှာ တခါတခါ ကိုယ့်ကျောင်းအချိန်တိလည်းဖျက်လို့ပါ့။ အသုံးစရိတ်ကို ယပိုင် ရှာခရရေ။ သူများတိက ကျောင်းအားရေ၊ နားရေ အချိန်တိ၊ သင်တန်းတက်နိန်ရေအချိန်တိမှာ ကိုယ်က သင်တန်းမတက်နိုင်။ ကိုယ်က ယင်းအချိန်မှာ အသုံးစရိတ်ရှာနိန်ခရရေ။ ယပိုင်မျိုး ဖြတ်သန်းခရရေ။”

ဇာအချိန်တိမှာ ဇာပိုင်ပင် ဖြစ်ခဖြစ်ခ အဂုအချိန်မှာတော့ခါ ငွေကြေးအားဖြင့် အဆင်မပြေသိမ့်ကေလေ့ သူကိုယ်တိုင် ပဲ့ကိုင်ရှင် ဖြစ်လာယာဖြစ်လို့ သူသင်ကြားခွင့်ရရေ ကျောင်းသားချေတိကို သူရို့ ခေတ်က ကျောင်းသားဘဝမှာ မသင်ခရရေ ကွန်ပျူတာနဲ့ အင်္ဂလိပ်စကားပြောတိကိုလည်း တစ်ပါတည်းထည့်ပြီးကေ ဆရာတိ သီးခြားထားရှိ သင်ကြားပီးထာရေလို့ ဆိုပါရေ။

“ရန်ကုန်တက္ကသိုလ်ကိုတက်ရောက်ခွင့်ရရေ။ အမှတ် ၄၀၀ ကျော်ရေဆိုလောက်ကပင် ကိုယ့်စွာကိုယ် ညံ့ရေ ကျောင်းသားတစ်ယောက် မဟုတ်လို့ ထင်ရေ။ ယကေလေ့ ကိုယ်က ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်ဖို့ လားရေအခါ ဗမာပြည်အ နယ်နယ်အရပ်ရပ်ကလာရေ ကျောင်းသားတိနဲ့ ယှဉ်လိုက်ရေအခါ ကိုယ်က ညံ့နိန်သိမ့်ရေ။ ကွန်ပျူတာစကေးတိ၊ စပီကင်းစကေးတိ ကိုယ့်မှာပါမလာ။ ဆိုကေ ကိုယ်ရို့က မျက်နှာငယ်ခရရေ။ သူများ ကျောင်းသားတိက အားသွန်ခွန်စိုက်လိုက်လုပ်နိုင်ကပ်တေ။ ပြောနိုင်ရေ။ သိနိုင်ရေ။ ဆိုရေ အချိန်မှာကိုယ်က အပန်းတကြီး လိုက်ပြီးကေ ကြိုးစားနိန်ရရေ။ ယပိုင်စွာမျိုးတိ ရှိလာရေ။ ယင်းကြောင့်လည်း ကိုယ့်စိတ်က မှတ်ထားစွာ တခုက ကိုယ်ရို့ မပြည့်စုံခရေ ဘဝမျိုးကို ကျောင်းသားတိကို မရောက်စီချင်လို့ပါ့။ ယင်းကြောင့် အဂုအချိန်မှာ ကိုယ်ခံယူထားစွာက ကိုယ့်ကျောင်းက ကျောင်းသားတိစွာ ကျောင်းသားတစ်ယောက်အတွက် ရှိသင့်ရှိထိုက်ရေ Life Skill တိ အားလုံးပြည့်စုံဖို့ မဟုတ်။ အားလုံးမပြည့်စုံနိုင်ကေတောင်မှ သိသင့်သလောက် ရသင့်သလောက် အနည်းဆုံးပမာဏကိုတော့ခါ ရနိုင်အောင်ဖြည့်ဆည်းပေးဖို့ ဆိုပြီးကေ ရည်ရွယ်ထားရေ။”

ယချင့်အပြင် စစ်တွေမြို့မှာ မွီးဖွားပြီးကေ စစ်တွေမြို့မှာကြီးပြင်းခရေ ကိုဝင်းကျော်လင်းက ဇာကြောင့်များ စစ်တွေမြို့နယ် ကြွီတဲပိုင် နယ်ရွာချေ တစ်ရွာမှာလားပြီးကေ ကိုယ်ပိုင်အထက်တန်းအဆင့် ကျောင်းတစ်ကျောင်းကို လားဖို့ခရစွာလဲ ဆိုစွာကိုတော့ခါ အဂုပိုင် ပြောပြခပါရေ။

“မြို့ထဲမှာကျကေ ကိုယ်ပိုင်ကျောင်းတိလည်း ရှိရေ။ ဘော်ဒါဆောင်တိ၊ စာသင်ဝိုင်းတိလည်း ကိုယ်စီရှိကပ်ရေ။ ဆိုလိုစွာက မြို့ထက်က ကျောင်းသားတိက စာသင်ဖို့စွာနဲ့ ပတ်သတ်လို့ ရွီးချယ်ခွင့်တိ အများကြီးရှိရေ။ သူရို့ ကြိုက်ရေ နေရာမှာ လားတ က်လို့ရရေ။ နယ်က ကျောင်းသားတိမှာကျကေ ရွီးချယ်ခွင့်မရှိ။ အစိုးရကျောင်းကို ရောက်လာရေ ဆရာ၊ ဆရာမတိကိုယာ အား ကိုးကပ်ရရေ။ ယင်းဆရာ၊ ဆရာမတိအပြင် နောက်ထပ်ရွီးချယ်မှုမရှိ။ အဓိကက ငွေရေး ကြေးရေး မတတ်နိုင်ရေမိဘတိ၊ ကျောင်း သားတိပါ့။ ငွေရေးကြေးရေးတတ်နိုင်ရေ ကျောင်းသားတိကတော့ခါ မြို့ထဲက ကျောင်းတိမှာလာထားလို့ ရရေ။ ယကေလေ့ ယင်းပိုင် ထားနိုင်ရေ ရာခိုင်နှုန်းက ကကောင်းနည်းရေ။ ဇာဖြစ်လို့လဲဆိုကေ နယ်မှာက လက်လုပ်လက်စားတိများရေ။ ယင်းကြောင့် ကျောင်းသားတိက ပညာသင်ခွင့် ဆုံးရှုံးနိန်ကပ်တေ။ ယင်းကြောင့် ဇာပင်ဖြစ်ဖြစ် နယ်ဖက်က ကျောင်းသားတိ အဆင်ပြေပြေနဲ့ အဝီးကိုလားစရာမလို။ အိုးမကွာအိမ်မကွာသင်ကြားလို့ရအောင်ဆိုရေ ရည်ရွယ်ချက်တိနဲ့ နယ်က ကျောင်းသားတိ အဆင်ပြေဖို့ နယ် မှာယာ လုပ်ဖို့ရွီးချယ်လိုက်စွာဖြစ်တေ။”

 551 total views,  2 views today