ရိုးမရေဒီယိုမဂ္ဂဇင်း

အောက်တိုဘာ ၃ ရက်။ ။ ရခိုင်ပြည်နယ်အတွင်းရှိ ဘာသာရေးလွတ်လပ်စွာ ကိုးကွယ်သူများအကြား သဟဇာတရှိရှိ ငြိမ်းချမ်းစွာ နေထိုင်နိုင်ဖို့နှင့် ဖွံ့ဖြိုး တိုးတက်ရေးများ အတွက် အကြမ်းဖက်မှု ဖြစ်စဉ်တွေ ကြုံတွေ့ခံစားခဲ့ရတဲ့ လူမျိုးစုတို့အားလုံးကို ထောက်ပံ့ကူညီနိုင်ဖို့ အမေရိကန် ဒေါ်လာ တစ်သိန်းကို ပုပ်ရဟန်းမင်းကြီးက လှူဒါန်းခဲ့ပါတယ်။

အလှူငွေ လွှဲပြောင်းခြင်း အခမ်းအနားကို စက်တင်ဘာ ၃၀ ရက်နေ့ မနက်ပိုင်းက စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ ပြုလုပ် ခဲ့တာ ဖြစ်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူများက တက်ရောက်ခဲ့ပါတယ်။

လွှဲပြောင်းလက်ခံတဲ့ အလှူငွေများကို ပြည်နယ်အစိုးရအနေဖြင့် မောင်တောမြို့နယ်အတွင်းရှိ ရွှေဇားကျေးရွာ၊ ဖော်ကီတောင်ကျေးရွာ၊ သက်ကိုင်ညာကျေးရွာ၊ ကြိမ်ချောင်းကျေးရွာနှင့် ငါးခူရကျေးရွာ တို့မှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

 441 total views,  1 views today