ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း
လူနာမေကိုဖြစ်ဖြစ်၊ ဒေသအစားအစာကိုဖြစ်ဖြစ်၊ တခြားတစ်ခုခုကိုဖြစ်ဖြစ် ဒေပိုင်ဗျလ် နာမေမသိလို့၊ ချစ်လို့ စသဖြင့်ခေါ်ဆိုကတ်ယင်းန န့် နာမေတွင်လားစွာမျိုးတိကို ပတ်ဝန်းကျင်မာ မြင်တွေ့ဖူးကတ်ပါလိမ့်မေ။ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မာဆိုကေလည်း ဒေပိုင်တွင်လားစွာ တစ်ခုရှိပါရေ။
ယင်းချင့်က စနဲသုပ်ပါ။ စနဲသုပ်ဆိုကေလေ့ ထွေထွေ ထူးထူးတော့ မဟုတ်ပါ။ ကျောက်ဖြူမြို့နယ်က မြို့နယ်ခွဲတစ်ခုဖြစ်တေ စနဲမြို့မှာ စားရင်းသောက်ရင်းနန့် စနဲသုပ်ဆိုပြီး တွင်လားစွာပါလတ်။ အမှန်တော့ခါ ယင်းအသုပ်ရေ ရခိုင်မုန့်တီနန့် မုန့်ဟင်း(ခါး)ငါးရို့ပိုင်အစားအစာတိ မာထည့်စားရေ မုန့်ဖတ်ဖြစ်ပြီးကေ ယင်းမုန့်ဖတ်ကိုဗျာလ် တစ်ခြား နည်းလမ်းတစ်ခုနန့် ထွင်ပြီးကေ သုပ်စားစွာပါ။
ပုံစံကတော့ခါ နည်းနည်းကွဲပါရေ။
“စနဲသုပ်က ငါးပိအစိမ်းကို ရပူမာ ထည့်ဖျော်လိုက်တေ။ သုပ်ဖို့ကျခါ ငပိထည့်ရေ။ ငါးထည့်ရေ။ ငရုပ်သီးစီမ်း၊ ငရုပ်သီးမှုန့်၊ ဆား၊ ဟင်းချို မှုန့်၊ ချဉ်သီးထည့်ရေ။ ပြီးကေမ နယ်လိုက်တေ။ ပြီးမှ မုန့်ဖတ် အပြားလိုချင်လား။ အလုံးလိုချင်လားထည့်ရေ။ အကြော်ထည့်ရေ။ ယင်းပိုင် သုပ်လိုက်တေ။ စနဲသုပ်မာ အစပ်မ ပိုကောင်းရေ။ အစိုမ ပိုကောင်းရေ။ နည်းနည်းဖုံလားကေ အရသာမရှိ။ ဆီကျက်က ကြိုက်လူကို ထည့်ပီးရေ။ မကြိုက်ကေ မထည့်ပီး။”လို့ စနဲသုပ်ရောင်းရေ မထက်ထက်စုကပြောပြပါရေ။
မထက်ထက်စုဆိုကေ အသက် ၂၁ နှစ်ရာရှိသိမ့်ကေလေ့ ဒေအသုပ်ဆိုင်ကို ဦးစီးပြီးကေ လုပ်ကိုင်နီစွာဖြစ်ပါရေ။ သူမ၏ အသုပ်ဆိုင်ရေ ကျောက်ဖြူမြို့လယ် နာရီစင်အောက်မာ တည်ရှိစွာဖြစ်ပြီးကေ နေ့ခင်းပိုင်းကနီ ည ၉ နာရီလောက်အထိ ရောင်းချလေ့ရှိပါရေ။ အမှန်က တော့ကေ ဒေဆိုင်ရေ သူရို့မိသားစု စနဲမြို့က ကျောက်ဖြူမြို့ကို ပြောင်းလာချိန်မာ မိခင်ဖြစ်သူက မိသားစုစားဝတ်နေရေးအတွက် သူမ ကျွမ်းကျင်ရေ စနဲသုပ်ဆိုင်ချေကို ဖွင့်ပြီးကေ ရောင်းချရေခါ လူအများကို အကြိုက်တွိစီခစွာဖြစ်ပါရေ။
နောက်ပိုင်း မိခင်ဖြစ်သူအသက်အရွယ်ရလာချိန်မှာတော့ကေ ဆိုင်ကို ဦးဆောင်လုပ်ရဖို့စော်က သမီးဖြစ်သူတိ၏ တာဝန်ဖြစ်ပါလတ်ပါရေ။ ယင်းတွက်နန့် မထွေထွေးစု အေးမသည်က တာဝန်တလှည့်ယူခပြီးကေ အစိုးရအလုပ်ရလားချိန်မာ အေးမဖြစ်သူက ရုံးအားချိန်တိမာရာ ဝင်ကူပြီးကေ မထွေးထွေးစုက အဓိက လုပ်ကိုင်လာခရစွာပါ။
“မုန့်ဟင်းငါးရည်သောက်လား။ မုန့်တီရည်သောက်လား။ ဟင်းရည်ပီးရေ။ စနဲသုပ်မာ မုန့်တီပိုင်မျိုး ဟင်းရည်နန့်တော့ခါ မစားကတ်။ ကိုယ်က ထက်ဝက်စားလိုက်ဗျာလ်။ ဟင်းရည်ထည့်စားချင်ရေဆိုကေလေ့ အဆင်ပြေရေ။ ကိုယ့်အကြိုက်နဲ့ ဆိုင်ရေ။ ကိုယ်ကမကြို က်ဆိုကေလေ့ ယေးလို စားလို့ ရရေ။”
ယကေလေ့ ဒေလုပ်ငန်းကို မထွေးထွေးစုတစ်ယောက်တည်းဆိုကေတော့ခါ မနိုင်ပါ။ သူ့နောက်က ဝိုင်းကူဖို့လူတိရှိလို့ အခုပိုင် ဆိုင်မာ အဆင်ပြေပြေလုပ်နိုင်စွာပါ။ ဆိုင်မထွက်ခင် မိုးထပိုင်းမာ ဟင်းရည်တည်၊ မုန့်ဖတ်နယ်၊ ငရုပ်သီးထောင်းစသဖြင့် လုပ်ငန်းတကို မိခင် ဖြစ်သူ၊ မောင်နှမတိက ဝိုင်းလုပ်ကတ်စွာဖြစ်ပါရေ။ ဆိုင်ထွက်တေ အချိန်မာတော့ခါ သူက အဓိက သုပ်ပီးဖို့ အပိုင်းကိုတာဝန်ယူပြီးကေ အစ်ကိုဖြစ်သူကတော့ခါ မုန့်ဖတ်ညှစ်စွာတိကို၊ သူမ မနိုင်ရေအပိုင်းတိကို တာဝန်ယူပီးပါရေ။ အေးမသည်ဆိုကေလေ့ ရုံးဆင်းစွာနန့် ဆိုင် ကိုတန်းလာပြီးကေ အိုးဆီးခွက်ဆီးစွာတိ၊ လိုအပ်စွာတိ လုပ်ကိုင်ပီးရပါရေ။
“၇ တန်း၊ ၈ တန်းနှစ်လောက်ကနီ ရောင်းလာဟာဖြစ်လို့ အခက်ခဲတော့ ကောင်းမရှိ။ ယင်းခါကနီ ကျောင်းတက် လိုက်၊ မုန့်ရောင်းလိုက်နဲ့ လုပ်ခဟာလေ။ မမရောင်းတုန်းကဆိုကေ မလေမဝေပေါ့။ သူကအလုပ်ရလားခါ ကိုယ်ကပဲ တာဝန်ကျတော့ခါ ကျွမ်းကျင်လာရေ။ အလု ပ်ကို အလုပ်က သင်လာရေ။ ကျောင်းက ၉ တန်းက ထွက်လိုက်တေ။ ရောင်းဖို့လူလည်းမရှိ။ မေမေကလေ့ အသက်ကြီးလာခါ ကိုယ်ကပဲ တာဝန်ကျလာရေ။ အရင်က ပိုရောင်းရရေ။ ခုက အရောင်းနည်းရေ။ ရောင်းကောင်းရေနိရှိပိုင် ရောင်းမကောင်းခါလေ့ရှိရေ။ ဆိုင်တိလေ့ များလာခါလေ။ လူဦးရေကလေ့ ယင်းလောက် မရှိဆိုခါ။ ပုံသီသတ်မှတ်လို့လေ့ မရ။”
သူရေ ကျောင်းတက်နီယင်းနန့် ထွက်လိုက်ရပြီးကေ မိသားစုတာဝန်ကို တစ်ဖက်တစ်လမ်းကနီ ထမ်းဆောင်ခစွာပါ။ သူရို့ စရောင်းစက ကျောက်ဖြူမာ ရောင်းသူတိ မရှိသိမ့်လို့ ရောင်းအားကောင်းခပြီးကေ နောက်ပိုင်းကျလာခါ တော်ရုံမုန့်တီဆိုင်တိမာပါ စနဲသုပ်ကို တွဲလို့ ရောင်းချလာကတ်တေအတွက်နန့် ကောင်း မရောင်းရယာလို့ ပြောပါရေ။
“မုန့်တီဖတ်နဲ့လည်းရရေ။ ခေါက်ဆွဲဖတ်နဲ့လည်းရရေ။ မုန့်တီအနစ်နဲ့ အတူတူယာ။ အလုံးနဲ့ အပြားယာကွဲလားရေ။ ယေးပိုင်မျိုး ၂ မျိုး၊ ၃ မျိုးဖြစ်ဟာ။ အပြားကြီးလည်း တမျိုးရှိသိရေ။ နောက်ထပ်မုန့်လုံးပိုင် တမျိုးရှိသိရေ။ ယင်းဟာနဲ့ သုပ်စားကေလည်း အဆင်ပြေရေ။”လို့ ရုံးလွတ်ချိန်တိမာ ကူရောင်းရေ အေးမဖြစ်သူက မဇင်မာလှိုင်က ပြောပါရေ။
ဒေပိုင်နန့် အမိတလှည့်၊ သမီးဖြစ်သူရို ့က တလှည့်စီ ကျောက်ဖြူမြို့ပေါ်ကို ပြောင်းရွှေ့လာကတည်းကနေ ရောင်းချလာစွာ ၈ နှစ်ရှိနီပါ ယာ။ ကျောက်ဖြူနန့် စနဲမာနန့် မတူစွာတစ်ခုရှိပါတယ်။ ဇာလဲဆိုကေ စနဲဒေသမာဆိုကေ ဒေစနဲသုပ်ကို ဆိုင်ရှင်က လိုအပ်ဖို့စွာတိကို ပြင်ဆင်ပီးပြီးကေ ဖောက်သည်တိက ကိုယ့်စွာကိုယ် သုပ်စားပါရေ။ ယကေလေ့ ကျောက်ဖြူမြို့ထက်ကို ရောက်စွာနန့် ကိုယ့်စွာကိုယ် သုပ်စားရေ ဓလေ့က ပျောက်လားပနာ ဆိုင်ရှင်က သုပ်ပီးရစွာမျိုးဖြစ်လားပါရေ။
“အဓိက စနဲကပဲ လာဟာ။ အရင်ကဆိုကေ စနဲမာ အာပူသုပ်လို့မရှိ။ ငရုပ်သီးချက်ထားဟာ မရှိ။ ဒေပိုင်မျိုး ငပိအစိမ်းသုတ်တေဟာ ပဲရှိရေ။ ဒေဖက်မာကျခါ ငပိအစိမ်းလို့ခေါ်ရေ။ နောက်ပိုင်းတော့ခါ စနဲသုပ်လို့ယာ ဖြစ်လားရေ။ အရင်ကကျခါ ကိုယ့်ဟာကိုယ်ညှစ်ပြီး သုပ်စားရဟာ။ အရင်က အေးမလည်း စားဖူးခဟာပဲ။ ငပိခွက်ချေကိုမှောက်ထားပြီးကေ ကိုယ့်စွာကိုယ် မှောက်စား၊ ဖျင်စားရရေ။ ကိုယ့် မသုပ်ချင်ခါ ဆိုင်သည်ကို သုပ်ခိုင်းလို့ရရေ။ ဒေမာကျခါ မကိုင်။ ဆိုင်သည်ကပဲ သုပ်ပီးရေ။ ယေးဖက်မာက ကိုယ့်ဟာကိုယ် သုပ်စားချင်လည်းရရေ။ လလီးပပစ်စားချင်ကေ ဟင်းချို့မှုန့်အများကြိုက်တေလူ ရှိရေ။ ချဉ်စားလူလည်းရှိရေ။ ကိုယ့် မသုပ်ချင်ရေလူကျခါလေ့ ဧည့်သည်တိဆို သုပ်ပီးရရေပေါ့။ ကျောက်ဖြူမာကျခါ ကိုယ့်ဟာ မသုပ်။ ဆိုင်ကပဲ အကုန်လုံးသုပ်ပီးရေ။”လို့ မဇင်မာလှိုင်က ရှင်းပြပါရေ။
ယင်းအပြင် သူရို့ဖက်မာက ရခိုင်ပြည်နယ်အတွင်းမာဆိုကေလေ့ တခြားမြို့နယ်တိမာပိုင် ဒေနိရောင်းဖို့ မုန့်ဖတ်ကို ညကပင် လုပ်ထား စွာ၊ ညရောင်းဖို့ မုန့်ဖတ်ကို မိုးထပင် မာထားစွာမျိုး မဟုတ်ပါ။ ခုညှစ်ပြီးကေ ခုရောင်းရေ လက်ညှစ်မုန့်တီကိုရာ အရည်စီစီနန့် စားသုံး ကတ်စွာဖြစ်ပါရေ။ နောက်ပြီးကေ မုန့်ဖတ်လုပ်ဖို့ မုန့်နှစ်ကိုလေ့ တဆင့်ခံရောင်းချသူတိက ရှိလာနီဗျာလ်ဖြစ်လို့ ကိုယ်စွာကိုယ် မလုပ်ရလို့ အလုပ်တစ်ခုလျော့ရေလို့ ဆိုင်သည်တိက ဆိုပါရေ။ စနဲသုပ်ကိုလေ့ ဒေပိုင်အရည်စစီနန့် စားရစွာပိုကောင်းရေလို့ ဆိုကတ်ပါသိရေ။
“မုန့်တီနဲ့ မုန့်ဟင်းငါး နှစ်မျိုးပဲရောင်းရေ။ အရင်ကတော့ခါ ခေါက်ဆွဲလေ့ ရောင်းခရေ။ အခုတော့ခါ မုန့်တီပဲ အဓိက။ ဒေကျောက်ဖြူမာ တော့ တခြားမြို့တိနဲ့လည်း မတူ။ စစ်တွေ၊ တောင်ကုတ်ရို ့မာက မုန့်ဖတ်အခြောက်လေ။ ဒေမာက အစိုညှစ်တေ။ ခုညှစ်၊ ခုစား။ ရွာ ဖက်မာကျခါ မုန့်ကိုအပုတ်ခံရေ။ ၄၊ ၅၊ ၆ ရက်ပေါ့လေ။ ဒေမာက တစ်ညပဲထားခါ မုန့်ဖတ်ကမပုပ်။ အနစ်သတ်သတ်လုပ် တေလူလည်းရှိ ရေ။ အနစ်ခဲယူပြီးတော့ခါ ဆိုင်တိကနီ တစ်ဆင့်ရောင်းဟာ။ တစ်ခဲကို ထောင့်သုံးရာ၊ ထောင့်လေးရာပီးရရေ။ တစ်ပိဿခဲ။ ဒေမာက အ စိုပဲ စားကတ်တေ။ အရင်ကတော့ခါ အခဲကိုလေ့ ကိုယ့်ဟာလုပ်ရရေ။ ခုက သတ်သတ်လုပ်တေလူတိ ရှိလာရေ။ နည်းနည်းနှယ်ပြီးတော့ ခါ ညှစ်လိုက်ကေ ပြီးရာ။”
သူရို့မိသားစုရေ မြစ်နားဖက်မာနီပြီးကေ မြို့လယ်ကို လာရောင်းကတ်စွာပါ။ သူရို့ရောင်းချရေနရာရေ ပွဲပိုင်မြေဖြစ်နီလို့ နေရာပုံသေရ ထားစွာမျိုးလေ့ မဟုတ်ပါ။ စျီးခကို ပုံမှန်ပီးရပြီးကေ ပွဲတိကျင်းပရေအခါဆိုကေ ယင်းနေရာက ဖယ်ပေးရပိုင် လက်ရှိရောင်းချနီချိန်မာေ လ့ တရက်ရောင်းပြီးကေ တရက်ဆိုင်ကို ဖြိုဖျက်ပခရပါရေ။ ဒေချင့်ကလေ့ သူရို့အတွက် အလုပ်ပိုတစ်ခုပိုင်ဖြစ်နီပါရေ။
“မိုးလင်း အိပ်ရာကထတည်းကပင် လုပ်ရရေ။ ဟင်းရည်ဆောက်။ ငရုပ်သီး၊ ငရုပ်ကောင်းမှုန့်ထောင်း။ ၉ နာရီ၊ ၁၀ နာရီ လောက်မပြီးရေ။ ပြီးဟာနဲ့ တစ်နာရီလောက်ပဲ နားရေ။ မုန့်တီဆိုလေ့ အိမ်ကနီ နယ်လာရေ။ ဟင်းရည်ဆိုလေ့ အိမ်မာ နှစ်အိုးလောက်ချက်ခါ အချိန်လေ့ ပီးရရေ။ ငရုတ်သီးကြိတ် ငရုပ်သီးချက် မုန့်ဟင်းငါးချက်ဟာတိက ကြာရေလေ။ ၁၀ နာရီလောက်မ ပြီးရေဆိုခါ နည်းနည်းလောက်ယာ နားချိန်ကောင်းမရှိဘူး။ ပင်တော့ ကောင်း ပင်ပန်းရေ။ ကိုယ့်မှာက နေရာလည်း မရှိခါ ပင်ပန်းရရေ။ ဆိုင်ကိုလေ့ရောင်းဖို့ယာဆိုကေ တစ်ခါစီ လာဆောက်ရရေ။ နေရာလည်းယူရခါ ပင်ပန်းရေ။”
ယကေလေ့ သူရို့ကတော့ခါ တခြားနရာတစ်ခုကို ပြောင်းရွှိရောင်းချဖို့ ဆန္ဒမရှိကတ်ပါ။ ဇာလို့လဲဆိုကေ ဒေနရာကိုရာ လူသိများနီစွာ ဖြစ်လို့ပါ။
“အေးမတို့လည်း နယ်ဖက်ကယာ။ စနဲဖက်က။ ဒေဖက်ကိုပြောင်းလာပြီးကေ လုပ်စားနီဟာ။ အလယ်ပိုင်းရပ်ကွက်မာ။ အစ်မရို့က မြစ် နားပိုင်းကနီလာရောင်းဟာ။ ဒေဆိုင်ကိုက ရောင်းဖို့ယာလို့ဆိုကေ ဆောက်ရရေ။ ရောင်းပြီးကေ ပြန်ဖြိုပြီးကေ အားလုံးကို သိမ်းရရေ။ ဒေနရာမာ ဆိုင်ခန်းတိထားလို့ မရ။ ပွဲမြေဖြစ်နီလို့။ ဒေနေရာက ပွိုင့်လည်းကျခါ တခြားနေရာထက် အဆင်လည်းပြေခါ မပြောင်းဖြစ်။ လူလည်းသိနီယာ။ ဧည့်သည်တိ၊ လားလာလူတိဆိုလေ့ မြင်ကတ်တေလေ။ ကွင်းပြင်ဆိုခါ။ အပင်ပန်းခံကေယာ ရောင်းနီလိုက်ယာယေ။ ဒေနရာက ပွဲမြေဖြစ်တေအတွက် ဟိုလိုမျိုး ပြင်လို့ မရ။ ဒေနရာမာ ရောင်းခွင့်ရဟာကိုတောင် ကျေးဇူးတင်ရဖို့။ အရင်ကဆို ရောင်းခွင့် တောင် မရှိဘူး။”
တခါတလှမာဆိုကေလေ့ ဆိုင်မာစားသုံးသူတိများစွာနန့် ကိုယ့်ဖက်က ရောင်းသူအင်အားနည်းစွာနန့် မလိုက်မှီကေလေ့ ဒေပိုင်ပင်ပန်း မှုကို အံတုပြီးကေ မှီအောင်လိုက်လံရောင်းချရပါသိမ့်ရေ။
“လိုက်မမီကလေ့ မှီအောင်တော့ လုပ်ရရေ။ ကျွမ်းလည်း ကျွမ်းကျင်ရေဆိုခါလေး။ ပင်ပန်းခံပနာ ငွေရေးကြေးရေး အဆင်မပြေစွာနန့် အဓိက ကိုယ့်စွာကိုယ် အားမရလေ။ စီးပွားရေးလေ့ လုပ်ချင်ရေ။ ယကေလေ့ အရင်းအနှီးမရှိခါ မလုပ်နိုင်။ ရန်ကုန်မြို့လေ့လားချင်ရေ။ ယကေလေ့ နောက်ပိုင်းကို မျှော်ကိုးကြည့်ခါ မိသားစုနန့် အဆင်မပြေဖြစ်လာဖို့လေ။”လို့ မဇင်မာလှိုင်က စိုးရိမ်ပူပန်စွာနန့် ပြောပါရေ။
888 total views, 1 views today