ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း
ရာသီပေါ်သီးနှံတိဖြစ်ပြီးကေ အချိုင်အရာသာရှိရေ သရက်သီး၊ ဇသီး၊ မညှင်းချိုင်သီးနန့် မင်းကျိုသီးအစရှိရေ သီးနှံတိကို လူအများက ပုံစံအမျိုးမျိုးနဲ့တွဲဖက်စားသုံးကတ်ပါရေ။ ရခိုင်ဒေသမှာဆိုကေတော့ခါ ဒေသီးနှံတိကို တစ်မျိုးတစ်ဖုံနည်းလမ်းထွင်ပြီးကေ စားသုံးကတ် ပါသိရေ။ ဒေအထဲမှာ လူကြိုက်အများဆုံးစားသုံးရေ ပုံစံကတော့ကေ ငါးပိဆားရည်နဲ့ တို့စားစွာ ဖြစ်ပါရေ။
ငါး၊ မျိုင်ချေစရေအရာတိနန့် ပြုလုပ်ထားရေ ရခိုင်ငါးပိစိမ်းမာ ဆား၊ ဟင်းချို၊ ကြက်သွန်နီ၊ ငရုတ်သီးရို့နန့် ပေါင်းစပ်ပြီးကေ ဖျိုထားရေ နိုက်လို့ချေအရည်ကို ရခိုင်ရို့က ငါးပိဆားရည်လို့ ခေါ်ဝေါ်ကတ်စွာပါ။
“ငပိဆားရည်စားဖို့ဆိုလို့ရှိကေ အရင်ဆုံး ငပိကိုဖျိုရရေ။ ငါးပိနည်းနည်းများကေ ရီနည်းနည်း အများထည့်ရရေ။ ငပိနည်းလို့ ရီများလားေ က အရည်ကြိုင်ပြီးကေ ဖြစ်လားရေ။ နိုက်လို့ချေမ စားလို့ကောင်းရေ။ ငပိနစ်လားခါမ ဆား၊ အချိုမှုန့်တိထည့်ရေ။ ပြီးကေမ ကြန်သွန်နီရို့၊ ငရုတ်သီးအလှော်မှုန့်ရို့ထည့်ရေ။ ငပိဆရည်စားရေထဲမာ သရက်သီး၊ ဇသီး၊ မညှင်းချိုင်သီးတိနန့် စားကတ်တေ။ အကျွန်ကတော့ခါ သ ရက်သီးနန့် စားရစွာကို ပိုကြိုက်တေ။”လို့ ရခိုင်ငါးပိဆားရည်ကြိုက်တေ မခင်ခင်စိုးက ပြောပါရေ။
ဒေအစားအစာကို ထမင်းဝိုင်းနဲ့ ပွဲလမ်းသဘင်တိမာ စားသုံးကတ်စွာတော့ကေ မဟုတ်ပါ။ နိခင်းဖက်တိမာ ကာလသားလူပျို၊ အပျိုတိဝိုင်း ဖွဲ့လို့ဖြစ်စီ၊ မိသားစုအလိုက်ဖြစ်စီပပျော်ရွှရွှင်စားသုံးကတ်စွာဖြစ်ပြီးကေ လူကြီး၊ လူငယ်၊ ကျား၊ မ မရွီးကြိုက်နှက်သက်ကတ်ပါရေ။
တချို့က သရက်သီးနန့် တွဲဖက်စားရစွာခုံမင်ပြီးကေ တချို့ကတော့ခါ မညှင်းချိုင်သီးနဲ့ ကြိုက်ကတ်ပါရေ။ ယင်းအပြင် မှင်းကျိုသီးနန့် စား ရစွာကို ကြိုက်လူရှိရေပိုင် ဇသီးနဲ့ တွဲစားရစွာကို ပိုနှစ်သက်သူတိလေ့ ရှိနီပနာ သူရို့ကြိုက်တေ သီးနှံနဲ့စားရစွာကို လိုက်ဖက်တေလို့ပြော ကတ်ပါရေ။ ကိုအောင်ကျော်ဆန်းကတော့ခါ ငပိဆားရည်ဆိုကေ ဇသီးနန့် တွဲဖက်စားရစွာကို ပိုခုံမင်သူပါ။
“ရွာမာက အမြဲတမ်းတော့ မစားဖြစ်။ မြို့မာဆိုလေ့ ယင်းပုံစံမျိုးဗျာလ်။ ဇသီးဆိုကေ သူငယ်ချင်းတိ စုပြီးသင့်ကေ စနီ၊ တနင်္ဂရို့ပိုင် ရုံး မတက်ရ။ ကျောင်းမတက်ရနိတိဆိုကေ ပေါင်းပြီးကေ စားဖြစ်ကတ်တေ။ ငပိဆရည်ကို မမချေတိကပိုပြီးကေ ကြိုက်တေဆိုကေလေ့ေ ယာက်ျားချေတိလေ့ ကြိုက်ကတ်ပါရေ။ ကျနော်လေ့ ငပိဆရည်ကြိုက်တေထဲမာပါရေ။ သူငယ်ချင်းတိနဲ့ ပေါင်းပြီးကေ စားကတ်ကေလေ့ ကိုယ်က ဦးဆောင်လို့လုပ်ဖြစ်တေ။”
အချိုင်အရသာကို မ,မချေတိက ပိုကြိုက်တေလို့ ဆိုကေလေ့ ငပိဆားရည်နဲ့ စားရစွာကိုတော့ခါ ယောက်ျားချေတော်တော်များများကလေ့ ခုံမင်ကတ်ပါရေ။ တစ်ခါတစ်လီဆိုကေ ငါးပိဆားရည်စားဖို့အတွက်နန့် သူငယ်ချင်းတိ တကူးတက လူစုပြီးကေ စားဖြစ်ကတ်စွာကလေ့ရှိ ပါသိမ့်ရေ။ ယင်းပိုင်စားတိုင်းလေ့ အချေခါ စားဖြစ်ခကတ်တေအကြောင်းတိကို သတိတရနဲ့ ပြန်လည်ပြောဖြစ်ကတ်ပါရေ။
ကိုအောင်ကျော်ဆန်းက “အမှတ်တရတိတော့ခါ အများကြီးရှိရေပေါ့နန်း။ ရွာမာဆိုလေ့ ရွာမှာအလျောက်၊ မြို့မှာဆိုလေ့ မြို့မာလျောက်။ စစ်တွေကနီ ရွာကိုလားရေဆိုကေလေ့ မြို့မှာရှိရေ သူငယ်ချင်းတိရော၊ နယ်မှာရှိရေ သူငယ်ချင်းတိပါ ဇသီးချိန်ဆိုကေလိုက်ဝယ်ရေ။ ပြီး ကေ အချေဘဝက အကြောင်းတိကို ပြောဖြစ်ကတ်တေ။ ၅ တန်း၊ ၆ တန်းနှစ်က အကြောင်းတိကို ပြောပြီးကေစားကတ်တေ။ အချေဘဝ ကဆိုကေလေ့ ဇသီးကို တစ်ယောက်ခံရေ။ ဆားကိုတစ်ယောက်ခံရေ။ ငရုတ်သီးကိုတစ်ယောက်ကခံရေ။ ယင်းပိုင် ပုံစံမျိုးလေ့ စားဖြစ်ခ ကတ်တေ။”လို့ ရယ်သံပါပါနဲ့ ပြောပါရေ။
လူငယ်တိအနီနန့် ကိုယ့်ဒေသမာ နီထိုင်နီရေ အချိန်မာ အခုပိုင် စားနီနိုင်ကေလေ့ တခြားဒေသတိကို ရောက်လားရေခါ ဒေပိုင်အစားအ စာမျိုးကို စားရဖို့ဆိုစွာက မလွယ်ကူရေကိစ္စပါ။ အထူးသဖြင့် တစ်ယောက်တည်းနီရေလူတိဆိုကေ ပိုဝီးပါသိမ့်ရေ။ ဇာကြောင့်လဲဆိုတော့ ခါ ငပိဆားရည်စားစာထက် သူငယ်ချင်းတိ၊ မိတ်ဆွေတိ၊ မိသားစုတိနန့် ဝိုင်းဖွဲ့ပြီးကေ စားသောက်ရရေ အရသာကို ပိုပြီးကေ ခုံခုံမင်မင်ရှိ ကတ်လို့ပါ။
ရန်ကုန်မှာနီရေ ကိုဇော်ထွန်းဦးဆိုကေ ရန်ကုန်ကို ရောက်စက တတူနီရေ ကိုယ့်ဒေသက မိတ်ဆွေတိနဲ့ ဝိုင်းဖွဲ့စားသောက်ခကေလေ့ တစ်ယောက်တည်းကျန်လိုက်တေချိန်မှာတော့ကေ မစားဖြစ်လိုက်ပါယာ။ အခုဆိုကေ ၇ လလောက်ရှိနီယာ ဖြစ်တေအတွက်ကြောင့် စားချင်နီရေအကြောင်းကို အခုပိုင် ဖွင့်ဟပါရေ။
“ငပိဆရည်ဆိုကေ ဒေမာ (ရန်ကုန်) က မရှိ။ လမ်းမာရောင်းရေဆိုကေလေ့ ငံပြာရည်နဲ့ ငရုတ်မှုန့်နန့်ရာ ရောင်းကတ်တေ။ ငပိနန့် ဒေပိုင် ဖျော်လို့မရှိ။ မစားရစွာများရေ။ တကယ်လို့ စားချင်ရေဆိုကေလေ့ ရခိုင်က အသိတိ၊ သူငယ်ချင်းတိနန့် စားဖြစ်တေ။ တစ်ယောက်တည်း က မစားဖြစ်။”
“ကျနော် ရန်ကုန်ရောက်စွာ တစ်နှစ်ကျော်လောက်ရှိယာ။ ယင်းကြားထဲမာ ၂ ခါလောက်ပဲ စားဖြစ်သိရေ။ ရန်ကုန်ရောက်စက။ ယင်း နောက်ပိုင်းကနီ မစားရစွာ။ စားကေလေ့ ဒေမာလုပ်တေ ငံပြာရည်နန့်စော်ယာ စားဖြစ်တေ။ သူရို့အစားစာ။ မစားရစွာကြာယာ။ ကျ နော်ထင်ရေ။ ၆ လ၊ ၇ လတောင်ရှိနီယာ။ မစားရစွာ။”
ရခိုင်ပြည်နယ် စစ်တွေမြို့မာနီခရေ ကိုဇော်ထွန်းဦးရို့ခြံမာ ဇပင်၊ သရက်ပင်ရို့ရှိရေလို့ ဆိုပါရေ။ ရာသီအချိန်တိရောက်ကေ စားသောက် ဖို့ အဖော်မရှိကေတောင် ငါးပိဆားရည်ခွက်ကို အပင်ထက်ကိုယူလားပြီးကေ စားနီခရေ ငယ်ဘဝတိကိုတောင် ပြောရင်းဆိုရင်းနန့် သတိ ရလားရေလို့ ပြောလာပါရေ။
လက်ရှိ ရန်ကုန်မာနီရေအချိန်အတိုးအတွင်းမာတော့ကေ အဆောင်နီသူငယ်ချင်းတိကို အခွင့်မကြုံလို့ ယင်းရာသီစာကို လုပ်မကျွေးဖြစ် သိကေလေ့ ကိုယ်တတ်သလောက်မတ်သလောက်ချေ ဖလှယ်ပြီးကေ တစ်ခြားအစားစာတိ အပြန်အလှန် ချက်ပြုတ်စားသောက်ကတ် တေလို့ ဆိုပါရေ။
“အဆောင်နီသူငယ်ချင်းတိနန့်လေ့ ဒေပိုင်သီးသန့်ကြီး လုပ်စားကတ်တေလို့တော့ခါ မရှိ။ ထမင်းစားခါ ကိုယ်တတ်တေ အစားအစာ ရခိုင်ဆိုလေ့ ရခိုင်အစားစာ ငရုတ်သီးမများ၊ ချဉ်မများချေနန့် ဒေပိုင်ချက်စားရေ ပုံစံမျိုးတော့ခါရှိရေ။”လို့ ဆိုပါရေ။
ငါးပိဆားရည်မာဆိုကေ အမိဖျော်ရေလက်ရာကို အကြိုက်အဆုံးလို့ဆိုရေ ဘူးသီးတောင်မြို့နယ်က မစုမေထွေးကတော့ကေ တစ်ခြားဒေ သကိုလားလည်ကေ တကူးတကလုပ်ပနာ ယင်းဒေသကလူတိကို အစမ်းစားကြည့်ခိုင်းရေလို့ ဆိုပါရေ။ သူရို့ကလေ့ အစပိုင်းမာ တွန့်ဆု တ်နီကတ်ကေလေ့ စားကြည့်ခါတော့ကေ နှစ်သက်ကတ်စွာ တွိရရေလို့ ပြောပါရေ။
“ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းဖက်မှာဆိုလို့ရှိကေ ရခိုင်သားတိ ရှိရေ။ ငပိလေ့ ပေါရေ။ ယကေလေ့ အကျွန်ရို့ပိုင် ငပိနန့် ဖျော်ပြီးကေ မစား။ ငံပြာရည်တိနန့်စားရေ။ အကျွန်ရို့ ယင်းဖက်ကို လားရေဆိုလို့ရှိကေ ရခိုင်မာ ဒေပိုင်စားရေ။ ယပိုင်မျိုး လုပ်ကျွေးရေ။ သူရို့ကလေ့ ကြိုက်ကတ်တေ။ အကျွန်ရို့မာက ငပိကို အစိမ်းစားခါ သူရို့က မစားဖူးလို့ အစပိုင်းမာတော့ခါ တွန့်ဆုတ်ရေ။ စားကြည့်ခါတော့ကေ သူ ရို့လေ့ ကြိုက်ကတ်တေကာ။”
ရခိုင်ဒေသမှာ ငါးပိဆားရည်ကို အခုပိုင် လူကြိုက်များနီကေလေ့ ဇာစျီးသယ်ကလေ့ “ငါးပိဆားရည်”လို့ မရောင်းချကတ်ပါ။ သရက်သီး၊ ဇသီး၊ မညှင်းသီးတကို တစ်ခြားဒေသတိမာပိုင် ငရုပ်မှုန့်၊ ငံပြာရည်တိ၊ ဆီးသကြားတိနန့်ရာ လူးသုပ်ပြီးကေ ရောင်းချကတ်စွာပါ။ ယင်းတွ က်နန့် တချို့ဧည့်သည်တိ အနေနဲ့ကတော့ခါ ရင်းနှီးရေ မိတ်ဆွေတိကရာ တကူးတကနန့် မလုပ်ကျွေးဖြစ်ကေ ရခိုင်မာ ဒေပိုင်အစားအ စာဟိမ့်မှန်းတောင် သိကတ်ဖို့ မဟုတ်ပါ။
အသက် ၅၀ ကျော်အရွယ် အရီး ဒေါ်အုန်းသာစိန်ကတော့ သူတို့အပျိုတုန်းကဆိုရင် သူနီခရေ ပေါက်တောမြို့နယ်က ပြိုင်းတောင်ရွာမာ တောတောင်တိကိုလားကေ အပေါင်းအသင်းတိနန့် ငါးပိဆားရည် စားနီဖြစ်ပြီးကေ ငါးပိဆားရည်မာ မျိုင်ငပိနန့် လုပ်ထားရေ ငါးပိနန့် စား ရစွာက ပိုအရသာရှိပြီးကေ နံနံပင်ထည့်လိုက်ကေ ပိုပြည့်စုံလားလို့ မမွီးချေနန့် စားလို့ကောင်းရေလို့ အကြံပြုပါရေ။
“အပျိုခါက ယာကိုလားကေ ငပိတစ်ခဲ၊ ခွက်တစ်လုံးယူလားရေ။ ဒါးတစ်ချောင်း၊ ကြက်သွန်နီ၊ နံနံပင် ယူလားရေ။ ငပိဆရည်မာ ဟင်းချို မှုန့်ထည့်ရေ။ ဆားထည့်ရေ။ ငါးရုပ်မှုန့်ထည့်ရေ။ နံနံပင်ထည့်လိုက်ကေစားကောင်းလိုက်တေဆိုစော်မာ မပြောကေ့ဖိ။ သရက်သီးချေကို ခွဲ၊ ရဒုံချေမာ နှစ်ပြီးကေ စားကတ်တေ။ ဆား၊ အချိုမှုန့်ကို တော်ရုံလောက်ထည့်ပြီးကေ နံနံပင် မမွှီးချေနဲ့ စားကတ်တေ။ သူငယ်ချင်းအ ပေါင်းအသင်းတိနဲ့ ၁၀၊ ၉ ယောက်လောက်ဝိုင်းဝန်းလို့ စားကတ်တေ။ စားလို့ပြီးစွာနဲ့ ကင်းပွန်းနုလားခူးရေ။ ဟင်းတိခူးဖို့လားကတ်တေ။ ဟင်းရှာပြီးစွာနန့် ပါလာရေ ပုဆို့ချေတိမာ လိပ်ပြီးကေ အိမ်ကို ပြန်လာကတ်တေ။”လို့ အငယ်က အကြောင်းနဲ့ရောယှက်ပြီးကေ ပြောပြ လာပါရေ။
နောက်ပြီးကေ သူရို့အငယ်ပိုင်းမာ ဇသီးရို့၊ သရက်သီးရို့နန့် စားရုံမကလို့ ချဉ်ရေအသီးဟူသမျှနန့် ငါးပိဆားရည်စားသုံးခရေအကြောင်း ကိုလေ့ အရီးဒေါ်အုန်းသာစိန်က “အရီးရို့က မှင်းခူသီးကိုလေ့ ငပိဆရည်စားရေ။ သတွတ်သီးကိုလေ့ စားရေ။ လက်ပွတ်သီးကိုလေ့ စား ရေ။ တောင်ထက်မာ သတီသီးလို့ တစ်မျိုးဟိမ့်သိရေ။ ယင်းအသီးကိုလေ့ ငပိနဲ့ စားသိရေ။ သတီသီးကိုတော့ခါ တော်ရုံလူတိမြင်ဖူးဖို့ မ ဟုတ်။ အရီးရို့ကတော့ခါ စားဖူးရေ။ ယင်းအသီးနန့်လေ့ လိုက်ဖက်တေ။ ငပိဆရည်စားလို့။” လို့ ဆိုပါရေ။
ဒေပိုင်နခြင်းဖက်တိမာ ငါးပိဆားရည်စားလို့ပြီးကေ မအိပ်သင့်လို့ ကျန်းမာရေးအရ သတိပီးပြောဆိုလာသူက ဦးဦးသိန်းမောင်ပါ။
“နခြင်းဖက်မာ ငပိဆရည်စားပြီးကေ မအိပ်ရ။ အစားများလားကေ ၁၀ ယောက်မာ တစ်ယောက်လောက်တော့ခါ ဝမ်းပြည့်ဝမ်းဒင်းဖြစ် တတ်တေ။ ဝမ်းလားကေလေ့ ယပိုင်တော့ခါ ကောင်းလားယင့်။ အရွယ်ကောင်းတုန်းဆိုခါ တစ်ခုလေ့တော့ခါ မဖြစ်လိုက်။ ကာလဝမ်း ရောဂါဖြစ်တေ။ ယပိုင်တော့ခါ ကြားဖူးယင့်။”
အသက် ၅၀ ကျော်အရွယ် ရှိနီကတ်ဗျာလ်ဖြစ်တေ ဦးဦးသိန်းမောင်နန့် ဒေါ်အုန်းသာစိန်ရို့ ဇနီးမောင်နှံကတော့ခါ သူရို့အသက် ၂၀ ကျော်အရွယ်မာဆိုကေ ငါးပိဆားရည်နန့် အချိုင်တိကို ကကောင်းစားနိုင်ခကတ်ကေလေ့ အသက် ၃၀ နောက်ပိုင်းရောက်လာခါ လားတိကြိန်းလာပနာ အရင်ကပိုင် မစားနိုင်ယာလို့ ဆိုပါရေ။ ဒေချင့်က ကွမ်းစားတတ်တေအကျင်နန့်လေ့ သက်ဆိုင်ပါဖို့။
“အငယ်ခါ ဇာလောက်စားလဲဆိုကေ မညှင်းသီး၊ သရက်သီးပေါ်ချိန်မာ သွားကြိန်းလွန်းအားကြီးလို့ ပဇနဲ့ ကိုက်မစားနိုင်လို့ ဓါးချေနန့် အပြက်ပြက်လှီးပြီးကေ ဆားနဲ့လူလို့ မျိုချရေ။ ယလောက်ထိ စားခရေ။ နှစ်ဗူးလောက်ကို အသာချေစားပလိုက်လို့ရရေ။ ဇသီးဆိုကေ လေ့ မိုးထစစောကနီ ထပြီးကေ ကောက်ကေ စားယာ၊ စားလီဖို့စော် အမြှုပ်ထွက်လောက်တေအထိ။ အသက် ၃၀ လောက်ရောက် လာခါ အချိုင်စားလို့က မရလိုက်ယာ။ ကွမ်းစားလာရေ။ အခုဆိုကေ သရက်သီးတိကို တို့လို့တောင် မကြည့်ချင်လိုက်ယာ။”လို့ ဦးဦးသိန်းမောင်က ပြောပါရေ။
အသက် အစိတ်အရွယ် ကိုဇော်ထွန်းဦးကတော့ခါ သူရေ ကွမ်းစားကေလေ့ အချိုင် စားနိုင်ရေလို့ တဟာဟားရယ်ပနာ ကြွားလုံးထုတ် ပါရေ။
“ပြောတော့ခါ ပြောကတ်တေ။ ကွမ်းစားကေ အရသာ မတွိလတ်။ အချဉ်တိ၊ အစပ်တိ စားလို့မရလတ်။ ကျနော်ကတော့ခါ စားနိုင်ရေ။”
ရာသီပေါ်သီးနှံတိဖြစ်တေ အချိုင်ကြိုက်သူတိအတွက်တော့ခါ အခုပြောပြပီးလားရေ နည်းလမ်းချေကို ခုံမင်နှစ်သက်ကတ်ဖို့လို့ မျှော် လင့်ပါရေ။ အိမ်မာလေ့ ရခိုင်ဓလေ့ရိုးရာ ရာသီပေါ်အစားအစားတစ်ခုဖြစ်တေ ငါးပိဆားရည်ကို ကိုယ်တိုင်အစမ်းလုပ်စားကြည့်ကတ်ပါ။
962 total views, 1 views today