ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဒေနှစ်သင်္ကြန်မှာ ထူးထူးခြားခြား ရုံးပိတ်ရက် ၁၀ ရက်အထိ ရရှိခကတ်ကေလေ့ ကမ္ဘာ့ကပ်ရောဂါအဖြစ် WHO က ကြေငြာထားရေ Covid-19 ကြောင့် အခွင့်မသာခကတ်ပါ။ အားလုံးက အိမ်ထဲမာဗျာလ် နီပြီးကေ ကိုယ့်ကိုကိုယ် ကာကွယ်နီခကတ်ရပါရေ။ ကျွန်တော်လေ့ အိမ်မာဗျာလ် နီဖို့ဆုံးဖြတ်ခကေလေ့ မြို့ထက်ကရပ်ကွက်တိထက် တည်ငြိမ်အီးချမ်းရေ မွီးရပ်ဇာတိမြေက အိမ်မာနီယင်းနန့်ရာ အနားယူဖို့ကျလားပါရေ။

ဇာပိုင်ပင်ဆိုဆို နယ်ဖက်မာက မြို့ထက်မာထက် လူဝင်လူထွက်နည်းပါးပြီးကေ ကျန်းမာရေးအခြေအနေ ပိုလို့စိတ်ချရရေ မဟုတ်လား။ အိမ်မာနေယင်းနန့် အတွေးတစ်ခုပေါ်လာပါရေ။ ယင်းချင့်ကတော့ ကိုယ့်ဒေသက မရောက်ဖူးသိရေ နရာချေတိကို လားလည်ဖို့ဖြစ်ပါရေ။ ဒေပိုင်နန့် ကျွန်တော့်ပိုင် နယ်မာရောက်နီကတ်တေ သူငယ်ချင်းတချို့ကို ကိုယ်လားဖို့ နရာချေအကြောင်းကို ပြောပြဖြစ်လားပါရေ။

သူရို့ကလေ့ အိမ်မာနီဖို့တတူတူ ကျွန်တော်ပြောပြရေ နရာချေကို လားလည်ဖို့ စိတ်ဝင်စားကတ်ပါရေ။ ယင်းနရာချေက ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေတစ်ဖက်ခြမ်းမာရှိရေ မြေငူကျွန်းက နဂါးတောင်ပါ။ ဒေတောင်ရေ ချိုင်ပြင်ကျေးရွာ အနောက်ဖက်ကတောင်ထိပ်ဖျားမာ ရှိစွာပါ။

ခရီးအစ

မြန်မာ့ရွက်ဆုတ်ပြက္ခဒိန်ထဲမာ အနီရောင်နန့် ရိုက်နှိပ်ပါရှိရေ နှစ်သစ်ကူးရုံးပိတ်ရက်ဆိုရေ စာလုံးကိုစတွိရရေနိန့်ကပင် နယ်ကိုရောက်နီခ တေ ကျွန်တော်ရို့တစုရေ ဧပြီလ ၁၁ ရက်နိန့်မာခရီးကို စတင်ဖို့ ဆုံးဖြတ်လိုက်ကတ်ပါရေ။ ဒေနည်းအတိုင်း စတင်ခကတ်တေခါ အဆိုပါ ကျွန်း၏အစ သဲခုံရွာကပင် ယာတိုက်ရွာကို ထွက်လာကတ်ပနာ ယင်းရွာမာ အသင့်စောင့်နီရေ သူငယ်ချင်းတိကိုဝင်ခေါ်ပါရေ။ သူငယ်ချင်းက လေးယောက်ဆိုခါ မိတ်ဆွေတိပါးက နှစ်ဘီးဆိုင်ကယ်နှစ်စီးငှားပြီးကေ ယာတိုက်က ထွက်လာကတ်ပါရေ။

ယာတိုက်ကနီ ကျွန်တော်ရို့ ခရီးဆက်ရဖို့စော်က မိနစ် ၄၀ လောက်ကြာအောင်မောင်းရဖို့ ပြိုင်းတောင်ရွာကိုပါ။ ဆိုင်ကယ်နန့်လားရေဆို ကေလေ့ ကွန်ကရစ်လမ်းရို့၊ ကျောက်ခင်းလမ်းရို့လို့တော့ မထင်လိုက်ကတ်ပါကေ့။ တချို့လမ်းတိမာ ဆိုင်ကယ်လားလို့ရရုံတမယ် လမ်း ပုံသဏ္ဍန် လုပ်ထားပြီးကေ တချို့လမ်းတိမှာ လယ်ကွင်းတိကို ဖြတ်လားရရေ ကိုယ့်အားကိုယ်ကိုးလမ်းတိပါ။ တချို့လမ်းဆိုကေ ရွာထဲမာ ဖြစ်လို့ သဲကျွံပိုင် ချိုင့်ခွက်တိကြောင့် ဆိုင်ကယ်ဆင်းတိုးလိုက်၊ ပြန်တက်လိုက်လုပ်ရစွာကလေ့ အကြိမ်ပေါင်းမနည်းပါ။

ဒေပိုင်နန့် ဖုန်တထောင်းထောင်းထနီရေ လမ်းတိကို လားလို့ ၁၅ မိနစ်တောင်မကြာသိရေအချိန်မှာ ဆိုင်ကယ်ကျူးပေါက်လားလို့ လဲဖို့ အနားက တောလယ်ဆိုရေရွာမှာ ဆိုင်ရှာခါလေ့ မရှိပါ။ အသိတစ်ယောက်ကိုဖုန်းဆက် အကူညီတောင်းပနာ ယာတိုက်ရွာက ဝက်ရှော့ ကိုပြန်လှည့်ဗျာလ် ပြန်လုပ်ခရလို့ မကြာသင့်ရေ အချိန်တိလေ့ ကုန်ခရပါသိမ့်ရေ။ နိခင်း ၂ နာရီကနီ စထွက်ပါလတ်ကတ်တေ ကျွန်တော်ရို့ရေ ၄ နာရီကျော်လားလို့တောင် တောလည်ရွာမာယာ ရှိနီခကတ်ပါသိရေ။
တနားကြာကေ ပြန်ထွက်လာခကတ်တေခါ လမ်းကလေ့ တိုက်ရိုက်ဖောက်ထားစွာ မဟုတ်လို့ ဟိုရွာဝင် ဟိုလူ့ကို မီး၊ ဒေရွာဝင် ဒေလူကို မီး၊ လမ်းမာတွိရေ လူကို မီးနန့်ပင် ကြာနီခကတ်ပါပြန်ရေ။ တချို့လမ်းတိမာဆိုကေ ဆက်ဖီဆွဲ၊ ဓာတ်ပုံတိလေ့ ရိုက်နီခကတ်ပါသိရေ။ ၅ နာရီကျော်အချိန်လောက်ကိုရောက်မာ ပြိုင်းတောင်ရွာကိုဝင်ပါဗျာလ်။

ရောက်မှန်းသိခါ ရွာကဒေသခံသူငယ်ချင်းကို ဖုန်းလှမ်းဆက်ပြီးကေ ရောက်နီရေနရာနန့် လာရဖို့နရာကိုချိန်းဆိုပနာ တနားတဖြုတ် အနားယူကတ်ပါရေ။ နီဝင်စွာနဲ့ သူငယ်ချင်းအိမ်မာဗျာလ် တစ်ညဉ့်အနားယူပြီးကေ နက်ဖြန်လားဖို့ ပြင်ဆင်ကတ်ပါရေ။

နဂါးတောင်ကို အလား

ရွှေအိုရောင်လွှမ်းနီရေ နံနက်ခင်း မကုန်ဆုံးခင်၊ မျိုးပေါင်းစုံလှရေ ကျေးငှက်သာလကာရို့၏ တွန်ကျူးသံတိ မပျောက်ပြယ်လားခင်မာ အတွေးညညီတိုင်ပင်ထားကတ်တေ ကျွန်တော်ရို့သူငယ်ချင်းတစ်စုရေ နိုးထလာကတ်ပြီးကေ နဂါးတောင်ကိုလားဖို့လို့ ပြင်ဆင်ကတ် ပါရေ။
အားလုံးသူမျက်နှာမာလေ့ ပျော်ရွှင်နီရေ အရိပ်အယောင်တိက ပြည့်နှက်လို့နီပါရေ။ မိုးထသားမုန့်စားပြီးစွာနဲ့ ညဦးကနီ ပြင်ဆင်ထားကတ်တေ အထုပ်အပိုးတိကိုအသင့်ပြင်ဗျာလ် တောင်ထက်ကိုရောက်တေခါ စားသောက်ဖို့ ရိက္ခာတိကို တည်းရေ သူငယ်ချင်းအိမ်က လူကြီးတိက စီစိုင်ပီးပါရေ။

ကျွန်တော်ရို့ သူငယ်ချင်းတစ်စုက လားဖို့အသင့်ဖြစ်နီချိန်မှာ အခက်ခဲတစ်ခုပေါ်လာစွာက လမ်းပြအဖြစ်လိုက်ဖို့ ဒေသခံသူငယ်ချင်းတစ်ယောက်က မအားလိုက်ယာဆိုစွာပါ။ အုပ်စုလိုက်သွားဖို့အထဲမှာ ဒေသခံသူငယ်ချင်း နောက်ထပ်နှစ်ယောက်ပါသိရေဆိုကေလေ့ မ,မချေလေ့ဖြစ်၊ လမ်းလေ့ မကျွမ်းကျင်ခါ တစ်ခါလေ့ မရောက်ဖူးသိရေ ကျွန်တော်ရို့အဖို့ လမ်းပြတစ်ဦးက မဖြစ်မနေ လိုအပ်ပါရေ။ ဒေပိုင်နန့် တချို့မိတ်ဆွေတိကို အကူအညီထပ်တောင်းခါတော့ကေ ၁၆ နှစ်လောက် အရွယ် ဒေသခံယောက်ျားချေတစ်ယောက် ရခပါရေ။

ရခါ ၈ နာရီလောက်မှာ ပြိုင်းတောင်ရွာထဲကနီအထွက်ကျပါရေ။ ပြိုင်းတောင်ကနီ ချိုင်ပြင်ရွာနောက်ဖက် တောင်တက်လမ်း မစခင်အထိ ဆိုင်ကယ်ကို လမ်းကွင်းအတိုင်း မောင်းလာလို့ အဆင်ပြေကေလေ့ ညကပင် ဆိုင်ကယ်စီးရဖို့စော် ကြောက်နီခကတ်တေ ကျွန်တော်ရို့က လမ်းလျှောက်ဖို့ယာ ဆုံးဖြတ်ခကတ်ပါရေ။ ပါလာရေ ရိက္ခာတိနန့် အထုပ်ကို ခွဲထမ်းလာကတ်ပြီးကေ ဟိုနရာမာ တနားတန့်၊ ဒေနရာမာ တနားတန့်နန့် ဒေသခံတိက တစ်နာရီတောင်မလားရလို့ဆိုရေ နဂါးတောင်ထိပ်ကို ၂ နာရီဝန်းကျင်လောက် ခကျင်လျှောက်မ ရောက်လားကတ်ပါရေ။

လမ်းမာ ဖိနပ်ပြတ်လိုက် နီးစပ်ရာ ရွာထဲကလားဝယ်လိုက်၊ ရွာထဲက ရီဝင်သောက်လိုက်နန့် လုပ်နီခကတ်လို့လေ့ ပါဘာဖို့။

နဂါးတောင်ကို ရောက်ဗျာလ်

မိုးထ ၁၀ နာရီကျော်လောက်မာတော့ကေ ကျွန်တော်ရို့ တောင်အောက်ကကြည့်ပနာ အံသြသင့်နီခကတ်တေ တောင်ထိပ်ဖျားကို ရောက်လားကတ်ပါဗျာလ်။ လမ်းပြပါလာရေ လူငယ်က ကျွန်တော်ရို့ကို ရီကန်နန့် နီးစပ်တေ တဲချေတစ်ခုကို ခေါ်လားပြီးကေ နရာချပီးပါရေ။ ယင်းနရာကိုရောက်ခါ တနားတဖြုတ်အနားယူကတ်ပြီးကေ တောသဘာဝအလျောက်တည်ရှိရေ ငှက်ပျောပင် ခွတ်သူကခွတ်၊ ရီခပ်သူကခပ်နဲ့ တာဝန်ကိုယ်စီခွဲဝေယူကတ်ပနာ အသင့်ယူဆောင်လာကတ်တေ ရိက္ခာတိကို ချက်ပြုတ်စားသောက်ကတ်ပါရေ။

ချက်ပြုတ်စားသောက်လို့အပြီးမာ လူနန့်အရိပ်နန့် တတည့်ကျချိန် နိန့်ခင်း ၁ နာရီတတိရှိနီပါယာ။ ဟိုလူငယ်ကတော့ နောက်နာရီဝက် ကြာကေ နဂါးတွင်းလို့ အရပ်ကခေါ်ရေနရာကို လားဖို့ပြောလာပါရေ။ ဒေပိုင်နန့် အနီးအနားက ငှက်ပျောလက်တိခွတ်ပနာ အခင်းလုပ် နာရီဝက်ခန့် အိပ်စက်အနားယူကတ်ပါပြန်ရေ။

အချိန်တစ်နာရီခွဲတတိရောက်တေခါ ရှန်းရှန်းတောက်ပူနီရေ နီရောင်ခြည်ဒဏ်ကာကွယ်ဖို့ လက်ရှည်အင်္ကျီတိဝတ်ဆင်ကတ်ပနာ တွင်းတိ ရှိရေနရာကို စတင်ထွက်ခွာကြပါတယ်။ မိနစ်နှစ်ဆယ်လောက်ကြာအောင် ခြုံတောတိဖောက်၊ လမ်းလျှောက်လို့အပြီးမာတော့ခါ ပွက်ပွက်ဆူသံတိကြားရပြီးကေ အနီအနားမာ ကျုပ်ရည်(ရွှံ့)တိမြောင်းပိုင်ရှောင် စီးကျနီစွာတွိရပါရေ။ လမ်းပြလူငယ်ကို မီးကြည့်ခါ ပထမတွင်းကို ရောက်ယာလို့ အချက်ပြပါရေ။

ကျုပ်တိနန့် ဖွဲ့စည်းထားရေ မြေညီနဲ့ ခမြင့်မြင့်မာတည်ရှိရေ ပထမဆုံးတွိရရေ ယင်းတွင်းရေ ၆ ပေပတ်လည်လောက်ကျယ်ပြီး အနက် ကိုတော့ခါ ခန့်မှန်းလို့ မရပါ။ ဆူပွက်နီရေလို့ ဆိုကေလေ့ နရာတစ်ခုလုံး မဟုတ်ဘဲ အလယ်တတည့်လောက်က ၂ ပေပတ်လည်လောက် ကရာ တစ်စက္ကန့်မှာ တစ်ကြိမ်လောက်ဆူပွက်စွာပါ။ ဆူပွက်လာရေကျုပ်ရည်ရေ တစ်ခါတစ်ခါမှာ ပေဝက်လောက်မြင့်ပိုင် တစ်ခါတစ်ကျကေလေ့ ၁ ပေကျော်ကျော်လောက်အထိ ဆူပွက်စွာကို တွိမြင်ရပါရေ။

ကျွန်တော်ရို့ မျက်စိရှိမာ မမြင်ခရကေလေ့ ၅ ပေကျော်၊ ၆ ပေလောက်ရှိရေ အနားက အပင်က အကိုင်းအခက်တိမာ တွင်းကစိုင်ရေ ကျုပ်တိ ဖိတ်စိုင်နီပါရေ။ နောက်ပြီးကေ တွင်းထဲကကျလာရေ ကျုပ်တိစီးဆင်းဖို့ မြောင်းချေသဖွယ်နရာတိလေ့ တွိရပါရေ။ တွင်းအနီး တဝိုက်မာတော့ကေ တောင်ပေါ်ဒေသတိမာ ပေါက်ရောက်လိမရှိရေ ပြာတော(ဒီရေတော)တိနန့် ဆငံရည်ရောက်တေအရပ်မာရာ ပေါက်ရောက်လိရှိတတ်တေ သစ်ပင်မျိုးစိပ်တိလေ့ တွိရပါရေ။

ကျွန်တော်ရို့အဖွဲ့ရေ ဒေတွင်းထဲကို အနားကအပင်က အသီးချေတစ်လုံးထည့်ကြည့်လိုက်ခါလေ့ နဂိုထက်ပိုပြီးကေ ဆူလာပနာ အမြင့် ကိုတွန်းကန်စွာ မြင်ခရပါရေ။ သူငယ်ချင်း မ,မချေတစ်ယောက်ကတောင် “နဂါးမကြိုက်လားမသိ” လို့ဆိုပနာ ကကြောက်ရရွန့်ပြောခပါ သိရေ။

ယင်းတွင်းကို လေ့လာကတ်၊ ဓာတ်ပုံမှတ်တမ်းတင်ကတ်၊ ဆက်ဖီဆွဲကတ်နန့် ကျေနပ်တေအထိ နီခကတ်ပြီးကေ တခြားတွင်းတိရှိရေ နရာကို ဆက်လျှောက်ခကတ်ရေ။ လမ်းတလျှောက်မာတော့ ပထမတွိခရေတွင်းပိုင် မဆူပွက်ဘဲနန့် သီနီရေတွင်းတိကို တွိရရေပိုင် တချို့လူတိက တွန်းကန်ထုတ်ဖို့လားဆိုရေသဖောနန့် တွင်းနန့်မဆန့်ရေ သစ်တုံးတိကို ထည့်ထားကတ်လို့ ပိတ်နီရေ တွင်းတချို့ကိုလေ့ မြင်ခရပါသိရေ။

နောက်ပြီးကေ ကန်ချေတစ်ကန်လောက်ရှိရေ ၂၀ ပတ်ပတ်လည်အဝိုင်းကန်တိ၊ ရီသုံးဖလားလောက်အနီအထားရာရှိရေကန်ချေတိနန့် အမြင့်ပေ ၁၀ ကျော်လောက်မြင့်ပြီးကေ အဝကျဉ်းလားရေ မီးတောင်သဏ္ဍန်တွင်းတစ်တွင်းလေ့ ထထူးခခြားတွိရပါပြန်ရေ။ ကျွန်တော်ရို့ တွိမြင့်ခရစွာထက် တချို့နရာတိမာလေ့ ကျန်နီသိလို့ အရေအတွက်ဇာလောက်ထိများပြားနိုင်ရေဆိုစွာကို အတိကျမပြောနိုင်ကေလေ့ နီရာသီမာထက် မိုးရာသီမှာ ပိုများပြီးကေ ပိုပြီးဆူပွက်နှုန်းမြန်ရေဆိုစွာကို ဒေသခံတိအပြောအရ သိရပါရေ။

“ဒေကောင်က နီရာသီပိုင်းမာထက် မိုးရာသီဆိုကေ မုန်းတိုင်းတိုက်ဖို့။ လီတိုက်ဖို့ဆိုကေ ပိုသိသာရေ။ ပိုပြီးကေ အသံကျယ်ရေ။ ပို ပြီးကေ အမြင့်တက်တေ။ ‘ဘွင်း၊ ဘွင်း’ မြည်ရေ။”လို့ အသက် ၆၀ ဝန်းကျင်အရွယ် ပြိုင်းတောင်ဒေသခံ ဦးအောင်မြတ်သာက ပြောပြပါရေ။

ဇာအချိန်ကနီ စတွိခကတ်စွာလဲ

ဒေသခံတိက ချော်ရည်ထွက်တေ ဒေတွင်းတိရေ ဇာအချိန်ကပင် ရှိနီခရေဆိုစွာကို လက်ရှိအသက် ၆၀၊ ၇၀ ရှိနီကတ်ဗျာလ်ဖြစ်တေ လူကြီးတိ၏ မိဘဘိုးဘွားတိကတောင် မပြောနိုင်ခလို့ ဆိုကတ်ပါရေ။ ရွာသားတိနန့် တောင်ယာခွတ်နီသူရို့၏ပြောဆိုချက်တိအရဆိုကေ ဒေတွင်းတိရေ တစ်နရာတည်းမာ အမြဲတမ်းနီစွာမျိုး မဟုတ်ပါ။ တစ်ခါတစ်ခါမာ တစ်နရာက ပိတ်လားကေ တစ်ခြားတစ်နရာက ပေါ်လာတတ်ပြီးကေ ယင်းထက်တွင်းအရေအတွက်များကေလေ့ များနီတတ်ပါရေ။

“တစ်နရာက သီလားရေ။ နောက်တစ်နရာက ထပ်ပွင့်ရေ။ နောက်တစ်နရာက သီလားရေ။ နောက်တစ်နရာက ထပွင့်ရေ။ ပျောက်လားရေလို့တော့မဟိမ့်။ တစ်ခုကသီလားရေဆိုကေ နောက်တစ်ခုက ထပွင့်ရေ။ တစ်ခုတစ်လီမှာ တွင်းသဏ္ဍန်ခံကျန်ခရေ။ ယာခုတ်ထားရေနရာမာဆိုကေ အားလုံးမြင်ရရေ။”လို့ ဦးအောင်မြတ်သာက ပြောပါရေ။

ယင်းတောင်မာ လွန်ခရေနှစ်ပေါင်း ၃၀ ကျော်လောက်ကတော့ ပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ပွားခပါရေ။ ယင်းခါ မခိုးတိဆောင်းပနာ ထွက်လာပြီးကေ အမြှောက်နန့်လှမ်းပစ်တေပိုင် အသံတိကြားရပနာ မြေတိထိမ့်လာရေအတွက်နန့် တောင်ထက်မှာယာလုပ်နီရေ လူတိတောင် တောင်အောက်ကို ဆင်းပြီးလာရရေလို့ သူက ဆိုပါရေ။

“လွန်ခရေနှစ်ပေါင်း ၃၀ လောက်ရှိဖို့ထင်ရေ။ ယင်းခါက တစ်ချိန်ပေါက်ကွဲရေ။ ဒေကဆိုကေ နှစ်မိုင်တောင်မက ဝီးရေယင်းနရာကို ဒေက လှမ်းကြည့်လိုက်ကေ မခိုးတိဆောင်းတက်နီရေ။ ပြီးကေ အထက်ကိုတက်တေ။ ပြောင်းပစ်တေပိုင် ဂျိန်း၊ ဂျိန်းနန့်ပင် ကြားရရေ။ နဂါးထိမ့်ရေ။ နဂါးထိမ့်ရေဆိုပြီးကေ ပြင်ကထွက်ကြည့်ကတ်တေ။ မခိုးတိဆောင်းတက်နီရေ။ ယင်းနောက်ပိုင်းကိုတော့ခါ မ ပေါက်ကွဲယာ။ ဒေအချိန်ထိ မပေါက်ကွဲသိမ့်။”

တွင်းတိကထွက်တေ ချော်ရည်တိရေ မြောင်းသဖွယ် စီးဆင်းနီလာတတ်ပြီးကေ ယင်းအရည်တိကို မြည်းကြည့်ဖို့ဆိုကေ ငံကျိကျိအရ သာရှိပိုင် မုန်းတိုင်းတိရှိရေခါဆိုကေ ယင်းချော်ရည်တိက ပူတတ်တေလို့ ဆိုကတ်ပါသိရေ။

“သိပ္ပံအရဆိုကေ မီးတောင်လို့ဆိုကတ်ရဖို့။ ဒေကလူတိကတော့ခါ နဂါးတောင်၊ နဂါးကို လားကတ်မေ။ ယပိုင်ပြောကတ်တေ။ အခုတော့ခါ ယာခွတ်ပစ်လို့ တောက ရှရှင်းလလင်းဖြစ်နီယာ။ ယင်းခါကဆိုကေ နည်းရေတောကြီး မဟုတ်။ ကျုပ်အရည်တိဆင်းနီရေ မြောင်တိမာဆိုကေ ဝါးဝါးနပင် ဆင်းနီရေ။ သတိမထားပဲ နင်းလို့မရ။ ကျွံလားရေ။ အထက်က ရေပိုင်စီးနီရေ။ အောက်က ညညံ့ချေ။ အထက်က မာရေ။ နင်းလိုက်စွာနဲ့ ပေါင်လောက်နက်လားရေတွင်းတိဟိရေ။ ငါရို့ကတော့ မစမ်းသပ်ဖူး။ ကျောက်ခဲတစ်လုံးကို ခြေချိုင်ပနာ ချလိုက်ကေ မဆုံးတမ်းဆင်းရေလို့တော့ ပြောကတ်တေ။”လို့ ရရယ်၊ သသွင်ချေနန့် ပြောပြပါသိရေ။

အကိုးအကားနန့် သုံးသပ်ချက်

မီးတောင်ဆိုစွာ မြေကြီးအောက်ထဲက ချော်ရည်တိထွက်လာတတ်တေ တောင်တစ်မျိုးလို့ တချို့စာပီတိမာ ဖတ်မှတ်ရပါရေ။ ချော်ရည်ဆို စွာကလေ့ အပူလွန်ကဲရေ ကျောက်ရည်တိဖြစ်လို့ အခုတွိရရေ အရည်တိက တခါတခါ ပူရေလို့ဆိုကေလေ့ အမြဲတမ်း ပူနီစွာ မဟုတ်လို့ ကျုပ်ရည်အဆင့်ရာရှိရေလို့ ပြောလို့ရပါရေ။

မြန်မာနိုင်ငံမှာ ထင်ရှားရေ ပုပ္ပားတောင်ပိုင် မီးသီတောင်လို့ပြောလို့ရဖို့လို့လေ့ မထင်ပါ။ ဇာလို့လေ့ဆိုခါ ချော်ရည်ချော်မြှုပ်တိ တစုံတရာ မထွက်ဘဲ ငြိမ်သက်နီစွာလေ့ မဟုတ်လို့ပါ။

တစ်ခါတည်း လုံးလုံးမသီလားဘဲ တနားချေ ငြိမ်သက်နီရေ မီးတောင်တိကိုတော့ခါ မီးတောင်မြုံလို့ ခေါ်ဆိုကြောင်း လေ့သာသူတိ့ တွိ့ဟိ့ချက်ကို ရီးသားဖော်ပြကတ်ပါရေ။ ယင်းတွက်နန့် ဒေချော်တွင်းတိကို မီး တောင်မြုံလို့ ခေါ်ဆိုလို့ ရနိုင်ရေဆိုကေလေ့ ကကောင်းကြီး မြင့်ရေတောင်တိ မဟုတ်ဘဲနန့် မြေပြင်နဲ့ တညီတည်းမာရှိနီစွာ၊ နည်းနည်းမြင့်စွာနန့် ကန်ပုံစံဖြစ်ပေါ်နီစွာတိရာ အများစုတွိခရပါရေ။

မီးတောင်ပုံစံဆိုလို့ တစ်ခုတည်းရာတွိခရပြီးကေ ယင်းတောင်ဆိုရင် ပေ ၂၀ ဝန်းကျင်လောက်မြင့်ပြီးကေ အထက်မာ အဝကျဉ်းလားပါရေ။

ကမ္ဘာမှာ မီးတောင်ပေါင်း ၄၀၀ ဝန်းကျင်တည်ရှိရေအနက် သုံးပုံတစ်ပုံရေ တိုက်ကြီးများပေါ်မှာတည်ရှိပြီးကေ ကျန်စွာတိက ကျွန်းတိပေါ်မှာ တည်ရှိရေလို့ ဆိုကတ်ခါ အခုတွိနီရစွာတိကလေ့ ကျွန်းစုတစ်ခုပေါ်မာတည် ရှိနီစွဖြစ်လို့ ဖြစ်နိုင်ခြေရှိပါရေ။

မြန်မာနိုင်ငံမှာဆိုကေ ပုပ္ပားတောင်ရေ မီးသီတောင်အဖြစ်ထင်ရှားပြီးကေ ရခိုင်ပြည်နယ်မှာဆိုကေ ကျောက်ဖြူ၊ ရမ်းဗြဲနန့် မြေပုံရို ့မာလေ့ ရှိရေလို့ သိရပါရေ။ ကျောက်ဖြူမြို့နယ်အတွင်းမာရှိရေ မီးတောင်ရာဆိုကေ သုံးနှစ်တစ်ကြိမ်လောက်ပေါက်ကွဲတတ်ကြောင်း သတင်းဖော်ပြချက်တိမာ မြင်ရပါရေ။ ပြီးခရေ ၂၀၁၉ အစောပိုင်းကလေ့ ပေါက်တောမြို့နယ် မြေငူကျွန်းရှိဖက်ခြမ်းမာရှိရေ ပိန္နဲချောင်းကျွန်း၊ ဆင်တက်မော်ကျေးရွာအနားက ကျေးရွာတစ်ခုမာလေ့ တွိခရရေလို့ ရွာသားတိက ပြောပါရေ။

ပေါက်တောမြို့နယ် မြေငူကျွန်း ချိုင်ပြင်ကျေးရွာ အနောက်ဖက်တောင်တန်းမာရှိရေ ဒေတောင်ကို ဒေသခံတိက နဂါးတောင်လို့ ခေါ် ဆိုကတ်ပြီးကေ ယင်းနရာကို လားဖို့ဆိုကေ နဂါး (သို့မဟုတ်) နဂါးတောင်ကိုလားဖို့။ နဂါးလားဖူးဖို့လို့ ပြောကတ်ပါရေ။ လွန်ခရေနှစ် ပေါင်း ၃၀ ကဖြစ်ခရေ ပေါက်ကွဲမှုကို ပြောပြကတ်တေအခါမာလေ့ နဂါးထိမ့်ရေဆိုဗျာလ် သုံးနှုန်းကတ်ပါရေ။

အခုပိုင် တွိရှိချက်တိရေ ဇာအမျိုးအစားထဲမာ ပါဝင်ရေ။ ဒေပိုင်ဖြစ်ပေါ်နီရေ နောက်ဆက်တွဲအနေနန့် ဇာပိုင်ဖြစ်ပေါ်လာနိုင်ရေ။ ဒေသခံတိအနေနန့် ဇာပိုင်လက္ခဏာတိပြကေ ဇာပိုင်ရှောင်ရှားပြီးကေ ကာကွယ်မှုတိ ပြုလုပ်သင့်ရေဆိုစွာတိကိုတော့ခါ တာဝန်ရှိသူတိက စမ်းသပ်မှုတိပြုလုပ်နိုင်လိမေလို့ မျှော်လင့်ရင်း ရီးသားလိုက်ရပါရေ။

 704 total views,  3 views today