ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း
ဒီနှစ်သင်္ကြန်မှာ ထူးထူးခြားခြား ရုံးပိတ်ရက် ၁၀ ရက်အထိ ရရှိခဲ့ကြပေမယ့် ကမ္ဘာ့ကပ်ရောဂါအဖြစ် WHO က ကြေညာထားတဲ့ Covid-19 ကြောင့် အခွင့်မသာခဲ့ကြပါဘူး။ အကုန်လုံးက အိမ်ထဲမှာပဲ နေကြပြီး မိမိကိုယ်ကို ကာကွယ်နေခဲ့ကြရပါတယ်။ ကျွန်တော်လည်း အိမ်မှာပဲ နေဖို့ဆုံးဖြတ်ခဲ့ပေမယ့် မြို့ပေါ်ရပ်ကွက်တွေထက် တည်ငြိမ်အေးချမ်းတဲ့ မွေးရပ်ဇာတိမြေက အိမ်မှာနေရင်းပဲ အနားယူဖို့ ဖြစ်သွားတယ်။
ဘယ်လိုပဲဆိုဆို နယ်ဖက်တွေမှာက မြို့ပေါ်မှာထက် လူဝင်လူထွက်နည်းပါးပြီး ကျန်းမာရေးအခြေအနေ ပိုမိုစိတ်ချရတယ် မဟုတ်လား။ အိမ်မှာနေရင်းနဲ့ပဲ အတွေးတစ်ခုပေါ်လာခဲ့တယ်။ ဒါကတော့ ကိုယ့်ဒေသက မရောက်ဖူးသေးတဲ့ နေရာလေးတွေကို သွားလည်ဖို့ ဖြစ်ပါ တယ်။ ဒီလိုနဲ့ ကျွန်တော့်လိုပဲ နယ်မှာရောက်နေကြတဲ့ သူငယ်ချင်းတချို့ကို ကိုယ်သွားမယ့် နေရာလေးအကြောင်းပြောပြဖြစ်သွားတယ်။
သူတို့ကလည်း အိမ်မှာနေမယ့်အတူတူ ကျွန်တော်ပြောပြတဲ့ နေရာလေးကို သွားလည်ဖို့ စိတ်ဝင်စားကြပါတယ်။ အဲဒီနေရာလေးက ရခိုင် ပြည်နယ်ရဲ့မြို့တော် စစ်တွေတစ်ဖက်ခြမ်းမှာရှိတဲ့ မြေငူကျွန်းက နဂါးတောင်ပါ။ ဒီတောင်ဟာ ချိုင်ပြင်ကျေးရွာရဲ့ အနောက်ဖက်ကတော င်ထိပ်ဖျားမှာ ရှိတာပါ။
ခရီးရဲ့အစ
မြန်မာ့ရွက်ဆုတ်ပြက္ခဒိန်ထဲမှာ အနီရောင်နဲ့ ရိုက်နှိပ်ပါရှိတဲ့ နှစ်သစ်ကူးရုံးပိတ်ရက်ဆိုတဲ့ စာလုံးကို စတွေ့ရတဲ့နေ့ကတည်းက နယ်ဖက်ကို ရောက်နှင့်နေခဲ့တဲ့ ကျွန်တော်တို့ဟာ ဧပြီလ ၁၁ ရက်နေ့မှာခရီးကိုစတင်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီနည်းအတိုင်းပဲ စတင်ခဲ့ရာ အဆိုပါကျွ န်းရဲ့အစ သဲခုံရွာကနေ ယာတိုက်ရွာကို ထွက်လာခဲ့ကြပြီး အဲဒီရွာမှာ အသင့်စောင့်နေတဲ့ သူငယ်ချင်းတွေကို ဝင်ခေါ်ကြပါတယ်။ သူငယ် ချင်းက လေးယောက်ဆိုတော့ မိတ်ဆွေတွေဆီက နှစ်ဘီးဆိုင်ကယ်နှစ်စီးငှားပြီး ယာတိုက်က ထွက်လာကြပါတယ်။
ယာတိုက်ကနေ ကျွန်တော်တို့ ခရီးဆက်ရမှာက မိနစ် ၄၀ လောက်ကြာအောင်မောင်းရမယ့် ပြိုင်းတောင်ရွာကိုပါ။ ဆိုင်ကယ်နဲ့ သွားတယ် ဆိုပေမဲ့ ကွန်ကရစ်လမ်းတို့၊ ကျောက်ခင်းလမ်းတို့လို့တော့ မထင်လိုက်ကြပါနဲ့။ တချို့လမ်းတွေမှာဆိုင်ကယ်သွားလို့ရအောင်လမ်းပုံသဏ္ဍ န် လုပ်ထားကြပြီး တချို့လမ်းတွေမှာ လယ်ကွင်းပြင်တွေကို ဖြတ်သွားရတဲ့ ကိုယ့်အားကိုယ်ကိုးလမ်းတွေပါ။ တချို့လမ်းဆိုရင် ရွာထဲမှာမို့ လို့ သဲကျွံသလို ချိုင့်ခွက်တွေကြောင့် ဆိုင်ကယ်ဆင်းတွန်းလိုက်၊ ပြန်တက်လိုက် လုပ်ရတာကလည်း အကြိမ်ပေါင်းမနည်းပါဘူး။
ဒီလိုနဲ့ ဖုန်တထောင်းထောင်းထနေတဲ့ လမ်းတွေကို သွားလို့ ၁၅ မိနစ်တောင်မကြာသေးတဲ့အချိန်မှာ ဆိုင်ကယ်ကျူးပေါက်သွားလို့ လဲဖို့ အနီးက တောလယ်ဆိုတဲ့ရွာမှာ ဆိုင်ရှာတော့လည်း မတွေ့ပြန်ဘူး။ အသိတစ်ယောက်ဆီဖုန်းဆက် အကူညီတောင်းလို့ ယာတိုက်ရွာက ဝက်ရှော့ကိုပြန်လှည့်ပြီး ပြန်လုပ်ခဲ့လို့ မကြာသင့်တဲ့ အချိန်တွေလည်း ကုန်ခဲ့ရသေးပါတယ်။ နေ့လည် ၂ နာရီကနေ စထွက်ခဲ့တဲ့ ကျွန် တော်တို့ဟာ ၄ နာရီကျော်တဲ့အထိ တောလည်ရွာမှာပဲ ရှိနေခဲ့ကြပါတယ်။
ခဏအကြာမှာတော့ ပြန်ထွက်လာခဲ့ကြပြီး လမ်းကလည်း တိုက်ရိုက် မဟုတ်တော့ ဟိုရွာဝင် ဟိုလူ့မေး၊ ဒီရွာဝင် ဒီလူ့မေး၊ လမ်းမှာတွေ့ တဲ့ လူကိုမေးနဲ့ ကြာနေခဲ့ကြပါပြန်တယ်။ တချို့လမ်းတွေမှာဆိုရင် ဆက်ဖီဆွဲ၊ ဓာတ်ပုံတွေကလည်း ရိုက်နေခဲ့ကြပါသေးတယ်။ ၅ နာရီ ကျော်အချိန်လောက်ကိုရောက်တော့ ပြိုင်းတောင်ရွာကိုဝင်ပါပြီ။
ရောက်မှန်းသိတော့ ရွာကဒေသခံသူငယ်ချင်းကို ဖုန်းဆက်ပြီး ရောက်နေတဲ့ နေရာနဲ့ လာရမယ့်နေရာကိုချိန်းဆိုကာ ခဏတဖြုတ် အနား ယူကြပါတယ်။ နေမှောင်တာနဲ့ သူငယ်ချင်းအိမ်မှာပဲ တစ်ညတာအနားယူပြီး မနက်ဖြန်သွားဖို့ ပြင်ဆင်ခဲ့ကြပါတယ်။
နဂါးတောင်သို့ အသွား
ရွှေအိုရောင်လွှမ်းနေတဲ့ မနက်ခင်း မကုန်ဆုံးခင်၊ မျိုးပေါင်းစုံလှတဲ့ ကျေးငှက်သာလိကာတွေရဲ့ တွန်ကျူးသံတွေ မပျောက်ပြယ်သွားခင် မှာ အတွေးညီညီ တိုင်ပင်ထားကြတဲ့ ကျွန်တော်တို့ သူငယ်ချင်းတစ်စုဟာ နိုးထလာကြပြီး နဂါးတောင်ကိုသွားမလို့ ပြင်ဆင်ကြပါတယ်။ အကုန်လုံးရဲ့မျက်နှာတွေပေါ်မှာလည်း ပျော်ရွှင်နေတဲ့ အရိပ်အယောင်တွေက ပြည့်နှက်လို့နေပါတယ်။ မနက်စာစားပြီးတာနဲ့ ညဦးကနေ ပြင်ဆင်ထားကြတဲ့ အထုပ်အပိုးတွေကိုအသင့်ပြင်ပြီး တောင်ပေါ်ကို ရောက်တဲ့အခါ စားသောက်မယ့် ရိက္ခာတွေကို တည်းခိုတဲ့ သူငယ်ချင်း ရဲ့အိမ်က လူကြီးတွေက စီစဉ်ပေးပါတယ်။
ကျွန်တော်တို့ သူငယ်ချင်းတစ်စုကတော့ သွားဖို့အသင့်ဖြစ်နေချိန်မှာ အခက်ခဲတစ်ခု ပေါ်လာတာက လမ်းပြအဖြစ်လိုက်မယ့် ဒေသခံသူ ငယ်ချင်းတစ်ဦးက မအားတော့ဘူး ဆိုတာပါ။ အုပ်စုလိုက်သွားမယ့်အထဲမှာ ဒေသခံသူငယ်ချင်း နောက်ထပ်နှစ်ဦးပါတယ် ဆိုပေမယ့် မိန်းကလေးလည်းဖြစ်၊ လမ်းလည်း မကျွမ်းကျင်တော့ တစ်ခါမှ မရောက်ဖူးသေးတဲ့ ကျွန်တော်တို့အဖို့ လမ်းပြလိုက်မယ့်သူ တစ်ဦးက မဖြစ်မ နေ လိုအပ်ပါတယ်။ ဒီလိုနဲ့ တချို့မိတ်ဆွေတွေကို အကူအညီထပ်တောင်းပြန်တော့ ၁၆ နှစ်လောက်အရွယ် ဒေသခံ လူငယ်လေးတစ်ဦး ရခဲ့ပါတယ်။
ရတော့ ၈ နာရီလောက်မှာ ပြိုင်းတောင်ရွာထဲကနေ ထွက်လာခဲ့ကြပါပြီ။ ပြိုင်းတောင်ကနေ ချိုင်ပြင်ကျေးရွာနောက်ဖက် တောင်တက်လမ်း မစခင်အထိ ဆိုင်ကယ်တွေကို လမ်းကွင်းပြင်တွေအတိုင်း မောင်းနှင်လာလို့ အဆင်ပြေပေမယ့် မနေ့ကတည်းကနေ ဆိုင်ကယ်စီးရမှာကို ကြောက်နေခဲ့ကြတဲ့ ကျွန်တော်တို့ကတော့ လမ်းလျှောက်ဖို့ပဲ ဆုံးဖြတ်ခဲ့ကြပါတယ်။ ပါလာတဲ့ ရိက္ခာတွေနဲ့ အထုပ်တွေကို ခွဲဝေသယ်လာ ကြပြီး ဟိုနေရာမှာ တစ်ထောက်နား၊ ဒီနေရာမှာ တစ်ထောက်နားနဲ့ ဒေသခံတွေက တစ်နာရီတောင်မသွားရဘူးလို့ဆိုတဲ့ နဂါးတောင်ထိပ် ကို ၂ နာရီဝန်းကျင်လောက် ခြေလျှင်လျှောက်မှရောက်သွားကြပါတယ်။ လမ်းမှာ ဖိနပ်ပြတ်လိုက် နီးစပ်ရာရွာထဲကသွားဝယ်လိုက်၊ ရွာထဲ က ရေဝင်သောက်လိုက်နဲ့ လုပ်နေခဲ့ကြလို့လည်း ပါမှာပါ။
နဂါးတောင်သို့ ရောက်ပြီ
မနက် ၁၀ နာရီကျော်လောက်မှာတော့ ကျွန်တော်တို့ တောင်အောက်ကကြည့်ပြီး အံသြသင့်နေခဲ့ကြတဲ့ တောင်ထိပ်ဖျားကို ရောက်သွား ကြပါပြီ။ လမ်းပြပါလာတဲ့ လူငယ်ကတော့ ကျွန်တော်တို့ကို ရေကန်တွေနဲ့ နီးတဲ့ တဲလေးတစ်ခုဆီခေါ်သွားပြီး နေရာချပေးပါတယ်။ အဲဒီ နေရာကိုရောက်တော့ ခဏတဖြုတ်အနားယူကြပြီး တောသဘာဝအလျှောက်တည်ရှိတဲ့ ငှက်ပျောပင် ခုတ်သူကခုတ်၊ ရေခပ်သူကခပ်နဲ့ တာဝန်ကိုယ်စီခွဲဝေယူကြပြီး အသင့်ယူဆောင်လာကြတဲ့ ရိက္ခာတွေကို ချက်ပြုတ်စားသောက်ကြပါတယ်။
ချက်ပြုတ်စားသောက်လို့အပြီးမှာတော့ လူနဲ့အရိပ်နဲ့ တည့်တည့်ကျချိန် နေ့လည် ၁ နာရီတိတိရှိနေပါပြီ။ ဟိုလူငယ်ကတော့ နောက်နာရီ ဝက်ကြာရင် နဂါးတွင်းတွေလို့ အရပ်ကခေါ်တဲ့နေရာကို သွားဖို့ပြောလာပါတယ်။ ဒီလိုနဲ့ အနီးအနားက ငှက်ပျောလက်တွေခုတ်ပြီး အခင်း လုပ်ကာ နာရီဝက်ခန့်အိပ်စက်အနားယူကြပါပြန်တယ်။
တစ်နာရီခွဲတိတိမှာတော့ ရှန်းရှန်းတောက်ပူနေတဲ့ နေရောင်ခြည်ဒဏ်ကာကွယ်ဖို့ လက်ရှည်အင်္ကျီတွေဝတ်ဆင်ကြပြီး တွင်းတွေရှိရာဆီစ တင်ထွက်ခွာကြပါတယ်။ မိနစ်နှစ်ဆယ်လောက်ကြာအောင်ခြုံတောတွေဖောက်၊ လမ်းလျှောက်လို့အပြီးမှာတော့ ပွက်ပွက်ဆူသံတွေကြား ရပြီး အနီအနားမှာ ရွှံ့ရည်တွေမြောင်းသဖွယ် စီးကျနေတာတွေ့ရပါတယ်။ လမ်းပြလူငယ်ကို မေးကြည့်တော့ ပထမတွင်းကို ရောက်ပြီလို့ အချက်ပြပါတယ်။
ရွှံ့တွေနဲ့ ဖွဲ့စည်းထားတဲ့ မြေညီနဲ့ ခပ်မြင့်မြင့်မှာတည်ရှိတဲ့ ပထမဆုံးတွေ့ရတဲ့ အဆိုပါတွင်းဟာ ၆ ပေပတ်လည်လောက်ကျယ်ပြီး အနက် ကိုတော့ ခန့်မှန်းလို့ မရပါဘူး။ ဆူပွက်နေတယ်လို့ ဆိုပေမယ့် နေရာတစ်ခုလုံး မဟုတ်ပဲ အလယ်တည့်တည့်လောက်က ၂ ပေပတ်လည် လောက်ကသာ တစ်စက္ကန့်မှာ တစ်ကြိမ်လောက်ဆူပွက်တာပါ။ ဆူပွက်လာတဲ့ရွှံ့ရည်ဟာ တစ်ခါတစ်ခါမှာ ပေဝက်လောက်မြင့်သလို တစ် ခါတစ်ကျတော့လည်း ၁ ပေကျော်ကျော်လောက်အထိ ဆူပွက်တာကို တွေ့မြင်ရပါတယ်။ ကျွန်တော်တို့ မျက်စိရှေ့တင်မမြင်ခဲ့ ရပေမယ့် လည်း ၅ ပေကျော်၊ ၆ ပေလောက်ရှိတဲ့ အနီးက အပင်တွေရဲ့ အကိုင်းအခက်တွေမှာ တွင်းကစဉ်တဲ့ ရွှံ့တွေဖိတ်စဉ်နေပါတယ်။ နောက်ပြီးတော့ တွင်းထဲကကျလာတဲ့ ရွှံ့တွေစီးဆင်းမယ့် မြောင်းလေးသဖွယ်နေရာတွေလည်း တွေ့ရပါတယ်။ တွင်းရဲ့အနီးတဝိုက်မှာ ေ တာ့ တောင်ပေါ်ဒေသတွေမှာ ပေါက်ရောက်လေ့မရှိဘဲ ဒီရေတောတွေနဲ့ ဆားငံရည်ရောက်ရာအရပ်မှာသာ ပေါက်ရောက်လေ့ရှိတတ်တဲ့ သစ်ပင်မျိုးစိပ်တွေလည်း တွေ့ရပါတယ်။ ကျွန်တော်တို့အဖွဲ့ဟာ ဒီတွင်းထဲကို အနီးကအပင်က အသီးလေးတစ်လုံးထည့်ကြည့်လိုက်တော့ နဂိုထက်ပိုပြီး ဆူလာကာ အမြင့်ကိုတွန်းကန်တာ မြင်ခဲ့ရပါတယ်။ သူငယ်ချင်းမိန်းကလေးတစ်ဦးကတောင် “နဂါးများမကြိုက်တာလား” လို့ ညည်းခဲ့ပါသေးတယ်။
အဆိုပါတွင်းကို လေ့လာကြ၊ ဓာတ်ပုံမှတ်တမ်းတင်ကြ၊ ဆက်ဖီဆွဲကြနဲ့ ကျေနပ်တဲ့အထိ နေခဲ့ကြပြီးတော့ တခြားတွင်းတွေကို ဆက်လျှေ ာက်ခဲ့ကြပါတယ်။ လမ်းတလျှောက်မှာတော့ ပထမတွေ့ခဲ့တဲ့တွင်းလို မဆူပွက်ပဲ သေနေတဲ့တွင်းတွေကို တွေ့ရသလို တချို့လူတွေက တွ န်းကန်ထုတ်မလားဆိုတဲ့သဘောနဲ့ တွင်းနဲ့မဆန့်တဲ့ သစ်တုံးတွေကိုထည့်ထားကြလို့ ပိတ်နေတဲ့တွင်းတချို့ကိုလည်းမြင်ခဲ့ရပါသေးတယ်။
နောက်ပြီး ကန်သေးတစ်ကန်လောက်ရှိတဲ့ ၂၀ ပတ်ပတ်လည်အဝိုင်းကန်တွေ၊ ရေသုံးဖလားလောက်အနေအထားသာရှိတဲ့ကန်လေးတွေ နဲ့ အမြင့်ပေ ၁၀ ကျော်လောက်မြင့်ပြီး အဝကျဉ်းသွားတဲ့ မီးတောင်သဏ္ဍန်တွင်းတစ်တွင်းလည်း ထူးထူးခြားခြားတွေ့ရပါပြန်တယ်။ ကျွန် တော်တို့တွေ့မြင့်ခဲ့ရတာထက် တချို့နေရာတွေမှာလည်း ကျန်နေသေးလို့ အရေအတွက်ဘယ်လောက်ထိများပြားနိုင်တယ်ဆိုတာကို အ တိကျမပြောနိုင်ပေမယ့် နွေရာသီမှာထက် မိုးရာသီမှာ ပိုများပြီး ပိုပြီးဆူပွက်နှုန်းမြန်တယ်ဆိုတာကို ဒေသခံတွေရဲ့အပြောအရ သိရပါတယ်။
“ဒီကောင်က နွေရာသီပိုင်းထက် မိုးရာသီဆိုရင် မုန်းတိုင်းတိုက်မယ်။ လေတိုက်မယ်ဆိုရင် ပိုသိသာတယ်။ ပိုပြီးတော့ အသံကျတယ်။ ပို ပြီးတော့ အမြင့်တက်တယ်။ ‘ဘွင်းကနဲ၊ ဘွင်းကနဲ’ မြည်တယ်။” လို့ အသက် ၆၀ ဝန်းကျင်အရွယ် ပြိုင်းတောင်ဒေသခံ ဦးအောင်မြတ်သာ က ပြောပြပါတယ်။
ဘယ်အချိန်ကနေ စတင်တွေ့ရှိခဲ့ကြတာလဲ
ဒေသခံတွေက ချော်ရည်တွေထွက်တဲ့ ဒီတွင်းတွေဟာ ဘယ်အချိန်ကတည်းက ရှိနေခဲ့တယ်ဆိုတာကို လက်ရှိအသက် ၆၀၊ ၇၀ ရှိနေကြ ပြီဖြစ်တဲ့ လူကြီးတွေရဲ့ မိဘဘိုးဘွားတွေကတောင် မပြောနိုင်ခဲ့ဘူးလို့ ဆိုကြပါတယ်။ ရွာသားတွေနဲ့ တောင်ယာခုတ်လုပ်သူတွေရဲ့ပြော ဆိုချက်တွေအရဆိုရင် ဒီတွင်းတွေဟာ တစ်နေရာတည်းမှာ အမြဲတမ်းနေတာမျိုး မဟုတ်ပါဘူး။ တစ်ခါတစ်ခါမှာ တစ်နေရာက ပိတ်သွား ရင် တစ်ခြားတစ်နေရာက ပေါ်လာတတ်ပြီး အဲဒီအရေအတွက်ထက်များရင်လည်း များနေတတ်ပါတယ်။
“တစ်နေရာက သေသွားတယ်။ နောက်ထပ်တစ်နေရာက ထပ်ပွင့်တယ်။ နောက်ထပ်တစ်နေရာက သေသွားတယ်။ နောက်ထပ်တစ်နေ ရာက ထပွင့်တယ်။ ပျောက်သွားတယ်လို့တော့မရှိဘူး။ တစ်ခုကသေသွားတယ်ဆိုရင် နောက်တစ်ခုက ထပွင့်တယ်။ တစ်ခုတစ်လေမှာ တွင်းသဏ္ဍန်ခံကျန်ခဲ့တယ်။ ယာခုတ်ထားတဲ့နေရာမှာဆိုရင် အကုန်လုံးမြင်ရတယ်။”လို့ ဦးအောင်မြတ်သာက ပြောပါတယ်။
အဲဒီတောင်မှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်လောက်ကတော့ တစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ အဲဒီအချိန်တုန်းက မီးခိုးငွေ့တွေဆေ ာင်းထွက်လာပြီး အမြှောက်နဲ့လှမ်းပစ်သလို အသံတွေကြားရကာ မြေတွေတုန်ခါလာတာကြောင့် တောင်ပေါ်မှာ ယာလုပ်နေတဲ့သူတွေတေ ာင် တောင်အောက်ကို ဆင်းပြေးလာခဲ့ရတယ်လို့ သူက ဆိုပါတယ်။
“လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ လောက်ရှိမယ်ထင်တယ်။ အဲဒီတုန်းက တစ်ချိန်ပေါက်ကွဲတယ်။ ဒီကဆိုရင် နှစ်မိုင်မကဝေးတဲ့အဲဒီနေရာကို ဒီက လှမ်းကြည့်လိုက်ရင် မီးခိုးငွေ့တွေဆောင်းတက်နေတယ်။ ပြီးရင် အပေါ်ကိုတက်တယ်။ ပြောင်းပိုက်သလို ဂျိန်းခနဲ၊ ဂျိန်းခနဲကြားရတယ်။ နဂါးထိမ့်တယ်။ နဂါးထိမ့်တယ်ဆိုတော့ ပြင်ကထွက်ကြည့်ကြတယ်။ မိုးခိုးငွေ့တွေဆောင်းတက်နေတာပေါ့။ အဲဒီနောက်ပိုင်းကိုတော့ မ ပေါက်ကွဲတော့ဘူး။ ဒီအချိန်ထိ မပေါက်ကွဲသေးဘူး။”
တွင်းတွေကထွက်တဲ့ ချော်ရည်တွေဟာ မြောင်းသဖွယ် စီးဆင်းနေလာတတ်ပြီး အဲဒီအရည်တွေကို မြည်းကြည့်မယ်ဆိုရင် ငံကျိကျိအရ သာရှိသလို မုန်တိုင်းတွေရှိတဲ့အခါဆိုရင် အဲဒီချော်ရည်တွေဟာ ပူတတ်တယ်လို့ ဆိုကြပါသေးတယ်။
“သိပ္ပံအရဆိုရင်တော့ မီးတောင်လို့ဆိုကြမှာပေါ့။ ဒီကလူတွေကတော့ နဂါးတောင်၊ နဂါးကို သွားကြမယ်။ အဲဒီလို ပြောကြတယ်။ အခုေ တာ့ ယာခုတ်လိုက်လို့ တောက ရှင်းရှင်းလင်းလင်းဖြစ်နေပြီ။ အဲဒီတုန်းကဆိုရင် နည်းတဲ့တောကြီး မဟုတ်ဘူး။ ရွှံ့ရည်တွေဆင်းနေတဲ့ မြောင်တွေမှာဆိုရင် ဝါးဝါးဆင်းနေတယ်။ သတိမထားပဲ နင်းလို့မရဘူး။ ကျွံသွားတယ်။ အပေါ်က ရေလိုစီးနေတယ်။ အောက်က ည့ံညံ့ လေး။ အပေါ်က မာတယ်။ နင်းလိုက်တာနဲ့ ပေါင်လောက်နက်သွားတာရှိတယ်။ ဦးကတော့ မစမ်းသပ်ဖူးဘူး။ ခဲတစ်လုံးကို ခြေချည်ပြီး ချလိုက်ရင် မဆုံးတမ်းဆင်းတယ်လို့တော့ ပြောကြတာပဲ။” လို့ (ရယ်သွန်းကာ) ရည်ကာ၊ သွန်းကာနဲ့ ပြောပြပါသေးတယ်။
အကိုးအကားနဲ့ သုံးသပ်ချက်
မီးတောင်ဆိုတာ မြေကြီးအောက်ထဲက ချော်ရည်တွေထွက်လာတတ်တဲ့ တောင်တစ်မျိုးလို့ တချို့စာပေတွေမှာ ဖတ်မှတ်ရပါတယ်။ ချော် ရည်ဆိုတာကလည်း အလွန်ပူလောင်တဲ့ ကျောက်ရည်တွေဖြစ်တာမို့ အခုတွေ့ရတဲ့ အရည်တွေဟာ တခါတခါ ပူတယ်လို့ဆိုပေမယ့် အမြဲ တမ်း ပူမနေတာမို့ ရွှံ့ပွက်ရည်အဆင့်သာရှိတယ်လို့ ပြောလို့ရပါတယ်။
မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ ပုပ္ပားတောင်ကဲ့သို့ မီးသေတောင်လို့ပြောလို့ရမယ်လို့လည်း မထင်ပါဘူး။ ဘာလို့လည်းဆိုတော့ ချော်ရည်ချော် မြှုပ်တွေတစုံတရာမထွက်ပဲ ငြိမ်သက်နေတာ မဟုတ်လို့ပါ။ တစ်ခါတည်း လုံးလုံးမသေသွားပဲ ခေတ္တမျှ ငြိမ်သက်နေတဲ့ မီးတောင်တွေကို တော့ မီးတောင်မြုံလို့ ခေါ်ဆိုကြောင်း လေ့လာသူများရဲ့ ရေးသားမှုတွေကို တွေ့ရပါတယ်။။ ဒါကြောင့် ဒီချော်တွင်းတွေကို မီး တောင်မြုံလို့ ခေါ်ဆိုလို့ ရနိုင်တယ်ဆိုပေမယ့် သိပ်ပြီးတော့ မြင့်တဲ့တောင်တွေ မဟုတ်ဘဲ မြေပြင်နဲ့ တညီတည်းမှာရှိတာ နည်းနည်းမြင့် တာနဲ့ ကန်သဖွယ်ဖြစ်ပေါ်နေတာတွေသာ အများစုတွေ့ခဲ့ရပါတယ်။
မီးတောင်သဖွယ်ပုံစံဆိုလို့ တစ်ခုတည်းသာတွေ့ခဲ့ရပြီး အဲဒီတောင်ဟာဆိုရင် ပေ ၂၀ ဝန်းကျင်လောက်မြင့်ပြီး အဝကျဉ်းသွားပါတယ်။
ကမ္ဘာပေါ်မှာ မီးတောင်ပေါင်း ၄၀၀ ဝန်းကျင်တည်ရှိတဲ့အနက် သုံးပုံတစ်ပုံဟာ တိုက်ကြီးများပေါ်မှာတည်ရှိပြီး ကျန်တာတွေဟာ ကျွန်း တွေပေါ်မှာတည်ရှိတယ်လို့ အဲဒီလေ့လာသူများရဲ့ ပြောကြားချက်အရသာဆိုရင် အခုတွေ့ရတာတွေဟာလည်း ကျွန်းစုတစ်ခုပေါ်မှာတည် ရှိတာမလို့ ဖြစ်နိုင်ခြေရှိပါတယ်။
မြန်မာနိုင်ငံမှာဆိုရင်တော့ ပုပ္ပားတောင်ဟာ မီးသေတောင် (မီးငြိမ်းတောာင်) အဖြစ်ထင်ရှားပြီး ရခိုင်ပြည်နယ်မှာဆိုရင် ကျောက်ဖြူ၊ ရမ်းဗြဲနဲ့ မြေပုံတို့မှာလည်း ရှိတယ်လို့ သိရပါတယ်။ ကျောက်ဖြူမြို့နယ်အတွင်းမှာရှိတဲ့ မီးတောင်ဟာဆိုရင် သုံးနှစ်တစ်ကြိမ်လောက် ပေါက်ကွဲတတ်ကြောင်း သတင်းဖော်ပြချက်တွေမှာ မြင်ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ အစောပိုင်းကလည်း အဆိုပါ ပေါက်တောမြို့နယ် မြေငူကျွန်းရှေ့ဖက် ခြမ်းမှာရှိတဲ့ ပိန္နဲချောင်းကျွန်း၊ ဆင်တက်မော်ကျေးရွာအနီးက ကျေးရွာတစ်ခုမှာလည်း တွေ့ခဲ့ရတယ်လို့ ရွာသားတွေက ပြောပါတယ်။
ပေါက်တောမြို့နယ် မြေငူကျွန်း ချိုင်ပြင်ကျေးရွာရဲ့ အနောက်ဖက်တောင်တန်းမှာရှိတဲ့ ဒီတောင်ကို ဒေသခံတွေက နဂါးတောင်လို့ ခေါ် ဆိုကြပြီး အဲဒီနေရာကို သွားမယ်ဆိုရင် နဂါး (သို့မဟုတ်) နဂါးတောင်ကိုသွားမယ်။ နဂါးသွားဖူးမယ်လို့ ပြောကြပါတယ်။ လွန်ခဲ့တဲ့နှစ် ပေါင်း ၃၀ ကဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုကို ပြောပြကြတဲ့အခါမှာလည်း နဂါးထိမ့်တယ်ဆိုပြီး သုံးနှုန်းကြပါတယ်။
အခုလို တွေ့ရှိချက်တွေဟာ ဘယ်လိုအမျိုးအစားထဲမှာပါဝင်တယ်။ ဒီလိုဖြစ်ပေါ်နေတဲ့ နောက်ဆက်တွဲအနေနဲ့ ဘယ်လိုဖြစ်ပေါ်လာနိုင် တယ်။ ဒေသခံတွေအနေနဲ့ ဘယ်လိုလက္ခဏာတွေပြရင် ဘယ်လိုရှောင်ရှားပြီး ကာကွယ်မှုတွေ ပြုလုပ်သင့်တယ်ဆိုတာတွေကိုတော့ တာဝန်ရှိသူတွေက စမ်းသပ်မှုတွေပြုလုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ရင်း ရေးသားလိုက်ရပါတယ်။
687 total views, 1 views today