ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နဲ့ ၇ မိုင်အကွာ အုန်းတောရွာအနီးမှာ ကျောက်ဖြူတောင်ဆိုတာ ရှိပါတယ်။ အဲဒီကျောက်ဆောင်မှာ ထုံးေ ကျာက်ဆောင်တစ်ခုဖြစ်ပြီး အဲဒီထုံးဟာ မြန်မာတို့ ကွမ်းစားရာမှာ အသုံးပြုတဲ့ ထုံးအမျိုးအစားလည်းဖြစ်ပါတယ်။ အဲဒီကျောက်ဖြူတောင် ကို အစွဲပြုပြီးတော့ အနီးအနားမှာရှိတဲ့ရွာကို ကျောက်ဖြူရွာလို့သတ်မှတ်ခဲ့တာဖြစ်ပြီးမြို့အဖြစ် ပြောင်းရွှေ့တည်ဆောက်ရာမှာလည်း ေ ကျာက်ဖြူမြို့ဆိုပြီး နာမည်ပေးခဲ့တာ ဖြစ်ပါတယ်။

“ဒီကျောက်ပုံဟာ ထုံးကျောက်။ ကွမ်းစားလို့လည်းရတယ်။ မီးဖုတ်လိုက်တာနဲ့ အိပျောင်းပြီးတော့ ဖြစ်သွားတယ်။ မြေအိုးထဲမှာ ရေနဲ့ဘာ နဲ့ထည့်ထားရင် ချေးတွေဘာတွေကျွတ်လို့ ဖြူဖွေးလို့ဖြစ်သွားတယ်။ ကွမ်းစားလို့ရပြီ။”

ကျောက်ဖြူရွာဟာ ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာက တည်ရှိလာခဲ့တာဖြစ်ပြီး အဲဒီရွာမှာ လူဦးရေ ၁၂၀၀ လောက်နေထိုင်ခဲ့ကြတာပါ။ အင်္ဂ လိပ်-မြန်မာစစ်ပွဲအပြီး ဗြိတိသျှတွေအုပ်ချုပ်စဉ်မှာ သူတို့စစ်တပ်တွေကို ချထားခဲ့ရာ ခရိုင်ဌာနချုပ်အဖြစ် အမ်းမြို့ကို သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် အမ်းမြို့ဟာ ခရိုင်ဌာနချုပ်တည်ရှိရာမြို့နဲ့ မညီညွတ်တဲ့ အကြောင်းအရာတွေ များစွာရှိခဲ့တယ်လို့ သိရပါတယ်။

“ကျောက်ဖြူတောင်ဆိုတာက အင်္ဂလိပ်အစိုးရလက်ထက်မှာ ဂန့်ဂေါ်တောဘုရားနောက်စွယ်မှာ ကျောက်ဖြူရွာဆိုတာရှိတယ်။ အိမ်ခြေ ၁၂၀၀ လောက်ရှိတယ်ပေါ့။ အဲဒီ ၁၂၀၀ ရှိတဲ့လူတွေဟာ ဒီတောထဲမှာရှိတဲ့ ကျောက်ပုံကို ဒုတိယကမ္ဘာစစ်ဒဏ်ကြောင့် ဆွမ်း၊ ပန်း၊ ဝေ ယျာဝစ္စပူဇော်ကြတယ်။ ကိုးကွယ်ကြတယ်။ အရင်ကလူတွေကလေ။ နှစ်ပေါင်း ၁၅ နှစ်လောက်ကြာသွားတော့ ဒုတိယကမ္ဘာစစ်မှာ အင်္ဂ လိပ်က ဂျပန်ကို စစ်နိုင်သွားတော့ ကျောက်ဖြူကို မြို့တည်မလို့ လူလိုတယ်ပေါ့။ လူလိုတော့ ဒီကျောက်ဖြူရွာက လူတွေကို ကျောက်ဖြူ မြို့ကိုပြောင်းပြီးတော့ ကျောက်ဖြူမြို့လုပ်လိုက်တာ။ ကျောက်ဖြူမြို့က ရေကောင်းတယ်။ လေယာဉ်ကွင်းက အလွယ်တကူဆင်းလို့ အ ဆင်ပြေတယ်။ ငလပွေ့ဆိပ်က သင်္ဘောကြီးတွေ အလွယ်တကူဝင်ထွက်နိုင်တဲ့အတွက်ကြောင့် ကျောက်ဖြူရွာကလူတွေကို ကျောက်ဖြူ မြို့ကိုပြောင်းပြီးတော့ တည်လိုက်တာပေါ့နော်။”

ဒါကြောင့် အင်္ဂလိပ်အစိုးရကပင်လယ်ကူးသင်္ဘောကြီးတွေ လွယ်လင့်တကူကမ်းကပ်နိုင်မယ့်၊ လေယာဉ်ပြေးလမ်းတွေအဆင်ပြေမယ့် နေ ရာတစ်ခုကိုရွေးချယ်ခဲ့ပါတော့တယ်။ အဲဒီအချိန်မှာ သင့်တော်လိုက်ဖက်မယ့်နေရာဟာ လက်ရှိကျောက်ဖြူမြို့ တည်နေရာဖြစ်လာခဲ့ပါတ ယ်။ ဒီလိုနဲ့ လူဦးရေ ၁၂၀၀ လောက်နေထိုင်တဲ့ ကျောက်ဖြူရွာလေးကို ဖျက်သိမ်းပြီး အမြှောက်အချက် ၄၀ လောက်ပစ်ဖောက်ပြီး တော့ လက်ရှိ ကျောက်ဖြူမြို့တည်နေရာကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
“အင်္ဂလိပ်က အမြှောက် ၄၀ လောက်ပစ်ပြီးတော့ ကျောက်ဖြူမြို့ကို တည်လိုက်တယ်။ တည်တဲ့အခါ ကျောက်ဖြူရွာနဲ့ ကျောက်ဖြူတောင် ဟာ သဘာဝအတိုင်းပဲ ကျန်ခဲ့တယ်။”

အဲဒီအချိန်က အုပ်ချုပ်တဲ့ ဗြိတိသျှအစိုးရကတော့ ကျောက်ဖြူမြို့တည်ပြီးတဲ့ အခါမှာ မြို့တစ်မြို့ရဲ့အင်္ဂါရပ်နဲ့အညီ လိုအပ်ချက်တဲ့ အုပ် ချုပ်ရေးအပိုင်းမှာ တာဝန်ပေးအပ်တာ၊ ဝန်ထမ်းအဖြစ်ခန့်အပ်သူကို ဝန်ထမ်းခန့်ပြီး ဒရန်ဝအဖြစ်ထိုက်တန်သူကို ဒရဝန်၊ ဗျာတာပေးသင့် သူကို ဗျာတာစသဖြင့် ခန့်အပ်ကာစတင်ခဲ့တာဖြစ်ပါတယ်။

“စပြောင်းတုန်းက လူဦးရေ ၁၂၀၀ လောက်ရှိတယ်။ စျေးနားတစ်ဝိုက်လောက်ပဲ အဲဒီမှာရှိတယ်။ အဲဒီမှာ နေချင်သလိုနေ။ လုပ်ချင်သလို လုပ်။ အင်္ဂလိပ်အစိုးရက အလုပ်လေးအကိုင်လေးလည်း ပေးသင့်တဲ့သူကိုပေးထားတယ်။ ဗျာတာ၊ ဒရဝန်ပေးသင့်၊ သုံးသင့်တဲ့ လူတွေကို ပေးထားတယ်။ လူ ၁၂၀၀ နဲ့ ကျောက်ဖြူမြို့ကို စတင်ခဲ့တာ။”

ဒီလိုနဲ့ ကျောက်ဖြူမြို့ဟာ ကျောက်ဖြူမြို့ဟာ စစ်တွေခရိုင်နယ်မြေထဲမှာပါလိုက်၊ သံတွဲခရိုင်နယ်မြေထဲမှာ ပါလိုက်နဲ့ နှစ်ပေါင်းအတော် လေးကြာနေခဲ့ပြီး နောက်ပိုင်းမှာ ရမ်းဗြဲနဲ့ အမ်းတို့ကိုပါစုပေါင်းပြီး ကျောက်ဖြူခရိုင်ထဲမှာ သင့်သွင်းခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ခ ရိုင်တွေကို ဖျက်သိမ်းလိုက်ချိန်မှာလည်း ကျောက်ဖြူဟာ ရခိုင်ပြည်နယ်ရဲ့ မြို့နယ်တစ်ခုအဖြစ်တည်ရှိနေခဲ့သလို ပြန်လည်ပြင်ဆင်လိုက် ချိန်မှာလည်း ခရိုင်အဖြစ် ပြန်လည်အသက်ဝင်လာခဲ့ပါပြန်တယ်။

နှစ်ပေါင်းများစွာကြာလာပြီး မြန်မာနိုင်ငံလွတ်လပ်ရေးရချိန်မှာတော့ ခရိုင်အုပ်ချုပ်ရေးမှူးအဖြစ်တာဝန်ကျလာခဲ့တဲ့ ဗိုလ်ကြီးအောင်ကျော် ညွန့်ဆိုသူက ကျောက်ဖြူမြို့မှာ လိုအပ်နေသေးတဲ့ ကားဂိတ်တွေကို ဖောက်လုပ်၊ သွားလာရအဆင်ပြေပြီး ဆက်သွယ်ရေးကောင်းမွန်ဖို့ အတွက် ရန်ကုန်-ကျောက်ဖြူအဝေးပြေးကားလမ်းမဖောက်လုပ်၊ မီးသဂြိုဟ်စက်တွေတည်၊ မြို့အနှ့ံမှာ အများသူငါ ကိုးကွယ်ဆည်းကပ် နိုင်ဖို့ ဘုရားစေတီတွေ တည်ဆောက်ခဲ့ပါတယ်။

ဒီအချိန်မှာတော့ ကျောက်ဖြူရွာကို မြို့အဖြစ်ပြောင်းရွှေ့လိုက်စဉ်ကတည်းက အကောင်းပကတိအတိုင်းရှိနေပေမယ့် မှေးမှိန်သွားခဲ့ရတဲ့ ကျောက်ဖြူတောင်ကိုလည်း မျက်စိကျလာခဲ့ပါတော့တယ်။ ဒါကြောင့် အဲဒီအချိန်က လွတ်ခါနီးအကျဉ်းသားတွေရဲ့အကူအညီနဲ့ ပေ ၇၀ လောက်မြင့်မားတဲ့ အဆိုပါတောင်ဖြူကို ထက်ဝက်ကျောက်လောက်ဖြိုဖျက်ပြီးတော့ ရလာတဲ့ကျောက်သား၊ ကျောက်တုံးတွေနဲ့ အဲဒီကျေ ာက်ဆောင်ပေါ်မှာပဲ သိမ်တစ်ဆူဆောက်လုပ်ခဲ့ပါတယ်။

“အခု ဒီဘုရားကို တည်ထားတဲ့ လူကကျတော့ ၅ မြို့နယ်ကိုင်တဲ့ ခဝတအတွင်းရေးမှူးပေါ့။ မန္တလေးတိုင်း၊ မြင်းခြံဇာတိ ဗိုလ်ကြီးအောင် ကျော်ညွှန့်ဆိုတဲ့ ပုဂ္ဂိုလ်။ သူက ဒီ(ကျောက်ပုံပေါ်က)ဘုရားကိုလည်းလုပ်တယ်။ ဂန့်ဂေါ်တောဘုရားကိုလည်း လုပ်တယ်။ ရခိုင်ဘုရင်တွေ တည်ထားခဲ့တဲ့ ကျောက်တစ်လုံးဘုရားကိုလည်းလုပ်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်လောက်က သင်္ချိုင်းကုန်းဖြစ်တဲ့ အဝေးပြေး ကားဂိတ်ကိုလည်း လုပ်တယ်။ သင်္ချိုင်းကုန်းကိုလည်း မီးသင်္ဂြိုဟ်စက်ဖြစ်အောင် ရွှေ့ပြောင်းပြီးတော့လုပ်ခဲ့တယ်။ ငလပွေ့ဆိုတဲ့ရွာမှာ လည်း စေတီတွေတည်တယ်။ အများသူငါကိုးကွယ်ဖို့ရအောင်အတွက်လုပ်ခဲ့တယ်။ နောက်ပြီးတော့ အခု ရန်ကုန်ကလာတဲ့ဟာပေါ့နော်။ အဝေးပြေးကားလမ်းကိုလည်း ရမ်းဗြဲမြို့နယ်နဲ့ တောင်ကုတ်မြို့နယ်ကို ဆက်ထားတဲ့ ဒီရေတောကြီးကို မိုင် ၄၀ လောက်ရှည်တဲ့ဟာကို အဲဒီပုဂ္ဂိုလ်က အမ်းမြို့နယ်နဲ့ ရမ်းဗြဲမြို့နယ်ကလူတွေကို ခုတ်ခိုင်းတယ်။ ကျောက်ဖြူကလူ တွေက အုပ်၊ သဲ၊ ကျောက်၊ ရေ၊ ဘိလပ်မြေ၊ အဲဒီမှာလုပ်တဲ့သူတွေအတွက် စားသောက်ဖို့အတွက် လုပ်ပေးတယ်။ အလုပ်လုပ်ဖို့ မလိုက် ဘဲနဲ့ ဝန်ထမ်းတွေ၊ ဘာတွေဆိုတော့လေ။ ဒီဘုရားဟာ အဲဒီလိုနဲ့ ဖြစ်လာတာ။”

ဆောက်လုပ်ပြီးစီးထားပြီးဖြစ်တဲ့ သိမ်တော်မှာ ရှေးဟောင်းဘုရားတစ်ဆူတည်ထားကိုးကွယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀ ကျော်လောက်က အင်္ဂလန်ရွှေဓါးရရွာသူကြီးမိသားစုဝင်တွေနဲ့ ကျေးရွာသားတွေ ကိုးကွယ်ခဲ့ကြတဲ့ ကျောက်ဖြူမြို့နယ် ဘောရဘာကျေးရွာက ရွှေ၊ ငွေ၊ ကြေး၊ သံ၊ သွပ်စတဲ့ သတ္တုငါးမျိုးနဲု့ သွန်းလုပ်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်ကို ပင့်ဖိတ်တော်မူပြီး ဆည်းကပ်ပူ ဇော်ခဲ့ကြတာပါ။

“ဒီဘုရားက စနဲနဲ့ ဘောရဘာက ဟိုးနှစ်ပေါင်း ၁၃၀ လောက်က အင်္ဂလိပ်အစိုးရလက်ထက်မှာ ရွာသူကြီး မိသားစုတွေ၊ အင်္ဂလန်ငွေဓါးရ ရွာသူကြီးတွေ အုပ်ချုပ်ဖို့ခန့်ခွဲထားတာ။ အဲဒီမိသားစုတွေက အကုန်လုံးပေါင်းစပ်ပြီးတော့ ရွှေ၊ ငွေ၊ ကြေး၊ သံ၊ သွပ်ဆိုတဲ့ ပဥ္စငါးမျိုးနဲ့သွန်း ပစ်ခဲ့တယ်။ အဲဒါကို ဗိုလ်ကြီးအောင်ကျော်ညွှန့်က သိလို့ ဒီကျောက်မှာ ဘုရားကို ကိုးကွယ်ဖို့၊ ပူဇော်ဖို့လိုတယ်ဆိုပြီးတော့ ခေတ်ဟောင်း ဘုရားတစ်ပါးရှာဖွေလို့ ဒီကျောက်မှာ တင်လို့ပေးခဲ့တာသူက။”

အဲဒီအချိန်က အဆိုပါကျောက်ဖြူတောင်မှာ ဘုရားတစ်ဆူနဲ့ သိမ်တစ်ဆူရှိနေခဲ့ပေမယ့် သိပ်ပြီးတော့ စည်စည်ကားကားမရှိခဲ့ပါဘူး။ နော က်ပိုင်းမှာတော့ နိုင်ငံခြားရောက်မိသားစုတွေက အဲဒီမှာလိုအပ်နေတဲ့ ပစ္စည်းတစ်ချို့ကို လှူဒါန်းဖို့ ကျောက်ဖြူမြို့မှာ နေထိုင်ခဲ့တဲ့ ဘုန်းေ တာ်ကြီးတစ်ပါးဆီကို ဆက်သွယ်လာခဲ့ပါတယ်။ ရန်ကုန်မှာ နေထိုင်တဲ့ ဆရာတော် ဦးအိန္ဒပါလက လက်ခံရရှိထားလှူဒါန်းဖွယ်ရာတွေကို ကျောက်ဖြူတောင်မှာ ပေးအပ်ပြီးတော့ ပြန်သွားတယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ လိုအပ်ချက်တွေရှိလို့ ပြန်လာရာမှာ ဆရာတေ ာ်က ကျောက်ဖြူတောင်မှာနေထိုင်ဖို့ အစီစဉ်ကျသွားတာဖြစ်ပါတယ်။ ဒါကြောင့်လက်ရှိအချိန်ထိ အဲဒီမှာပဲသီတင်းသုံးလျှက်ရှိနေပါတယ်။ ကျောက်ဖြူတောင်အကြောင်းကို သူက အခုလို ပြောပြလာတာဖြစ်ပါတယ်။

“စလို့နေတဲ့အခါ ဒီအခန်းလေးတစ်ခန်းတည်းပေါ့။ ဝရံတာလေးတစ်ခန်းကို စင်ကာပူက မိသားစုတွေက လုပ်ပေးချင်တယ်ဆိုလို့ ဦးဇ္ဇင်းက လာလုပ်ပေးတာ။ ကျောက်ဖြူမြို့ကတစ်ယောက်ကတော့ ဒီ ၁၇ ထစ်ရှိတဲ့ လှေကားကို နည်းနည်းပါးပါးလုပ်ခိုင်းတယ်။ ဒီလိုနဲ့ ဦးဇင်းက ၁၁ နှစ်ဖြစ်သွားတယ်ပေါ့။ ၁၁ နှစ်အတောအတွင်းမှာ ဒီဘုရားဟာ ဓမ္မာရုံနဲ့ မီးလည်းရနေပြီ။ ရေလည်းအဆင်ပြေတယ်။ တိုးချဲ့အဆောင် အယောင်တွေဘာတွေနဲ့ ဖြစ်နေတယ်ပေါ့နော်။”

ဆရာတော်ရှိနေခဲ့တဲ့ နှစ်ပေါင်း ၁၁ နှစ်လောက်အတွင်းမှာတော့ ကျောက်ဖြူတောင်ပေါ်မှာ ကနဦးဗုဒ္ဓရုပ်ပွားတော်တစ်ဆူနဲ့ နောက်ထပ် ဘုရားနှစ်ဆူကိုသွန်းလုပ်ပူဇော်တည်ထားကိုးကွယ်နိုင်ခဲ့ပြီး လက်ရှိမှာတော့ လိုအပ်တဲ့ကျောင်းသိမ်တွေဆောက်၊ တောင်တက်လမ်းတွေ၊ လျှပ်စစ်မီးတွေသွယ်တန်း၊ ရေတွေသွယ်ယူပြီး တောတောင်ထဲမှာဆိုပေမယ့် ပြည့်ပြည့်စုံစုံနဲ့ ပြုလုပ်နိုင်ခဲ့လို့ ပွဲတော်ရက်တွေနဲ့ အခါကြီးေ န့တွေမှာလည်း ဥပုသ်သီလလာရောက်ဆောက်တည်နိုင်ကြသလို ဘုရားဖူးဖို့လည်း အချိန်မရွေးလာရောက်နိုင်ဖြစ်ပါပြီ။ ဒါပေမယ့် လိုအ ပ်ချက်အသွေးအမွှားလေးတွေတော့ ရှိနေဆဲပါ။

“အခုကျတော့ ဖွံ့ဖြိုးတိုးတက်သွားပြီလေ။ အရင်ကကျတော့ ဘာမှမရှိဘူး။ လူသူလည်း မရှိဘူး။ သွားလို့၊ လာလို့လည်း မရှိကြဘူး။ သွား၊ လာနေဖို့လည်း မကောင်းဘူး။ တောထဲမှာဖြစ်နေတော့လေ။ အခုဆိုရင် လမ်းတွေဘာတွေ ကျကျနနနဲ့ ဆိုင်ကယ်တို့၊ ကားတို့လည်း သွား၊ လာလို့ အဆင်ပြေတယ်။ ရေတွေဘာတွေလည်း ပွဲပြင်ကျရင်လည်း သုံး၊ စားဖို့ လုပ်လို့ရနေပြီ။ အရင်က သောက်ရေမရှိဘာမရှိနဲ့ လူတွေလည်း မနေတော့ ဘုရားတစ်ပါးကို သော့ခတ်ပြီးလုပ်ထားကြတယ်။”

လက်ရှိမှာတော့ ကျောက်ဖြူတောင်၊ ကျောက်ဖြူရွာနဲ့ ကျောက်ဖြူမြို့ ၃ ခုထဲက မြို့အဖြစ်တိုးမြှင့်ခံခဲ့ရတဲ့ ကျောက်ဖြူရွာလေးဟာ ရခိုင် ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်လာသလို ပင်လယ်ကူးသင်္ဘောတွေဆိပ်ကမ်းဖို့ အကောင်းဆုံးနေရာဖြစ်တာကြောင့် တရုတ်နိုင်ငံက ရွှေ သဘာဝဓာတ်ငွေနဲ့ ပိုက်လိုင်းစီမံကိန်းတည်ရှိရာဒေသအဖြစ် ဖြစ်လာခဲ့ပါတယ်။ ကျောက်ဖြူတောင်ဟာဆိုရင်လည်း လက်ရှိမှာဆိုရင် နဂို အတိုင်းမဟုတ်တော့ပေမယ့် ရှိသင့်ရှိထိုက်တဲ့ အနေအထားတွေစုံလို့ ဘုရားဖူးသားတွေကလည်း စည်ကားလျှက်ရှိနေပါပြီ။

“ဒါကိုလာလုပ်ရင်းနဲ့ ၁၅ ရက်၊ ၁၆ ရက်ကြာသွားတယ်။ အဲဒီအချိန်မှာ ကြွေးပြားခင်းဖို့အတွက် ဖြတ်ဖို့ မီးတွေဘာတွေလိုတယ်။ အဲဒါတွေ ကို ကြံကြံဖန်ဖန်လုပ်တယ်။ လွှနဲ့တိုက်၊ ပလယာနဲ့ လုပ်ပြီးတော့ ၁၅ ရက်၊ ၁၆ ရက်ကြာချိန်မှာ ရန်ကုန်ကို ပြန်သွားတယ်။ နောက်တစ်ခါ လုပ်မယ့်ဟာတွေရှိတော့ ပြန်လာရတယ်။ ပြန်လာတော့ ဒီမှာပဲ ဆက်နေဖို့ဖြစ်သွားတယ်။ လူတွေ၊ ဘာတွေရောက်လာလို့ ဘုန်းကြီးမရှိ ရင် မဖြစ်ဘူးလေ။ ဦးဇင်းနေတော့ လူစည်လာတယ်။ လူတွေလည်း နေကြထိုင်ကြပြုကြ ဘာညာဆိုတော့ နေစေချင်ကြတယ်။ ဦးဇင်းက လည်း ရန်ကုန်မှာနေကတည်းက လွတ်လွတ်လပ်လပ်နဲ့ ဝိပဿနာအလုပ်လေးဘာလေးလုပ်မယ်ဆိုတော့ ကိုယ့်အသက်အရွယ်နဲ့ ယခု ပစ္စပ္ပန်ဘဝနဲ့ နောင်သံသရာအတွက် ငါ့မှာ ဒီဘဝမှာ လုပ်ကိုင်စားသောက်လို့ ရန်ကုန်မြို့မှာ အတည်တကျ ကားနဲ့ တိုက်နဲ့ အိမ်နဲ့ ယာနဲ့ သားကလည်း ပညာတတ်လို့ ကိုယ်ဟာကိုယ်ဖြစ်နေပြီ။ ဒါကြောင့် ဒီဟာတွေကို မလုပ်ပဲနဲ့ သူများတွေ တိုက်တွန်းလို့၊ အိမ်ကလူတွေ တိုက်တွန်းလို့ ဖြစ်တာမဟုတ် ကိုယ့်စိတ်ကကိုယ်ပေါ်လာတယ်။ နိုင်ငံခြားတွေ၊ ဘာတွေ ရန်ကုန်မှာ မိုးကုတ်တို့မှာ သွား၊ လို့လာလို့ တွေ့ တယ်။ ကိုယ့်ဒေသကလူတွေက ဆွမ်းကွမ်းဝေယျာဝစ္စကျွေးမွေးတယ်။ ဦးဇင်းက အမြဲတမ်းလိုက်ပါတယ်။ လုပ်တယ်။ လုပ်နေရင်းနဲ့ ဝိပဿနာအလုပ်၊ ကမ္မဌာန်းအလုပ် တရားထိုင်တာ ကိုယ့်အတွက် မိသားစုအတွက်ဗုံဆိုင်မလုပ်မဟုတ်။ ဒါသည် ကိုယ့်အတွက်၊ နောင် သံသရာအတွက် အရိပ်ပမာကဲ့သို့ ကိုယ့်နောက်က ကောင်းတဲ့အလုပ်ကိုပဲ အကျိုးပေးမယ့်အလုပ်ဖြစ်ပါတယ်ကော။ ငါဒီဟာကိုလုပ်မယ် ဆိုပြီးတော့ ဝိပဿနာလုပ်တဲ့အလုပ်ဟာ လူနဲ့ဘာနဲ့ ရောရောထွေးထွေးမနေဘဲနဲ့ လွတ်တဲ့နေရာကို သွားချင်တဲ့စိတ်ဟာဖြစ်လာတယ်။ အခုဆိုရင် မိုးရွာရွာ၊ နေပူပူ ဒီဟာမှာ တရားထိုင်လို့ တရားနာလို့ နေရင်း စိတ်ကရွှင်လန်းနေတယ်လေ။ နောက်ပြီး ဒီအလုပ်ကိုလုပ်တဲ့ လူက စားမယ့်ဟာ သောက်မယ့်ဟာကို ပူစရာမလိုဘူး။ သူ့ဟာနဲ့သူ အဲဒီလိုရောက်လာတယ်။ ကိုယ်ကကြံကြံဖန်ဖန်လုပ်နေစရာမလိုဘူး။ တစ်ခါလှူရင် မေတ္တာပို့တယ်လေ သူတို့မိသားစုတွေ၊ ရုံးသူ၊ ရုံးသား၊ အလုပ်သမားရှိသမျှလူတွေအား ကျန်းမာပါစေ၊ ချမ်းသာပါစေဆိုတဲ့ ရည်ရွယ်ချက်လေးပဲ။ ဒါမျိုးတွေက စျေးမှာဝယ်လို့လည်း မရဘူး။ နိုင်ငံခြားကလာတာမျိုးမဟုတ်။ လူတစ်ယောက်ကိုတစ်ယောက်မေတ္တာ နဲ့ ကျန်းမာပါစေ၊ ချမ်းသာပါစေ ဆိုတဲ့ဟာမျိုး။”

နောက်ပြီးတော့ ကောျာက်ဖြူရွာကို ရွာအတိုင်းသာဆက်လက်တည်ထားခဲ့မယ်ဆိုရင် လက်ရှိမှာလည်း တံငှာရွာလေးအတိုင်းသာ တည်ရှိ နေမှာဖြစ်ပြီး မြို့ပေါ်ရပ်ကွက် ၁၇ နဲ့ ကျေးရွာပေါင်း ၂၇၆ ရွာရှိတဲ့ ခရိုင်မြို့တစ်မြို့လည်း ဖြစ်လာစရာအကြောင်းမရှိပါဘူး။

 1,091 total views,  2 views today