ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း
အမျိုးသမီးတစ်ဦး ဖြစ်နီကေလေ့ စားဝတ်နီရေးမပြေလည်ရေခါ အမျိုးသားတစ်ဦးပိုင် ရုန်းကန်လှုပ်ရှားပြီးကေ သား၊ သမီးတိကို တစ် ကိုယ်တည်း ကျွေးမွေးစောက်ရှောက်နီရသူက ဒေါ်ဝေခင်နှင်းပါ။ အိမ်ထောင်ဖက် အရွီးမှားခရေ သူက သား၊ သမီး ၅ ယောက် ရရှိပြီးရေ အချိန်မှာတော့ခါ ယင်းအိမ်ထောင်ရေးကို ဆက်ပြီးကေ မပေါင်းသင်းနိုင်ခပါယာ။
“နွဲ့ယဉ်ဝင်းအဖ(အိမ်ရှင်)နဲ့ ကွဲလားလို့ အင်္ကျီ၊ ထဘိန်အစွတ်နဲ့ ပြီးလာရရေ။ သူနှိပ်စက်အားကြီးလို့ အရက်မူးအားကြီးလို့ ပြီးလာကတ်ဟာ။ နန်ယုန်လမှာ သား၊ သမီး ၇ ယောက်မှာ မက္ကလာနှစ်ဆောင်ရာပါလာရေ။ အားလုံး အစိုစို၊ အရွှဲရွှဲနဲ့ ပြေးလာကတ်စွာ။ အိုးမပါ၊ ခွက်မပါ။ ကျောက်ဖြူမြစ်ကမ်းနားမှာ ဆိုင်ရောင်းနီရေ မောင်မြင့်ခိုင်က ဇွန်း ၃ ချောင်းနဲ့ ထမင်းအိုးတစ်လုံးပီးလိုက်တေ။ စတီး လောင်ပွန်း ၇ ချပ်ပီးလိုက်တေ။ ထဘီလေ့မပါ၊ အင်္ကျီလေ့မပါနဲ့ ငါရို့မရဲ့အေးမအိမ်ထဲမှာနီရရေ။”လို့ သူရို့ အိမ်ထောင်နဲ့ ကွဲလားရေနိက ပြီးလာရရေ အဖြစ်အပျက်ကို မရှက်တမ်း ပြောပြပါရေ။
သူက ကျောက်ဖြူမြို့နယ် မဒေးကျွန်းက ကျောက်တန်းရွာသူပါ။ အိမ်ထောင်ကျပြီးရေနောက်ပိုင်းမှာ အမျိုးသားဖြစ်သူနဲ့တတူ တစ်ခြား ကျွန်းတစ်ကျွန်းကို ပြောင်းရွှိလားခပြီးကေ သား၊ သမီး ၇ ယောက်ရရေအထိ ဆိုးတူကောင်းဖက် လုပ်ကိုင်စားသောက် နီထိုင်ခပါရေ။ ယ ကေလေ့ နောက်ပိုင်းမှာတော့ခါ အမျိုးသားဖြစ်သူ၏ သား၊ သမီးတိနဲ့ သူ့အပေါ် ကြင်နာစိတ်ကင်းမဲ့လာပနာ မိုက်ရူးရဲဆန်မှုတိကြောင့် လမ်းခွဲခပနာ သူ့ဇာတိကို ပြန်လာခစွာပါ။ အခုဆိုကေ ၁၁ နှစ်ဆိုရေ အချိန်ကာလတစ်ခုကို ရောက်ရှိလို့ နီခပါဗျာလ်။
ဒေတလျှောက်လုံးမှာ လူမမယ်၊ အရွယ်မရောက်သိရေ သား၊ သမီးတိကို သူကပဲ မိခင်ပိုင်တစ်မျိုး၊ ဖခင်ပိုင်တစ်ဖုံ ကျွေးမွေးပြုစုစောက် ရှောက်ခရပါရေ။ အမျိုးသမီးတိ လုပ်ကိုင်တတ်တေ သဲထမ်း၊ ကျောက်ထမ်း၊ တောင်ယာခွတ်စရေ ကျဘန်းအလုပ်တိကိုရာမက သန်မာ ရေ အမျိုးသားတိရာ လုပ်ကိုင်နိုင်ရေ ပင်လယ်ထွက်ပြီးကေ လုပ်ရရေအလုပ်တိအထိ လုပ်ကိုင်ခရပါရေ။ လက်ရှိအချိန်ထိလေ့ ဒေပိုင် ဖြတ်သန်းနီဆဲပါ။
အရီးဒေါ်ဝေခင်နှင်းက “မလုပ်ဖူးရေအလုပ်တောင် မဟိမ့်ယာ။ တောင်ယာခွတ်တေ။ ကျောက်တင်ရေ။ သဲတင်ရေ။ ဘိ လပ်မြေတင်ရေ။ အိမ်သာတွင်းလေ့ တူးခါ တူးရရေ။ ထင်းလေ့ပေါက်တေခါ ပေါက်ရရေ။ ဇာအလုပ်ကိုမှ လုပ်တယ်လို့ မဟိမ့်။ အားလုံး လုပ်ရရေ။ ဂုံးရှာစားရေ။ ငါးယက်တော့ မနှိုက်တတ်။ အရီးမှာ အိမ်ရှင်နဲ့ ကွဲလားစွာ ၁၁ နှစ်ဟိမ့်ယာ။” လို့ ပြောပါရေ။
တနားချေရပ်ပြီးကေ သူက “ကကောင်းခံရရေ။ အရီးလောက် ခက်ခက်ခဲခဲလုပ်စားရဖို့လူလေ့ မဟိမ့်။ ဝိုင်းပိုက်လေ့ ချဖူး ရေ။ ကျောက်ပုဇွန်ပိုက်လေ့ချဖူးရေ။ မျှားလေ့ချဖူးရေ။ မြစ်ကမ်းဘေးမှာဆွဲရေ ဆွဲပိုက်လေ့ချဖူးရေ။ မလုပ်ဖူးစွာတောင် မဟိမ့်ယာ။ အား လုံးလုပ်ဖူးလားယာ။”လို့ ဆက်ပါရေ။
၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ ဒသမ ၄၉ သန်းရှိပြီးကေ ယင်းထဲက ၂၆ ဒသမ ၆၆ သန်းရေ အမျိုးသမီး လူဦးရေဖြစ်ပါရေ။ ရာခိုင်နှုန်းအားဖြင့်ဆိုကေတော့ နိုင်ငံ၏လူဦးရေ ၅၁ ဒသမ ၈ ရာခိုင်နှုန်းမှာ အမျိုးသမီးဖြစ်ဗျာလ် အမျိုးသားဦးရေထ က် ၁ ဒသမ ၈ သန်းပိုနီစွာ တွိရပါရေ။
ဒေပိုင်ရုန်းကန်နီရကေလေ့ ပတ်ဝန်းကျင်ရဲ့ရှိရိုးစွဲအယူအဆတိကြောင့် လုပ်ခရရေအခါမှာတော့ အမျိုးသမီးတိက အမျိုးသားတိနဲ့တန်းတူ မရရှိကတ်ပါ။ သူဆိုကေလေ့ ဒေအတိုင်းပါဗျာလ်။ ယကေလေ့ ရွီးချယ်ခွင့်မရှိရေ ဘဝဖြစ်နီလို့ ဒေချင့်တိက သဘာဝရာဆိုရေစကားနဲ့အ တူနီသားတကျရှိနီခပါဗျာလ်။ သား၊ သမီး ၇ ယောက်၏ စားဝတ်နီရေး၊ ကျောင်းစရိတ်၊ အသုံးစရိတ်တိကို နိစိုင်ဖြေရှင်းနီရရေ ယင်းအရီး ရဲ့ တစ်နိလုပ်အားခက ဇာလောက်များရပါလေ။ ရရေလုပ်အားခနဲ့က လောက်ငှနိုင်ပါယင့်လား။
“အလုပ်က ကျဘန်းပေါ့လေ။ ဟိုလူမှာ တစ်ရက်အငှားထည့်ကေ ဟိုလူပါးကို လိုက်လားရေ။ ဒေလူမှာ တစ်ရက်အငှားထ ည့်ကေ ဒေလူပါးကို လိုက်လားရေ။ ၃ထောင်ရရေနိရရေ။ ၄ ထောင်ရရေနိရရေ။ ၅ ထောင်ရရေနိရရေ။ ၅ ထောင်ဆိုကေ အများဆုံးပဲ။ ဆင်းရဲခါ ၃ ထောင်နဲ့လေ့ လိုက်ရရေ။ ခက်ခဲလိုက်တေဆိုစွာမှာ။ အချေတိရဲ့ ကျောင်းစရိတ်လို့ တမျိုး။ မီးစရိတ်လို့ တမျိုး။ နောက်တစ် ရက်နှစ်ရက်ဆိုကေ မီးလခလာကောက်ဖို့ယာ။ ယပိုင် ဟိုလူပါးကရှာ။ ဒေလူ့ပါးကရှာပီးလိုက်တေ။ ကိုယ့်မှာလုပ်လို့ အဆင်ပြေကေ ပြန် ဆပ်တေ။ ဆိုင်မှာလေ့ ယပိုင်အကြွီးယူစားရေ။ လုပ်လို့ရကေ ပြန်ပီးရေ။ ယင်းပိုင်လုပ်နီရစွာ။ အခုလေ့ ဆိုင်တိုင်းမှာ အကြွေးရှိရေ။”
အရေးကြုံလာကေ သုံးဖို့ချန်ထားယင့်လား။ တစ်ရက်ကိုဇာလောက်စီစုဖြစ်ပါလေ။ ဆိုတဲ့မေးခွန်းကိုတော့ သူက “ယင်းချင့် ကိုတော့ခါ သတ်မှတ်ထားလို့ မရ။ ဒေနိလုပ်တေဆိုကေ မလုပ်ခင်ကပင် ကြိုယူထားယာ။ ကြိုစားထားယာ။ ယေခါ စုထားလို့က မရလေ့။ အကြီွးစားထားယာ။ ကိုယ့်မှာရမှရာ ပီးလိုက်ရရေ။ ဆိုခါ စုထားဖို့စွာက မဟိမ့်။”လို့ အပျိုပေါက်ချေတစ်ယောက်ပိုင် လျှင်မြန်သွက်လက် စွာနဲ့ ဖြေပါရေ။
အခုနောက်ပိုင်းမှာတော့ခါ သားကြီးနဲ့ သမီးအကြီးရို့က အိမ်ထောင်ကျလားလို့ ကျန်ရေအချေ ၅ ယောက်ကိုယာ တာဝန်ယူနီရရေလို့ ဆို ပါရေ။ “ကံဆိုးမလားရာ၊ မိုးလိုက်လို့ရွာ”ဆိုပိုင် တစ်ခါတစ်လီမှာ ဒေါ်ဝေခင်နှင်းပါးကိုလေ့ ဒေထက်ကြီးရေ ကံဆိုးမိုးမှောင်ဖြစ်ရပ်တိ ရောက်လာတတ်ပါရေ။
“သမီးတစ်ယောက် နှာခေါင်းတစ်ဖက်ပိတ်လို့ ရန်ကုန်ကို လားခဲ့ရရေ။ ကိုယ်ကလေ့ ကျောက်ဖြူကိုတောင် စုံအောင်မရော က်ဖူးသိဘဲ ရန်ကုန်ကိုလားရခါ ဇာမှာ တည်းရမှန်း။ ဇာကိုလားရမှန်းမသိ။ အချေတိမှာ နှစ်တိုင်းဝက်တိမွီးဇတ်ထားကတ်တေ။ ၃ ကောင်၊ ၂ ကောင်။ ဝက်ရောင်းကေ အချေတိကို နားတောင်းချေတစ်ရံစီဝယ်ပီးထားရေ။ ယင်းစာတိကိုရောင်းပနာ ဆီးခန်း ၂ ခါတောင် မပြရဘူး။ ကုန်လားယာ။ နှာခေါင်းကိုလေ့ ခွဲရဖို့ဆိုခါ သမီးချေ ဇာပိုင်လုပ်ကတ်ဖို့လဲလို့ သမီးကြီးကို ဖုန်းလှန်းဆက်ခါ အမိ။ စိတ်မပူကေ့။ သမီးချီး ငှားလို့ရှာပီးပါမေလတ်။ မရရေအဆုံး ဒေအနားကရွာတိမှာ ပတ်ပြီးကေ အလှူခံဖို့။ စေတနာဟိမ့်ရေလူထည့်ပတ်ဆီလတ်။ အမိ ရန်ကုန် ကို တစ်ခါရာလားနိုင်ဖို့။ နောက်တစ်ခါသွားဖို့ မလွယ်ဆိုပြီးကေ သမီးကရှာပီးရေ။ သိန်း ၁၀ ကျော်ကုန်ခရေ။ ကိုယ့်မှာက ဝက်ရောင်းလို့ရ စာ ပိုက်ဆံ ၆ သိန်းပါလားရေ။ သူများပါးက ချီးဟာ ၆ သိန်းကုန်ရေ။”လို့ စိတ်ညစ်ညစ်နဲ့ ပြောပြပါရေ။ ဒေအကြောင်းကို ပြောပြနီချိန်မှာ မျက်စိရာ တစ်ချက်မှိတ်လိုက်ကေ အော်တိုကျလားနိုင်ရေ မျက်ရည်တိရေ သူ့မျက်ဝန်းမှာ ပြည့်လို့နီပါရေ။
ကျေးရွာတိရဲ့ဓလေ့ထုံးတမ်းအရ တစ်ခါတစ်ခါမှာ အရေးကြုံလာကေ တစ်အိမ်တစ်ယောက်ကျ အစည်းအဝေးလားတက်ရစွာ၊ နောက် ပြီးကေ ကျောင်းဆောက်၊ သိမ်ဆောက်၊ ဇရပ်ဆောက်၊ ကန်တူးစသဖြင့် လုပ်ဆောင်ကတ်ရစွာတိ ရှိပါရေ။ ဒေပိုင်အခြေအနေတိမှာ အိမ် ထောင်ဦးစီးအဖြစ်တာဝန်ယူထားရရေ သူက ယောက်ျားသားတိအကြား မျက်နှာညိုးငယ်စွာနဲ့ လားတက်ရရေ အခက်ခဲတိလေ့ ရှိပြန် ပါရေ။
“တစ်အိမ်တစ်ယောက်ကျ မရောက်ကေ မဖြစ်။ လူစုလိုက်ကေ ယောက်ျားမရှိကေ မမ လာရဖို့ဆိုကေတော့ လားရရေပေါ့။ ကိုယ့်ရွာမှာ ကန်ကိစ္စ၊ ရပ်ရေးရွာရေးကိစ္စတိ၊ ယင်းကိစ္စတိ လားရရေ။”
အခုပိုင် “ရှိစွာချေနဲ့ လှအောင်ဝတ်ပြီးကေ ရစွာချေနဲ့ ဝအောင်စားနီရရေ” ဘဝမျိုးကို ရင်ဆိုင်ဖြတ်သန်းနီရကေလေ့ ရပ်ရေးရွာရေး၊ လူမှု ရေးနဲ့ ဘာသာရေးကဏ္ဍတိမှာ လစ်ဟင်းမလားအောင် နီထိုင်ပြုမူတတ်သူပါ။ ယင်းကြောင့်လေ့ သူ့နဲ့သူ့မိသားစုအပေါ်မှာ ရွာသူ၊ ရွာသား တိက မေတ္တာ၊ စေတနာရှိကတ်တေလို့ သူက ဆိုပါရေ။
“ဘုန်းကြီးကျောင်းကိုတော့လားရေ။ (အလုပ်)လုပ်နီကေလေ့လားရေ။ အပတ်တိုင်းတော့ ဇာလားရဖို့လဲ။ ဒေအပတ်မှာမ ရောက်ဖြစ်လိုက်ကေ နောက်တစ်ပတ်မှာလားလိုက်တေ။ သင်္ကြန် ၃ ရက်ကျကေလေ့ ကျောင်းကို ၂ ရက်လားလိုက်တေ။ နောက်တစ် ရက်မှာ အချေတိအတွက် ကိုယ်က စောင့်ပီးရရေ။”
“ကိုယ့်ကို ရင်းနှီးလို့၊ အသိအမှတ်ပြုလို့ မှာရေ။ ဖိတ်တေဆိုကေ မရှိကေ ရှာဖွေလို့ လားလိုက်တေ။ ဖဲသာမရှိကေလေ့ သူများပါးက ချီးငှားလို့လားလိုက်တေ။ သမီးကလေ့ပီးရေ။ အမိ မလားလို့မဖြစ်။ လားရဖို့။ သမီးပါးက ယူလား။ ဘယ်လောက်ဘယ် လောက်ဆိုပြီးကေပီးရေ။”
အသက် ၅၃ နှစ်အရွယ်ရောက်နီဗျာလ်ဖြစ်တေ မဒေးကျွန်းသူ ဒေါ်ခင်ဝေနှင်းရေ သူကိုယ်တိုင် ပညာမတတ်ခလို့ ဒုက္ခမျိုးစုံကြုံနီရပါရေ လားဆိုရေအကြောင်းကို နားလည်လို့ အနာဂတ်မှာ တောက်ပလာဖို့ ကြယ်ချေတိရဲ့ ဘဝကို သူ့ပိုင်ဖြစ်ဖို့ မလိုလားပါ။ ယင်းအတွက်နဲ့ လေ့ နောက်နှစ်ဆိုကေ သူ့အတွက် အခက်ခဲဆုံးနှစ်တစ်နှစ်ဖြစ်ပါလိမ့်မေ။
ဇာလို့လဲဆိုကေ ယင်းနှစ်မှာ ဆယ်တန်းတစ်ယောက်အပါအဝင် သား၊ သမီး ၃ ယောက်ရဲ့ကျောင်းစရိတ်အတွက်ပါ ရှာဖွေရဖို့ဖြစ်လို့ပါ။ အရီးကတော့ ဖြစ်မြောက်အောင်သင်ပေးလိုစိတ် ပြင်းပြနီပါရေ။
“အိမ်ထောင်တစ်ခုမှာ ပြည့်ပြည့်စုံစုံနေရဖို့ဆိုစွာတော့ မလွယ်ကူ။ အရီးနားလည်ရေ။ အရီးက တစ်ခြားစွာကိုလေ့ မရည် မှန်း။ အချေတစ်ယောက်နှစ်ယောက် ကျောင်းထားနိုင်ဖို့အရေးကိုရာ အရီးလိုလားရေ။ မိုးဦးကျဆိုကေ ဆယ်တန်းတစ်ယောက်တက်ရဖို့။ ၈ တန်းတစ်ယောက်၊ ၇ တန်းတစ်ယောက်။ ထမင်းစားဖို့စော်ကို အလုပ်လုပ်ရင်း ဆန်တစ်တောင်းရကေ တစ်တောင်း၊ တစ်သိုက်ရကေ တစ်သိုက် ဆိုင်ကဝယ်စားလို့ ရသိရေ။ ယင်းအချေတိ ကျောင်းတက်ရဖို့အရေးကိုတော့ တွေးပူနီရေ။”လို့ တွေးပူနီရရေအကြောင်းကို ရင်ဖွင့်ပါပြန်ရေ။
ဒေကြားထဲမှာ သားတစ်ယောက်ကလေ့ ကျန်းမာရေးမကောင်းလို့ ကျောက်ဖြူမြို့ထက်မှာနီရေ သားကြီးပါးကို ပို့ထားရရေလို့ ဆိုပါရေ။ သူ့သားကို ရန်ကုန်မှာ လားဗျာလ်ဆီးကုရဖို့ဖြစ်လို့ တတ်နိုင်ကေ ကူညီပီးကတ်ဖို့ သူက မိတ္တာရပ်ခံပါရေ။
အရီးဒေါ်ဝေခင်နှင်းရို့နီထိုင်ရေ မဒေးကျွန်းရေ မြန်မာ-တရုတ်ရီနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတည်ရှိရာဒေသလေ့ ဖြစ်ပါရေ။ ဆိုကေ ကမ္ဘာနဲ့ယှဉ်ပြီးကေလုပ်နီရရေ ယင်းဒေသမှာ သူရို့ဒေသခံတိအတွက်ပါကာ ဇာပိုင်အလုပ်အကိုင်အခွင့်အလမ်းတိကို ရရှိနီကတ် ပါယာလေ။
“အလုပ်ကိုင်အခွင့်အလမ်းက ဇာကရဖို့လဲ။ ကျောက်တင်ဖို့။ သဲတင်ဖို့။ ယပိုင် ပပင်ပပန်းအလုပ်တိဆိုကေရရေ။ သက် သက်သာသာ အလုပ်ဆိုလို့ဟိကေ အရီးရို့ မလုပ်ရ။ ယပိုင်။ ဇာက လုပ်ပီးဖို့လေ့ ရေမော်သို့ လားလုပ်ကေလေ့ သူရို့ပါးက ၅ ထောင် ပီးထားကေ နောက်တစ်တိုင်က ၄ ထောင်ပီးရေ။ သီအောင် ပင်ပန်းခံပြီးကေ လုပ်လို့တောင်မှ ပြည့်ဝအောင်မရ။ ရီနံဆီလှောင်ရေ ကန် ကြီးကို တစ်ယောက်လေ့ မတက်ရဲ။ ယက်းအထက်ကို တက်ပြီးကေ သံချေးခြစ်ရရေ။ အရီးတက်ခြစ်တေ။ တနားချေနားချင်လို့တောင် မနားရ။ ၁၁ နာရီခွဲမှ တန့်ရရေ။ မိုးထ ၈ နာရီကနီဆင်းရစွာ။ ပြန်လာကေ ၆ နာရီတီးနီယာ။ ကြက်တွန်လို့ မိုးထအာရုံရောက်ကေ ထမင်း ချိုင့်ဆွဲပြီးလားရယာ အလုပ်သိမ်းလို့ လာကေမှောင်နီယာ။”
“၁ဝရက်ပြည့်ပြီးကေမှ ဖဲသာထုတ်ပီးရေ။ ၁၀ ရက်ပြည့်အောင်လုပ်ရရေ။ ၁၀ ရက်ပြည့်ကေ မလုပ်ချင်လေ့ ထွက်လား လို့ရရေ။ ထွက်လားကေ မပီးယာ။ အိမ်မှာနီမကောင်းဖြစ်လို့တောင်မှ မရ။ မဟုတ်ကေ လူစားထိုးရရေ။ ဖဲသာတော့ရရေ။ ၁၀ ရက် ပြည့်မှ လာတောင်း။”
သာမန်အမျိုးသားတိတောင် မလုပ်ဝ့ံကတ်တေ ရေနံလှောင်ကန်ကြီးထက်ကို တက်လို့သံချီးခြစ်ရေ အလုပ်ကို အသက်စွန့်ပြီးကေ လုပ် ကိုင်ခရကေလေ့ လုပ်အားခကို အပြည့်မရဘဲ ဖြတ်တောက်ခံခရရေအကြောင်းကို ဒေါ်ဝေခင်နှင်းက ပြောပြာစွာပါ။ ယင်းလုပ်ငန်းခွင်မှာ လို့ မဟုတ်ပါ။ သူကတော့ မိသားစုစားဝတ်နီရေးအတွက်ဆိုကေ နေရာစုံမှာ ကဏ္ဍစုံမှာ ရှာဖွေလုပ်ကိုင်နီရစွာပါ။
“အခက်ခဲကတော့ အများကြီးပေါ့။ အခုလေ့ အိမ်မှာ ဖဲသာဆိုလို့ ငါးဆယ်တောင်မဟိမ့်။ အခုအလုပ်လုပ်ထားစွာ ၅ ရက် ဟိနီယာ။ ၁၀ ရက်ပြည့်မှ ရဖို့။ ကွမ်းသီး၊ ကွမ်းရွက်ကအစ အားလုံး အကြွေးဝယ်စားထားရရေ။ ဒေနိတော့ အလုပ်မလား။ အိမ်မှာ စပါး လှမ်းဖို့လို့။ သူရို့ကိုလေ့ ပြောထားပြီးယာ။ ဒေနိတစ်ရက်နဲ့ မိုးထတစ်ရက်အလုပ်မဆင်းလို့။ အလုပ်ကလာစွာ မဟုတ်။ စပါးလှမ်းဖို့လို့ မလားစွာ။”
ဒေါ်ဝေခင်နှင်းပိုင်များ အခုပိုင်အခြေအနေတိကို ကြုံတွိနီရရေအမျိုးသမီးတိ မြန်မာနိုင်ငံမှာ ဇာလောက်တောင် ရှိနီပါယာလဲ။
496 total views, 1 views today