ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း
တချိန်က ရခိုင်ပြည်ရဲ့ မင်းနေပြည်တော်အဖြစ်တည်ရှိခဲ့တဲ့ မြောက်ဦးက ယဉ်ကျေးမှုအမွေအနှစ်တွေကို မှီခိုပြီး ခရီးသွားလုပ်ငန်းတွေကို အေဂျင်စီတွေနဲ့သော်လည်းကောင်း၊ အလွတ်တန်းအနေနဲ့ သော်လည်းကောင်း လုပ်ကိုင်နေသူတွေ အများအပြားရှိပါတယ်။ ရခိုင်ပြည်န ယ်အတွင်း စစ်ရေးပဋိပက္ခတွေ ပြင်းပြင်းထန်ထန် ရှိလာခဲ့ချိန်မှာတော့ မြောက်ဦးကိုလည်း ကူးစက်လာခဲ့ပြီး နိုင်ငံခြားသားတွေကို ခရီးသွား ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းတွေဟာ လုံးဝကို အလုပ်မဖြစ်ကြတော့ပါဘူး။
ဒီအခြေအနေမှာ ခရီးသွားဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်ရပ်တည်နေသူတွေ၊ ခရီးသွား လုပ်ငန်းလုပ်ကိုင်သူတွေနဲ့ ဘယ်လောက် အတိုင်းအတာထိ နစ်နာမှုတွေ ရှိနေသလဲ။ မြောက်ဦးကို ယူနက်စ်ကိုဝင်ဖို့ ကြိုးစားနေဆဲဆဲမှာ ဖြစ်သွားတဲ့အတွက် သူတို့ရဲ့ မျှော်မှန်းချက်တွေက ဘယ်လောက်ထိ မှေးမှိန်သွားရလဲ။ လက်ရှိမှာ ဘယ်လိုရပ်တည်နေကြသလဲစသဖြင့် အကြောင်းအရာတွေကို ဧည့်လမ်းညွှန်လုပ်ကိုင်နေ သူတွေနဲ့ မြောက်ဦးမြို့ကို သွားရောက်မေးမြန်းပြီး တင်ဆက်ပေးထားပါတယ်။
ခရီးသွားလုပ်ငန်းနဲ့ ပတ်သတ်လာရင် ရခိုင်ပြည်နယ်မှာ နေရာများများစားစားမရှိပါဘူး။ တောင်ပိုင်းမှာဆိုရင် ကမ္ဘာ့အကောင်းဆုံးစာရင်း ဝင်တဲ့ သံတွဲမြို့က ငပလီမြို့ကမ်းခြေနဲ့ မြောက်ပိုင်းမှာဆိုရင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း ဝင်နိုင်ဖို့ ကြိုးပမ်းနေတဲ့ မြောက်ဦးတို့ သာရှိတာပါ။
ပြီးခဲ့တဲ့ ၂၀၁၉ ဒီဇင်ဘာလကနေ မြန်မာနိုင်ငံထဲက နေရာ ၅ ခုကို နိုင်ငံခြားခရီးသွားဝင်ရောက်မှုကို အစိုးရက ပိတ်ပင်ခဲ့ပါတယ်။ အဲဒီထဲ မှာ မြောက်ဦးလည်း ပါဝင်ပါတယ်။ မြို့နေလူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းလောက်က နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုအပေါ် မူတည်ပြီး ရပ် တည်ပြီး လုပ်ကိုင်စားသောက်နေကြတာလို့ ဆိုပေမယ့် ဒီလုပ်ငန်းကို လုံးလုံးကြီး မှီခိုအားထားနေသူတွေဟာ ဧည့်လမ်းညွှန်တွေ ဖြစ်ပါ တယ်။
“ကျနော်တို့ ရခိုင်ပြည်နယ် စစ်တွေမှာ Tourist Guide တွေရှိတယ်။ သံတွဲမှာရှိတယ်။ သံတွဲကတော့ ကျနော်တို့နဲ့ အလှမ်းဝေးတယ်။ စစ် တွေရှိတယ်။ အထူးသဖြင့် မြောက်ဦးမှာ ရှိပါတယ်။ Tourist Guide အများစုက Tourism အပေါ်မှာ မူတည်ပြီး ရပ်တည်ကြတယ်။ နိုင်ငံ ခြားသားတွေ ဝင်ရောက်မှု မရှိဆိုတာနဲ့ သူတို့လည်း ပြတ်သွားတယ်။ စီးပွားရေး အလားအလာ မကောင်းလို့ တိုက်ရိုက်ပြောလို့ ရတယ်။ သွယ်ဝိုက်တဲ့နည်းတောင် မဟုတ်တော့ဘူး။ Tourist Guide တွေဟာ အထူးသဖြင့် Agency တွေ၊ Agent တွေလည်း လုံးဝအလုပ်မဖြစ်။ Agency တွေကို မှီခိုလို့ လုပ်နေကြတဲ့ Tour Guide တွေ လုံးဝရပ်တန့်သွားတယ်။ Tourism နဲ့ပတ်သတ်လို့ ပြောရမယ်ဆိုရင် မြောက်ဦး ကို ၉၊ ၁၀၊ ၁၁၊ ၁၂၊ ၁၊ ၂ လပိုင်း အများဆုံးပေါ့လေ။ ၆ လလောက် အလုပ်ဖြစ်တယ်။ ကျနော့်အတွက် Personality မဟုတ်ဘူးလေ။ အ ခြား Tour Guide တွေအတွက်ပါ ဘာမှအလုပ်မဖြစ်ဘူးဖြစ်သွားတယ်။ တစ်လနေလို့ ကျနော်တို့ Tourism က ဝင်ငွေတစ်သောင်းလည်း မရှိ၊ နှစ်သောင်းလည်း မရှိတော့ဘူး။ အဲဒီအခြေနေဖြစ်သွားတယ်။”လို့ ကိုထွန်းနေဝင်းက ပြောပြပါတယ်။
အလွတ်တန်းဧည့်လမ်းညွှန်တစ်ဦးဖြစ်တဲ့ ကိုထွန်းနေဝင်းဟာ ဒီလုပ်ငန်းကို ၂၀၀၆ ခုနှစ်လောက်ကတည်း လုပ်ကိုင်လာသူဖြစ်ပြီး လက်ရှိ မှာ သူတို့ကြုံနေရတဲ့ အခက်ခဲတွေကို အခုလို ပြောပြလာတာပါ။ အနောက်နိုင်ငံတွေက ကမ္ဘာ့လှည့်ခရီးသွား ဝင်ရောက် လည်ပတ်မှုဟာ မိုးကုန်လို့ ပွင့်လင်းရာ သီရောက်တဲ့ နိုင်ဝင်ဘာလကနေ နွေရာသီမကုန်ခင် အချိန်ထိ ၆ လလောက်သာ ရှိတာဖြစ်ပါတယ်။
မြောက်ဦးကို ပြည်ပခရီးသွားဝင်ရောက်မှု ၂၀၀၈ ခုနှစ်မှာ အစိုးရက တရားဝင် ခွင့်ပြုခဲ့တာလို့ ဆိုပေမယ့် အဲဒီမတိုင်ခင်ကတည်းကနေဝင် ရောက်မှုရှိနေခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းတချို့ ပဋိပက္ခတွေကြောင့် မြောက်ဦးအပါအဝင် ရခိုင်ပြည်နယ်က ဒေသ တချို့ကို သွား၊ လာခွင့် ပိတ်တစ်ခါ၊ ဖွင့်တစ်လှည့်နဲ့ အကြိမ်အရေတွက်တောင် မနည်းတော့ပါဘူး။
ကိုနေလင်းက “အခုက စားဝတ်နေရေးတောင် အဆင်မပြေဖြစ်နေတယ်။ ကျနော်တို့မှာ တစ်ခြားလုပ်ငန်းတွေကို ပြောင်းလုပ်မယ်ဆိုရင် လည်း လိုင်းမတူဘူး။ NGO တို့၊ ဘာတို့ကိုပေါ့။ တချို့ကလည်းစဉ်းစားတယ်။ Guide တွေဆိုသိပ်မခေါ်ကြဘူး။ ဆိုတော့ NGO မှာလည်း လျှောက်လို့ မရဘူး။ တိုက်ပွဲမဖြစ်တာတော့ ပိုကောင်းတာပေါ့လေ။ နိုင်ငံခြားသားတွေလာအောင်။ ကျနော်တစ်ယောက်တည်း မဟုတ်ပါ ဘူး။ Tourism မှာ လုပ်နေတဲ့သူ အကုန်လုံး အခက်ခဲရှိနေတယ်။ အဆင်မပြေဘူး။ ကျနော်တို့မှာက ဒါလေးပဲ အားကိုးလို့ လုပ်နေရတာ။ သူများတွေလိုလည်း တစ်ခြားအလုပ်တွေ မရှိဘူးလေ။”လို့ ဆိုပါတယ်။
ကိုနေလင်းဟာ ရသေ့တောင်ဇာတိ ဖြစ်ပေမယ့် ဒီလုပ်ငန်းအပေါ်စိတ်ဝင်စားမှုကြောင့် မြောက်ဦးမြို့ကို ပြောင်းရွှေ့လာခဲ့ပြီး ဟိုတယ်ဝန် ထမ်းအဖြစ် စတင်ဝင်ရောက်ကာ အင်္ဂလိပ်စာနဲ့ ဧည့်လမ်းညွှန်သင်တန်းတွေကို တွဲဖက်သင်ယူလေ့လာရင်း ဒီနယ်ပယ်ထဲကို ဝင်ရောက် ခဲ့သူပါ။ လက်ရှိမှာတော့ သူလည်း အခက်ခဲဖြစ်နေတာပါ။ ၂၀၁၂ ခုနှစ်အလွန်မှာ ရခိုင်ပြည်နယ်အတွင်းသို့ ခရီးသွားဝင်ရောက်မှုကို ပြန် လည်ခွင့်ပြုခဲ့ရာ အဲဒီနောက်ပိုင်းမှာ ၂၀၁၃၊ ၂၀၁၄ ခုနှစ်တွေမှာ မြောက်ဦးယဉ်ကျေးမှုဒေသအတွင်းသို့ ဝင်ရောက်မှု များပြားခဲ့တယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။
ဒီလိုနဲ့ ၂၀၁၇ ခုနှစ်ကိုအရောက်မှာတော့ ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း ARSA လက်နက်ကိုင်တိုက်ခိုက်မှုပေါ်လာခဲ့ပြီး အစိုးရ က လုံခြုံရေး အာမခံချက် မရှိဘူးဆိုပြီးပြန်လည် ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေကတော့ အဆိုပါဖြစ်စဉ်ေ တွအတွင်းမှာ ပဋိပက္ခနယ်မြေနဲ့ မြောက်ဦးနဲ့ ပတ်သက်မှု မရှိကြောင်းကို အစိုးရအနေနဲ့ ရှင်းရှင်းလင်းလင်းထုတ်ပြန်ခဲ့သင့်တယ်လို့ ပြော ဆိုကြပါတယ်။
“ကျနော်တို့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်တို့မှာဖြစ်သွားတဲ့ ပဋိပက္ခတွေမှာ မူဆလင်နဲ့ စစ်တပ်နဲ့ဖြစ်တဲ့ ကဏ္ဍမှာ မြန်မာနိုင် ငံမှာရှိတဲ့ နိုင်ငံတကာ သံရုံးတွေက သော်လည်းကောင်း၊ မြန်မာနိုင်ငံ အစိုးရကသော်လည်းကောင်း သိသာမြင်သာတဲ့ ထုတ်ပြန်ချက်တွေ ကို ကျနော်တို့ မတွေ့ရဘူး။ ဘာလို့့လဲဆိုတော့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဟာ မြောက်ဦးနဲ့ မိုင်ဘယ်လောက် ကွာဝေးတ ယ်ဆိုတာကို တိကျတဲ့ အဖြေတခုမပေးဘူး။ အခုလိုဖြစ်နေတာဟာ မြောက်ဦးကို ရခိုင်ကို ကိုယ်စားပြုပြီး Very Dangerous Place သတ် မှတ်ထားရာရောက်တယ်။ သံရုံးတွေက ထုတ်ပြန်တဲ့အခါမှာ ရခိုင်ပြည်ကို မသွားနဲ့ ဒီလိုပြဿနာရှိတယ်။ ဒီလိုမျိုးတွေဟာ ကိုးရိုးကားရား သတင်းပြန့်တယ်။ သူတို့က ဘင်္ဂလားဒေ့ရှ်နယ်စပ် ဘူးသီးတောင်၊ မောင်တောမှာဖြစ်နေလို့ မြောက်ဦးနဲ့ ဘယ်လောက်ဝေးတဲ့ နေရာမှာ ရှိတယ်။ အန္တရာယ်ကင်းတဲ့ ဇုန်ဖြစ်တယ်ဆိုတာကို သူတို့မပြောပါ။ ဒါက ရခိုင့်တပ်မတော်နဲ့ မြန်မာ့တပ်မတော်မဖြစ်ခင်တည်းက ကျနော် တို့ သုံးသပ်လာတဲ့ကိစ္စပါ။”လို့ ကိုထွန်းနေဝင်းက ပြောလာပါတယ်။
၂၀၁၈ နှစ်ကုန်ပိုင်းကိုအရောက်မှာတော့ ရခိုင့်လက်နက်ကိုင်အဖွဲ့အေအေနဲ့ တပ်မတော်တို့အကြား စစ်ရေးပဋိပက္ခတွေပြန်လည်တင်းမာ လာခဲ့ပြန်ပါတယ်။ နဂိုကတည်းက ပဋိပက္ခနယ်မြေကို ကိုယ်စားပြုပြီး ရခိုင်တစ်ခုလုံးကို ကမ္ဘာ့လှည့်ခရီးသွားဝင်ရောက်ခွင့် ပိတ်ပင်မှုတွေ ရှိခဲ့ရာ အခုဆိုရင်တော့ ပြောစရာတောင် မလိုတော့ပါဘူး။ ဒီအချိန်မှာတော့ မြောက်ဦးမြို့နယ်အတွင်းမှာပါ တိုက်ပွဲတွေရှိလာတာကြောင့် သွားလာဖို့ တားမြစ်တဲ့အပေါ်မှာတော့ ဒေသခံတွေက ဖြေရှင်းချက်မထုတ်လိုကြပါဘူး။
ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေပေါကြွယ်ဝလွန်းတဲ့ မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း UNESCO ဝင်နိုင်ဖို့ အပြီးသတ်အဆိုပြုလွှာကို ၂၀၂၀ ပြည့်နှစ်စပိုင်းမှာ တင်သွင်းထားပြီလည်း ဖြစ်ပါတယ်။
ဒီနောက်ပိုင်းမှာ ခရီးသွားဧည့်လမ်းညွှန်တွေအနေနဲ့လည်း သူတို့ရှေ့ဆက်လုပ်ဆောင်မယ့် မျှော်မှန်းချက်တွေ ရှိနေခဲ့လေပြီဖြစ်ရာ အခုအ ချိန်မှာတော့ ဘယ်ပုံ၊ ဘယ်ဝယ်တောင် မသိဘဲ ဖြစ်နေကြရပါတယ်။ ဒါပေမယ့်လည်း အကောင်းအတိုင်း ဖြစ်လာမယ်ဆိုတဲ့ စိတ်ကူးက တော့ရှိနေကြဆဲပါ။
“အခုကတော့ မြို့နယ်ပတ်ပတ်လည်မှာ တိုက်ပွဲဖြစ်လာတယ်။ မြောက်ဦးသည် ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးတို့ရဲ့ အသည်းနှလုံးဖြစ်တယ်။ အ သက်သွေးကြောဖြစ်တယ်။ ကျနော်တို့လည်း ခေတ်အဆက်ဆက်ဖြတ်သန်းလာတဲ့ ရခိုင်သမိုင်းရဲ့ အထင်ကရ နေရာလည်းဖြစ်တယ်။ အဲ ဒါကြောင့် ဒီနေရာတွေကို ယူနက်စကိုအနေနဲ့ နောက်ဆုံးပိတ် Dossier တင်ထားတဲ့အပေါ်မှာ ဖြစ်လာစေချင်တယ်။ ဖြစ်လာမယ်လို့ လ ည်း မျှော်လင့်တယ်။ ဘာလို့လည်းဆိုတော့ ဒါသည် Tourism တစ်ခုတည်းအတွက် မဟုတ်ဘူး။ မြောက်ဦးကို ဒီလိုအသတ်မှတ်ခံရတာနဲ့ ရခိုင်လူမျိုးရဲ့ နောက်ခံ သမိုင်းဘယ်လိုရှိခဲ့တယ်။ ရှေ့ဆက်မယ့် ရခိုင်လူမျိုးရဲ့ တည်တံ့မှုအခြေအနေ၊ ဖြတ်သန်းရမယ့် အမျိုးသားရေး အ ခန်းကဏ္ဍတွေကအစ ကမ္ဘာကအာရုံစိုက်တဲ့ နေရာတစ်ခုဖြစ်လာမယ့်အတွက်နဲ့ ဒီနေရာကို ဘယ်အတွက်ကြောင့်နဲ့မှ ပျက်စီးဆုံးရှုံးရမယ့် နေရာ မဖြစ်စေချင်ပါ။”လို့ ကိုထွန်းနေဝင်းက ဆိုပါတယ်။
ကိုနေလင်းကလည်း အခုလို ပြောလာပါတယ်။
“ပြောရမယ်ဆိုရင် မြောက်ဦးမှာရှိတဲ့ လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းလောက် ခရီးသွားတွေအပေါ်မှာ မှီခိုပြီး လုပ်နေရတာ။ ဒီလုပ်ငန်းကို ဖွံ့ဖြိုး စေချင်တယ်။ ဒီလုပ်ငန်းက မြောက်ဦးတစ်ခုတည်းအတွက်မဟုတ်ဘူး။ ရခိုင်တစ်ပြည်လုံးအတွက်ဖြစ်တယ်။ အစိုးရအတွက်လည်း ဝင်ငွေ ကောင်းတဲ့ဌာနတစ်ခုဖြစ်တယ်။ တိုက်ပွဲတွေဖြစ်နေတာဆိုတော့ ကျနော်တို့ ပြောလို့တော့ ဘယ်ရမှာလဲ။”
ရခိုင်ပြည်နယ်အတွင်းကို ပြည်ပခရီးသွားဝင်ရောက်မှုဟာ ၂၀၁၇ ခုနှစ်မှာ ၆၄၇၂၇ ဦး၊ ၂၀၁၈ ခုနှစ်မှာ ၅၁၃၂၁ ဦးနဲ့ ၂၀၁၉ ခုနှစ် မေလ အထိ ၁၆၆ ဦးရှိခဲ့တယ်လို့ ပြည်နယ် ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးရုံးက သိရပါတယ်။ အခုလို နယ်မြေမတည် မငြိမ်မှုတွေဖြစ်ပေါ်လာတဲ့အချိန်မှာ ပြည်ပခရီးသည်ဝင်ရောက်တာ နည်းသွားတဲ့အပေါ်မှာ ဒေသခံတွေက ဘာမှ မပြောလိုကြပေမယ့် နယ်မြေအေးချမ်းခဲ့တဲ့ ကာလတွေမှာတော့ မြောက်ဦးဟာ ခရီးလှည့်ခရီးသွားတဲ့ကို ဆွဲဆောင်နိုင်တဲ့ ဒေသတစ်ခုဖြစ်နေပါလျှက်နဲ့ ဘာ ကြောင့်နည်းပါးနေခဲ့ရတာလည်းဆိုတဲ့အပေါ်မှာတော့ ကိုထွန်းနေဝင်းက အခုလို ဆိုလာပါတယ်။
“ကျနော်တို့ ရခိုင်ပြည် အထူးသဖြင့် မြောက်ဦးဟာ အလွန်တရာမှ Tourist Attraction ဖြစ်တယ်။ ရောက်ဖူးတဲ့ သူအတွက်ဆိုရင် ပုဂံထ က် ပိုသာတယ်လို့ ပြောလို့ရတယ်။ နိုင်ငံခြားသားတွေဆီက Feedback ကို ပြန်နားထောင်ကြည့်တဲ့အခါမှာ မြန်မာနိုင်ငံမှာ သန်းနဲ့ချီလို့ နို င်ငံခြားသားတွေဝင်တယ်။ ၂ သန်း၊ ၃ သန်းလောက်။ သို့သော် ရခိုင်ပြည်ကိုရောက်တာသည် သံတွဲအတိုင်းအတာကိုတော့ ကျနော်မပြေ ာတတ်ဘူး။ မြောက်ဦးကိုတော့ ၄၊ ၅၊ ၆ ထောင် သောင်းနဲ့ချီလို့ အဲလောက်အဆင့်ပဲရှိတယ်။ ၂ သန်း၊ ၃ သန်းလောက်က ထောင်ဂဏန်း လောက်ပဲ မြောက်ဦးကိုရောက်တယ်ဆိုရင် တစ်ခုခုလွဲနေလို့ပဲ။”
ဆက်လက်ပြီးတော့ သူက “မြန်မာနိုင်ငံ ဟိုတည်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ထားတဲ့ နိုင်ငံခြားသားတွေကို ဆွဲဆောင်ထား တဲ့ မြေပုံမှာ ရခိုင်မှာ စစ်တွေတစ်ခုပဲ အဝါပြထားတယ်။ ကျန်တာတွေက အနီပါ။ ကချင်မှာ အနီပါ။ မွန်မှာ အနီပါ။ ကရင်မှာ အနီပါ။ ရှမ်းမှာ အနီပါ။ ချင်းမှာ အနီပါ။ ရန်ကုန်၊ မန္တလေးအားလုံးအဝါပါ။ အနီသဘောသဘာဝသည် နိုင်ငံတကာကို ထုတ်ပြန်တဲ့အခါမှာ Very Dangerous Place အလွန်အန္တရာယ်ရှိတဲ့နေရာအဖြစ်ပြထားတယ်။”လို့ ဆိုပြန်ပါတယ်။
နောက်တစ်ခုကတော့ ရခိုင်ပြည်နယ်မှာ လမ်းပန်းဆက်သွယ်ရေးကိစ္စပါ။ ဒီကစ္စရပ်တွေကိုလည်း နိုင်ငံခြားသားတွေ ဝင်ရောက်လာတဲ့ အ ခါမှာ သူတို့အနေနဲ့ အကုန်ကျသက်သာအောင် အစိုးရက ဖန်တီးပေးသင့်တယ်လို့ အကြံပြုကြပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံကို ဝ င်ရောက်လာတဲ့ နိုင်ငံခြားသားတွေဟာ ရန်ကုန်အပြည်ပြည်လေဆိပ်ကနေ မန္တလေးကိုသွားရပြီး အဲဒီကနေ ပုဂံကို သွား၊ အဲဒီကနေ ရန်ကုန်ကိုပြန်လာ၊ ပြီးမှပဲ ရခိုင်ပြည်နယ် စစ်တွေမြို့ကို လာရပြီး အဲဒီကနေမှ မြောက်ဦးကို သွားရတာပါ။
ဒီကိစ္စအပေါ်မှာတော့ သူက “ရခိုင်ပြည်နယ် မြောက်ဦးကိုလာဖို့အတွက် စစ်တွေကို တဆင့်လေယာဉ်နဲ့ လာရတယ်။ စစ်တွေကို တဆင့် လာတယ်ဆိုရင် စစ်တွေကနေပြီး မြောက်ဦးကို ကားနဲ့လာရတယ်။ သင်္ဘောနဲ့လာရတယ်။ တစ်ခါတစ်လေ လေယာဉ်ရောက်တဲ့အခြေအ နေပေါ်မူတည်ပြီး စစ်တွေမှာ တစ်ညအိပ်ရတယ်။ ဆိုရင် မြောက်ဦးကိုလာဖို့အတွက် Private Boat ငှားရတာရှိတယ်။ Public Boat က နေ့စဉ်မရှိနေဘူး။ ကားလမ်းနေ့စဉ်နဲ့အမျှ အဆင်မပြေတာ ရှိမယ်။ အရင်ခေါက်ဆိုရင် ကားလမ်းတွေပိတ်ထားတာရှိတယ်။ သို့သော် ကျ နော်တို့က Tourist တွေ စစ်တွေမှာလည်း လည်ပတ်မယ့်နေရာတွေရှိတယ်။ စစ်တွေကိုလာရင်လည်း အဆင်ပြေတယ်။ စစ်တွေကတစ် ဆင့်လာရင်လည်းအဆင်ပြေတယ်။ သို့သော် Transportation In Field ဆိုတာ မြန်မာနိုင်ငံမှာ တခြားဒေသထက်ပိုလို့ သုံးစွဲရတဲ့ အခြေ အနေရှိတယ်။ တကယ်လို့ မန္တလေး-ပုဂံ-စစ်တွေလေကြောင်းရှိရင် သူတို့အတွက် အသုံးစရိတ်ပိုပြီး သက်သာသွားနိုင်တယ်။ ပိုရောက်နိုင် တယ်။ အခုက ရခိုင်ကို လာမယ်ဆိုရင် ရန်ကုန်ကတဆင့် စစ်တွေကို သွားရတယ်။ Tourist တစ်ယောက်သည် ပုဂံမှာ ရှိနေတယ်ဆိုရင် ရန်ကုန်ကို ပြန်သွားရတယ်။ ရန်ကုန်ကနေလို့ စစ်တွေကိုလာရတယ်။ အခက်ခဲတွေအများကြီးရှိတယ်။”လို့ အကြံပြုပါတယ်။
အခုထိခိုက်နေတာ ခရီးသွားသွားလုပ်ငန်းတစ်ခုတည်းလားဆိုတော့ မဟုတ်ပါဘူး။ အဖက်ဖက်ကထိခိုက်နေတာပါ။ ခရီးသွားဝင်ရောက်မှု မရှိတဲ့အတွက် ပထမအနေနဲ့ ဧည့်လမ်းညွှန်တွေတိုက်ရိုက်ထိခိုက်ရတာလို့ ဆိုပေမယ့် သူတို့ဝင်ရောက်လာတဲ့အခါမှာ သွားမယ့် ကား၊ စ က်လှေ စတဲ့ယာဉ်၊ တည်းခိုဖို့အတွက်နေရာ၊ စားသုံးဖို့အတွက်အစားအစာစသဖြင့်လုပ်ငန်းတွေမှာလည်းထိခိုက်ကြရသလို အစိုးရအနေနဲ့ လည်း နိုင်ငံခြားဝင်ငွေရရှိမှုအပိုင်းမှာ များစွာထိခိုက်ပါတယ်။ ဒါကြောင့် အကုန်လုံးကတော့ စစ်ပွဲတွေကို ရပ်စေချင်နေကြပါတယ်။
“Tourism လုပ်ငန်းဆိုတာက ကျနော်တို့လို ဆင်းရဲမွဲတေတဲ့ ပြည်နယ်တစ်ခု နောက်ပြီးတော့ ယဉ်ကျေးမှုထွန်းကားတဲ့ နယ်မြေတစ်ခုအ တွက်ကို ကမ္ဘာနိုင်ငံအသီးသီးက နိုင်ငံခြားသားတွေလာတာဟာ နံပါတ်(တစ်) ကိုယ်တို့ယဉ်ကျေးမှုတွေကို ကမ္ဘာကသိမြင်နိုင်တဲ့အနေအ ထားတစ်ခုရှိပါတယ်။ ဒုတိယတစ်ခုက ကိုယ်တို့ဒေသရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဝင်ငွေပေါ့။ ကျနော်တို့ Tourism ကို အဓိပ္ပာယ်ဖွင်တဲ့အခါမှာ “Smokeless Industry” မီးခိုးမထွက်တဲ့ စက်ရုံကြီးပေါ့။ မီးခိုးမထွက်ဘဲနဲ့ ဝင်ငွေရှိတဲ့ အလုပ်တစ်ခုလည်းဖြစ်တယ်။”လို့ ကိုထွန်းနေဝင်း က ပြောပါတယ်။
လက်ရှိမှာလည်း ကမ္ဘာ့တစ်ဝှမ်းက နိုင်ငံအများအပြားမှာ တရုတ်နိုင်ငံ ဝူဟမ်မြို့ကတစ်ဆင့် စတင်ကူးစက်လာတဲ့ Covid – 19 ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် မြန်မာနိုင်ငံရဲ့ခရီးသွားလုပ်ငန်းကို ၅၀ ရာခိုင်နှုန်းကျော်ထိခိုက်လျှက်ရှိနေတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။
576 total views, 1 views today