ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း
ကော်ဖီသောက်ရင်းနဲ့ လက်ရာမြောက်တဲ့ ပန်းချီကားတွေကို တဝကြီးရှုစားနိုင်မယ့် ကဖီးတစ်ခုကို မကြာသေးခင်က စစ်တွေမြို့မှာ ဖွင့်လှ စ်ခဲ့ပါတယ်။ ရခိုင်ညွန့်ဖူးလို့ အမည်ပေးထားတဲ့ အဆိုပါကဖီးမှာ သဘာဝရှုခင်းနဲ့ ပတ်သက်တဲ့ ပန်းချီကားတွေကအစ ဘာသာရေး၊ ယဉ်ေ ကျးမှုနဲ့ ရခိုင်ပြည်နယ်သာမက မြန်မာတနိုင်ငံလုံးအတိုင်းအတာက နိုင်ငံရေး၊ ငြိမ်းချမ်းရေးစတဲ့ အခင်းအကျင်းတွေနဲ့ သက်ဆိုင်တဲ့ ပန်းချီ ကားတွေအထိ ကားပေါင်းများစွာ ပြသထားတာပါ။
ပန်းချီပြခန်းဖွင့်ဖြစ်တဲ့ ရည်ရွယ်ချက်ကို “ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့မှာ ပန်းချီပြခန်းတစ်ခန်းမှ မရှိသေးဘူး။ ဒါကြောင့် ပန်းချီ အနုပညာအတွက် ချပြမယ့်နေရာမရှိဘူး။ ဒါက ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးအတွက်ဖြစ်စေ၊ စစ်တွေမြို့အတွက်ဖြစ်စေ အနုပညာဂုဏ်သိက္ခာ၊ အမျိုးသားရေးဂုဏ်သိက္ခာ တစ်ရပ်ကို ဖြည့်ဆည်းရာရောက်တယ်။ ဖန်တီးရာရောက်တယ်လို့ ခံယူတဲ့အတွက်နဲ့ ဒီပန်းချီပြပွဲကို Dignity လို့ ကိုယ်က နာမေပေးလိုက်တယ်။”လို့ တည်ထောင်သူက ပြောပြပါတယ်။
တည်ထောင်သူဟာ ရခိုင်နိုင်ငံရေးလောကနဲ့ရော စာပေလောကနဲ့ပါ သိပ်ပြီးစိမ်းကားသူ မဟုတ်လို့ အများက သိကြမှာပါ။ ဦးမောင်မောင် စော (ရခိုင်ညွန်ဖူး)ပဲ ဖြစ်ပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်မှာ စစ်ရေးအခြေအနေတင်းမာနေတာ၊ နောက်ပြီးတော့ စစ်တွေမြို့ဟာ ပန်းချီပြခန်းဖွင့်လှစ်ရင်လည်း အရောင်း ထွက်မယ့်နေရာမဟုတ်တာ စတဲ့စိန်ခေါ်မှုတွေ ရှိနေတဲ့ကြားက အခုလို လုပ်နိုင်ခဲ့လို့ သူ့ကိုသူလည်း ဂုဏ်ယူနေတယ်လို့ ပြောပါတယ်။ ဒီပန်းချီပြခန်းဖွင့်လှစ်နိုင်ခဲ့တာဟာ သူအနှစ်နှစ်အလလမက်လာခဲ့ရတဲ့ အိမ်မက်ကြီးနှစ်ခုထဲက ဒုတိယဦးစားပေးတစ်ခုလည်း ဖြစ်ပါ တယ်။
ရခိုင်ပြည်နယ်အတိုင်းအတာမှာရော၊ မြန်မာနိုင်ငံအတိုင်းအတာမှာပါ တစ်ကိုယ်တော်ပန်းချီပြခန်းတွေ ဖွင့်လှစ်ရောင်းချနေသူ ဦးမောင် မောင်စောနဲ့ ငယ်ဘဝက မောင်မောင်မောင်စောရဲ့ ဘဝကတော့ အင်မတန်မှ ကွာခြားခဲ့ပါတယ်။ ငယ်စဉ်ကတည်းကနေဖခင်ဖြစ်သူဆုံး ပါးသွားခဲ့တာကြောင့် သူ ၆ တန်းနှစ်လောက်ကနေ စတင်ပြီး သူ့ဘဝအတွက် သူကိုယ်တိုင်ရုန်းကန်ခဲ့ရတာပါ။
“၆ တန်း၊ ၇ တန်းနှစ်လောက်ကနေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီးတော့ ကိုယ့်ကျောင်းစရိတ်ကို ရှာဖွေကာ စာသင်လာခဲ့ရတာ လေ။ ၆ တန်း၊ ၇ တန်းနှစ်မှာ ကျောက်တော်မြို့ပေါ် ပတ်ပြီးတော့ သတင်းစာလိုက်ပို့တယ်။ လစာ ၆၀ ရတယ်။ ၈ တန်းနှစ်ရောက်တော့ အစိုးရစစ်မို့လို့ အလုပ်လုပ်လို့ မရတော့ဘူး။ ၈ တန်းပြီးတာနဲ့ ဆိုက္ကားလိုက်နင်းတယ်။ ၈ တန်းမှာလည်း တစ်နှစ်ကျခဲ့တယ်။ နောက်ပြီး ၈ န်း၊ ၉ တန်း၊ ၁၀ တန်းရောက်တဲ့အထိ ဆိုက္ကားနင်းခဲ့ရတယ်။ ၁၀ တန်း ၂ နှစ်ကျ ၃ နှစ်ထဲမှာ အောင်တယ်။”လို့ သူဖြတ်သန်းခဲ့ရတဲ့ ငယ် ဘဝအကြောင်းကို ပြောပြပါတယ်။
ဆယ်တန်းအောင်မှ ဖြစ်မယ်လို့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ကို ချထားသူမို့ ၂ နှစ်ကျခဲ့ပေမယ့်လည်း ဆက်လက်ဖြေဆိုခဲ့တယ်လို့ ဆိုပါတယ်။ ၃ နှစ်မြောက်ဖြေပြီးတဲ့နှစ်မှာတော့ သူနေထိုင်တဲ့ ကျောက်တော်မြို့မှာ ဆိုက္ကားနင်း၊ လောင်ဘော်ရောင်း၊ ပန်းချီဆိုင်းဘိုးရေးစတဲ့လုပ်ငန်း တွေကို ကျဘမ်းဝင်လုပ်ခဲ့ပြီး ရတဲ့ငွေတစ်ဝက်ကို မိသားစုစားစရိတ်အဖြစ်သုံးစွဲကာ ပိုချန်တဲ့ငွေကို စုဆောင်းပြီး ရန်ကုန်မြို့ကို ချီတက် လာခဲ့တယ်လို့ ဆိုပါတယ်။
“ဆယ်တန်းစာမေးပွဲပြီးတာနဲ့ ရန်ကုန်သွားဖို့ ဆုံးဖြတ်ခဲ့တယ်။ အမေမုဆိုးမနဲ့ နှစ်ယောက်တည်းနေတာလေ။ အမေကပြောတယ်။ သား ရန်ကုန်မသွားနဲ့ သားမိနှစ်ယောက် ဆယ်တန်းအောင်ရင် ကျောင်းဆရာဝင်လုပ် ဒီမှာပဲနေကြမယ်။ အမေ ကျနော့်ရည်မှန်းချက်အတွက် ရန်ကုန်ကိုသွားမှဖြစ်မယ်ဆိုပြီး ထွက်လာခဲ့တယ်။”
ရန်ကုန်ကိုရောက်တဲ့နှစ်မှာပဲ ဆယ်တန်းကို အောင်မြင်ခဲ့ပြီး ရန်ကုန်မြို့က အစိုးရ ပန်းချီ၊ ပန်းပုသင်တန်းကျောင်းမှာ ပန်းချီပညာကို လေ့ လာသင်ယူခဲ့တာပါ။ အဲဒီနောက်မှာ ရန်ကုန်တက္ကသိုလ်မှာလည်း ဒဿနိကဗေဒအထူးပြုနဲ့ တက်ရောက်ခဲ့သလို ရှေးဟောင်းသုတေသန ကို ဘွဲ့လွန်ဒီပလိုမာအပြင် MA နဲ့လည်း ကျောင်းပြီးထားသူပါ။
အမေတစ်ခုသားတစ်ခုဘဝကို စွန့်လွှတ်ပြီး ရန်ကုန်ကိုလာရောက်၊ ပညာသင်ချိန်မှာ သူဘယ်လို ရုန်းကန်ဖြတ်သန်းခဲ့ရပါသလဲ။
“ဆိုက္ကားနင်းပြီးတော့ လောင်ဘော်ရောင်းတယ်။ ကျောက်တော်မြို့ပေါ်မှာ ပတ်ပြီးတော့ပေါ့။ ရတဲ့ပိုက်ဆံကို စုထားတယ်။ ပြီးရင် ဆိုင်း ဘိုးရေးလို့၊ ပန်းချီဆွဲလို့ ရတဲ့ပိုက်ဆံတွေကို စုထားတယ်။ အဲဒီထဲက တချို့ကို အိမ်မှာပေးတယ်။ လက်ကျန်ပိုက်ဆံလေးနဲ့ ရန်ကုန်ကို ပန်းချီကျောင်းသွားတက်တာ။ ရန်ကုန်မှာ သူငယ်ချင်းအဖိုး ကိုယ်နဲ့က အမျိုးတော်တယ်။ သူက နေရာထိုင်ခင်းချပေးတယ်။ အကိုကြီး၊ အကိုလတ်အောင်သိန်းထွန်းတို့က ကိုယ့်က ရန်ကုန်မှာ ဗွီဒီယိုခွေဖြန့်တဲ့အလုပ်ကို ပေးတယ်။ လုပ်ရင်းနဲ့ ကျောင်းတက်တာ။”
ဒီလိုအလုပ်လုပ်လို့ ကျောင်းတက်နေရင်း ဒုတိယနှစ်ရောက်ချိန်မှာတော့ သူရဲ့ပန်းချီကားတွေကို တချို့ပြခန်းတွေမှာ ပူးတွဲ ပြသခွင့်ရခဲ့ပြီး နိုင်ငံခြားသားတွေရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရကာ ရောင်းချခွင့်ရရှိခဲ့ပါပြီ။ ဒီလိုနဲ့ ရန်ကုန်က ပညာရေးနယ်ပယ်မှာ နှစ်ပေါင်း ၁၀ ကျော်ကြာ ဖြတ်သန်းခဲ့ပြီးတဲ့နောက် ၂၀၀၃ ခုနှစ်လောက်မှာ သူ့မွေးရပ်ဇာတိ ရခိုင်ပြည်နယ်ကို ပြန်လာခဲ့ပါတယ်။
ရန်ကုန်မှာပဲဆက်နေရင်း နိုင်ငံခြားတက္ကသိုလ်တွေတက်ရောက်ပြီး ပန်းချီနဲ့ ပတ်သတ်လို့ တက္ကသိုလ်ဆရာတစ်ယောက်ဖြစ်ဖို့အထိ ရည် မှန်းခဲ့ပေမယ့် ငွေကြေးအင်အား မပြည့်စုံတာကတစ်ကြောင်း၊ သူ့မွေးရပ်ဇာတိကို ပြန်လည်အကျိုးပြုချင်စိတ်တွေက အားသာနေတာက တစ်ကြောင်းနဲ့ ပြန်လှည့်လာခဲ့တာလို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်ကို ပြန်ရောက်တဲ့အချိန်မှာတော့ သူကိုယ်တိုင်ရေးဆွဲတဲ့ ပန်းချီကားတွေကို တစ်ကိုယ်တော်ပြပွဲလုပ်ကာ ပြသခဲ့ပါတယ်။ တစ်ကိုယ်တော်ပန်းချီပြပွဲကို ၂၀၀၃ ခုနှစ်မှာတစ်ကြိမ်၊ နောက်ပြီး ၂၀၁၃ ၂၀၁၆၊ ၂၀၁၈နဲ့ အခု ၂၀၂၀ မှာစတဲ့ တစ်နှစ်ချင်းစီမှာ တစ်ကြိမ် စီပြုလုပ်ပြသခဲ့ပြီး အခုဆိုရင် ၅ ကြိမ်တိတိရှိခဲ့ပါပြီ။
အဆိုပါပန်းချီပြပွဲတွေထဲက ၂၀၁၃ နဲ့ ၂၀၁၆ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ ပွဲတွေဟာဆိုလို့ရှိရင် ၈ လေးလုံးအရေးတော်ပုံမှာ လှုပ်ရှားခဲ့တဲ့ ရခိုင် အပါအဝင် မြန်မာတစ်နိုင်ငံလုံးက ပုဂ္ဂိုလ်တွေကို ဂုဏ်ပြုတဲ့ပွဲတွေလည်း ဖြစ်ပါတယ်။
“၈ လေးလုံး ၂၅ နှစ်ပြည့်မှာ လုပ်တဲ့ပွဲနဲ့ ၃၀ ပြည့်နှစ်မှာလုပ်တဲ့ ရည်ရွယ်ချက်နဲ့ ပေးချင်တဲ့ Message က မတူဘူး။ ၂၅ နှစ်မှာ လုပ်တာ က ၈၈ ကနေ အသက်၊ သွေး၊ ချွေးပေါင်းများစွာ ပေးဆပ်ပြီးတော့ လုပ်လာကြတဲ့ ဒီမိုကရေစီကရေးတော်ပုံမှာ ကိုယ်ကျိုးစွန့်အနစ်နာခံ ဆောင်ရွက်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေကို ဂုဏ်ပြုချင်တဲ့အနေနဲ့ လုပ်တာ။ နှစ် ၃၀ ပြည့်အထိမ်းအမှတ်ပွဲကျတော့ The Face Makers Of Myanmar သို့မဟုတ် တွန်းတိုက်ခဲ့ကြသူများသို့ တချို့က အရင်က တွန်းတိုက်ခဲ့ကြတယ်။ အခုမတွန်းတိုက်တော့ဘူး။ အရင်က ဒီမိုကရေစီဆိုတဲ့ ရပ်တည်ချက်နဲ့ ခြေလှမ်းကို စခဲ့ကြတယ်။ ဒီမိုကရေစီအရေးတော်ပုံအတွက်၊ ဒီမိုကရေစီရရှိရေးအတွက် ဒီနေ့မှာ ဒီမိုကရေစီရလား။ မရလားမသိဘူး။ သို့သော် သူတို့ခြေလှမ်းတွေဟာ တချို့ကမှားနေကြပြီ။ အဲဒါတွေကို Remind လုပ်ပေးချင်တဲ့အ တွက်နဲ့ လုပ်ခဲ့တာ။”
မကြာသေးခင်က ပြသခဲ့တဲ့ Dignity လို့ ခေါင်းစဉ်တပ်ထားတဲ့ ဂုဏ်သိက္ခာပန်းချီပြပွဲကြီးဟာဆိုရင် သူလုပ်ချင်တဲ့ပြခန်းတစ်ခုကိုလည်း စစ်တွေမြို့မှာ ပထမဆုံးဖွင့်လှစ်နိုင်ခဲ့တာမို့လို့ ပြည်နယ်မြို့တော်ရဲ့ ဂုဏ်သိက္ခာကို ပန်းချီအရာမှာ အဖတ်ဆည်နိုင်ခဲ့တယ်လို့ ယူဆပြီး အဲဒီခေါင်းစဉ်ပေးဖြစ်ခဲ့တာလို့ သူက ပြောပါတယ်။
သူ့ရဲ့အကြီးမားဆုံး၊ အဖြစ်ချင်ဆုံးဆန္ဒတစ်ခုကတော့ ရခိုင်ပြည်နယ်မှာ ပန်းချီ၊ ပန်းပုသင်တန်းကျောင်းတစ်ခုဖွင့်လှစ်နိုင်ဖို့ပါ။ အခုလို ဖွင့် လှစ်နိုင်ဖို့ဆိုတာကလည်း အတိတ်မှာ ခမ်းနားကြီးကျယ်ခဲ့တဲ့ ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးရဲ့ ယဉ်ကျေးမှုအနုပညာကို မျိုးဆက်သစ်လူငယ် တွေက လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ဖို့အတွက် ရည်ရွယ်တာဖြစ်တယ်လို့ တထစ်ချပြောဆိုပါတယ်။
“စည်ပင်ဝန်ကြီး ဦးမင်းအောင်တာဝန်ယူစဉ်က ပြောခဲ့ဖူးတယ်။ ကိုမင်းအောင် ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးဟာ ယဉ်ကျေးမှုအနုပညာမြင့်မား တဲ့ တိုင်းပြည်တစ်ပြည်၊ လူမျိုးတစ်မျိုးဖြစ်တယ်။ အဲဒီလိုလူမျိုးတစ်မျိုးအတွက် ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းကာကွယ်စောင့် ရှောက်ဖော်ထုတ်ဖို့အတွက် မျိုးဆက်သစ်တွေလိုအပ်တယ်။ အဲဒီမျိုးဆက်သစ်တွေကို ပြုစုပျိုးထောင်ပေးဖို့အတွက် ပန်းချီ၊ ပန်းပုကျောင်း တစ်ခုလိုတယ်။ ပန်းချီ၊ ပန်းပုကျောင်းဟာ မြန်မာနိုင်ငံမှာ ရန်ကုန်မှာရှိတယ်။ မန္တလေးမှာရှိတယ်။ အဲဒါလေးတစ်ခုလုပ်ဖို့အတွက် အကိုတို့ အစိုးရအဖွဲ့ကို အကြံပေးချင်တယ်။ သူ့ကိုတစ်ခါပြောဖူးတယ်။ အဖြစ်ချင်ဆုံးဆန္ဒထဲမှာ ရခိုင်ပြည်မှာ ပန်းချီ၊ ပန်းပုကျောင်းတစ်ခုရှိစေချင် တယ်။”လို့ ဆရာဦးမောင်မောင်စောက သူရဲ့အဖြစ်ချင်စေဆုံးဆန္ဒကို ချပြပါတယ်။
လက်ရှိမှာတော့ သူဟာ အကြီးမားဆုံး အိမ်မက်ကို အကောင်ထည်မဖော်နိုင်သေး၊ မလုပ်နိုင်သေးပေမယ့် သူတတ်နိုင်တဲ့ ပန်းချီအရာမှာ စိတ်ဝင်စားကြတဲ့ လူငယ်တွေ၊ ကျောင်းသားတွေအဖို့ ရက်တို၊ ရက်ရှည်ခွဲပြီး သင်တန်းတွေဖွင့်လှစ်သင်ကြားနေပြီဖြစ်ပါတယ်။ နောက်ပြီး အဲဒီကျောင်းဖြစ်လာဖို့အတွက်လည်း တာဝန်ရှိသူတွေနဲ့ ဆွေးနွေးတိုင်ပင်တာ၊ တတ်ကျွမ်းသူတွေနဲ့ ဆွေးနွေးတာစတဲ့ အရာတွေကို လုပ် ဆောင်နေပါပြီ။
ဆရာ ဦးမောင်မောင်စောဟာ အနုပညာကို ပြိုင်ပွဲလို့ သတ်မှတ်ထားသူတွေထဲက တစ်ဦး မဟုတ်ပါဘူး။ ဒါကြောင့်လည်း ပန်းချီပညာနဲ့ ပတ်သတ်လို့ တစ်ခါမှ ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ဖို့ စိတ်ကူးမရှိသလို ဝင်မပြိုင်ဖို့လည်း ခိုင်မာစွာ ဆုံးဖြတ်ထားပါတယ်။ ဒါ့အပြင် သူရေးဆွဲ ထားပြီးပြီဖြစ်တဲ့ ပန်းချီကားတွေထဲမှာလည်း သူအကြိုက်ဆုံး၊ မကြိုက်ဆုံး အဲဒီလို သတ်မှတ်ထားတာလည်း မရှိပြန်ပါဘူး။
“ကိုယ်က ပန်းချီနဲ့ ပတ်သတ်လို့ ပုံစံအမျိုးမျိုးဆွဲဖြစ်တယ်။ Realism လည်းဆွဲတယ်။ Impression လည်းဆွဲတယ်။ Expression လည်း ဆွဲတယ်။ Abstract ဂရပ်မဲ့ပန်းချီလည်းဆွဲဖြစ်တယ်။ အဲဒါကို စိတ္တဇပန်းချီလို့လည်း ပြောကြတယ်ပေါ့လေ။ Impression ဆိုရင် ဒီကား ပေါ့လေ။ Stop The War အဲဒီပန်းချီကားဆိုလို့ရှိရင် မြန်မာနိုင်ငံထဲမှာဖြစ်နေတဲ့ ပြည်တွင်းစစ်ကို ပထမရည်ရွယ်လိုက်တယ်။ သို့သော် အဲဒီပန်းချီကားသည် ရခိုင်ပြည်နယ်ထဲမှာဖြစ်နေတဲ့ စစ်ပွဲတွေ၊ မြန်မာနိုင်ငံထဲမှာဖြစ်နေတဲ့ စစ်ပွဲတွေနဲ့ ကမ္ဘာမှာဖြစ်နေတဲ့ စစ်ပွဲတွေအား လုံးကို ရည်ရွယ်တဲ့ ပန်းချီကားပါ။ အဲဒီပန်းချီကားနာမေ Stop The War။ သေနတ်ပြောင်းဝပေါ်မှာ ငြိမ်းချမ်းရေး ကြိုးဖြူငှက်လေးနားနေ တယ်။ အဲဒီငှက်လေးကသေနတ်ပြောင်းဝပေါ်မှာနားပြီးတော့ Stop The War , Stop The War , Stop The War လို့ ဟစ်ကြွေးနေတာ ပေါ့လေ။”လို့ သူဆွဲထားတဲ့ပန်းချီကားတစ်ချပ်ကို လက်ညိုးထိုးပြီး ရှင်းပြပါတယ်။
သူ ရန်ကုန်ကိုသွားမလို့ ဆုံးဖြတ်တဲ့အချိန်မှာ အမေက မုဆိုးမ၊ အဖေကမရှိ၊ လက်ဆုပ်ကိုင်ပြစရာဘာမှ မရှိခဲ့တဲ့ သူ့အဖို့ ပတ်ဝန်းကျင်က အထင်သေးမှု၊ ဝေဖန်ကဲ့ရဲ့မှုတွေကို အများကြီးကြုံခဲ့ရတယ်လို့ ဖွင့်ဟပါတယ်။ သူသာ အဲဒီလို အထင်သေးဝေဖန်မှုတွေကို ဂရုစိုက်နားဝ င်ခဲ့မယ်ဆိုရင် ရခိုင့်ပန်းချီလောကမှာရော နိုင်ငံအတိုင်းအတာမှာပါ နာမေရနေပြီဖြစ်တဲ့ အခု ဦးမောင်မောင်စော (ရခိုင်ညွန့်ဖူး) ဆိုတာ ဟာလည်း ဖြစ်လာစရာအကြောင်းရှိမှာ မဟုတ်ပါဘူး။
“ပန်းချီဆရာတစ်ယောက်ဖြစ်ဖို့အတွက် အဓိကတော့ ဗီဇကအရေးကြီးတာပေါ့နော်။ ပါလာတဲ့ဗီဇကို ပြုစုပျိုးထောင်ဖို့ နေရာ၊ အခင်းအကျ င်း လိုအပ်တယ်။ ကိုယ့်လိုပန်းချီဝါသနာပါပြီးရင် ပန်းချီကျောင်းမတက်ခဲ့ရတဲ့သူတွေလည်း ပန်းချီဆရာမဖြစ်ခဲ့တဲ့ ပန်းချီဝါသနာရှင်တွေ လည်း အများကြီးရှိမယ်။ ကိုယ်ကတော့ ကလေးဘဝကနေ ထိုးထွင်းကြံဆတတ်တယ်။ စွန့်စားတတ်တဲ့ သဘောရှိတယ်။ ကိုယ့်အမေက ကွမ်းယာဆိုင်ရောင်းနေတာ။ အဖေက ကိုယ်ကလေးဘဝကနေဆုံးသွားပြီ။ အဲဒီအချိန်မှာ ရန်ကုန်မှာ ပန်းချီကျောင်းသွားတက်မယ်ဆိုလို့ လူတွေက ရယ်ကြတာပေါ့။ ကိုယ့်မှာ ဘာမှလက်ဆုပ်လက်ကိုင်မရှိဘဲနဲ့ သွားရဲမဲ့ သတ္တိ၊ စိတ်ကူးတွေလည်း လိုအပ်မှာပေါ့။ ကျောက်တေ ာ်မှာ ပန်းချီကျောင်းမရှိရင် ပန်းချီဆရာမဖြစ်ရတော့ဘူးဆိုတာမျိုးမဖြစ်ရအောင် ရှိတဲ့နေရာမှာ သွားပြီး သင်ယူဖို့အတွက်ကြိုးစားရတယ်။”
ဦးမောင်မောင်စော (ရခိုင်ညွန့်ဖူး) ရယ်လို့ နာမေရလာချိန်မှာလည်း အခုလို ဝေဖန်မှုတွေက ရပ်တန့်မသွားခဲ့ပါဘူး။ အဲဒီဝေဖန်မှုတွေထ က် ပြင်းထန်တဲ့ ရိုက်ခတ်မှုတွေသာ ရှိလာခဲ့တာပါ။ ဒါပေမယ့် ငယ်ငယ်ကတည်းကနေ ထိုးထွင်ကြံဆတတ်တဲ့၊ စွန့်စားတတ်တဲ့ ဗီဇရှိလာ သူပီပီ ဘာကိုမှတွေဝေမနေခဲ့ဘဲ လုပ်စရာရှိတာကိုသာ ဆက်လုပ်ခဲ့ပါတယ်။
ဦးမောင်မောင်စောက “၈ လေးလုံး ၂၅ ပြည့်ပွဲမှာကျတော့ ၈၈ ကနေ ၂၀၁၃ ထိ နိုင်ငံရေးလမ်းကြောင်းထဲမှာ ဒီမိုကရေစီလမ်းကြောင်းထဲ မှာ မတိမ်းမစောင်းပဲနဲ့ မားမားမတ်မတ်ရပ်တည်ခဲ့ကြတဲ့၊ စွန့်လွှတ်အနစ်နာခံပြီး လုပ်လာကြတဲ့ လူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဆွဲတဲ့ပွဲ။ တ စ်ခြားလူတွေမပါဘူး။ ၈၈ မှာပါခဲ့တယ်။ ၂၀၁၃ မှာ လမ်းလွဲနေကြပြီဆိုတဲ့လူတွေ အဲဒီထဲမှာမပါဘူး။ ကြားကာလမှာ နိုင်ငံရေးလောကထဲ ကို ဝင်လာသူတွေလည်း မပါ။”လို့ ဆိုပါတယ်။
ဆက်လက်ပြီးတော့ သူက “နှစ် ၃၀ ပြည့်ပွဲမှာကျတော့ တခြားလူတွေလည်း ပါလာတယ်။ ပြည်ပကိုရောက်သွားသူတချို့လည်းပါတယ်။ ဒီနေ့ထိ နိုင်ငံရေးလောကထဲမှာ မားမားမတ်မတ်လုပ်နေကြသူတွေလည်းပါတယ်။ ၈ လေးလုံးဒီမိုကရေစီအရွေ့အတွက် စွန့်လွှတ်၊ အနစ် နာခံတဲ့ထဲမှာ မပါဘဲနဲ့ State Building ထဲမှာ သူတို့လည်း မပါမဖြစ်ပါဝင်သင့်တယ်ဆိုပြီး ဆွဲခဲ့တဲ့ စစ်သားနှစ်ယောက်ပါတယ်။ ဦးသိန်းစိန်နဲ့ သူရရွှေမန်း။ သူတို့နှစ်ယောက်စလုံးစစ်သား။ ဆိုရင် ဘာကြောင့်နဲ့ သူတို့ပါလဲဆိုတဲ့မေးခွန်းတွေလည်းရှိခဲ့တာပေါ့။ ၂၀၁၀ ရွေးကောက်ပွဲဟာ ဒီမိုကရေစီအရွေ့အတွက် မှတ်တိုင်စိုက်တဲ့ပွဲလေ။ အဲဒီပွဲမှာ သူတို့နှစ်ယောက်ပြောခဲ့တဲ့စကားတွေဟာ ဒီမိုကရေစီ အရွေ့အတွက် ချင်းတုံးခုသလို ခုထားရမယ့်စကားလုံးတွေလေ။ ဦးသိန်းစိန်က နောက်ပြန်မလှည့်ပဲနဲ့ ဒီမိုကရေစီကို ဖြစ်အောင်တည် ဆောက်သွားမယ်။ သူရရွှေမန်းကလည်း ဥပဒေ၏ အထက်မှာ မည်သူမျှမရှိစေရ။ ဒီမိုကရေစီအပြောင်းအလဲအတွက် ဘဝနဲ့ ရင်းပြီးလုပ် သွားမယ်လို့ ပြောတယ်။ ဒီမိုကရေစီဖက်တော်သားတွေကတောင် ဒီစကားလုံးတွေကို မပြောတဲ့အချိန်မှာ သူတို့ကပြောခဲ့တယ်။ ဒီစကားလုံးတွေဟာ သူတို့နောက်ပြန်လှည့်မသွားဖို့အတွက် ကောင်းမွန်တဲ့စကားလုံးတွေဖြစ်တယ်။ အဲဒါတွေကြောင့် အဲဒီနှစ်ယောက်ကို ထည့်ဆွဲခဲ့တာ။” နားလည်မှုလွဲနေကြတဲ့အပေါ် ရှင်းပြပါတယ်။
လက်ရှိ ၅၃ နှစ်အရွယ်ကိုရောက်တဲ့အထိ ပန်းချီကားပေါင်း ၃၀၀ ကျော်လောက်ကို ဖန်တီးထားခဲ့တဲ့ ဆရာ ဦးမောင်မောင်စောက ဘယ် လိုဝေဖန်တိုက်ခိုက်မှုတွေပဲလာလာ သူ့ရဲ့ရည်မှန်းချက်ကို ထိခိုက်ခံမှာ မဟုတ်ဘဲ သူ့ရဲ့ကျန်ရှိနေသေးတဲ့ ဆန္ဒတွေကို ဖြစ်မြောက်အောင် ကြိုးပမ်းရင်း ယုံကြည်ရာအတွက် ဆက်လျှောက်နေဆဲပါ။
704 total views, 2 views today