ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

တစ်စုံတရာပြုပြင်ထိန်းသိမ်းထားခြင်း မရှိဘဲ သဘာဝအတိုင်းလှပနီရေ ကျောက်ဆောင်နန့် ကမ်းခြေတချို့အကြောင်းကို ပြောပြပီးချင် ပါရေ။ ကုလားတန်မြစ်နဲ့ ဘင်္ဂလားပင်လယ်အော်ရို့ ဆုံးဆည်းရာ မြစ်လက်တက်ထဲမှာ ကျွန်းစုတစ်ခုတည်ရှိပါရေ။ ယင်းကျွန်းစုကို မြေငူ ကျွန်းလို့ခေါ်ဆိုပြီးကေ တချို့ကတော့ ဆံတော်ရှင်ကျွန်းလို့ သိကတ်ပါရေ။

ရခိုင်ပြည်နယ်ရဲ့ မြောက်ဖက်အစွန်းဆုံး ပေါက်တောမြို့နယ်က နယ်နိမိတ်ထဲမှာ ပါဝင်ရေ ယင်းကျွန်းစုမှာ ကမ်းရိုးတမ်းဒေသတစ်ခုဖြစ် တေအလျောက် ကမ်းခြေနဲ့ ကျောက်ဆောင်တိပေါများပါရေ။ ယင်းကျွန်း၏အစ သဲခုံရွာကနီ အနောက်ဖက်ကမ်းခြေတလျှောက်က ဝါး လမ်း၊ ဝါးလမ်းကုံး၊ သစ်ပုတ်ချိုင်၊ ကြွီပြင်၊ ဖောင်းခါးနဲ့ သမိုင်းဝင်စေတီတည်ရှိရေ ဆံတော်ရှင်ကျေးရွာတိအထိတောက်လျှောက်ပါ။

အဂုဖော်ပြပီးလားဖို့စော်က သစ်ပုတ်ချိုင်ကျေးရွာနားက ငှက်ခေါင်းတောင်ကမ်းခြေနဲ့ ကြွီပြင်ကျေးရွာမှာရှိတဲ့ ကမ်းခြေရို့ဖြစ်ပါရေ။ ကမ်း ခြေလို့ပြောစွာထက် ကျောက်ဆောင်၊ ကျောက်တန်းတိလို့ပြောကေတောင် ပိုမှန်နိုင်ပါလိမ့်မယ်။ ဇာလို့လဲဆိုကေ ကမ်းခြေသဲသောင်ပြင် တိထက် ကျောက်တန်း၊ ကျောက်ဆောင်တိ ပိုများနီလို့ပါ။

ငှက်ခေါင်းကျောက်ဆောင်ဆိုကေ လက်ရှိမှာ ဟိုးလေးတစ်ကျော်ဖြစ်နီပြီးကေ ရီပမ်းစားနီကေလေ့ ကြွီပြင်ရွာက ကမ်းခြေကိုတော့ခါ လူ အများက မသိကတ်သိမ့်ပါ။ ငှက်ခေါင်းကမ်းခြေရေ လွန်ခရေနှစ်ပေါင်းများစွာကနီ တည်ရှိလာစွာဖြစ်ကေလေ့ ဒေနှစ်အနည်းငယ်အတွင်း မှာရာ သိရှိလားကတ်စွာပါ။

“ရှူခင်းတိကလှရေ။ ငပလီက ရှုူခင်းတိနဲ့တောင်မတူပေါ့။ သဘာဝအတိုင်းလှနီရေဆိုပြီးကေ အင်တာနက်တိ၊ ဖေ့စ်ဘွတ် တိမှာ လိုက်တင်ကတ်တေခါ လူတိက စိတ်ဝင်စားပြီးကေ လာကတ်တေ။ လာကတ်ကေ တစ်ယောက်လာကေ တစ်ခါတင်ရေ။ တင်ရင်း တင်ရင်းနဲ့ စည်ကားလာရေ။ လူထောင်ကျော်တောင်ရောက်တေ။ တနင်္ဂနီ၊ စနီရို ့ဆိုကေ လာကတ်ယာ။ အခုထက်ထိလေ့ လာနီကတ် တုန်း။ တနင်္ဂနီ၊ စနီရို့ဆိုကေ အနည်းဆုံး လူ ၃၀၊ ၄၀ လောက်ရောက်နီတုန်းပါ။ လွန်ခရေ ၁၁ လ၊ ၁၂ လပိုင်း၊ ဆံတော်ရှင်ပွဲမကျခင် ကဆိုကေ ကကောင်းစည်ကားရေ။ သူရို့လေ့ ရှူးခင်းတိသာရေဆိုပြီးကေ လမ်းလုပ်ဖို့တောင် လှူခကတ်သိရေ။”လို့ သစ်ပုတ်ချိုင်ကျေး ရွာလူကြီး ဦးသန်းထွန်းက ပြောပါရေ။

ဒေနရာတိကို လားလည်ဖို့ဆိုကေ ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်တေ စစ်တွေကနီ ဘုတ်စီးရဖို့ ဖြစ်ပါရေ။ ယင်းနရာကို ရောက်အောင်ထိ ဘုတ်တောက်လျှောက်စီးလားနိုင်ရေပိုင် ကျွန်း၏အစသဲခုံရွာအဆီရာ ဘုတ်စီးပနာ ယင်းကနီတစ်ဆင့် သုံးဘီးနဲ့ဖြစ်ဖြစ်၊ ဆိုင်ကယ်နဲ့ ဖြစ် ဖြစ်လားကေလေ့ ရပါရေ။

ကမ်းခြေနှစ်ခုစလုံးမှာတော့ သဘာဝအတိုင်းဖြစ်တည်နီရေ ပင်လယ်ပြာကြီးနန့် ကျောက်ဆောင်တိတောင်မက ယင်းကျောက်ဆောင်နန့် ရီအောက်တိကို မှီခိုပြီးကေနီထိုင်ရေ အမျိုးမျိုးသော ရီအောက်သယံဇာတတိ၊ သန္တာကောင်တိ၊ လှပရေသဲကျောက်စရစ်ချေတိကိုလေ့ မြင်တွိရပါရေ။
ယင်းအပြင် ကျောက်ဆောင်တစ်ခုချင်းစီတိုင်းမှာ ပဇရာဇဝင်လိုလို၊ ဒဏ္ဍာရီလိုလိုအဖြစ်ပျက်တိလေ့ရှိခဖူးရေလို့ ရွာသားတိက ပြောပါရေ။ ငှက်ခေါင်းကျောက်ဆောင်မှာဆိုကေ ကျောက်ဆောင်သုံးခုပြိုင်ပနာ ရှိနီစွာကို တွိရဖို့ဖြစ်ပြီးကေ ပထမကျောက်ဆောင်ထက်မှာဆိုကေအ ထင်းသားပေါ်နီရေ ကျားခရာနဲ့ လူခရာပိုင် မြင်ကွင်းတိကိုလေ့ တွိရဖို့ ဖြစ်ပါရေ။

ဒေကျောက်ဆောင်တိမာရှိရေ ထူးခြားချက်တိအကြောင်းကို သစ်ပုတ်ချိုင်ရွာလူကြီး ဦးသန်းထွန်းက ရှင်းပြပါရေ။

“အကိုရို့ အငယ်ခါက လူကြီးတိပြောခစွာတစ်ခုရှိရေ။ သမိုင်းရာဇဝင်လိုလို သိုက်တူးရေနရာပိုင်မျိုး။ သိုက်မနိုင်ရေခါ ကျား ကထလိုက်တေ။ ကျားခရာတိ၊ လူခရာတိ၊ ကျောက်တောင်ထက်ကိုတက်ပြီးကေ ပြီးရေ အဆင်းအတက်ခရာတိရှိရေ။ နောက်ပြီးကေ ဥ စ္စာတူးရေနရာတစ်ခုရှိရေ။ တွင်းချေခံပြီးသင့်ကေ။ အထက်မာလေ့ ကျောက်စာတိ ရှိရေလို့ ပြောရေ။ ကိုရို့က ဇာဖတ်တတ်ဖို့လဲ။ ယင်း အထက်မာလေ့ သဘာဝသတ္တုတစ်ခုနဲ့ ဖြစ်နီစွာရှိရေ။ ယင်းနေရာမှာ ဒီဇင်ဘာလရို့မာဆိုကေ ရီတိက မခမ်းသိမ့်လေ။ ယင်းရာသီတိမာ ကျကေ ရီစီးဆင်းလာကေ စီးဆင်းလာရေနရာက ဖက်ရွက်တစ်ရွက်ကျလားကေလေ့ ယင်းဖက်ရွက်က နောက်လခွဲ၊ တစ်လကြာစွာနဲ့ ကျောက်ဖြစ်လားရေပေါ့။ သစ်တုံးတိကျလားကေလေ့ ဒေအတိုင်းကျောက်ဖြစ်လားရေ။ ယင်းပိုင်သဘာဝသတ္တုတိလေ့ ရှိရေ။ ငှက်ခေါင်း ကျောက်တောင် အရှိဖက်က အပါးချေယာ။ ဒေအကြောင်းအရာတိကို ကိုယ်တိုင်လေ့ မသိခါ ဖွင့်မပြောဝ့ံ။”

အလယ်ကကျောက်ဆောင်ကို နာမေမှည့်ဗျာလ် ငှက်ခေါင်းကျောက်ဆောင်လို့ ခေါ်စွာဖြစ်ပနာ ယင်းကျောင်းဆောင်ကြားမှာ အရင်က ငှက်တိ အုပ်စုလိုက်ဝိုင်းဖွဲ့နီခကတ်လို့ ထင်ပါရေ။ လက်ရှိကျဉ်းမြောင်းလားဗျာလ်ဖြစ်တေ ကျောက်ဆောင်နှစ်ခုကြားက အပေါက်က အ ရင်က နွားကျောင်းသားတိ လွတ်လွတ်လပ်လပ်ဝင်ထွက်လားလာလို့ရအောင်ထိ ကျယ်နီခရေလို့ ဆိုပါရေ။

“အလယ်ကကျောက်ကိုကျကေ ငှက်ခေါင်းကျောက်လို့ ခေါ်ရေ။ ယင်းကျောက်မာနီပြီးငေ လင်လှုပ်တိနီကတ်တေ။ အရင်က လူကြီးတိ၊ နွားကျောင်းသားတိ ယင်းကျောက်ခေါင်းထဲက ဟိုဖက်အေဖက်ဝင်လို့ရရေလတ်။ ပေ ၁၅၀ ပတ်ဝန်းကျင်လောက်တောင်ရှိဖို့ လားမပြော တတ်။ အရင်က အကျယ်လတ်။ အကိုရို့ အငယ်ကတောင် လင်လှုပ်တိကို ကောက်ရိုးနဲ့ မီးတိုက်ပြီးကေ ချက်စားဖို့ လုပ်ခဖူးရေ။ ယင်းခါကလေ့ ဝင်လို့ရသိရေ။ အခုက ကျောက်တိ ကြီးလာရေ။ အခုတော့ဝင်ပေါက်က ကျဉ်းလားယာ။”

မြောက်ဖက်က ကျောက်ဆောင်ထက်မှာတော့ကေ ဇော်ဂျီဆီးဖော်ခရေနရာရှိရေလို့ ရွာသားတိပြောရေ ကျောက်ဆုံပိုင်နရာလေ့ တွေ့ရပါ ရေ။

“ငှက်ခေါင်းကျောက်တောင်သုံးတောင်မာ မြောက်ဖက်က ကျောက်တောင်မာတော့ ဇော်ဂျီဆီးထုရေနရာတွင်းတိလေ့ရှိရေ။ ရှိဟောင်းက ပပဝတီနီခရေလို့ ပြောရေ။ လူကြီးတိပြောပြစွာ။ ယင်းချင့်တိမှာ တန်ဆောင်မုန်းလပြည့်နိကျကေ အစ်ကိုရို့ရွာ တစ်ကျွန်းကလာကတ် တေ။ ယင်းရီကိုခပ်တေ။ ခပ်ပြီးကေ ယင်းရီတိကို နီမကောင်းဖြစ်တေ။ ဝမ်းရောဂါတစ်ခုခုဖြစ်တေဆိုကေ သောက်လိုက်ကေကောင်းလား ရေ လူတိရှိရေ။ အစ်ကိုရို့ရွာကလေ့ တစ်ယောက်ရှိရေ။ ယင်းကောင်မချေမာလေ့ မျက်စိနီမကောင်းလို့ မျက်နှာသစ်လိုက်စွာနဲ့ ကောင်းလားရေလတ်။ ဆီးတွင်းလို့ ပြောကတ်တေ။”

ငှက်ခေါင်းကျောက်ဆောင်တည်ရှိရေ သစ်ပုတ်ချိုင်ကျေးရွာကနီ နည်းနည်းဆက်လားကေ ကြွီပြင်ဆိုရေ ကျေးရွာကိုရောက်ပါဖို့။ ယင်းရွာ မာဆိုကေလေ့ ငှက်ခေါင်းကျောက်တောင်ရို့ပိုင် ကျောက်ဆောင်အကြီးသံတိ မရှိကေလေ့ ရှည်လျားရေကျောက်တန်းတိ၊ ချိုင့်ခွက်တိနဲ့ သဘာဝအတိုင်းလှနီစွာပါ။ ယင်းရွာကျောက်တန်းရေ သင်္ဘောတစ်စင်းကို ကျောက်ချထားရေပိုင် တည်ရှိနေစွာလို့ ဆိုကတ်ပြန်ပါရေ။

“ဝါးလမ်းရွာနားက နတ်စာရင်းလေ့ ရှူးခင်းသာတစ်ခုအနီနဲ့ လှရေ။ ယင်းဖက်ကလာကေ ကျနော်ရို့ သစ်ပုတ်ချိုင်အဝန်းငှက်ခေါင်း ကျောက်ဆောင် အခုဆိုရင် နှာမေတွင်နီယာ။ နှစ်တိုင်းလာကတ်လိမ့်မယ်လို့လေ့ ကျနော်က ယုံကြည်ရေ။ ကြွီပြင်ရို ့မှာကျကေလေ့ ကျောက်တောင်ရေ နေဗီကို ကျောက်ချထားရေ ပုံစံ နွယ်ပင်က ကျောက်ကြိုးပိုင်ဖြစ်ပြီးကေလေ့ ရှိရေလို့ ပြောရေ။”
ကြွီပြင်ကမ်းခြေကျောက်တန်း၏ ထူးခြားချက်ကတော့ကေ ငှက်ခေါင်းပိုင် မြင့်မားရေ ကျောက်ဆောင်ပိုင်မျိုး မဟုတ်ပဲ ကျောက်တန်းပုံစံ ဖြစ်နီလို ့ ကျောက်တန်းထက်မှာ တောက်လျှောက် လမ်းလျှောက်လားလာနိုင်ရေပိုင် ကျောက်တန်း၏ အောက်က ချိုင့်ခွက်တိ၊ လှိုင်းလုံး တိကို အလွယ်တကူထိတွိ၊ မြင်တွိနိုင်ပနာ သဘာဝသန္တာကောင်တိကိုလေ့ အနီးကပ် မြင်တွိရစွာပါ။

အဆိုပါကျောက်ဆောင်ကျောက်တန်းတိရေ ပင်လယ်ဘေးနားမှာ တည်ရှိနီရေအတွက်နဲ့လေ့ ကျေးရွာချေတိအတွင်းက သဘာဝအတိုင်း ငါးဖမ်းရေ လုပ်ငန်းချေတိ၊ ခရုကောက်စွာတိ၊ နောက်ပြီးကေ ဘုတ်တိနဲ့ ပင်လယ်ကူးသင်္ဘောကြီးတိ လှုပ်ရှားနီရေမြင်ကွင်းတိကိုလေ့ မြင် တွိနိုင်ပါသိမ့်ရေ။

“အကိုရို့ ဒေသမှာက စားဖွယ်၊ သောက်ဖွယ်လေ့ဖြစ်တေ။ ရီကရရေအစားအစာတိဖြစ်တေ ဂြစ်ချေအဟာရလေ့ဖြစ်တေ။ နောက်ပြီးကေ ကျောက်ငါးယက်ရို့ကျကေလေ့ မိုးတွင်းရာသီမှာဆိုကေ ဇာဟတ်တိနဲ့ လိုက်စားကတ်တေ။ အစားအစာတစ်ခုပေါ့။ ဒေပိုင်ပုံစံချေတိရှိရေ။ နောက်ပြီးကေ ကျောက်မျှို့၊ ကျောက်ထုံးဗူး။ လွန်ခရေ ၉နှစ်လောက်ကဆိုကေ ကျောက်ထုံးဗူးတိတောင် ဝယ်ခကတ်တေ။ ကောင်းကြာ အောင်တော့ မဝယ်ခကတ်။ လမ်းပမ်းဆက်သွယ်ရေး မကောင်းလို့လားမသိ။ လခွဲ၊ တစ်လလောက်ဆိုကေ ပျောက်လားရေ။”လို့ သူက ဆိုပါရေ။

ယင်းအပြင် ဘေးနားမှာလေ့ တောတောင်ကြီးတိတည်ရှိနီလို့ တောင်ယာမှာလုပ်ကိုင်စားသောက်သူရို့၏ မိရိုးဖရာလုပ်ကိုင်ပုံနဲ့ ကျေးငှက် တိကိုလေ့ တွိရပါသိမ့်ရေ။ မြို့ထက်မာပိုင် မဟုတ်လို့ ဆိုင်တိမရှိကေလေ့ သူရို့ပါးကို လာလည်သူတိကို သူရို့ဒေသကရရေ အစားအစာ တိကို ကျွေးမွေးချင်ရေလို့ ဆိုပါရေ။

“ကျောက်မရွတ်လို့လေ့ခေါ်ရေ။ တချို့တလေကတော့ခါ ကျောက်ခုတ်လို့ခေါ်ရေ။ အကိုရို့က စားရေလတ်။ ယင်းချင့်တိကို ကင်းစွန်းပိုင် သုတ်စားကေ ခန္ဓာကိုယ်က ကျောက်ကပ်အတွက်လေ့ကောင်းရေလတ်။ ယင်းချင့်တိကိုလေ့ အလည်လာသူတိကို စားစီချင်ရေ။ ဂြစ်ချေ၊ နောက်ပြီးကေ ခရုခွံတိကိုလေ့ နဂွေချေတိပိုင်၊ ဂုံးခွံချေတိကို အလှအတွက်ကောက်ယူလားလို့ရရေ။”
ခရီးသည်တိအနီနဲ့ လာလည်ဖို့ အခက်အခဲတစ်စုံတစ်ရာရှိကေလေ့ လိုအပ်စွာတိကို ကူညီပီးဖို့ အသင့်ဖြစ်နီပိုင် ညအိပ်နီ ချင်ရေဆိုကေ လေ့ တည်းခိုခန်းတိ၊ ခမ်းနားရေ အဆောက်အဦးတိ မရှိကေလေ့ ကျေးရွာထဲက လူနီအိမ်တိ၊ စာသင်ကျောင်းတနန့် ဘုန်းကြီးကျောင်းတိ မာလေ့ ယာယီတည်းခိုဖို့ စီစဉ်ပီးဖို့ အသင့်ဖြစ်နီရေလို့ ဦးသိန်းထွန်းက ပြောပါရေ။

“လူဦးရေအများဆိုကေတော့ ကိုယ့်ရွာမှာက အိမ်ချေတိငယ်ခါ ကောင်းမဆန့်။ အတတ်နိုင်ဆုံး အိပ်ကေမှ ရဖို့ဆိုကေတော့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတိမှာ ခေတ္တယာယီ၊ လူအများ ၃၀၊ ၄၀ လောက်ဆိုကေ တည်းခွင့်ပီးရေ။ တစ်ခြားအဆောက်အဦးတိ က မဟိမ့်လေ။ ရွာမှာက။ အိမ်တိမာဆိုလေ့ ၄၊ ၅၊ ၁၀၊ ၉ ယောက်တည်းကတ်တေ။ အန္တရာယ်တော့ခါကင်းရေ။ လူဆိုးလူမိုက်ဆိုစွာက အစ်ကိုရို့ဖက်မှာမရှိ။ လူတစ်ယောက်လာကေလေ့ ချချစ်ခခင်နီကတ်တေ။ စားလိုက်၊ သောက်လိုက်၊ ရယ်လိုက်၊ မောလိုက်ပေါ့။ မြင်ကေ ခင်ရေ။ တစ်ခုခုစားချင်ရေဆိုကေ ရအောင်ရှာပီးလုပ်ပီးကတ်တေ။”

တနားတဖြုတ်အနားလာယူကတ်သူတိအနီနဲ့ စားသောက်ခကတ်တေ အမှိုက်သရိုက်တိကို စနစ်တကျစွန့်ပစ်ကတ်ဖို့တော့ ဦးသိန်းထွန်း က မိတ္တာရပ်ခံပါရေ။

“ပထမတော့ လူတိက အများရောက်ကတ်ခါ ကျနော်ရို့က ဝမ်းသာပီတိဖြစ်မိရေ။ နောက်တစ်ပတ်ရောက်လာကတ်တေခါ စားသောက်ခကတ်တေ အစားအစားတိကို တစ်နေရာတည်းမှာ စွန့်ပစ်လို့မထားခကတ်။ အားလုံးကိုပစ်ထားခကတ်တေ။ ကျနော်ရို့က စဉ်းစားကြည့်ရေပေါ့။ နောက်ဆိုကေ စုပ်ပဲ့လာဖို့။ လူတိလေ့ လာကတ်ဖို့ မဟုတ်ယာ။ ဆိုခါ ကျောက်တောင်အဝမှာစာကပ်လိုက်တေ။ သန့်ရှင်းရေးကို ကူညီပေးကတ်ပါလို့။ နောက်ပိုင်းကျခါ အမှိုင်တောင်းတိနဲ့ လာပနာ တောင်းတိကိုဖြန့်လို့ နရာချပီးထားလို့ စနစ်တကျ စွန့်ပစ်ကတ်တေ။”

ယင်းဒေသတိကို လားလာကတ်ဖို့ဆိုကေတော့ခါ ပင်လယ်ကိုဖြတ်ကျော်လားရစွာဖြစ်လို့ ပွင့်လင်းရာသီမာရာ လားလာနိုင်ဖို့ဖြစ်ပါရေ။ အ ခုပိုင် ကမ်းခြေတိ စည်ကားသိုက်မြိုက်လာကေ ဒေသခံတိအတွက်လေ့ စီးပွားရေးအဆင်ပြေလာဖို့ ဖြစ်ပါရေ။ ယင်းကြောင့် လည် ပတ်သူ တိအနီနဲ့ ကုန်းလမ်းကလားလာနိုင်အောင် လမ်းပမ်းဆက်သွယ်ရေးကို ကောင်းမွန်အောင်လုပ်ပီးဖို့ ဒေသခံတိက တောင်းဆိုကတ်ပါရေ။

“အခုပိုင် နာမည်ကျော်လားခါ မရှိဆင်းရဲသားတိအတွက်လေ့ စားကုန်သောက်ကုန်ချေတိရောင်းချလို့ စီးပွားရေးလမ်းတိအ ဆင်ပြေဖို့လို့ မြင်ရေ။ ယကေလေ့ အမြဲထာဝရအတွက်ဆိုကေတော့ လမ်းပမ်းဆက်သွယ်ရေးကအရေးကြီးရေ။ လမ်းပမ်းဆက်သွယ်ရေးမကောင်းကေ အလာအလားနည်းပါးရေ။ ရီကြောင်းခရီးလာလို့က ကောင်းအဆင်မပြေ။ လမ်းပမ်းဆက်သွယ်ရေးကောင်းစွာနဲ့ ဒေနေရာတိကလေ့ ကောင်းလာဖို့လို့ထင်မိရေ။ တကယ့်ကိုလေ့ လှစွာကို။”

 927 total views,  1 views today