ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း
တစ်စုံတရာပြုပြင်ထိန်းသိမ်းထားခြင်း မရှိဘဲ သဘာဝအတိုင်းလှပနေတဲ့ ကျောက်ဆောင်နဲ့ ကမ်းခြေတချို့အကြောင်းကို ပြောပြပေးချင် ပါတယ်။ ကုလားတန်မြစ်နဲ့ ဘင်္ဂလားပင်လယ်အော်တို့ ဆုံဆည်းရာ မြစ်လက်တက်ထဲမှာ ကျွန်းစုတစ်ခု တည်ရှိပါတယ်။ အဲဒီကျွန်းစုကို မြေငူကျွန်းလို့ခေါ်ဆိုပြီး တချို့ကတော့ ဆံတော်ရှင်ကျွန်းလို့ သိကြပါတယ်။
ရခိုင်ပြည်နယ်ရဲ့ မြောက်ဖက်အစွန်းဆုံး ပေါက်တောမြို့နယ်မှာ နယ်နိမိတ်ထဲမှာ ပါဝင်တဲ့ အဆိုပါကျွန်းစုမှာ ကမ်းရိုးတမ်းဒေသတစ်ခုဖြစ် တဲ့အလျောက် ကမ်းခြေတွေနဲ့ ကျောက်ဆောင်တွေ ပေါများစွာ တည်ရှိပါတယ်။ အဲဒီကျွန်းရဲ့အစ သဲခုံရွာကနေ အနောက်ဖက်ကမ်းခြေ တလျှောက်က ဝါးလမ်း၊ ဝါးလမ်းကုံး၊ သစ်ပုတ်ချိုင်၊ ကြွီပြင်၊ ဖောင်းခါးနဲ့ သမိုင်းဝင်စေတီတည်ရှိတဲ့ ဆံတော်ရှင်ကျေးရွာတွေအထိ တောက်လျှောက်ပါပဲ။
အခုဖော်ပြပေးသွားမှာက သစ်ပုတ်ချိုင်ကျေးရွာအနီးမှာတည်ရှိတဲ့ ငှက်ခေါင်းတောင်ကမ်းခြေနဲ့ ကြွီပြင်ကျေးရွာမှာရှိတဲ့ ကမ်းခြေတို့ဖြစ်ပါ တယ်။ ကမ်းခြေလို့ပြောတာထက် ကျောက်ဆောင်တွေ၊ ကျောက်တန်းတွေလို့ပြောရင် ပိုမှန်နိုင်ပါလိမ့်မယ်။ ဘာလို့လဲဆိုရင်တော့ ကမ်း ခြေသဲသောင်ပြင်တွေထက် ကျောက်တန်း၊ ကျောက်ဆောင်တွေ ပိုများနေလို့ပါ။
ငှက်ခေါင်းကျောက်ဆောင်ဟာဆိုရင် လက်ရှိမှာ ဟိုးလေးတစ်ကျော်ဖြစ်နေပြီး အတော်လေးကို ရေပမ်းစားနေပေမယ့် ကြွီပြင်ရွာက ကမ်း ခြေကိုတော့ လူအများက မသိကြသေးပါဘူး။ ငှက်ခေါင်းကမ်းခြေဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကနေ တည်ရှိခဲ့လာတာဖြစ်ပေမယ့် ဒီနှစ် အနည်းငယ်အတွင်းမှာ သိရှိသွားကြတာ ဖြစ်ပါတယ်။
“ရှူခင်းတွေကလှတယ်။ ငပလီက ရှုူခင်းတွေနဲ့တောင်မတူဘူးပေါ့။ သဘာဝအတိုင်းလှနေတယ်ဆိုပြီးတော့ အင်တာနက်တွေ၊ ဖေ့စ်ဘွ တ်တွေမှာ လိုက်တင်ကြတော့ လူတွေက စိတ်ဝင်စားပြီးတော့လာကြတယ်။ လာကြရင်း တစ်ယောက်လာရင် တစ်ခါတင်တယ်။ တင်ရင်း တင်ရင်းနဲ့ စည်ကားလာတယ်။ လူထောင်ကျော်တောင်ရောက်တယ်။ တနင်္ဂနွေ၊ စနေတို့ဆိုရင် လာကြပြီ။ အခုထက်ထိလည်း လာနေကြ တုန်း။ တနင်္ဂနွေ၊ စနေတို့ဆိုရင် အနည်းဆုံး လူ ၃၀၊ ၄၀ လောက်ရောက်နေတုန်းပဲ။ ကျန်ခဲ့တဲ့ ၁၁ လ၊ ၁၂ လပိုင်း၊ ဆံတော်ရှင်ပွဲမကျခင် တုန်းကဆိုရင် တအားစည်ကားခဲ့တယ်။ သူတို့လည်း ရှူးခင်းတွေသာတယ်ဆိုပြီးတော့ လမ်းလုပ်ဖို့တောင် လှူခဲ့ကြသေးတယ်။”လို့ သစ် ပုတ်ချိုင်ကျေးရွာလူကြီး ဦးသန်းထွန်းက ပြောပါတယ်။
ဒီနေရာတွေကို သွားလည်မယ်ဆိုရင်တော့ ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေကနေ စက်လှေစီးရမှာဖြစ်ပါတယ်။ အဲဒီနေရာကို ေ ရာက်အောင်ထိ စက်လှေတောက်လျှောက်စီးသွားနိုင်သလို ကျွန်းရဲ့အစသဲခုံရွာကိုသာ စက်လှေစီးပြီး အဲဒီကတစ်ဆင့် သုံးဘီးနဲ့ဖြစ်ဖြစ်၊ ဆိုင်ကယ်နဲ့ ဖြစ်ဖြစ်သွားရင်လည်း ရပါတယ်။
အဆိုပါကမ်းခြေနှစ်ခုစလုံးမှာတော့ သဘာဝအတိုင်းဖြစ်တည်နေတဲ့ ပင်လယ်ပြာကြီးတွေ၊ ကျောက်ဆောင်တွေသာမက အဲဒီအထဲကျော က်ဆောင်တွေ၊ ရေအောက်တွေကို မှီခိုပြီးနေထိုင်တဲ့ အမျိုးမျိုးသော ရေအောင်သယံဇာတတွေ၊ သန္တာကောင်တွေ၊ လှပတဲ့သဲကျောက်စ ရစ်လေးတွေကိုလည်း မြင့်တွေ့ရမှာဖြစ်ပါတယ်။
ဒါ့အပြင် ကျောက်ဆောင်တစ်ခုချင်းစီတိုင်းမှာ ပါးစပ်ဇဝင်လိုလို၊ ဒဏ္ဍာရီတွေလိုလိုအဖြစ်ပျက်တွေလည်းရှိခဲ့တယ်လို့ ရွာသားတွေကပြော ပါတယ်။ ငှက်ခေါင်းကျောက်ဆောင်မှာဆိုရင် ကျောက်ဆောင်သုံးခုပြိုင်ပြီး ရှိနေတာကိုတွေ့ရမှာဖြစ်ပြီး ပထမကျောက်ဆောင်မှာဆိုရင် ကျောက်တွေပေါ်မှာ အထင်းသားပေါ်နေတဲ့ ကျားခြေရာနဲ့ လူခြေရာလိုလိုမြင်ကွင်းတွေကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ဒီကျောက် ဆောင်တွေမှာရှိတဲ့ ထူးခြားချက်တွေအကြောင်းကို သစ်ပုတ်ချိုင်ရွာလူကြီး ဦးသန်းထွန်းက ရှင်းပြပါတယ်။
“အကိုတို့ ငယ်ငယ်က လူကြီးတွေပြောခဲ့တာတစ်ခုရှိတယ်။ သမိုင်းရာဇလိုလိုသိုက်တူးတဲ့နေရာလိုမျိုးပေါ့။ သိုက်မနိုင်တဲ့အခါ ကျားက လာပြီးတော့ ထလိုက်တယ်။ ကျားခရာတွေ၊ လူခရာတွေ၊ ကျောက်တောင်ပေါ်ကိုတက်ပြီး ပြေးတဲ့ အဆင်းအတက်ခြေရာတွေရှိတယ်။ နောက်ပြီးတော့ ဥစ္စာတူးတဲ့နေရာတစ်ခုရှိတယ်။ တွင်းကလေးခံပြီးတော့။ အပေါ်မှာလည်း ကျောက်စာတွေရှိတယ်လို့ပြောတယ်။ ကိုတို့ က ဘယ်ဖတ်တတ်မှာလဲ။ အဲဒီအပေါ်ထက်မှာလည်း သဘာဝသတ္တုတစ်ခုနဲ့ ဖြစ်နေတဲ့ဟာရှိတယ်။ အဲဒီနေရာမှာ ဒီဇင်ဘာလတို့မှာဆို ရင် ရေတွေက မခမ်းသေးဘူးလေ။ အဲဒီရာသီတွေမှာကျတော့ ရေစီးဆင်းလာရင် စီးဆင်းလာတဲ့နေရာက ဖက်ရွက်တစ်ရွက်ကျသွားရင် လည်း အဲဒီဖက်ရွက်ဟာ နောက်လခွဲ၊ တစ်လကြာတာနဲ့ ကျောက်ဖြစ်သွားတယ်ပေါ့။ သစ်တုံးတွေကျသွားရင်လည်း ဒီအတိုင်းကျောက်ဖြ စ်သွားတယ်။ အဲဒီလို သဘာဝသတ္တုတွေလည်းရှိတယ်။ ငှက်ခေါင်းကျောက်တောင် အရှေ့ဖက်က နီးနီးလေးပဲ။ အဲဒီအကြောင်းအရာတွေ ကို ကိုယ်တိုင်လည်း မသိတော့ ဖွင့်မပြောရဲဘူး။”
အလယ်ကကျောက်ဆောင်ကို အမည်မှဲ့ပြီး ငှက်ခေါင်းကျောက်ဆောင်လို့ ခေါ်တာဖြစ်ပြီး အဲဒီကျောင်းဆောင်ကြားမှာ အရင်က ငှက်တွေ က အုပ်စုလိုက်ဝိုင်းဖွဲ့ နေခဲ့ကြလို့ ထင်ပါတယ်။ အဲဒီကျောက်ဆောင်ကြားမှာ လက်ရှိကျဉ်းမြောင်းသွားပြီဖြစ်တဲ့ ကျောက်ဆောင်နှစ်ခုကြား က အပေါက်ဟာ အရင်က နွားကျောင်းသားတွေ လွတ်လွတ်လပ်လပ်ဝင်ထွက်သွားလာလို့ရအောင် ကျယ်နေခဲ့တယ်လို့ ဆိုပါတယ်။
“အလယ်ကကျောက်ကိုကျတော့ ငှက်ခေါင်းကျောက်လို့ ခေါ်တယ်။ အဲဒီကျောက်မှာနေပြီးတော့ လင်းဆွဲတွေနေကြတယ်။ အရင်က လူ ကြီးတွေ၊ နွားကျောင်းသားတွေ အဲဒီကျောက်ခေါင်းထဲက ဟိုဖက်သည်ဖက်ဝင်လို့ရတယ်တဲ့။ ပေ ၁၅၀ ပတ်ဝန်းကျင်လောက်တောင် ရှိမ လားမပြောတတ်ဘူး။ အရင်က အကျယ်ကြီးတဲ့။ အကိုတို့ အငယ်ကတောင် လင်းဆွဲတွေကို ကောက်ရိုးတွေနဲ့ မီးတိုက်ပြီးတော့ချက်စားဖို့ လုပ်ခဲ့ဖူးတာတွေရှိတယ်။ အဲဒီတုန်းကလည်း ဝင်လို့ရသေးတယ်။ အခုက ကျောက်တွေတဖြည်းဖြည်းနဲ့ ကြီးထွားလာတယ်။ အခုတော့ဝင် ပေါက်ကကျဉ်းသွားပြီ။”
မြောက်ဖက်က ကျောက်ဆောင်ပေါ်မှာတော့ ဇော်ဂျီဆေးဖော်ခဲ့တဲ့နေရာလို့ ရွာသွားတွေပြောတဲ့ ကျောက်ဆုံလိုလိုနေရာလည်း တွေ့ရပါ တယ်။
“ငှက်ခေါင်းကျောက်တောင်သုံးတောင်မှာ မြောက်ဖက်က ကျောင်တောင်မှာတော့ ဇော်ဂျီဆေးထုတဲ့နေရာ တွင်းတွေလည်းရှိတယ်။ ရှေး ဟောင်းက ပပဝတီနေခဲ့တယ်လို့ ပြောတယ်။ လူကြီးတွေပြောပြတာ။ အဲဒါတွေမှာ တန်ဆောင်မုန်းလပြည့်နေ့ကျရင် အစ်ကိုတို့ရွာတစ် ကျွန်းက လာကြတယ်။ အဲဒီရေကိုခပ်တယ်။ ခပ်ပြီးရင် အဲဒီရေတွေကို နေမကောင်းဖြစ်တယ်။ ဝမ်းရောဂါတစ်ခုခုဖြစ်တယ်ဆိုရင် သောက် လိုက်ရင် ကောင်းသွားတဲ့လူတွေရှိတယ်။ အစ်ကိုတို့ရွာကလည်း တစ်ယောက်ရှိတယ်။ အဲဒီကောင်မလေးမှာလည်း မျက်စိနေမကောင်း လို့ မျက်နှာသစ်လိုက်တာနဲ့ ကောင်းသွားတယ်တဲ့။ ဆေးတွင်းလို့ ပြောကြတယ်။”
ငှက်ခေါင်းကျောက်ဆောင်တည်ရှိတဲ့ သစ်ပုတ်ချိုင်ကျေးရွာကနေ နည်းနည်းဆက်သွားရင် ကြွီပြင်ဆိုတဲ့ ကျေးရွာကိုရောက်မှာဖြစ်ပြီး အဲဒီ ရွာမှာဆိုရင်လည်း ငှက်ခေါင်းကျောက်တောင်တို့လို ကျောက်ဆောင်အကြီးကြီးတွေ မရှိပေမယ့် ရှည်လျားတဲ့ကျောက်တန်းတွေ၊ ချိုင့်ခွက် တွေနဲ့ သဘာဝအတိုင်းလှနေတာပါ။ ဒီအရွာရဲ့ကျောက်တန်းဟာ သင်္ဘောတစ်စင်းကို ကျောက်ဆူးချထားသဖွယ်တည်ရှိနေတာလို့ ဆို ကြပြန်ပါတယ်။
“ဝါးလမ်းရွာနားကနတ်စာရင်းလည်း ရှူးခင်းသာတစ်ခုအနေနဲ့လှတယ်။ အဲဒီဖက်ကလာရင် ကျနော်တို့ သစ်ပတ်ချိုင်အဝန်း ငှက်ခေါင်း ကျောက်ဆောင် အခုဆိုရင် နာမည်တွင်နေပြီ။ နှစ်တိုင်လာကြလိမ့်မယ်လို့လည်း ကျနော်က ယုံကြည်တယ်။ ကြွီပြင်တို့မှာကျတော့လည်း ကျောက်တောင်ဟာ နေဗီပုံစံကျဆောက်ပြီးတော့ နေခဲ့သလိုမျိုး နွယ်ကျောက်ကြိုးသဏ္ဍန်ဖြစ်ပြီးတော့လည်း ရှိတယ်လို့ ပြောတယ်။”
ကြွီပြင်ကမ်းခြေကျောက်တန်းရဲ့ထူးခြားချက်ကတော့ ငှက်ခေါင်လို မြင့်မားတဲ့ ကျောက်ဆောင်လိုမျိုး မဟုတ်ပဲ ကျောက်တန်းသဖွယ်ဖြစ် နေတာကြောင့် ကျောက်တန်းပေါ်မှာ တောက်လျှောက်လမ်းလျှောက်သွားလာနိုင်သလို ကျောက်တန်းရဲ့အောက်က ချိုင့်ခွက်တွေ၊ လှိုင်း လုံးတွေကို အလွယ်တကူထိတွေ့မြင်တွေ့ရပြီး သဘာဝသန္တာကောင်တွေလည်း မြင့်တွေ့ရတာပါပဲ။
အဆိုပါကျောက်ဆောင်ကျောက်တန်းတွေဟာ ပင်လယ်ရဲ့ဘေးနားမှာ တည်ရှိတာကြောင့်လည်း ကျေးရွာလေးတွေအတွင်းက သဘာဝ အတိုင်းငါးဖမ်းတဲ့လုပ်ငန်းလေးတွေ၊ ခရုကောက်တာတွေ၊ နောက်ပြီးတော့ စက်လှေတွေနဲ့ ပင်လယ်ကူးသင်္ဘောကြီးတွေရဲ့ မြင်ကွင်းတွေ ကိုလည်း မြင်တွေ့နိုင်ပါတယ်။
“အကိုတို့ဒေသမှာက စားဖွယ်၊ သောက်ဖွယ်လည်းဖြစ်တယ်။ ရေကရတဲ့အစားအစာတွေဖြစ်တဲ့ ဂြစ်ချေအဟာရလည်းဖြစ်တယ်။ နောက် ပြီးတော့ ကျောက်ငါးယက်တို့ကျတော့လည်း မိုးတွင်းရာသီမှာဆိုရင် ဇာဟတ်တွေနဲ့ လိုက်စားကြတယ်။ အစားအစာတစ်ခုပဲပေါ့။ ဒီလိုပံစံ လေးတွေရှိတယ်။ နောက်ပြီးတော့ ကျောက်မျော့၊ ကျောက်ထုံးဗူး။ လွန်ခဲ့တဲ့ ၉နှစ်လောက်ကဆိုရင် ကျောက်ထုံးဗူးတွေတောင်ဝယ်ခဲ့ကြ တယ်။ သိပ်ကြာကြာတော့ မဝယ်ခဲ့ကြဘူး။ လမ်းပမ်းဆက်သွယ်ရေး မကောင်းလို့လားမသိဘူး။ လခွဲ၊ တစ်လလောက်ဆိုရင်ပျောက်သွား တယ်။”လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ဘေးနားမှာလည်း တောတောင်ကြီးတွေတည်ရှိနေလို့ တောင်ယာမှာလုပ်ကိုင်စားသောက်သူတွေရဲ့ မိရိုးဖရာလုပ်ကိုင်ပုံတွေ၊ ကျေးငှက်တွေကိုလည်း တွေ့ရပါသေးတယ်။ မြို့ပေါ်တွေမှာလို မဟုတ်လို့ ဆိုင်တွေ မရှိပေမယ့် သူတို့ဆီကို လာလည်သူတွေကို သူတို့ ဒေသကရတဲ့ အစားအစာတွေကို ကျွေးမွေးချင်တယ်လို့ ဆိုပါတယ်။
“ကျောက်မရွတ်လို့လည်းခေါ်တယ်။ တချို့တလေကတော့ ကျောက်ခုတ်လို့ခေါ်တယ်။ အကိုတို့က စားတယ်လေ။ အဲဒါတွေကို ကန်စွန်း ရွက်လိုသုတ်စားရင် ခန္ဓာကိုယ်က ကျောက်ကတ်အတွက်လည်းကောင်းတယ်တဲ့။ အဲဒါတွေကိုလည်း အလည်လာသူတွေကို စားစေချင် တာပေါ့။ ဂြစ်ချေ၊ နောက်ပြီးတော့ ခရုခွံတွေကိုလည်း နဂွေလေးတွေတွလို၊ ဂုံးခွံသေးလေးတွေကို အလှအတွက်ကောက်ယူသွားလို့ရတ ယ်။”
ခရီးသည်တွေအနေနဲ့ လာလည်ဖို့ အခက်အခဲတစ်စုံတစ်ရာရှိရင်လည်း လိုအပ်တာတွေကို ကူညီပေးဖို့ အသင့်ဖြစ်နေသလို ညအိပ်နေ ချင်တယ်ဆိုရင်လည်း တည်းခိုခန်းတွေ၊ ခမ်းနားတဲ့ အဆောက်အဦးတွေ မရှိပေမယ့် ကျေးရွာထဲက လူနေအိမ်တွေ၊ စာသင်ကျောင်း တွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာလည်း ယာယီတည်းခိုဖို့ စီစဉ်ပေးဖို့ အသင့်ဖြစ်နေတယ်လို့ ဦးသိန်းထွန်းက ပြောပါတယ်။
“လူဦးရေအများဆိုရင်တော့ ကိုယ့်ရွာမှာက အိမ်လေးတွေငယ်တော့ သိပ်မဆန့်ဘူး။ အတတ်နိုင်ဆုံးအိပ်မှ ရမယ်ဆိုရင်တော့ ဘုန်းတော် ကြီးကျောင်တွေ၊ စာသင်ကျောင်းတွေမှာ ခေတ္တယာယီ၊ လူအများ ၃၀၊ ၄၀ လောက်ဆိုရင် တည်းခွင့်ပေးတယ်။ တစ်ခြားအဆောက်အဦး တွေမှ မရှိတာလေ။ ရွာမှာက။ နေအိမ်တွေမှာဆိုလည်း ၄၊ ၅၊ ၁၀၊ ၉ ယောက်တည်းကြတယ်။ အန္တရာယ်တော့ကင်းတယ်။ လူဆိုးလူမိုက် ဆိုတာက အစ်ကိုတို့ဖက်မှာမရှိဘူး။ လူတစ်ယောက်လာရင်လည်း ချစ်ချစ်ခင်ခင်နေကြ တယ်။ စားလိုက်၊ သောက်လိုက်၊ ရယ်လိုက်၊ မော လိုက်ပေါ့။ မြင်ရင်ခင်တယ်။ တစ်ခုခုစားချင်တယ်ဆိုရင် ရအောင်ရှာပေးလုပ်ပေးကြတယ်။”
ခဏတဖြုတ်အနားလာယူကြသူတွေအနေနဲ့တော့ စားသောက်ခဲ့ကြတဲ့ အမှိုက်သရိုက်တွေကို စနစ်တကျစွန့်ပစ်ကြဖို့တော့ ဦးသိန်းထွန်း က မေတ္တာရပ်ခံပါတယ်။
“ပထမတော့ လူတွေကအများအပြားရောက်တော့ ကျနော်တို့က ဝမ်းသာပီတိဖြစ်မိတယ်။ နောက်တစ်ပတ်ရောက်လာတော့ စားသော က်ခဲ့ကြတဲ့အစားအစားတွေကို တစ်နေရာတည်းမှာ စွန့်ပစ်လို့ မထားခဲ့ကြဘူး။ အကုန်လုံးကို ပစ်သလိုထားခဲ့ကြတယ်။ ကျနော်တို့က စဉ်းစားကြည့်တာပေါ့။ နောက်ဆိုရင် ညစ်ပတ်လာမယ်။ လူတွေလည်းလာတော့မှာ မဟုတ်တော့ဘူး။ ဆိုတော့ ကျောက်တောင်အဝမှာ စာကပ်လိုက်တယ်။ သန့်ရှင်းရေးကို ကူညီပေးကြဖို့ပေါ့။ နောက်တော့လည်း အမှိုင်တောင်းတွေနဲ့ လာကြတယ်။ တောင်းတွေကိုနေရာအ နှံ့ချပေးထားတော့လည်း စနစ်တကျစွန့်ပစ်ကြတယ်။”
အဆိုပါဒေသတွေကို သွားလာမယ်ဆိုရင်တော့ ပင်လယ်ကိုဖြတ်သွားရတာဖြစ်လို့ ပွင့်လင်းရာသီတွေမှာသာသွားလာနိုင်မှာဖြစ်ပါတယ်။ အခုလို ကမ်းခြေတွေ စည်ကားသိုက်မြိုက်လာရင် ဒေသခံတွေအတွက်လည်း စီးပွားရေးအဆင်ပြေလာမှာဖြစ်ပါတယ်။ ဒါကြောင့် လည် ပတ်သူတွေအနေနဲ့ ကုန်းလမ်းကသွားလာနိုင်အောင် လမ်းပမ်းဆက်သွယ်ရေးကို ကောင်းမွန်အောင်လုပ်ပေးဖို့ ဒေသခံတွေက တောင်း ဆိုကြပါတယ်။
“အခုလို နာမည်ကျော်သွားတော့ မရှိဆင်းရဲသားတွေအတွက်လည်း စားကုန်သောက်ကုန်လေးတွေရောင်းချလို့ စီးပွားရေးလမ်းတွေအ ဆင်ပြေမယ်လို့ မြင်တယ်။ ဒါပေမဲ့ အမြဲထာဝရအတွက်ဆိုရင်တော့ လမ်းပမ်းဆက်သွယ်ရေးက အရေးကြီးတယ်။ လမ်းပမ်းဆက်သွယ် ရေးမကောင်းရင် အလာအသွားနည်းပါးတယ်။ ရေကြောင်းခရီးလာလို့က သိပ်အဆင်မပြေဘူး။ လမ်းပမ်းဆက်သွယ်ရေးကောင်းတာနဲ့ ဒီ နေရာတွေဟာလည်း ကောင်းလာမယ်လို့ထင်မိတယ်။ တကယ့်ကိုလည်း လှတာကိုး။”
“အကိုတို့ရွာမှာက တစ်ခါမှလည်း မစည်ကား မသိုက်မြိုက်ဘဲနဲ့ ရုတ်တရက်ဖြစ်ပေါ်လာတာကို ပီဋိဖြစ်မိတယ်။ ဒီနေရာတွေကိုရောက်ခဲ့ တဲ့လူတွေ၊ ဖုန်းတွေက ဖေ့စ်ဘုတ်တွေမှာလည်း တင်ပေးစေချင်တယ်။ လာလည်စေချင်တယ်။ ဘယ်သူမဆိုလာလာ။ ဘာအခက်ခဲမှ မရှိ ဘူး။ ဘာမှဖြစ်ဘူး။ တကယ်တမ်းလာချင်တယ်ဆိုရင် ကျနော့်ဆီကို ဖုန်းကြိုဆက်လို့ရတယ်။ ၂၀၊ ၃၀ လာရင်လည်း ရတယ်။ ဖုန်းနံပါတ် နဲ့တကွ။ အကို့ဆီကိုဖုန်းဆက်လိုက်။ စက်လှေနဲ့လာမယ်ဆိုရင်လည်း ဒီမှာအငှားစက်လှေတွေရှိတယ်။ နယ်ကျွမ်းတဲ့သူတွေ။ တစ်ခြားတစ်နေရာကလာရင် ကျောက်ကြိုကျောက်ကြားတွေမှာ အခက်ခဲရှိတယ်။ ကိုယ့်နေရာမှာဆို ကိုယ်ကျွမ်းကျင်တယ်ပေါ့။ လာချင်တယ်ဆိုလို့ ရှိရင် ဒီကဒေသခံတွေကိုနေပြီးတော့ မေးမြန်းလို့ရတယ်။ အခက်အခဲမဖြစ်ရဘဲနဲ့ပေါ့။”
1,339 total views, 1 views today