(Zawgyi Version)
ထူး၊ ႐ိုးမေရဒီယိုမဂၢဇင္း
ဗုဒၶဘုရားရွင္ကိုယ္ေတာ္ျမတ္ေရ ပရိနိဗၺာန္စံလားၿပီးေရေနာက္ပိုင္းမွာ သက္ေတာ္ထင္ရွား ရွိခစိုင္ကပိုင္ လူ၊ နတ္၊ ျဗဟၼာ၊ သတၱဝါအေပါင္း ႐ို႕ အက်ိဳးမ်ားဖူးေမွ်ာ္ႏိုင္ၿပီးေက သာသနာ ၅၀၀၀ တည္ၿမဲစီဖို႔အတြက္ မိမိ၏ကိုယ္စား ဓာတ္ေတာ္၊ ေမြေတာ္၊ နံေတာ္၊ အံေတာ္၊ ဆံေတာ္ နဲ႔ ေျခရာေတာ္ရာေပါင္းမ်ားစြာကို ေနရာအႏွံ႔မွာခ်န္ထားေတာ္မူခပါေရ။
ယင္းအထဲကေျခေတာ္ရာတိအေၾကာင္းကို ေလ့လာရဖို႔ဆိုေက ကမၻာမွာ ေျခေတာ္ရာေပါင္း ၁၂ ဆူရွိေရလို႔ သမိုင္းမွတ္တမ္း တခ်ိဳ႕အရ သိရပါေရ။ ယင္းအနက္ ရခိုင္ျပည္နယ္မွာ ပါဒစကၠေျခေတာ္ရာေပါင္း ၄ ဆူကိန္းဝပ္လွ်က္ရွိၿပီးေက ရခိုင္ျပည္နယ္ ေတာင္ကုတ္ၿမိဳ႕နယ္ ေျမာက္ဖက္ အမ္း႐ိုးမေတာနက္ႀကီးထဲမွာ တည္ရွိေရ လက္ဝဲ၊ လက္ယာပါဒစက္ေတာ္ရာဆိုလို႔ရွိေက အစုံလုိက္ကိန္းဝပ္တည္ရွိရာနီရာ ေလ့ျဖစ္နီလို႔ ထူးျခားပါေရ။
“ေျခေတာ္ရာက လက္ဝဲ၊ လက္ယာအစုံရွိေရ။ ေဒမအီေခ်ာင္းလက္ဝဲ၊ လက္ယာပါဒစက္ေတာ္ရာဆိုစြာေရ ‘ဇမၺဴမွာေဒြး၊ ယာမွာဧ’ ဆိုစြာ ေဒမအီေခ်ာင္းမွာဟိစြာ။ ပါဒစက္ေတာ္ရာႏွစ္နီရာေလ။ လက္ဝဲတစ္ခု၊ လက္ယာတစ္ခု။”လို႔ မအီစက္ေတာ္ရာေဂါပက အဖြဲ႔၊ အတြင္းေရးမွဴး ဦးမိႈင္းက ေျပာပါတယ္။
မဟာသကၠရာဇ္ ၁၂၃ ခု၊ ဘီစီ ၅၅၄ မွာ ဘုရားရွင္ကိုယ္ေတာ္ျမတ္ေရ ရဟႏၱာအပါး ၅၀၀ နဲ႔ အတူ ဓညဝတီေခတ္ ရခိုင္ျပည္ကို ေဒသစာ ရီၾကြခ်ီေတာ္မူခပါေရ။ ယင္းကာလေရ ရခိုင္ျပည္ကို စႏၵသူရိယမင္းအုပ္စိုးေရ ကာလေလ့ ျဖစ္ပါေရ။ ဘုရားရွင္ ရခိုင္ျပည္ကိုေရာက္ရွိခ်ိန္ မွာ ယင္းဘုရင္မင္းက ဗုဒၶဘုရားရွင္ရဲ႕ကိုယ္စား ဓာတ္ေတာ္၊ မီြေတာ္တစ္ခုခု ခ်န္ထားပခဖို႔ ေလွ်ာက္ထားေတာင္းပန္ခံပါေရ။ ေယခါ ဘု ရားရွင္ကေလ့ မိမိ၏ရင္ေငြ႔ေတာ္ခုနစ္အုပ္ကိုသြင္းပနာ မိမိနန္႔႐ုပ္တူ မုဟာမုနိဗုဒၶ႐ုပ္ပြားေတာ္ကို သြန္းလုပ္စီဗ်ာလ္ မင္းနဲ႔ကတြ ျပည္သူ တိကို တရား၏အျမစ္စဲတိုက္ေကြ်းေဟာၾကားေတာ္မူခပါေရ။
ဘုရားရွင္ေရ ပါရွိလာေရ ရႏာၱအေပါင္းအပါတိနဲ႔အတူ ဆက္လက္ၾကြခ်ီလာလတ္ေတခါ ေတာင္စဥ္ခုနစ္ခ႐ိုင္ကို ျဖတ္ၿပီးေရေနာက္ ရခိုင္ ျပည္က အျမင့္ဆုံးျဖစ္ေတ စြန္ေတာင္အရပ္ကို ေရာက္ရွိလာပါေရ။ ယင္းအခ်ိန္မွာ ဘုရားရွင္၏ လက္ယာေတာ္ရံ ရွင္သာရိပုတၱရာက ဘု ရားရွင္ အယင္ဘဝက ျဖစ္ေတာ္ေပါင္းတိကို ေဟာၾကားေတာ္မူပီးဖို႔ ေလွ်ာက္ထားပါေရ။ ဘုရားရွင္က ယင္းေတာင္ခရင့္က မဟီရာနဒီျမစ္ ကမ္းေဘးမွာ ( လက္ရွိမအီျမစ္) ၿမိဳ႕ငယ္တစ္ခုတည္ပနာ မဟီ(မအီ)လို႔ နာေမတြင္စီဗ်ာလ္ ယင္းေဒသမွာ ဓာတ္ေတာ္၊ ေမြေတာ္တိကိန္း ဝပ္ဖို႔လို႔ ဗ်ာဒိတ္ပီးေတာ္မူခေရလို႔ မအီစက္ေတာ္ရာေဂါပကအဖြဲ႔က ေျပာျပပါေရ။
အတြင္းေရးမွဴးတာဝန္ယူထားေရ ဦးမိႈင္းက “တတိယဓညဝတီေခတ္မွာ စႏၵာသူရိယဘုရင္မင္းအုပ္စိုးစဥ္ကာလက ဘုရားရွင္က ရာဇၿဂိဳဟ္ျပည္၊ ေဝဠဳဝန္ေက်ာင္းမွာ သတင္းသုံးနီတုန္း။ ဗုဒၶဘုရားရွင္ဝါေတာ္ ၂၀ မွာ ဓညဝတီကို ၾကြလာတုန္း မဟာမုနိဘုရားကို ကဆုန္လျပည့္ေက်ာ္ ၁ ရက္နိမွာ ၿပီးစီးေရေနာက္ပိုင္းမွာ မင္းနဲ႔တကြ ျပည္သူတိကို တရားရဲ႕အျမစ္စဲကို တုိက္ေကြ်းၿပီးေရ ေနာက္ပိုင္းမွာ မဟီရာနဒီေဒသကို ၾကြာလာလတ္ေတ။”လို႔ ေျပာပါေရ။
တစ္ဆက္တည္းမွာဗ်ာလ္ ဘုရားရွင္ကိုယ္ေတာ္ျမတ္ေရ မအီေခ်ာင္းဖ်ားက နာဠာဂီရိေတာင္ေတာ္ကို ၾကြခ်ီၿပီးေက ႀတိေသဠလို႔နာေမရွိေရ ေက်ာက္ေဆာင္ထက္မွာ အယင္ဆင္မင္းဘဝျဖစ္ခေရခါ ညီေတာ္စပ္ခဖူးေရ အညာေတာင္ရြာသား မုဆိုၾကီး ဦးစံလွကို တရားေဟာၾကားေတာ္မူေရခါ မုဆိုးႀကီးေလ့ သတိသံေဝဂဝင္ဗ်ာလ္ အကြ်တ္တရားရခပါေရ။ ယင္းေနာက္ မုဆိုးႀကီး၏ ေတာင္းဆိုမႈေၾကာင့္ ဗုဒၶဘုရားရွင္ကိုယ္ေတာ္ျမတ္က လက္ဝဲ၊ လက္ယာပါဒစက္ေတာ္ရာတစ္စုံကို ယင္းေဒသမွာ ခ်န္ထားခစြာ ျဖစ္ပါေရ။
နာဠာဂီရိေတာင္ထက္က ႀတိေသဠေက်ာက္ေဆာင္ထက္မွာကိန္းဝပ္ေတ စက္ေတာ္ရာကို လက္ဝဲပါဒစက္ေတာ္ရာ တနည္းအားျဖင့္ အထက္စက္ေတာ္ရာလို႔လေကာင္း၊ မဏိေသလေက်ာက္ေဆာင္ထက္မွာ ကိန္းဝပ္ေတ စက္ေတာ္ရာကို လက္ယာပါဒစက္ေတာ္ရာ၊ တနည္းအားျဖင့္ ေအာက္စက္ေတာ္ရာလို႔လေကာင္း သိရွိကတ္ပါေရ။
“အညာေတာင္ဆိုစြာ ေဒကနီ ၆ မိုင္ေလာက္ဝီးေရ။ ယင္းရြာက (ဘုရားရွင္ေရ) မုဆိုးဦးစံလွရဲ႕ မိတ္ေဆြျဖစ္ဖူးခေရ။ ဆိုၿပီးခါ ဗုဒၶဘုရားရွင္က ရခိုင္ျပည္မွာ အျမင့္ဆုံးျဖစ္ေတ စြန္ေတာင္လို႔ေလ့ ေခၚေရ။ ျမင္းကုေဋေတာင္လို႔ေလ့ ေခၚေရ။ ယင္းအျမင့္ဆုံး ေတာင္ ကိုေရာက္ေတ အခ်ိန္မွာ မုဆိုးဦးစံလွနဲ႔ တြိေရ။ သူ႐ုိ႕ေရ အရင္က မိတ္ေဆြတစစ္ျဖစ္ဖူးခကတ္ေတ။ ဘုရားရွင္ေရာက္လာေရ အခ်ိန္မွာ မုဆိုးႀကီး ဦးစံလွက သူ႔နယ္ေျမထဲက သူ႔အေၾကာင္းတရားနဲ႔သူ ကြ်တ္တန္းဝင္ဖို႔ကိန္းဆိုက္လာစြာပေလ။ မုဆိုးဦးစံလွေရ ဘုရားရွင္ကို တိုက္႐ိုက္မျမင္။ မုဆိုးဦးစံလွကို ဘုရားရွင္က ျမင္ေရ။ သူလာေရလမ္းတေလွ်ာက္မွာ ညအခ်ိန္သန္းေခါင္ယံပိုင္ျဖစ္လားေရ။ ေနာက္ၿပီးမွ လင္းလို႔ေရာင္ျခည္ေတာ္ကြန္႔ျမဴးလိုက္ေတ အခ်ိန္ခါမွာ ဘုရားရွင္ကို မုဆိုးဦးစံလွက ဖူးေမွ်ာ္ရေရ။ ယင္းအခ်ိန္မွာမွရာ မုဆိုးဦးစံလွကို တ ရားရဲ႕အျမစ္ေစးတိုက္ေကြ်းၿပီးေက အရွင္ဘုရား ေဒကၾကြလားေရအခ်ိန္မွာ ပါဒစကၠေျခေတာ္ရာ အစုံခ်ပီးခပါလို႔ေတာင္းပန္ေရအတြက္ ေၾကာင့္ မုဆိုးဦးစံလွကို အေၾကာင္းျပဳလို႔ ေဒကေျခေတာ္ရာအစုံကို ခ်ပီးခစြာ။ ဗုဒၶဘုရားရွင္က ေဒကတစ္ဆင့္ ဒြာရာဝတီကို ၾကြလားေရ။ ဒြာရာဝတီက တစ္ဆင့္ ဗမာျပည္ဖိုးဦးေတာင္၊ ေနာက္ၿပီးေက ရဟႏၵာ ၅၀၀ နဲ႔ အေနာက္မဇၥ်ိမကို ျပန္ၾကြလားေရလို႔ ရာဇဝင္အရ သိရွိရေရ။”လို႔ ဦးမိႈင္းက ဆက္ေျပာျပပါေရ။
ဘုရားရွင္က ယင္းဝဲယာပါဒစက္ေတာ္ရာအစုံကို ခ်န္ထားခၿပီးေရေနာက္ပိုင္း ဒြာရာဝတီကို ဆက္လက္ၾကြခ်ီလားခ်ိန္မွာ အကြ်တ္ တရားရ ဗ်ာလ္ က်န္ရွိခေရ ဦးစံလွက သူ႔ကိုအေၾကာင္းျပဳၿပီးေက ခ်န္ထားခေရ အဆိုပါ ဗုဒၶရဲ႕ေျခေတာ္ရာကို ခုႏွစ္ရက္တိုင္တိုင္ဖူးေမွ်ာ္ပူေဇာ္ ၿပီး ေကမွ ျပန္လားခပါေရ။ ရြာကိုေရာက္လားေရခါ မင္းနဲ႔တကြျပည္သူတိကို အေၾကာင္းစုံေျပာျပလို႔ ေျခေတာ္ရာရွိရာကိုသိရွိလားကတ္လို႔ ယင္းေနရာကိုလာေရာက္ပနာ ရဟန္းဝင္သူကဝင္၊ တရားဘာဝနာမွတ္႐ႈသူကမွတ္႐ႈလို႔ နီကတ္ပါေရ။
ေဒပိုင္နဲ႔ ရခိုင္ျပည္နယ္မွာ ေခတ္အဆက္ဆက္ထြန္းကားခေရ ဓညဝတီ၊ ေဝသာလီ၊ ေလးၿမိဳ႕ကနီ ေျမာက္ဦးေခတ္တိုင္ေအာင္ ထထင္ ရွရွား ဖူးေမွ်ာ္ပူေဇာ္ခကတ္ၿပီးေရေနာက္မွာ ျပန္လည္မိေလ်ာ့ေမွးမွိန္လားပါေရ။ ၁၉ ရာစုကိုေရာက္ရွိခ်ိန္မွာ နတ္ကိုးကြယ္သူတိက အ ဆိုပါေျခေတာ္ရာအစုံကိုတြိရွိလားၿပီးေက မွားယြင္းေရ ယစ္ပူေဇာ္ပသမႈတိ ျပဳလုပ္ခကတ္လို႔ တစ္ရြာလုံးေဘးကပ္ဆိုက္ဗ်ာလ္သီဆုံးလား ကတ္ရေၾကာင္းေလ့ ပဇရာဇဝင္တိမာေတာင္မက သမိုင္းမွတ္တမ္းတခ်ိဳ႕မွာေလ့ တြိရွိရပါေရ။
အဆိုပါေျခေတာ္ရာအစုံေရ ေနာက္တစ္ဖန္တိမ္ျမဳပ္ေပ်ာက္ကြယ္သြားလားလို႔ ျမန္မာသကၠရာဇ္ ၁၃၂၉ ခုႏွစ္မွာ ရန္ကုန္ၿမိဳ႕က စာပီပုံႏွိပ္ တိုက္လုပ္ငန္းကိုလုပ္ကိုင္နီေရ ဦးစိုးလိႈင္ဆိုသူက အမ်ိဳးမ်ိဳးေသာစာမူတိကို လက္ခံ႐ိုက္ႏွိပ္လွ်က္ရွိနီရာ တစ္ရက္နိမာ သူ႔ပါးကိုလာႏွိပ္ ေတ ေျခေတာ္ရာသမိုင္းအေၾကာင္းတိထဲမွာ အဆိုပါစက္ေတာ္ရာအေၾကာင္းေလ့ပါဝင္စြာေၾကာင့္ ရခိုင္ဆရာေတာ္တစ္ပါပါးနဲ႔ တြိဆုံဖို႔ ႀကိဳးပမ္းခပါေရ။
ေနာက္ဆုံးမွာေတာ့ခါ သူေရ ေတာင္ကုတ္ၿမိဳ႕နယ္၊ မအီၿမိဳ႕မာ ေက်ာင္းထိုင္ဆရာေတာ္အျဖစ္နီခဖူးေရ ရခိုင္ျမီဖြားဆရာေတာ္ ဘဒၵႏ ၱအရိယာဝံသဆိုေရ ရန္ကုန္ၿမိဳ႕၊ မဂၤလသုခပါဠိတကၠသိုလ္ေက်ာင္းတိုက္ ဆရာေတာ္နဲ႔ ေတ႔ြဆုံခြင့္ရစြာပါ။ ယင္းေနာက္မွာ အဆိုပါ ဆရာေတာ္၏ ဦးေဆာင္မႈနဲ႔အတူ အရိယာသံဃာေတာ္တိနဲ႔ တခ်ိဳ႕ပုဂၢိဳလ္တိနဲ႔ ပဇရာဇဝင္အျဖစ္ရွိခေရ မဟီရာနီလို႔ေခၚေရ မအီေခ်ာင္း တေလွ်ာက္လာေရာက္ရွာေဖြကတ္ေတခါ ေအာက္စက္ေတာ္ရာကို ကနဦးတြိရွိခကတ္ေတလို႔ ဆိုပါေရ။
ဦးမိႈင္းက “ရန္ကုန္ၿမိဳ႕၊ ေက်ာက္ေျမာင္းက စာပုံႏွိပ္တိုက္ပိုင္ရွင္ ဦးစိုးလိႈင္က သူ႔စာပုံႏွိပ္တိုက္ကို စာမူမ်ိဳးစုံလာ႐ိုက္ကတ္ ေတအခါ ေဒမဟီရာနဒီေခၚ မအီေခ်ာင္းမွာ ပါဒစက္ေတာ္ရာ အစုံရွိေရဆိုစြာကိုတြိရေရ။ ဆိုခါ ရခိုင္ဆရာေတာ္တစ္ပါးနဲ႔ေတြ႔ခ်င္ေရဆိုၿပီး မီးျမန္းစုံစမ္းေရအခါမွာ ရန္ကုန္ၿမိဳ႕ မဂၤလသုခပါဠိတကၠသိုလ္ေက်ာင္းတိုက္ျဖစ္နီဗ်ာလ္ အခုဆိုလို႔ရွိေက။ အရင္ကဆိုရင္ နည္းနည္းေခ်ေပါ့။ အခုဆိုေက ေကာင္းေကာင္းတိုးတက္လားယာ။ ယင္းေက်ာင္းမွာ မူလေက်ာင္းထိုင္ဆရာေတာ္ႀကီး ဦးေကသာရ ေနာက္ပိုင္းမွာ ဆရာေတာ္ အရိယာဝံသေရ ဇာတိကေတာ့ မာန္ေအာင္သား။ မအီရြာ (ယင္းခါက) သိမ္ေတာင္ေက်ာင္းမွာ ေက်ာင္းထိုင္ခေရ ဆရာေတာ္တစ္ပါးျဖစ္ေတ။ ဦးစိုးလိႈင္က ယင္းဆရာေတာ္ကို လားေလွ်ာက္ေတ။ ဆိုခါ ဆရာေတာ္ႀကီးက မဟီရာနဒီဆိုစြာ မအီေခ်ာင္း။ ဘုန္းႀကီးေက်ာင္းထိုင္ခေရ ရြာနဲ႔နီးစပ္ေတဆိုၿပီးေက အေရးအႀကီး။ အမွန္ရာ စာမူအရဆိုလို႔ရွိေက တြိေလာက္ေတဆိုၿပီးေက ၁၃၂၉ ခုႏွစ္မွာ ရဟန္းပုဂၢိဳလ္အားလုံးစုစုေပါင္း ၂၀ ေက်ာ္ေလာက္နဲ႔ ဆရာေတာ္ ဦးအရိယာဝံသေခါင္းေဆာင္ၿပီးေက ေဒမဟီရာနဒီေခၚ မအီေခ်ာင္း၊ အခု ငါ့တူ႐ို႕ထိုင္နီေရ ေသဠာဂီရိေက်ာက္ေဆာင္ထက္မွာ ၁၃၂၉ ခုႏွစ္မွာ စတင္တြိ႔ေရ။”လို႔ ေျပာျပပါေရ။
စာမူအရရွာေဖြေရအခါမွာ ေအာက္စက္ေတာ္ရာကို လြယ္လင့္တကူတြိရွိခေကေလ့ အထက္စက္ေတာ္ရာကိုေတာ့ ရက္ေပါင္း ၁၀ ေက်ာ္ၾကာဆက္တိုက္ရွာေဖြခလို႔ေတာင္ မတြိရွိခကတ္ပါ။ ေယတြက္နန္႔ ဆရာေတာ္နဲ႔တကြ ပါရွိလာေရ အရိယာသံဃာေတာ္တိ၊ လူပုဂၢိဳလ္တိက ျပန္ဖို႔ျပင္ကတ္ေတခါ ဇာပိုင္တိြရွိခကတ္ေတဆိုေရအေၾကာင္းကိုေလ့ ဦးမိႈင္းက ေျပာျပပါေရ။
“ေအာက္စက္ေတာ္ရာကိုတြိၿပီးေရ ေနာက္ပိုင္းမွာ အထက္စက္ေတာ္ရာကို ရက္ေပါင္း ၁၀ ေက်ာ္ေလာက္ လူပုဂၢဳိလ္၊ ရဟန္းပုဂၢိဳလ္တိစုၿပီးေက ေဒ႐ိုးထဲမွာ ရွာနီခကတ္ေတ။ သစ္တိ၊ က်ားတိ၊ ဆင္တိကရာေပါပါေရနဲ႔။ တစ္ခါတည္း။ ယင္းအထဲမွာ ပါဒစက္ေတာ္ရာအစုံကို မတြိ၊ တြိေအာင္ရွာကတ္ေတ။ အခုျမင္ရေရေတာင္ နာဠာဂိရိေတာင္။ ယင္းေတာင္တန္းထဲကို ေရာက္ေတအခ်ိန္မွာမရယာ။ ေနာက္ပါဒစက္ေတာ္ရာတစ္ဆူကိုမတြိယာဆိုၿပီးေက ျပန္ဖို႔လုပ္ကတ္ယာ။ ဦးလွည့္လာကတ္ယာ။ ယင္းအခ်ိန္မွာ သူ႐ို႕ရွိက ဆပ္ဖားႀကီးတစ္ေကာင္ေရတန္းၿပီးေကျပီးေရ။ ယင္းဆပ္ဖားႀကီးေနာက္ကလိုက္ရဖို႔ဆိုၿပီးေက သူ႔ေျခရာအတိုင္းလိုက္ကတ္ေတအခ်ိန္မွာ ယင္းမာ ေက်ာက္ေဆာင္ႀကီးရွိေရ။ ယင္းေက်ာက္ေဆာင္ႀကီးအထက္မွာ ဝဲပါဒစက္ေတာ္ရာကို တြိရေရ။ ယင္းတုန္းကဆုိလို႔ရွိေက ဝါးတိ၊ သစ္တိ၊ ေခ်ာင္းတိက ကေကာင္းေပါစြာကိုး။ ေက်ာက္ေဆာင္ႀကီးက ဟိုင္းလုိ႔။ ေတာတိ၊ ဘာ တိခုတ္ထြင္ရွင္းလင္းၿပီးေကမ ေက်ာက္ပုံထက္မွာ လက္ဝဲပါဒစက္ေတာ္ရာကို တြိရေရ။ ယင္းေနာက္ပိုင္းမာမွ သံဃာတိကို ပင့္ဖိတ္ၿပီး ေက ဖြင့္ပြဲတိ၊ ဘာတိလုပ္ၿပီးေက က်င္းပခေရ။”
တြိရွိခ်ိန္မွာ ဆရာေတာ္ေရ ဖြင့္ပြဲတိျပဳလုပ္ပနာ ပူေဇာ္ခကတ္ေတလို႔ ဆိုပါေရ။ ၂၀၀၇-၁၀၀၈ ခုႏွစ္မွာေတာ့ ေျမာက္ဦးဆရာေတာ္ ဝနဝါသီ အရွင္ဝါယာမိႏၵက သားရဲတိရစာၦန္ေပါမ်ားၿပီးေက ထူထပ္လွေရ ေတာဂႏိုင္ႀကီးထဲမွာ တည္ရွိေရ အဆိုပါစက္ေတာ္ရာအစုံကို ဖူးေမွ်ာ္လိုသူတိ လြယ္လင့္တကူလားလာႏိုင္ေအာင္ ေတာ၊ ေတာင္တိကို ေဖာက္ဗ်ာလ္ လမ္းတိေဖာက္လုပ္၊ အေဆာက္အဦးတိေ ဆာက္လုပ္ခေရလို႔ ဆိုပါေရ။
ယင္းအခ်ိန္ကနီစတင္ၿပီးေက နတ္ေတာ္လျပည့္ေရာက္တိုင္းမာ အဆိုပါစက္ေတာ္ရာတည္ရွိေရ မဟီရာနဒီေဒသမွာ ပဲြေတာ္က်င္းပ နီခစြာ ၁၀ စုႏွစ္တစ္ခုေက်ာ္တည္ရွိနီပါဗ်ာလ္။
“(ေျမာက္ဦးဆရာေတာ္ဝါယာမိႏၵက)ဆရာေတာ္ဆိုက ကမၻာ့သာသနာျပဳဆရာေတာ္ျဖစ္ေတ။ မအီၿမိဳ႕မသား။ သူက ၂၀၀၇-၂၀၀၈ ေလာက္ကနီ ဘုရားသာသနိက အေဆာက္အဦးတိ၊ လမ္းတိစၿပီးေက လုပ္ခေရ။ ဗိုလ္ခ်ဳပ္သာေမြးရဲ႕လမ္းညႊန္ခ်က္တိနဲ႔ ရန္ကုန္ျပည္ထဲကအစ သံတြဲ၊ ငပလီ၊ ရခိုင္ျပည္အႏွ႔ံအျပားကလာၿပီးေက ဘုရားဖူးကတ္ေတအခ်ိန္မွာ အေဆာက္အဦးတိ ေဆာက္ကတ္ေတ။ ျပည္နယ္ေထြအုပ္ကေလ့ ဓမၼာ႐ုံႀကီးတစ္႐ုံလာၿပီးေက ေဆာက္ပီးေရ။”
လက္ရွိအခ်ိန္မွာေတာ့ေက ဗုဒၶဘုရားရွင္ရဲ႕စက္ေတာ္ရာအစုံကိန္းဝပ္ရာနီရာကို ေဒသခံတိ၊ ရခိုင္ျပည္နယ္နဲ႔ ျမန္မာႏိုင္ငံတဝွမ္းလုံးက ဖုရားဖူးတိေတာင္မက ဗုဒၶသာသနာထြန္းကားေရအေနာက္ႏိုင္ငံတိကပါ လာေရာက္ဖူးေမွ်ာ္လုိ႔ နီကတ္ပါဗ်ာလ္။ ယေကေလ့ လမ္းခရီးက ထင္သေလာက္မေခ်ာမြိသိမ့္လို႔ ခရီးသည္တိအနီနဲ႔ ပြင့္လင္းရာသီတိမာရာ လားလာႏိုင္ဖို႔ျဖစ္ပါေရ။
ေဂါပကအဖြဲ႔အနီနဲ႔ေလ့ ဘုရား၏ ေဝယ်ာဝစၥတိကိုပါ တတ္ႏုိင္သေလာက္လုပ္ေဆာင္နီေရပိုင္ တတ္ႏိုင္သူတိအေနနဲ႔ေလ့ တစ္ဖက္တစ္လမ္းက ကူညီပီးကတ္မွရာ ႏွစ္ေပါင္းၾကာရွည္ေအာင္ေပ်ာက္ကြယ္နီခေရ ကမၻာတစ္ဝွမ္းလုံးမွာ သမိုင္းဝင္စက္ေတာ္ရာအစုံလိုက္ကိန္းဝပ္ရာ တစ္ခုတည္းေသာနီရာျဖစ္ေတ မဟီရာနဒီေဒသမွာ သာသနာတည္တံ့၊ ခိုင္ၿမဲေအာင္ေဆာင္ရြက္ႏိုင္ဖို႔ ျဖစ္ပါေရ။
(Unicode Version)
ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း
ဗုဒ္ဓဘုရားရှင်ကိုယ်တော်မြတ်ရေ ပရိနိဗ္ဗာန်စံလားပြီးရေနောက်ပိုင်းမှာ သက်တော်ထင်ရှား ရှိခစိုင်ကပိုင် လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါအပေါင်း ရို့ အကျိုးများဖူးမျှော်နိုင်ပြီးကေ သာသနာ ၅၀၀၀ တည်မြဲစီဖို့အတွက် မိမိ၏ကိုယ်စား ဓာတ်တော်၊ မွေတော်၊ နံတော်၊ အံတော်၊ ဆံတော် နဲ့ ခြေရာတော်ရာပေါင်းများစွာကို နေရာအနှံ့မှာချန်ထားတော်မူခပါရေ။
ယင်းအထဲကခြေတော်ရာတိအကြောင်းကို လေ့လာရဖို့ဆိုကေ ကမ္ဘာမှာ ခြေတော်ရာပေါင်း ၁၂ ဆူရှိရေလို့ သမိုင်းမှတ်တမ်း တချို့အရ သိရပါရေ။ ယင်းအနက် ရခိုင်ပြည်နယ်မှာ ပါဒစက္ကခြေတော်ရာပေါင်း ၄ ဆူကိန်းဝပ်လျှက်ရှိပြီးကေ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် မြောက်ဖက် အမ်းရိုးမတောနက်ကြီးထဲမှာ တည်ရှိရေ လက်ဝဲ၊ လက်ယာပါဒစက်တော်ရာဆိုလို့ရှိကေ အစုံလိုက်ကိန်းဝပ်တည်ရှိရာနီရာ လေ့ဖြစ်နီလို့ ထူးခြားပါရေ။
“ခြေတော်ရာက လက်ဝဲ၊ လက်ယာအစုံရှိရေ။ ဒေမအီချောင်းလက်ဝဲ၊ လက်ယာပါဒစက်တော်ရာဆိုစွာရေ ‘ဇမ္ဗူမှာဒွေး၊ ယာမှာဧ’ ဆိုစွာ ဒေမအီချောင်းမှာဟိစွာ။ ပါဒစက်တော်ရာနှစ်နီရာလေ။ လက်ဝဲတစ်ခု၊ လက်ယာတစ်ခု။”လို့ မအီစက်တော်ရာဂေါပက အဖွဲ့၊ အတွင်းရေးမှူး ဦးမှိုင်းက ပြောပါတယ်။
မဟာသက္ကရာဇ် ၁၂၃ ခု၊ ဘီစီ ၅၅၄ မှာ ဘုရားရှင်ကိုယ်တော်မြတ်ရေ ရဟန္တာအပါး ၅၀၀ နဲ့ အတူ ဓညဝတီခေတ် ရခိုင်ပြည်ကို ဒေသစာ ရီကြွချီတော်မူခပါရေ။ ယင်းကာလရေ ရခိုင်ပြည်ကို စန္ဒသူရိယမင်းအုပ်စိုးရေ ကာလလေ့ ဖြစ်ပါရေ။ ဘုရားရှင် ရခိုင်ပြည်ကိုရောက်ရှိချိန် မှာ ယင်းဘုရင်မင်းက ဗုဒ္ဓဘုရားရှင်ရဲ့ကိုယ်စား ဓာတ်တော်၊ မွီတော်တစ်ခုခု ချန်ထားပခဖို့ လျှောက်ထားတောင်းပန်ခံပါရေ။ ယေခါ ဘု ရားရှင်ကလေ့ မိမိ၏ရင်ငွေ့တော်ခုနစ်အုပ်ကိုသွင်းပနာ မိမိနန့်ရုပ်တူ မုဟာမုနိဗုဒ္ဓရုပ်ပွားတော်ကို သွန်းလုပ်စီဗျာလ် မင်းနဲ့ကတွ ပြည်သူ တိကို တရား၏အမြစ်စဲတိုက်ကျွေးဟောကြားတော်မူခပါရေ။
ဘုရားရှင်ရေ ပါရှိလာရေ ရန္တာအပေါင်းအပါတိနဲ့အတူ ဆက်လက်ကြွချီလာလတ်တေခါ တောင်စဉ်ခုနစ်ခရိုင်ကို ဖြတ်ပြီးရေနောက် ရခိုင် ပြည်က အမြင့်ဆုံးဖြစ်တေ စွန်တောင်အရပ်ကို ရောက်ရှိလာပါရေ။ ယင်းအချိန်မှာ ဘုရားရှင်၏ လက်ယာတော်ရံ ရှင်သာရိပုတ္တရာက ဘု ရားရှင် အယင်ဘဝက ဖြစ်တော်ပေါင်းတိကို ဟောကြားတော်မူပီးဖို့ လျှောက်ထားပါရေ။ ဘုရားရှင်က ယင်းတောင်ခရင့်က မဟီရာနဒီမြစ် ကမ်းဘေးမှာ ( လက်ရှိမအီမြစ်) မြို့ငယ်တစ်ခုတည်ပနာ မဟီ(မအီ)လို့ နာမေတွင်စီဗျာလ် ယင်းဒေသမှာ ဓာတ်တော်၊ မွေတော်တိကိန်း ဝပ်ဖို့လို့ ဗျာဒိတ်ပီးတော်မူခရေလို့ မအီစက်တော်ရာဂေါပကအဖွဲ့က ပြောပြပါရေ။
အတွင်းရေးမှူးတာဝန်ယူထားရေ ဦးမှိုင်းက “တတိယဓညဝတီခေတ်မှာ စန္ဒာသူရိယဘုရင်မင်းအုပ်စိုးစဉ်ကာလက ဘုရားရှင်က ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်းမှာ သတင်းသုံးနီတုန်း။ ဗုဒ္ဓဘုရားရှင်ဝါတော် ၂၀ မှာ ဓညဝတီကို ကြွလာတုန်း မဟာမုနိဘုရားကို ကဆုန်လပြည့်ကျော် ၁ ရက်နိမှာ ပြီးစီးရေနောက်ပိုင်းမှာ မင်းနဲ့တကွ ပြည်သူတိကို တရားရဲ့အမြစ်စဲကို တိုက်ကျွေးပြီးရေ နောက်ပိုင်းမှာ မဟီရာနဒီဒေသကို ကြွာလာလတ်တေ။”လို့ ပြောပါရေ။
တစ်ဆက်တည်းမှာဗျာလ် ဘုရားရှင်ကိုယ်တော်မြတ်ရေ မအီချောင်းဖျားက နာဠာဂီရိတောင်တော်ကို ကြွချီပြီးကေ တြိသေဠလို့နာမေရှိရေ ကျောက်ဆောင်ထက်မှာ အယင်ဆင်မင်းဘဝဖြစ်ခရေခါ ညီတော်စပ်ခဖူးရေ အညာတောင်ရွာသား မုဆိုကြီး ဦးစံလှကို တရားဟောကြားတော်မူရေခါ မုဆိုးကြီးလေ့ သတိသံဝေဂဝင်ဗျာလ် အကျွတ်တရားရခပါရေ။ ယင်းနောက် မုဆိုးကြီး၏ တောင်းဆိုမှုကြောင့် ဗုဒ္ဓဘုရားရှင်ကိုယ်တော်မြတ်က လက်ဝဲ၊ လက်ယာပါဒစက်တော်ရာတစ်စုံကို ယင်းဒေသမှာ ချန်ထားခစွာ ဖြစ်ပါရေ။
နာဠာဂီရိတောင်ထက်က တြိသေဠကျောက်ဆောင်ထက်မှာကိန်းဝပ်တေ စက်တော်ရာကို လက်ဝဲပါဒစက်တော်ရာ တနည်းအားဖြင့် အထက်စက်တော်ရာလို့လကောင်း၊ မဏိသေလကျောက်ဆောင်ထက်မှာ ကိန်းဝပ်တေ စက်တော်ရာကို လက်ယာပါဒစက်တော်ရာ၊ တနည်းအားဖြင့် အောက်စက်တော်ရာလို့လကောင်း သိရှိကတ်ပါရေ။
“အညာတောင်ဆိုစွာ ဒေကနီ ၆ မိုင်လောက်ဝီးရေ။ ယင်းရွာက (ဘုရားရှင်ရေ) မုဆိုးဦးစံလှရဲ့ မိတ်ဆွေဖြစ်ဖူးခရေ။ ဆိုပြီးခါ ဗုဒ္ဓဘုရားရှင်က ရခိုင်ပြည်မှာ အမြင့်ဆုံးဖြစ်တေ စွန်တောင်လို့လေ့ ခေါ်ရေ။ မြင်းကုဋေတောင်လို့လေ့ ခေါ်ရေ။ ယင်းအမြင့်ဆုံး တောင် ကိုရောက်တေ အချိန်မှာ မုဆိုးဦးစံလှနဲ့ တွိရေ။ သူရို့ရေ အရင်က မိတ်ဆွေတစစ်ဖြစ်ဖူးခကတ်တေ။ ဘုရားရှင်ရောက်လာရေ အချိန်မှာ မုဆိုးကြီး ဦးစံလှက သူ့နယ်မြေထဲက သူ့အကြောင်းတရားနဲ့သူ ကျွတ်တန်းဝင်ဖို့ကိန်းဆိုက်လာစွာပလေ။ မုဆိုးဦးစံလှရေ ဘုရားရှင်ကို တိုက်ရိုက်မမြင်။ မုဆိုးဦးစံလှကို ဘုရားရှင်က မြင်ရေ။ သူလာရေလမ်းတလျှောက်မှာ ညအချိန်သန်းခေါင်ယံပိုင်ဖြစ်လားရေ။ နောက်ပြီးမှ လင်းလို့ရောင်ခြည်တော်ကွန့်မြူးလိုက်တေ အချိန်ခါမှာ ဘုရားရှင်ကို မုဆိုးဦးစံလှက ဖူးမျှော်ရရေ။ ယင်းအချိန်မှာမှရာ မုဆိုးဦးစံလှကို တ ရားရဲ့အမြစ်စေးတိုက်ကျွေးပြီးကေ အရှင်ဘုရား ဒေကကြွလားရေအချိန်မှာ ပါဒစက္ကခြေတော်ရာ အစုံချပီးခပါလို့တောင်းပန်ရေအတွက် ကြောင့် မုဆိုးဦးစံလှကို အကြောင်းပြုလို့ ဒေကခြေတော်ရာအစုံကို ချပီးခစွာ။ ဗုဒ္ဓဘုရားရှင်က ဒေကတစ်ဆင့် ဒွာရာဝတီကို ကြွလားရေ။ ဒွာရာဝတီက တစ်ဆင့် ဗမာပြည်ဖိုးဦးတောင်၊ နောက်ပြီးကေ ရဟန္ဒာ ၅၀၀ နဲ့ အနောက်မဇ္စျိမကို ပြန်ကြွလားရေလို့ ရာဇဝင်အရ သိရှိရရေ။”လို့ ဦးမှိုင်းက ဆက်ပြောပြပါရေ။
ဘုရားရှင်က ယင်းဝဲယာပါဒစက်တော်ရာအစုံကို ချန်ထားခပြီးရေနောက်ပိုင်း ဒွာရာဝတီကို ဆက်လက်ကြွချီလားချိန်မှာ အကျွတ် တရားရ ဗျာလ် ကျန်ရှိခရေ ဦးစံလှက သူ့ကိုအကြောင်းပြုပြီးကေ ချန်ထားခရေ အဆိုပါ ဗုဒ္ဓရဲ့ခြေတော်ရာကို ခုနှစ်ရက်တိုင်တိုင်ဖူးမျှော်ပူဇော် ပြီး ကေမှ ပြန်လားခပါရေ။ ရွာကိုရောက်လားရေခါ မင်းနဲ့တကွပြည်သူတိကို အကြောင်းစုံပြောပြလို့ ခြေတော်ရာရှိရာကိုသိရှိလားကတ်လို့ ယင်းနေရာကိုလာရောက်ပနာ ရဟန်းဝင်သူကဝင်၊ တရားဘာဝနာမှတ်ရှုသူကမှတ်ရှုလို့ နီကတ်ပါရေ။
ဒေပိုင်နဲ့ ရခိုင်ပြည်နယ်မှာ ခေတ်အဆက်ဆက်ထွန်းကားခရေ ဓညဝတီ၊ ဝေသာလီ၊ လေးမြို့ကနီ မြောက်ဦးခေတ်တိုင်အောင် ထထင် ရှရှား ဖူးမျှော်ပူဇော်ခကတ်ပြီးရေနောက်မှာ ပြန်လည်မိလျော့မှေးမှိန်လားပါရေ။ ၁၉ ရာစုကိုရောက်ရှိချိန်မှာ နတ်ကိုးကွယ်သူတိက အ ဆိုပါခြေတော်ရာအစုံကိုတွိရှိလားပြီးကေ မှားယွင်းရေ ယစ်ပူဇော်ပသမှုတိ ပြုလုပ်ခကတ်လို့ တစ်ရွာလုံးဘေးကပ်ဆိုက်ဗျာလ်သီဆုံးလား ကတ်ရကြောင်းလေ့ ပဇရာဇဝင်တိမာတောင်မက သမိုင်းမှတ်တမ်းတချို့မှာလေ့ တွိရှိရပါရေ။
အဆိုပါခြေတော်ရာအစုံရေ နောက်တစ်ဖန်တိမ်မြုပ်ပျောက်ကွယ်သွားလားလို့ မြန်မာသက္ကရာဇ် ၁၃၂၉ ခုနှစ်မှာ ရန်ကုန်မြို့က စာပီပုံနှိပ် တိုက်လုပ်ငန်းကိုလုပ်ကိုင်နီရေ ဦးစိုးလှိုင်ဆိုသူက အမျိုးမျိုးသောစာမူတိကို လက်ခံရိုက်နှိပ်လျှက်ရှိနီရာ တစ်ရက်နိမာ သူ့ပါးကိုလာနှိပ် တေ ခြေတော်ရာသမိုင်းအကြောင်းတိထဲမှာ အဆိုပါစက်တော်ရာအကြောင်းလေ့ပါဝင်စွာကြောင့် ရခိုင်ဆရာတော်တစ်ပါပါးနဲ့ တွိဆုံဖို့ ကြိုးပမ်းခပါရေ။
နောက်ဆုံးမှာတော့ခါ သူရေ တောင်ကုတ်မြို့နယ်၊ မအီမြို့မာ ကျောင်းထိုင်ဆရာတော်အဖြစ်နီခဖူးရေ ရခိုင်မြီဖွားဆရာတော် ဘဒ္ဒန ္တအရိယာဝံသဆိုရေ ရန်ကုန်မြို့၊ မင်္ဂလသုခပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော်နဲ့ တွေ့ဆုံခွင့်ရစွာပါ။ ယင်းနောက်မှာ အဆိုပါ ဆရာတော်၏ ဦးဆောင်မှုနဲ့အတူ အရိယာသံဃာတော်တိနဲ့ တချို့ပုဂ္ဂိုလ်တိနဲ့ ပဇရာဇဝင်အဖြစ်ရှိခရေ မဟီရာနီလို့ခေါ်ရေ မအီချောင်း တလျှောက်လာရောက်ရှာဖွေကတ်တေခါ အောက်စက်တော်ရာကို ကနဦးတွိရှိခကတ်တေလို့ ဆိုပါရေ။
ဦးမှိုင်းက “ရန်ကုန်မြို့၊ ကျောက်မြောင်းက စာပုံနှိပ်တိုက်ပိုင်ရှင် ဦးစိုးလှိုင်က သူ့စာပုံနှိပ်တိုက်ကို စာမူမျိုးစုံလာရိုက်ကတ် တေအခါ ဒေမဟီရာနဒီခေါ် မအီချောင်းမှာ ပါဒစက်တော်ရာ အစုံရှိရေဆိုစွာကိုတွိရရေ။ ဆိုခါ ရခိုင်ဆရာတော်တစ်ပါးနဲ့တွေ့ချင်ရေဆိုပြီး မီးမြန်းစုံစမ်းရေအခါမှာ ရန်ကုန်မြို့ မင်္ဂလသုခပါဠိတက္ကသိုလ်ကျောင်းတိုက်ဖြစ်နီဗျာလ် အခုဆိုလို့ရှိကေ။ အရင်ကဆိုရင် နည်းနည်းချေပေါ့။ အခုဆိုကေ ကောင်းကောင်းတိုးတက်လားယာ။ ယင်းကျောင်းမှာ မူလကျောင်းထိုင်ဆရာတော်ကြီး ဦးကေသာရ နောက်ပိုင်းမှာ ဆရာတော် အရိယာဝံသရေ ဇာတိကတော့ မာန်အောင်သား။ မအီရွာ (ယင်းခါက) သိမ်တောင်ကျောင်းမှာ ကျောင်းထိုင်ခရေ ဆရာတော်တစ်ပါးဖြစ်တေ။ ဦးစိုးလှိုင်က ယင်းဆရာတော်ကို လားလျှောက်တေ။ ဆိုခါ ဆရာတော်ကြီးက မဟီရာနဒီဆိုစွာ မအီချောင်း။ ဘုန်းကြီးကျောင်းထိုင်ခရေ ရွာနဲ့နီးစပ်တေဆိုပြီးကေ အရေးအကြီး။ အမှန်ရာ စာမူအရဆိုလို့ရှိကေ တွိလောက်တေဆိုပြီးကေ ၁၃၂၉ ခုနှစ်မှာ ရဟန်းပုဂ္ဂိုလ်အားလုံးစုစုပေါင်း ၂၀ ကျော်လောက်နဲ့ ဆရာတော် ဦးအရိယာဝံသခေါင်းဆောင်ပြီးကေ ဒေမဟီရာနဒီခေါ် မအီချောင်း၊ အခု ငါ့တူရို့ထိုင်နီရေ သေဠာဂီရိကျောက်ဆောင်ထက်မှာ ၁၃၂၉ ခုနှစ်မှာ စတင်တွိ့ရေ။”လို့ ပြောပြပါရေ။
စာမူအရရှာဖွေရေအခါမှာ အောက်စက်တော်ရာကို လွယ်လင့်တကူတွိရှိခကေလေ့ အထက်စက်တော်ရာကိုတော့ ရက်ပေါင်း ၁၀ ကျော်ကြာဆက်တိုက်ရှာဖွေခလို့တောင် မတွိရှိခကတ်ပါ။ ယေတွက်နန့် ဆရာတော်နဲ့တကွ ပါရှိလာရေ အရိယာသံဃာတော်တိ၊ လူပုဂ္ဂိုလ်တိက ပြန်ဖို့ပြင်ကတ်တေခါ ဇာပိုင်တွိရှိခကတ်တေဆိုရေအကြောင်းကိုလေ့ ဦးမှိုင်းက ပြောပြပါရေ။
“အောက်စက်တော်ရာကိုတွိပြီးရေ နောက်ပိုင်းမှာ အထက်စက်တော်ရာကို ရက်ပေါင်း ၁၀ ကျော်လောက် လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်တိစုပြီးကေ ဒေရိုးထဲမှာ ရှာနီခကတ်တေ။ သစ်တိ၊ ကျားတိ၊ ဆင်တိကရာပေါပါရေနဲ့။ တစ်ခါတည်း။ ယင်းအထဲမှာ ပါဒစက်တော်ရာအစုံကို မတွိ၊ တွိအောင်ရှာကတ်တေ။ အခုမြင်ရရေတောင် နာဠာဂိရိတောင်။ ယင်းတောင်တန်းထဲကို ရောက်တေအချိန်မှာမရယာ။ နောက်ပါဒစက်တော်ရာတစ်ဆူကိုမတွိယာဆိုပြီးကေ ပြန်ဖို့လုပ်ကတ်ယာ။ ဦးလှည့်လာကတ်ယာ။ ယင်းအချိန်မှာ သူရို့ရှိက ဆပ်ဖားကြီးတစ်ကောင်ရေတန်းပြီးကေပြီးရေ။ ယင်းဆပ်ဖားကြီးနောက်ကလိုက်ရဖို့ဆိုပြီးကေ သူ့ခြေရာအတိုင်းလိုက်ကတ်တေအချိန်မှာ ယင်းမာ ကျောက်ဆောင်ကြီးရှိရေ။ ယင်းကျောက်ဆောင်ကြီးအထက်မှာ ဝဲပါဒစက်တော်ရာကို တွိရရေ။ ယင်းတုန်းကဆိုလို့ရှိကေ ဝါးတိ၊ သစ်တိ၊ ချောင်းတိက ကကောင်းပေါစွာကိုး။ ကျောက်ဆောင်ကြီးက ဟိုင်းလို့။ တောတိ၊ ဘာ တိခုတ်ထွင်ရှင်းလင်းပြီးကေမ ကျောက်ပုံထက်မှာ လက်ဝဲပါဒစက်တော်ရာကို တွိရရေ။ ယင်းနောက်ပိုင်းမာမှ သံဃာတိကို ပင့်ဖိတ်ပြီး ကေ ဖွင့်ပွဲတိ၊ ဘာတိလုပ်ပြီးကေ ကျင်းပခရေ။”
တွိရှိချိန်မှာ ဆရာတော်ရေ ဖွင့်ပွဲတိပြုလုပ်ပနာ ပူဇော်ခကတ်တေလို့ ဆိုပါရေ။ ၂၀၀၇-၁၀၀၈ ခုနှစ်မှာတော့ မြောက်ဦးဆရာတော် ဝနဝါသီ အရှင်ဝါယာမိန္ဒက သားရဲတိရစ္ဆာန်ပေါများပြီးကေ ထူထပ်လှရေ တောဂနိုင်ကြီးထဲမှာ တည်ရှိရေ အဆိုပါစက်တော်ရာအစုံကို ဖူးမျှော်လိုသူတိ လွယ်လင့်တကူလားလာနိုင်အောင် တော၊ တောင်တိကို ဖောက်ဗျာလ် လမ်းတိဖောက်လုပ်၊ အဆောက်အဦးတိေ ဆာက်လုပ်ခရေလို့ ဆိုပါရေ။
ယင်းအချိန်ကနီစတင်ပြီးကေ နတ်တော်လပြည့်ရောက်တိုင်းမာ အဆိုပါစက်တော်ရာတည်ရှိရေ မဟီရာနဒီဒေသမှာ ပွဲတော်ကျင်းပ နီခစွာ ၁၀ စုနှစ်တစ်ခုကျော်တည်ရှိနီပါဗျာလ်။
“(မြောက်ဦးဆရာတော်ဝါယာမိန္ဒက)ဆရာတော်ဆိုက ကမ္ဘာ့သာသနာပြုဆရာတော်ဖြစ်တေ။ မအီမြို့မသား။ သူက ၂၀၀၇-၂၀၀၈ လောက်ကနီ ဘုရားသာသနိက အဆောက်အဦးတိ၊ လမ်းတိစပြီးကေ လုပ်ခရေ။ ဗိုလ်ချုပ်သာမွေးရဲ့လမ်းညွှန်ချက်တိနဲ့ ရန်ကုန်ပြည်ထဲကအစ သံတွဲ၊ ငပလီ၊ ရခိုင်ပြည်အနှ့ံအပြားကလာပြီးကေ ဘုရားဖူးကတ်တေအချိန်မှာ အဆောက်အဦးတိ ဆောက်ကတ်တေ။ ပြည်နယ်ထွေအုပ်ကလေ့ ဓမ္မာရုံကြီးတစ်ရုံလာပြီးကေ ဆောက်ပီးရေ။”
လက်ရှိအချိန်မှာတော့ကေ ဗုဒ္ဓဘုရားရှင်ရဲ့စက်တော်ရာအစုံကိန်းဝပ်ရာနီရာကို ဒေသခံတိ၊ ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံတဝှမ်းလုံးက ဖုရားဖူးတိတောင်မက ဗုဒ္ဓသာသနာထွန်းကားရေအနောက်နိုင်ငံတိကပါ လာရောက်ဖူးမျှော်လို့ နီကတ်ပါဗျာလ်။ ယကေလေ့ လမ်းခရီးက ထင်သလောက်မချောမွိသိမ့်လို့ ခရီးသည်တိအနီနဲ့ ပွင့်လင်းရာသီတိမာရာ လားလာနိုင်ဖို့ဖြစ်ပါရေ။
ဂေါပကအဖွဲ့အနီနဲ့လေ့ ဘုရား၏ ဝေယျာဝစ္စတိကိုပါ တတ်နိုင်သလောက်လုပ်ဆောင်နီရေပိုင် တတ်နိုင်သူတိအနေနဲ့လေ့ တစ်ဖက်တစ်လမ်းက ကူညီပီးကတ်မှရာ နှစ်ပေါင်းကြာရှည်အောင်ပျောက်ကွယ်နီခရေ ကမ္ဘာတစ်ဝှမ်းလုံးမှာ သမိုင်းဝင်စက်တော်ရာအစုံလိုက်ကိန်းဝပ်ရာ တစ်ခုတည်းသောနီရာဖြစ်တေ မဟီရာနဒီဒေသမှာ သာသနာတည်တံ့၊ ခိုင်မြဲအောင်ဆောင်ရွက်နိုင်ဖို့ ဖြစ်ပါရေ။
598 total views, 1 views today