(Zawgyi Version)

ထူး၊ ႐ိုးမေရဒီယိုမဂၢဇင္း

ဗုဒၶဘုရားရွင္ကိုယ္ေတာ္ျမတ္ဟာ ပရိနိဗၺာန္စံသြားခဲ့ၿပီးတဲ့ေနာက္ သက္ေတာ္ထင္ရွား ရွိခဲ့စဥ္ကလို လူ၊ နတ္၊ ျဗဟၼာ၊ သတၱဝါအေပါင္းတို႔ အက်ိဳးမ်ားဖူးေမွ်ာ္ႏိုင္ၿပီး သာသနာ ၅၀၀၀ တည္ၿမဲေစဖို႔အတြက္ မိမိရဲ႕ကိုယ္စား ဓာတ္ေတာ္၊ ေမြေတာ္၊ နံေတာ္၊ အံေတာ္၊ ဆံေတာ္နဲ႔ ေျခ ရာေတာ္ရာေပါင္းမ်ားစြာကို ေနရာအႏွံ႔မွာခ်န္ထားရစ္ေတာ္မူခဲ့ပါတယ္။

အဲဒီထဲကေျခေတာ္ရာေတြအေၾကာင္းကို ေလ့လာရမယ္ဆိုရင္ေတာ့ ကမၻာေပၚမွာ ေျခေတာ္ရာေပါင္း ၁၂ ဆူရွိတယ္လို႔ သမိုင္းမွတ္တမ္း တခ်ိဳ႕အရ သိရပါတယ္။ အဲဒီအနက္ ရခိုင္ျပည္နယ္မွာ ပါဒေျခေတာ္ရာေပါင္း ၄ ဆူကိန္းဝပ္လွ်က္ရွိၿပီး ရခိုင္ျပည္နယ္ ေတာင္ကုတ္ၿမိဳ႕န ယ္ေျမာက္ဖက္ အမ္း႐ိုးမေတာနက္ႀကီးထဲမွာတည္ရွိတဲ့ လက္ဝဲ၊ လက္ယာပါဒစက္ေတာ္ရာဟာဆိုရင္  အစုံလုိက္ကိန္းဝပ္တည္ရွိရာေနရာ လည္းျဖစ္လို႔ ထူးျခားပါတယ္။

“ေျခေတာ္ရာက လက္ဝဲ၊ လက္ယာအစုံရွိတယ္။ ဒီမအီေခ်ာင္းလက္ဝဲ၊ လက္ယာပါဒစက္ေတာ္ရာဆိုတာဟာ ‘ဇမၺဴမွာေဒြး၊ ယာမွာဧ’ ဆို တာ ဒီမအီေခ်ာင္းမွာရွိတာ။ ပါဒစက္ေတာ္ရာႏွစ္ေနရာေလ။ လက္ဝဲတစ္ခု၊ လက္ယာတစ္ခု။”လို႔ မအီစက္ေတာ္ရာေဂါပကအဖြဲ႔၊ အတြင္း ေရးမွဴး ဦးမိႈင္းက ေျပာပါတယ္။

မဟာသကၠရာဇ္ ၁၂၃ ခု၊ ဘီစီ ၅၅၄ မွာ ဘုရားရွင္ကိုယ္ေတာ္ျမတ္ဟာ ရဟႏၱာအပါး ၅၀၀ နဲ႔ အတူ ဓညဝတီေခတ္ ရခိုင္ျပည္ကို ေဒသစာ ရီၾကြခ်ီေတာ္မူခဲ့ပါတယ္။ အဲဒီကာလဟာ ရခိုင္ျပည္ကို စႏၵသူရိယမင္းအုပ္စိုးတဲ့ ကာလလည္း ျဖစ္ပါတယ္။ ဘုရားရွင္ ရခိုင္ျပည္ကိုေရာက္ ရွိခ်ိန္မွာေတာ့ အဆိုပါဘုရင္မင္းက ဗုဒၶဘုရားရွင္ရဲ႕ကိုယ္စား ဓာတ္ေတာ္၊ ေမြေတာ္တစ္ခုခု ခ်န္ထားရစ္ခဲ့ဖို႔ ေလွ်ာက္ထားေတာင္းပန္ခံခဲ့ ပါတယ္။ ဘုရားရွင္ကလည္း မိမိရဲ႕ရင္ေငြ႔ေတာ္ခုနစ္အုပ္ကိုသြင္းကာ မဟာျမတ္မုနိဗုဒၶ႐ုပ္ပြားေတာ္ကို သြန္းလုပ္ေစခဲ့ၿပီး မင္းနဲ႔ကတြ ျပ ည္သူေတြကို တရားေဟာၾကားေတာ္မူခဲ့ပါတယ္။

ဘုရားရွင္ဟာ ပါရွိလာတဲ့ ရဟႏာၱအေပါင္းအပါတို႔နဲ႔အတူ ဆက္လက္ၾကြခ်ီလာခဲ့ရာ ေတာင္စဥ္ခုနစ္ခ႐ိုင္ကိုျဖတ္ၿပီးေနာက္  ရခိုင္ျပည္က အျမင့္ဆုံးျဖစ္တဲ့ စြန္ေတာင္အရပ္ကို ေရာက္ရွိခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ ဘုရားရွင္ရဲ႕ လက္ယာေတာ္ရံ ရွင္သာရိပုတၱရာက ဘုရားရွင္ ယခင္ ဘဝက ျဖစ္ေတာ္ေပါင္းေတြကို ေဟာၾကားေတာ္မူဖို႔ ေလွ်ာက္ထားရာ ဘုရားရွင္က အဆိုပါေတာင္ေျခရင္း မဟီရာနဒီ ျမစ္ကမ္းေဘးမွာ ( လက္ရွိမအီျမစ္) ၿမိဳ႕ငယ္တစ္ခုတည္ကာ မဟီ(မအီ)လို႔ အမည္တြင္ေစၿပီး အဲဒီေဒသမွာ ဓာတ္ေတာ္၊ ေမြေတာ္ေတြကိန္းဝပ္မယ္လို႔ ဗ်ာဒိ တ္ေပးေတာ္မူခဲ့တာလို႔ မအီစက္ေတာ္ရာေဂါပကအဖြဲ႔က ေျပာျပပါတယ္။

အတြင္းေရးမွဴးတာဝန္ယူထားတဲ့ ဦးမိႈင္းက “တတိယဓညဝတီေခတ္မွာ စႏၵာသူရိယဘုရင္မင္းအုပ္စိုးစဥ္ကာလက ဘုရားရွင္က ရာဇၿဂိဳဟ္ ျပည္၊ ေဝဠဳဝန္ေက်ာင္းမွာ သီတင္းသုံးေနတုန္း။ ဗုဒၶဘုရားရွင္ဝါေတာ္ ၂၀ မွာ ဓညဝတီကို ၾကြလာတုန္း မဟာမုနိဘုရားကို ကဆုန္လျပ ည့္ေက်ာ္ ၁ ရက္ေန႔မွာ ၿပီးစီးတဲ့ေနာက္ပိုင္းမွာ မင္းနဲ႔တကြ ျပည္သူေတြကို တရားရဲ႕အျမစ္ေစးကို တုိက္ေကြ်းၿပီးတဲ့ ေနာက္ပိုင္းမွာ မဟီရာ နဒီေဒသကို ၾကြလာခဲ့တယ္။” ေျပာပါတယ္။

တစ္ဆက္တည္းမွာပဲ ဘုရားရွင္ကိုယ္ေတာ္ျမတ္ဟာ မအီေခ်ာင္းဖ်ားက နာဠာဂီရိေတာင္ေတာ္သို႔ ၾကြခ်ီၿပီး ႀတိေသဠအမည္ရွိတဲ့ ေက်ာက္ ေဆာင္ေပၚမွာ ယခင္ဆင္မင္းဘဝျဖစ္ခဲ့စဥ္က ညီေတာ္စပ္ခဲ့ဖူးသူ အညာေတာင္ရြာသား မုဆိုၾကီး ဦးစံလွကို တရားေဟာၾကားေတာ္မူရာ မုဆိုးႀကီးလည္း သတိသံေဝဂဝင္ၿပီး အကြ်တ္တရားရခဲ့ပါတယ္။ အဲဒီေနာက္ မုဆိုးႀကီးရဲ႕ ေတာင္းဆိုမႈေၾကာင့္ ဗုဒၶဘုရားရွင္ကိုယ္ေတာ္ ျမတ္ဟာ ဝဲ၊ ယာပါဒစက္ေတာ္ရာတစ္စုံကို အဲဒီေဒသမွာပဲ ခ်န္ထားခဲ့တာ ျဖစ္ပါတယ္။

နာဠာဂီရိေတာင္ေပၚက ႀတိေသဠေက်ာက္ေဆာင္ေပၚမွာကိန္းဝပ္တဲ့ စက္ေတာ္ရာကို လက္ဝဲပါဒစက္ေတာ္ရာ တနည္းအားျဖင့္ အထက္ စက္ေတာ္ ရာလို႔လည္းေကာင္း၊ မဏိေသလေက်ာက္ေဆာင္ေပၚမွာ ကိန္းဝပ္တဲ့ စက္ေတာ္ရာကိုမူ လက္ယာပါဒစက္ေတာ္ရာ၊ တနည္း အားျဖင့္ ေအာက္စက္ေတာ ္ရာလို႔လည္းေကာင္း သိရွိၾကပါတယ္။

“အညာေတာင္ဆိုတာ ဒီကေန ၆ မိုင္ေလာက္ေဝးတယ္။ အဲဒီရြာက (ဘုရားရွင္ဟာ) မုဆိုးဦးစံလွရဲ႕ မိတ္ေဆြျဖစ္ဖူးခဲ့တယ္။ ဆိုၿပီးေတာ့ ဗုဒၶဘုရားရွင္ဟာ ရခိုင္ျပည္မွာ အျမင့္ဆုံးျဖစ္တဲ့ စြန္ေတာင္လို႔လည္း ေခၚတယ္။ ျမင္းကုေဋေတာင္လို႔လည္း ေခၚတယ္။ အဲဒီအျမင့္ဆုံး ေတာင္ကို ေရာက္တဲ့ အခ်ိန္မွာ မုဆိုးဦးစံလွနဲ႔ ေတြ႔တယ္။ သူတို႔ဟာ အရင္က မိတ္ေဆြ တစစ္ျဖစ္ဖူးခဲ့ၾကတယ္။ ဘုရားရွင္ေရာက္လာတဲ့ အခ်ိန္မွာ မုဆိုးႀကီး ဦးစံလွဟာ သူ႔နယ္ေျမထဲက သူ႔အေၾကာင္းတရားနဲ႔သူ ကြ်တ္တန္းဝင္ဖို႔ကိန္းဆိုက္လာတာပေလ။ မုဆိုးဦးစံလွဟာ ဘုရားရွင္ကို တိုက္ ႐ိုက္မျမင္ဘူး။ မုဆိုးဦးစံလွကို ဘုရားရွင္က ျမင္တယ္။ သူလာတဲ့လမ္းတေလွ်ာက္မွာ ညအခ်ိန္သန္းေခါင္ယံလိုျဖစ္ သြားတယ္။ ေနာက္ ၿပီးမွ လင္းလို႔ေရာင္ျခည္ေတာ္ကြန္႔ျမဴးလိုက္တဲ့ အခ်ိန္ခါမွာ ဘုရားရွင္ကို မုဆိုးဦးစံလွက ဖူးေမွ်ာ္ရတယ္။ အဲဒီအ ခ်ိန္မွာမွသာလွ်င္ မုဆိုးဦး စံလွကို တရားရဲ႕အျမစ္ေစးတိုက္ေကြ်းၿပီးေတာ့ အရွင္ဘုရား ဒီကၾကြသြားတဲ့အခ်ိန္မွာ ပါဒစကၠေျခေတာ္ရာ အစုံခ်ေပးခဲ့ပါလို႔ေတာင္းပန္တဲ့ အတြက္ေၾကာင့္ မုဆိုးဦးစံလွကို အေၾကာင္းျပဳလို႔ ဒီကေျခေတာ္ရာအစုံကို ခ်ေပးခဲ့တာ။ ဗုဒၶဘုရားရွင္က ဒီကမွတစ္ဆင့္ ဒြာရာဝတီကို ၾကြ သြားတယ္။ ဒြာရာဝတီက တစ္ဆင့္ ဗမာျပည္ဖိုးဦးေတာင္၊ ေနာက္ၿပီးမွ ရဟႏၵာ ၅၀၀ နဲ႔ အေနာက္မဇၥ်ိမ ကိုျပန္ၾကြတယ္လို႔ ရာဇဝင္အရ သိရွိရတယ္။”လို႔ ဦးမိႈင္းက ဆက္ေျပာျပပါတယ္။

ဘုရားရွင္က အဆိုပါဝဲယာပါဒစက္ေတာ္ရာအစုံကို ခ်န္ထားခဲ့ၿပီးေနာက္ပိုင္း ဒြာရာဝတီကို ဆက္လက္ၾကြခ်ီေတာ္မူသြားခဲ့ခ်ိန္မွာ အကြ်တ္ တရားရၿပီး က်န္ရွိခဲ့တဲ့ ဦးစံလွကေတာ့ သူ႔ကိုအေၾကာင္းျပဳၿပီး ခ်န္ထားခဲ့တဲ့ အဆိုပါ ဗုဒၶရဲ႕ေျခေတာ္ရာကို ခုႏွစ္ရက္တိုင္တိုင္ဖူးေမွ်ာ္ပူေဇာ္ ၿပီးမွ ျပန္သြားခဲ့ပါတယ္။ ရြာကိုေရာက္ရွိသြားခ်ိန္မွာ မင္းနဲ႔တကြျပည္သူေတြကို အေၾကာင္းစုံေျပာျပခဲ့လို႔  အဆိုပါ ေျခေတာ္ရာရွိရာကို သိရွိ သြားၾကၿပီး အဲဒီေနရာကိုလာေရာက္ကာ တရားဘာဝနာမွတ္႐ႈလို႔ ေနၾကကုန္ပါတယ္။

ဒီလိုနဲ႔ ရခိုင္ျပည္နယ္မွာ ေခတ္အဆက္ဆက္ထြန္းကားခဲ့တဲ့ ဓညဝတီ၊ ေဝသာလီ၊ ေလးၿမိဳ႕ကေန ေျမာက္ဦးေခတ္တိုင္ေအာင္ ထင္ထင္ ရွားရွား ဖူးေမွ်ာ္ပူေဇာ္ခဲ့ၾကကုန္ၿပီးေနာက္မွာေတာ့ တစ္ဖန္ျပန္လည္ ေမ့ေလ်ာ့ေမွးမွိန္သြားခဲ့ပါတယ္။ ၁၉ ရာစုကိုေရာက္ရွိခ်ိန္မွာေတာ့ န တ္ကိုးကြယ္သူေတြက အဆိုပါေျခေတာ္ရာအစုံေတြ႔ရွိသြားၿပီး မွားယြင္းတဲ့ ယစ္ပူေဇာ္ပသမႈေတြ ျပဳလုပ္ခဲ့ၾကလို႔ တစ္ရြာလုံးေဘးကပ္ဆို က္ၿပီး ေသဆုံးသြားၾကရေၾကာင္းလည္း ပါးစပ္ရာဇဝင္ေတြမွာသာမက သမိုင္းမွတ္တမ္းတခ်ိဳ႕မွာလည္း ေတြ႔ရွိရပါတယ္။

အဆိုပါေျခေတာ္ရာအစုံဟာ ေနာက္တစ္ဖန္တိမ္ျမဳပ္ေပ်ာက္ကြယ္သြားျပန္ရာ ျမန္မာသကၠရာဇ္ ၁၃၂၉ ခုႏွစ္မွာ ရန္ကုန္ၿမိဳ႕က စာေပပုံႏွိပ္ တိုက္လုပ္ငန္းကိုလုပ္ကိုင္ေနတဲ့  ဦးစိုးလိႈင္ဆိုသူဟာ အမ်ိဳးမ်ိဳးေသာစာမူေတြကို လက္ခံ႐ိုက္ႏွိပ္လွ်က္ရွိေနရာ တစ္ေန႔မွာ သူ႔ဆီကိုလာႏွိ ပ္တဲ့ ေျခေတာ္ရာသမိုင္းအေၾကာင္းေတြထဲမွာ အဆိုပါစက္ေတာ္ရာအေၾကာင္းလည္းပါဝင္တာေၾကာင့္ ရခိုင္ဆရာေတာ္တစ္ပါပါးနဲ႔ ေတြ႔ ဆုံဖို႔ ႀကိဳးပမ္းခဲ့ပါေတာ့တယ္။ 

ေနာက္ဆုံးမွာေတာ့ သူဟာ မအီမွာေက်ာင္းထိုင္ဆရာေတာ္အျဖစ္ေနခဲ့ဖူးတဲ့ ရခိုင္ေျမဖြားဆရာေတာ္ ဘဒၵႏ ၱအရိယာဝံသဆိုတဲ့ ရန္ကုန္ ၿမိဳ႕၊ မဂၤလသုခပါဠိတကၠသိုလ္ေက်ာင္းတိုက္ ဆရာေတာ္နဲ႔ ေတ႔ြဆုံခြင့္ရခဲ့တာပါ။ အဲဒီေနာက္မွာ အဆိုပါ ဆရာေတာ္ရဲ႕ဦးေဆာင္မႈနဲ႔အတူ အရိယာသံဃာေတာ္ေတြနဲ႔ တခ်ိဳ႕ပုဂၢိဳလ္ေတြနဲ႔ ပါးစပ္ရာဇဝင္အျဖစ္ရွိခဲ့တဲ့ မဟီရာနီလို႔ေခၚတဲ့ မအီေခ်ာင္းတစ္ေလွ်ာက္လာေရာက္ရွာေဖြ ၾကရာ ေအာက္စက္ေတာ္ရာကို ကနဦးေတြ႔ရွိခဲ့တယ္လို႔ ဆိုပါတယ္။

ဦးမိႈင္းက “ရန္ကုန္ၿမိဳ႕၊ ေက်ာက္ေျမာင္းက စာပုံႏွိပ္တိုက္ပိုင္ရွင္ ဦးစိုးလိႈင္က သူ႔စာပုံႏွိပ္တိုက္ကို စာမူမ်ိဳးစုံလာ႐ိုက္ၾကတဲ့အခါ ဒီမဟီရာန ဒီေခၚ မအီေခ်ာင္းမွာ ပါဒစက္ေတာ္ရာ အစုံရွိတယ္ဆိုတာကိုေတြ႔ရတယ္။ ဆိုေတာ့ ရခိုင္ဆရာေတာ္တစ္ပါးနဲ႔ေတြ႔ခ်င္တယ္ဆိုၿပီး ေမးျမန္း စုံစမ္းတ့ဲအခါမွာ ရန္ကုန္ၿမိဳ႕ မဂၤလသုခပါဠိတကၠသိုလ္ေက်ာင္းတိုက္ျဖစ္ေနၿပီ အခုဆိုလို႔ရွိရင္။ အရင္ကဆိုရင္ နည္းနည္းေလးေပါ့။ အခု ဆိုရင္ အေတာ္ေလးကိုတိုးတက္သြားၿပီ။ အဲဒီေက်ာင္းမွာ မူလေက်ာင္းထိုင္ဆရာေတာ္ႀကီး ဦးေကသာရေနာက္ပိုင္းမွာ ဆရာေတာ္ အရိ ယာဝံသဆိုတာ ဇာတိကေတာ့ မာန္ေအာင္သား။ မအီရြာ (အဲဒီတုန္းက) သိမ္ေတာင္ေက်ာင္းမွာ ေက်ာင္းထိုင္ခဲ့တဲ့ ဆရာေတာ္တစ္ပါးျဖစ္ တယ္။ ဦးစိုးလိႈင္က အဲဒီဆရာေတာ္ကို သြားေလွ်ာက္တယ္။ ဆိုေတာ့ ဆရာေတာ္ႀကီးက မဟီရာနဒီဆိုတာ မအီေခ်ာင္းပဲ။ ဘုန္းႀကီး ေက်ာင္းထိုင္ခဲ့တဲ့ ရြာနဲ႔နီးစပ္တယ္ဆိုၿပီးေတာ့ အေရးအႀကီးဘူး။ အမွန္သာ စာမူအရဆို လို႔ရွိရင္ ေတြ႔ေလာက္တယ္ဆိုၿပီးေတာ့ ၁၃၂၉ ခုႏွစ္မွာ ရဟန္းပုဂၢိဳလ္အားလုံးစုစုေပါင္း ၂၀ ေက်ာ္ေလာက္နဲ႔ ဆရာေတာ္ ဦးအရိယာဝံသေခါင္းေဆာင္ၿပီးေတာ့ ဒီမဟီရာနဒီေခၚ မအီ ေခ်ာင္း၊ အခု ငါ့တူတို႔ထိုင္ေနတဲ့ ေသဠာဂီရိေက်ာက္ေဆာင္ထက္မွာ ၁၃၂၉ ခုႏွစ္မွာ စတင္ေတြ႔တယ္။”လို႔ ေျပာျပပါတယ္။

စာမူအရရွာေဖြတဲ့အခါမွာ ေအာက္စက္ေတာ္ရာကို လြယ္လင့္တကူေတြ႔ရွိေပမယ့္ အထက္စက္ေတာ္ရာကိုေတာ့ ရက္ေပါင္း ၁၀ ေက်ာ္ၾက ာဆက္တိုက္ရွာေဖြခဲ့လို႔ေတာင္ မေတြ႔ရွိခဲ့ၾကပါဘူး။ ဒါေၾကာင့္ ဆရာေတာ္နဲ႔တကြ ပါရွိလာတဲ့ အရိယာသံဃာေတာ္ေတြ၊ လူပုဂၢိဳလ္ေတြက ျပန္မယ္ျပဳၾကတဲ့အခါ ဘယ္လိုေတြ႔ရွိခဲ့ၾကတယ္ဆိုတဲ့အေၾကာင္းကိုလည္း ဦးမိႈင္းက ေျပာျပပါတယ္။

“ေအာက္စက္ေတာ္ရာကိုေတြ႔ၿပီးတဲ့ ေနာက္ပိုင္းမွာ အေပၚစက္ေတာ္ရာကို ရက္ေပါင္း ၁၀ ေက်ာ္ေလာက္ လူပုဂၢဳိလ္၊ ရဟန္းပုဂၢိဳလ္ေတြ စု ၿပီးေတာ့ ဒီ႐ိုးထဲမွာ ရွာေနခဲ့ၾကတယ္။ သစ္ေတြ၊ က်ားေတြ၊ ဆင္ေတြကေပါပါဘိနဲ႔ အဲဒီထဲမွာ ပါဒစက္ေတာ္ရာအစုံကို မေတြ႔၊ ေတြ႔ေအာင္ ရွာၾကတယ္။ အခုျမင္ရတဲ့ေတာင္ နာဠာဂိရိေတာင္။ အဲဒီေတာင္တန္းထဲကို ေရာက္တဲ့အခ်ိန္မွာမရေတာ့ဘူး။ ေနာက္ပါဒစက္ေတာ္ရာတစ္ ဆူကိုမေတ႔ြေတာ့ဘူးဆိုၿပီး ျပန္ၾကဖို႔လုပ္ၿပီ။ ဦးလွည့္လာၾကၿပီ။ အဲဒီအခ်ိန္မွာ သူတို႔ေရွ႕က ဆပ္ဖားႀကီးတစ္ေကာင္ဟာတန္းၿပီးေတာ့ေျပး တယ္။ အဲဒီဆပ္ဖားႀကီးေနာက္ကလိုက္ရမယ္ဆိုၿပီးေတာ့ သူ႔ေျခရာအတိုင္းလိုက္ၾကတဲ့အခ်ိန္မွာ အဲဒီမွာ ေက်ာက္ေဆာင္ႀကီးရွိတယ္။ အဲ ဒီေက်ာက္ေဆာင္ႀကီးအေပၚမွာ ဝဲပါဒစက္ေတာ္ရာကို ေတ႔ြရတယ္။ အဲဒီတုန္းကဆုိလို႔ရွိရင္ ဝါးေတြ၊ သစ္ေတြ၊ ေခ်ာင္းေတြကအင္မတန္ ေပါတာကိုး။ ေက်ာက္ေဆာင္ႀကီးဟာဟိုင္းလုိ႔။ ေတာေတြ၊ ဘာေတြကို ခုတ္ထြင္ရွင္းလင္းၿပီးမွ ေက်ာက္ပုံေပၚမွာ လက္ဝဲပါဒစက္ေတာ္ရာ ကို ေတြ႔ရတယ္။ အဲဒီေနာက္ပိုင္းမွာမွ သံဃာေတြကို ပင့္ဖိတ္ၿပီး ဖြင့္ပြဲေတြ၊ ဘာေတြလုပ္ၿပီး က်င္းပခဲ့တယ္။”

ေတြ႔ရွိခ်ိန္မွာေတာ့ ဆရာေတာ္ဟာ ဖြင့္ပြဲေတြျပဳလုပ္ကာ ပူေဇာ္ခဲ့ၾကတယ္လို႔ ဆိုပါတယ္။ ၂၀၀၇-၁၀၀၈ ခုႏွစ္မွာေတာ့ ေျမာက္ဦးဆရာ ေ တာ္ ဝနဝါသီ အရွင္ဝါယာမိႏၵက သားရဲတိရစာၦန္ေပါမ်ားလွၿပီး ထူထပ္လွတဲ့ ေတာဂႏိုင္ႀကီးထဲမွာ တည္ရွိတဲ့ အဆိုပါစက္ေတာ္ရာအစုံကို ဖူးေမွ်ာ္လိုသူေတြ လြယ္လင့္တကြယ္သြားလာႏိုင္ေအာင္ ေတာ၊ ေတာင္ေတြ၊ ေဖာက္ကာ လမ္းေတြေဖာက္လုပ္၊ အေဆာက္အဦးေတြ ေ ဆာက္လုပ္ခဲ့တယ္လို႔ ဆိုပါတယ္။

အဲဒီအခ်ိန္ကတည္းကစတင္ၿပီး နတ္ေတာ္လျပည့္ေရာက္တိုင္း အဆိုပါစက္ေတာ္ရာတည္ရွိရာ မဟီရာနဒီေဒသမွာ ပဲြေတြေတာ္က်င္းပ ေနခဲ့တာ ၁၀ စုႏွစ္တစ္ခုေက်ာ္တည္ရွိေနပါၿပီ။

“(ေျမာက္ဦးဆရာေတာ္ဝါယာမိႏၵက)ဆရာေတာ္ဆိုတာဟာ ကမၻာ့သာသနာျပဳဆရာေတာ္ျဖစ္တယ္။ မအီၿမိဳ႕မသား။ သူက ၂၀၀၇-၂၀၀၈ ေလာက္ကေန ဘုရားသာသနိက အေဆာက္အဦးေတြ၊ လမ္းေတြ စၿပီးလုပ္ခဲ့တယ္။ ဗိုလ္ခ်ဳပ္သာေမြးရဲ႕ လမ္းညႊန္ခ်က္ေတြနဲ႔ ရန္ ကုန္ျပည္ထဲကအစ သံတြဲ၊ ငပလီ၊ ရခိုင္ျပည္အႏွ႔ံအျပားကလာၿပီးေတာ့ ဘုရားဖူးၾကတဲ့ အခ်ိန္မွာ အေဆာက္အဦးေတြေဆာက္ၾကတယ္။ ျပည္နယ္ေထြအုပ္ကလည္းပဲ ဓမၼာ႐ုံႀကီးတစ္႐ုံလာၿပီးေတာ့ ေဆာက္ေပးတယ္။”

လက္ရွိအခ်ိန္မွာေတာ့ ဗုဒၶဘုရားရွင္ရဲ႕စက္ေတာ္ရာအစုံကိန္းဝပ္ရာေနရာကို ေဒသခံေတြ၊ ရခိုင္ျပည္နယ္နဲ႔ ျမန္မာႏိုင္ငံတဝွမ္းလုံးက ဖုရား ဖူးေတြသာမက ဗုဒၶသာသနာထြန္းကားတဲ့အေနာက္ႏိုင္ငံေတြကပါ လာေရာက္ဖူးေမွ်ာ္လုိ႔ ေနၾကပါၿပီ။ ဒါေပမယ့္လည္း လမ္းခရီးက ထင္ သေလာက္မေခ်ာေမြ႔ေသးတာေၾကာင့္ ခရီးသည္ေတြအေနနဲ႔ ပြင့္လင္းရာသီေတြမွာသာ သြားလာႏိုင္မွာျဖစ္ပါတယ္။ ေဂါပကအဖြဲ႔ အေနနဲ႔ လည္း ဘုရားရဲ႕ေဝယ်ာဝစၥေတြကိုပါ တတ္ႏုိင္သေလာက္လုပ္ေဆာင္ေနသလို တတ္ႏိုင္သူေတြအေနနဲ႔လည္း တစ္ဖက္တစ္လမ္းက ကူ ညီေပးမွသာလွ်င္ ႏွစ္ေပါင္းၾကာရွည္စြာေပ်ာက္ကြယ္ေနခဲ့တဲ့ ကမၻာတစ္ဝွမ္းလုံးမွာ သမိုင္းဝင္စက္ေတာ္ရာအစုံလိုက္ကိန္းဝပ္ရာ တစ္ခု တည္းေသာေနရာျဖစ္တဲ့ မဟီရာနဒီေဒသမွာ သာသနာတည္တံ့၊ ခိုင္ၿမဲေအာင္ေဆာင္ရြက္ႏိုင္မွာ ျဖစ္ပါတယ္။ 

(Unicode Version)

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဗုဒ္ဓဘုရားရှင်ကိုယ်တော်မြတ်ဟာ ပရိနိဗ္ဗာန်စံသွားခဲ့ပြီးတဲ့နောက် သက်တော်ထင်ရှား ရှိခဲ့စဉ်ကလို လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါအပေါင်းတို့ အကျိုးများဖူးမျှော်နိုင်ပြီး သာသနာ ၅၀၀၀ တည်မြဲစေဖို့အတွက် မိမိရဲ့ကိုယ်စား ဓာတ်တော်၊ မွေတော်၊ နံတော်၊ အံတော်၊ ဆံတော်နဲ့ ခြေ ရာတော်ရာပေါင်းများစွာကို နေရာအနှံ့မှာချန်ထားရစ်တော်မူခဲ့ပါတယ်။

အဲဒီထဲကခြေတော်ရာတွေအကြောင်းကို လေ့လာရမယ်ဆိုရင်တော့ ကမ္ဘာပေါ်မှာ ခြေတော်ရာပေါင်း ၁၂ ဆူရှိတယ်လို့ သမိုင်းမှတ်တမ်း တချို့အရ သိရပါတယ်။ အဲဒီအနက် ရခိုင်ပြည်နယ်မှာ ပါဒခြေတော်ရာပေါင်း ၄ ဆူကိန်းဝပ်လျှက်ရှိပြီး ရခိုင်ပြည်နယ် တောင်ကုတ်မြို့န ယ်မြောက်ဖက် အမ်းရိုးမတောနက်ကြီးထဲမှာတည်ရှိတဲ့ လက်ဝဲ၊ လက်ယာပါဒစက်တော်ရာဟာဆိုရင် အစုံလိုက်ကိန်းဝပ်တည်ရှိရာနေရာ လည်းဖြစ်လို့ ထူးခြားပါတယ်။

“ခြေတော်ရာက လက်ဝဲ၊ လက်ယာအစုံရှိတယ်။ ဒီမအီချောင်းလက်ဝဲ၊ လက်ယာပါဒစက်တော်ရာဆိုတာဟာ ‘ဇမ္ဗူမှာဒွေး၊ ယာမှာဧ’ ဆို တာ ဒီမအီချောင်းမှာရှိတာ။ ပါဒစက်တော်ရာနှစ်နေရာလေ။ လက်ဝဲတစ်ခု၊ လက်ယာတစ်ခု။”လို့ မအီစက်တော်ရာဂေါပကအဖွဲ့၊ အတွင်း ရေးမှူး ဦးမှိုင်းက ပြောပါတယ်။

မဟာသက္ကရာဇ် ၁၂၃ ခု၊ ဘီစီ ၅၅၄ မှာ ဘုရားရှင်ကိုယ်တော်မြတ်ဟာ ရဟန္တာအပါး ၅၀၀ နဲ့ အတူ ဓညဝတီခေတ် ရခိုင်ပြည်ကို ဒေသစာ ရီကြွချီတော်မူခဲ့ပါတယ်။ အဲဒီကာလဟာ ရခိုင်ပြည်ကို စန္ဒသူရိယမင်းအုပ်စိုးတဲ့ ကာလလည်း ဖြစ်ပါတယ်။ ဘုရားရှင် ရခိုင်ပြည်ကိုရောက် ရှိချိန်မှာတော့ အဆိုပါဘုရင်မင်းက ဗုဒ္ဓဘုရားရှင်ရဲ့ကိုယ်စား ဓာတ်တော်၊ မွေတော်တစ်ခုခု ချန်ထားရစ်ခဲ့ဖို့ လျှောက်ထားတောင်းပန်ခံခဲ့ ပါတယ်။ ဘုရားရှင်ကလည်း မိမိရဲ့ရင်ငွေ့တော်ခုနစ်အုပ်ကိုသွင်းကာ မဟာမြတ်မုနိဗုဒ္ဓရုပ်ပွားတော်ကို သွန်းလုပ်စေခဲ့ပြီး မင်းနဲ့ကတွ ပြ ည်သူတွေကို တရားဟောကြားတော်မူခဲ့ပါတယ်။

ဘုရားရှင်ဟာ ပါရှိလာတဲ့ ရဟန္တာအပေါင်းအပါတို့နဲ့အတူ ဆက်လက်ကြွချီလာခဲ့ရာ တောင်စဉ်ခုနစ်ခရိုင်ကိုဖြတ်ပြီးနောက် ရခိုင်ပြည်က အမြင့်ဆုံးဖြစ်တဲ့ စွန်တောင်အရပ်ကို ရောက်ရှိခဲ့ပါတယ်။ အဲဒီအချိန်မှာ ဘုရားရှင်ရဲ့ လက်ယာတော်ရံ ရှင်သာရိပုတ္တရာက ဘုရားရှင် ယခင် ဘဝက ဖြစ်တော်ပေါင်းတွေကို ဟောကြားတော်မူဖို့ လျှောက်ထားရာ ဘုရားရှင်က အဆိုပါတောင်ခြေရင်း မဟီရာနဒီ မြစ်ကမ်းဘေးမှာ ( လက်ရှိမအီမြစ်) မြို့ငယ်တစ်ခုတည်ကာ မဟီ(မအီ)လို့ အမည်တွင်စေပြီး အဲဒီဒေသမှာ ဓာတ်တော်၊ မွေတော်တွေကိန်းဝပ်မယ်လို့ ဗျာဒိ တ်ပေးတော်မူခဲ့တာလို့ မအီစက်တော်ရာဂေါပကအဖွဲ့က ပြောပြပါတယ်။

အတွင်းရေးမှူးတာဝန်ယူထားတဲ့ ဦးမှိုင်းက “တတိယဓညဝတီခေတ်မှာ စန္ဒာသူရိယဘုရင်မင်းအုပ်စိုးစဉ်ကာလက ဘုရားရှင်က ရာဇဂြိုဟ် ပြည်၊ ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးနေတုန်း။ ဗုဒ္ဓဘုရားရှင်ဝါတော် ၂၀ မှာ ဓညဝတီကို ကြွလာတုန်း မဟာမုနိဘုရားကို ကဆုန်လပြ ည့်ကျော် ၁ ရက်နေ့မှာ ပြီးစီးတဲ့နောက်ပိုင်းမှာ မင်းနဲ့တကွ ပြည်သူတွေကို တရားရဲ့အမြစ်စေးကို တိုက်ကျွေးပြီးတဲ့ နောက်ပိုင်းမှာ မဟီရာ နဒီဒေသကို ကြွလာခဲ့တယ်။” ပြောပါတယ်။

တစ်ဆက်တည်းမှာပဲ ဘုရားရှင်ကိုယ်တော်မြတ်ဟာ မအီချောင်းဖျားက နာဠာဂီရိတောင်တော်သို့ ကြွချီပြီး တြိသေဠအမည်ရှိတဲ့ ကျောက် ဆောင်ပေါ်မှာ ယခင်ဆင်မင်းဘဝဖြစ်ခဲ့စဉ်က ညီတော်စပ်ခဲ့ဖူးသူ အညာတောင်ရွာသား မုဆိုကြီး ဦးစံလှကို တရားဟောကြားတော်မူရာ မုဆိုးကြီးလည်း သတိသံဝေဂဝင်ပြီး အကျွတ်တရားရခဲ့ပါတယ်။ အဲဒီနောက် မုဆိုးကြီးရဲ့ တောင်းဆိုမှုကြောင့် ဗုဒ္ဓဘုရားရှင်ကိုယ်တော် မြတ်ဟာ ဝဲ၊ ယာပါဒစက်တော်ရာတစ်စုံကို အဲဒီဒေသမှာပဲ ချန်ထားခဲ့တာ ဖြစ်ပါတယ်။

နာဠာဂီရိတောင်ပေါ်က တြိသေဠကျောက်ဆောင်ပေါ်မှာကိန်းဝပ်တဲ့ စက်တော်ရာကို လက်ဝဲပါဒစက်တော်ရာ တနည်းအားဖြင့် အထက် စက်တော် ရာလို့လည်းကောင်း၊ မဏိသေလကျောက်ဆောင်ပေါ်မှာ ကိန်းဝပ်တဲ့ စက်တော်ရာကိုမူ လက်ယာပါဒစက်တော်ရာ၊ တနည်း အားဖြင့် အောက်စက်တော ်ရာလို့လည်းကောင်း သိရှိကြပါတယ်။

“အညာတောင်ဆိုတာ ဒီကနေ ၆ မိုင်လောက်ဝေးတယ်။ အဲဒီရွာက (ဘုရားရှင်ဟာ) မုဆိုးဦးစံလှရဲ့ မိတ်ဆွေဖြစ်ဖူးခဲ့တယ်။ ဆိုပြီးတော့ ဗုဒ္ဓဘုရားရှင်ဟာ ရခိုင်ပြည်မှာ အမြင့်ဆုံးဖြစ်တဲ့ စွန်တောင်လို့လည်း ခေါ်တယ်။ မြင်းကုဋေတောင်လို့လည်း ခေါ်တယ်။ အဲဒီအမြင့်ဆုံး တောင်ကို ရောက်တဲ့ အချိန်မှာ မုဆိုးဦးစံလှနဲ့ တွေ့တယ်။ သူတို့ဟာ အရင်က မိတ်ဆွေ တစစ်ဖြစ်ဖူးခဲ့ကြတယ်။ ဘုရားရှင်ရောက်လာတဲ့ အချိန်မှာ မုဆိုးကြီး ဦးစံလှဟာ သူ့နယ်မြေထဲက သူ့အကြောင်းတရားနဲ့သူ ကျွတ်တန်းဝင်ဖို့ကိန်းဆိုက်လာတာပလေ။ မုဆိုးဦးစံလှဟာ ဘုရားရှင်ကို တိုက် ရိုက်မမြင်ဘူး။ မုဆိုးဦးစံလှကို ဘုရားရှင်က မြင်တယ်။ သူလာတဲ့လမ်းတလျှောက်မှာ ညအချိန်သန်းခေါင်ယံလိုဖြစ် သွားတယ်။ နောက် ပြီးမှ လင်းလို့ရောင်ခြည်တော်ကွန့်မြူးလိုက်တဲ့ အချိန်ခါမှာ ဘုရားရှင်ကို မုဆိုးဦးစံလှက ဖူးမျှော်ရတယ်။ အဲဒီအ ချိန်မှာမှသာလျှင် မုဆိုးဦး စံလှကို တရားရဲ့အမြစ်စေးတိုက်ကျွေးပြီးတော့ အရှင်ဘုရား ဒီကကြွသွားတဲ့အချိန်မှာ ပါဒစက္ကခြေတော်ရာ အစုံချပေးခဲ့ပါလို့တောင်းပန်တဲ့ အတွက်ကြောင့် မုဆိုးဦးစံလှကို အကြောင်းပြုလို့ ဒီကခြေတော်ရာအစုံကို ချပေးခဲ့တာ။ ဗုဒ္ဓဘုရားရှင်က ဒီကမှတစ်ဆင့် ဒွာရာဝတီကို ကြွ သွားတယ်။ ဒွာရာဝတီက တစ်ဆင့် ဗမာပြည်ဖိုးဦးတောင်၊ နောက်ပြီးမှ ရဟန္ဒာ ၅၀၀ နဲ့ အနောက်မဇ္စျိမ ကိုပြန်ကြွတယ်လို့ ရာဇဝင်အရ သိရှိရတယ်။”လို့ ဦးမှိုင်းက ဆက်ပြောပြပါတယ်။

ဘုရားရှင်က အဆိုပါဝဲယာပါဒစက်တော်ရာအစုံကို ချန်ထားခဲ့ပြီးနောက်ပိုင်း ဒွာရာဝတီကို ဆက်လက်ကြွချီတော်မူသွားခဲ့ချိန်မှာ အကျွတ် တရားရပြီး ကျန်ရှိခဲ့တဲ့ ဦးစံလှကတော့ သူ့ကိုအကြောင်းပြုပြီး ချန်ထားခဲ့တဲ့ အဆိုပါ ဗုဒ္ဓရဲ့ခြေတော်ရာကို ခုနှစ်ရက်တိုင်တိုင်ဖူးမျှော်ပူဇော် ပြီးမှ ပြန်သွားခဲ့ပါတယ်။ ရွာကိုရောက်ရှိသွားချိန်မှာ မင်းနဲ့တကွပြည်သူတွေကို အကြောင်းစုံပြောပြခဲ့လို့ အဆိုပါ ခြေတော်ရာရှိရာကို သိရှိ သွားကြပြီး အဲဒီနေရာကိုလာရောက်ကာ တရားဘာဝနာမှတ်ရှုလို့ နေကြကုန်ပါတယ်။

ဒီလိုနဲ့ ရခိုင်ပြည်နယ်မှာ ခေတ်အဆက်ဆက်ထွန်းကားခဲ့တဲ့ ဓညဝတီ၊ ဝေသာလီ၊ လေးမြို့ကနေ မြောက်ဦးခေတ်တိုင်အောင် ထင်ထင် ရှားရှား ဖူးမျှော်ပူဇော်ခဲ့ကြကုန်ပြီးနောက်မှာတော့ တစ်ဖန်ပြန်လည် မေ့လျော့မှေးမှိန်သွားခဲ့ပါတယ်။ ၁၉ ရာစုကိုရောက်ရှိချိန်မှာတော့ န တ်ကိုးကွယ်သူတွေက အဆိုပါခြေတော်ရာအစုံတွေ့ရှိသွားပြီး မှားယွင်းတဲ့ ယစ်ပူဇော်ပသမှုတွေ ပြုလုပ်ခဲ့ကြလို့ တစ်ရွာလုံးဘေးကပ်ဆို က်ပြီး သေဆုံးသွားကြရကြောင်းလည်း ပါးစပ်ရာဇဝင်တွေမှာသာမက သမိုင်းမှတ်တမ်းတချို့မှာလည်း တွေ့ရှိရပါတယ်။

အဆိုပါခြေတော်ရာအစုံဟာ နောက်တစ်ဖန်တိမ်မြုပ်ပျောက်ကွယ်သွားပြန်ရာ မြန်မာသက္ကရာဇ် ၁၃၂၉ ခုနှစ်မှာ ရန်ကုန်မြို့က စာပေပုံနှိပ် တိုက်လုပ်ငန်းကိုလုပ်ကိုင်နေတဲ့ ဦးစိုးလှိုင်ဆိုသူဟာ အမျိုးမျိုးသောစာမူတွေကို လက်ခံရိုက်နှိပ်လျှက်ရှိနေရာ တစ်နေ့မှာ သူ့ဆီကိုလာနှိ ပ်တဲ့ ခြေတော်ရာသမိုင်းအကြောင်းတွေထဲမှာ အဆိုပါစက်တော်ရာအကြောင်းလည်းပါဝင်တာကြောင့် ရခိုင်ဆရာတော်တစ်ပါပါးနဲ့ တွေ့ ဆုံဖို့ ကြိုးပမ်းခဲ့ပါတော့တယ်။

နောက်ဆုံးမှာတော့ သူဟာ မအီမှာကျောင်းထိုင်ဆရာတော်အဖြစ်နေခဲ့ဖူးတဲ့ ရခိုင်မြေဖွားဆရာတော် ဘဒ္ဒန ္တအရိယာဝံသဆိုတဲ့ ရန်ကုန် မြို့၊ မင်္ဂလသုခပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော်နဲ့ တွေ့ဆုံခွင့်ရခဲ့တာပါ။ အဲဒီနောက်မှာ အဆိုပါ ဆရာတော်ရဲ့ဦးဆောင်မှုနဲ့အတူ အရိယာသံဃာတော်တွေနဲ့ တချို့ပုဂ္ဂိုလ်တွေနဲ့ ပါးစပ်ရာဇဝင်အဖြစ်ရှိခဲ့တဲ့ မဟီရာနီလို့ခေါ်တဲ့ မအီချောင်းတစ်လျှောက်လာရောက်ရှာဖွေ ကြရာ အောက်စက်တော်ရာကို ကနဦးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဦးမှိုင်းက “ရန်ကုန်မြို့၊ ကျောက်မြောင်းက စာပုံနှိပ်တိုက်ပိုင်ရှင် ဦးစိုးလှိုင်က သူ့စာပုံနှိပ်တိုက်ကို စာမူမျိုးစုံလာရိုက်ကြတဲ့အခါ ဒီမဟီရာန ဒီခေါ် မအီချောင်းမှာ ပါဒစက်တော်ရာ အစုံရှိတယ်ဆိုတာကိုတွေ့ရတယ်။ ဆိုတော့ ရခိုင်ဆရာတော်တစ်ပါးနဲ့တွေ့ချင်တယ်ဆိုပြီး မေးမြန်း စုံစမ်းတဲ့အခါမှာ ရန်ကုန်မြို့ မင်္ဂလသုခပါဠိတက္ကသိုလ်ကျောင်းတိုက်ဖြစ်နေပြီ အခုဆိုလို့ရှိရင်။ အရင်ကဆိုရင် နည်းနည်းလေးပေါ့။ အခု ဆိုရင် အတော်လေးကိုတိုးတက်သွားပြီ။ အဲဒီကျောင်းမှာ မူလကျောင်းထိုင်ဆရာတော်ကြီး ဦးကေသာရနောက်ပိုင်းမှာ ဆရာတော် အရိ ယာဝံသဆိုတာ ဇာတိကတော့ မာန်အောင်သား။ မအီရွာ (အဲဒီတုန်းက) သိမ်တောင်ကျောင်းမှာ ကျောင်းထိုင်ခဲ့တဲ့ ဆရာတော်တစ်ပါးဖြစ် တယ်။ ဦးစိုးလှိုင်က အဲဒီဆရာတော်ကို သွားလျှောက်တယ်။ ဆိုတော့ ဆရာတော်ကြီးက မဟီရာနဒီဆိုတာ မအီချောင်းပဲ။ ဘုန်းကြီး ကျောင်းထိုင်ခဲ့တဲ့ ရွာနဲ့နီးစပ်တယ်ဆိုပြီးတော့ အရေးအကြီးဘူး။ အမှန်သာ စာမူအရဆို လို့ရှိရင် တွေ့လောက်တယ်ဆိုပြီးတော့ ၁၃၂၉ ခုနှစ်မှာ ရဟန်းပုဂ္ဂိုလ်အားလုံးစုစုပေါင်း ၂၀ ကျော်လောက်နဲ့ ဆရာတော် ဦးအရိယာဝံသခေါင်းဆောင်ပြီးတော့ ဒီမဟီရာနဒီခေါ် မအီ ချောင်း၊ အခု ငါ့တူတို့ထိုင်နေတဲ့ သေဠာဂီကျောက်ဆောင်ထက်မှာ ၁၃၂၉ ခုနှစ်မှာ စတင်တွေ့တယ်။”လို့ ပြောပြပါတယ်။

စာမူအရရှာဖွေတဲ့အခါမှာ အောက်စက်တော်ရာကို လွယ်လင့်တကူတွေ့ရှိပေမယ့် အထက်စက်တော်ရာကိုတော့ ရက်ပေါင်း ၁၀ ကျော်ကြ ာဆက်တိုက်ရှာဖွေခဲ့လို့တောင် မတွေ့ရှိခဲ့ကြပါဘူး။ ဒါကြောင့် ဆရာတော်နဲ့တကွ ပါရှိလာတဲ့ အရိယာသံဃာတော်တွေ၊ လူပုဂ္ဂိုလ်တွေက ပြန်မယ်ပြုကြတဲ့အခါ ဘယ်လိုတွေ့ရှိခဲ့ကြတယ်ဆိုတဲ့အကြောင်းကိုလည်း ဦးမှိုင်းက ပြောပြပါတယ်။
“အောက်စက်တော်ရာကိုတွေ့ပြီးတဲ့ နောက်ပိုင်းမှာ အပေါ်စက်တော်ရာကို ရက်ပေါင်း ၁၀ ကျော်လောက် လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်တွေ စု ပြီးတော့ ဒီရိုးထဲမှာ ရှာနေခဲ့ကြတယ်။ သစ်တွေ၊ ကျားတွေ၊ ဆင်တွေကပေါပါဘိနဲ့ အဲဒီထဲမှာ ပါဒစက်တော်ရာအစုံကို မတွေ့၊ တွေ့အောင် ရှာကြတယ်။ အခုမြင်ရတဲ့တောင် နာဠာဂိရိတောင်။ အဲဒီတောင်တန်းထဲကို ရောက်တဲ့အချိန်မှာမရတော့ဘူး။ နောက်ပါဒစက်တော်ရာတစ် ဆူကိုမတွေ့တော့ဘူးဆိုပြီး ပြန်ကြဖို့လုပ်ပြီ။ ဦးလှည့်လာကြပြီ။ အဲဒီအချိန်မှာ သူတို့ရှေ့က ဆပ်ဖားကြီးတစ်ကောင်ဟာတန်းပြီးတော့ပြေး တယ်။ အဲဒီဆပ်ဖားကြီးနောက်ကလိုက်ရမယ်ဆိုပြီးတော့ သူ့ခြေရာအတိုင်းလိုက်ကြတဲ့အချိန်မှာ အဲဒီမှာ ကျောက်ဆောင်ကြီးရှိတယ်။ အဲ ဒီကျောက်ဆောင်ကြီးအပေါ်မှာ ဝဲပါဒစက်တော်ရာကို တွေ့ရတယ်။ အဲဒီတုန်းကဆိုလို့ရှိရင် ဝါးတွေ၊ သစ်တွေ၊ ချောင်းတွေကအင်မတန် ပေါတာကိုး။ ကျောက်ဆောင်ကြီးဟာဟိုင်းလို့။ တောတွေ၊ ဘာတွေကို ခုတ်ထွင်ရှင်းလင်းပြီးမှ ကျောက်ပုံပေါ်မှာ လက်ဝဲပါဒစက်တော်ရာ ကို တွေ့ရတယ်။ အဲဒီနောက်ပိုင်းမှာမှ သံဃာတွေကို ပင့်ဖိတ်ပြီး ဖွင့်ပွဲတွေ၊ ဘာတွေလုပ်ပြီး ကျင်းပခဲ့တယ်။”

တွေ့ရှိချိန်မှာတော့ ဆရာတော်ဟာ ဖွင့်ပွဲတွေပြုလုပ်ကာ ပူဇော်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ၂၀၀၇-၁၀၀၈ ခုနှစ်မှာတော့ မြောက်ဦးဆရာ ေ တာ် ဝနဝါသီ အရှင်ဝါယာမိန္ဒက သားရဲတိရစ္ဆာန်ပေါများလှပြီး ထူထပ်လှတဲ့ တောဂနိုင်ကြီးထဲမှာ တည်ရှိတဲ့ အဆိုပါစက်တော်ရာအစုံကို ဖူးမျှော်လိုသူတွေ လွယ်လင့်တကွယ်သွားလာနိုင်အောင် တော၊ တောင်တွေ၊ ဖောက်ကာ လမ်းတွေဖောက်လုပ်၊ အဆောက်အဦးတွေ ေ ဆာက်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအချိန်ကတည်းကစတင်ပြီး နတ်တော်လပြည့်ရောက်တိုင်း အဆိုပါစက်တော်ရာတည်ရှိရာ မဟီရာနဒီဒေသမှာ ပွဲတွေတော်ကျင်းပ နေခဲ့တာ ၁၀ စုနှစ်တစ်ခုကျော်တည်ရှိနေပါပြီ။

“(မြောက်ဦးဆရာတော်ဝါယာမိန္ဒက)ဆရာတော်ဆိုတာဟာ ကမ္ဘာ့သာသနာပြုဆရာတော်ဖြစ်တယ်။ မအီမြို့မသား။ သူက ၂၀၀၇-၂၀၀၈ လောက်ကနေ ဘုရားသာသနိက အဆောက်အဦးတွေ၊ လမ်းတွေ စပြီးလုပ်ခဲ့တယ်။ ဗိုလ်ချုပ်သာမွေးရဲ့ လမ်းညွှန်ချက်တွေနဲ့ ရန် ကုန်ပြည်ထဲကအစ သံတွဲ၊ ငပလီ၊ ရခိုင်ပြည်အနှ့ံအပြားကလာပြီးတော့ ဘုရားဖူးကြတဲ့ အချိန်မှာ အဆောက်အဦးတွေဆောက်ကြတယ်။ ပြည်နယ်ထွေအုပ်ကလည်းပဲ ဓမ္မာရုံကြီးတစ်ရုံလာပြီးတော့ ဆောက်ပေးတယ်။”

လက်ရှိအချိန်မှာတော့ ဗုဒ္ဓဘုရားရှင်ရဲ့စက်တော်ရာအစုံကိန်းဝပ်ရာနေရာကို ဒေသခံတွေ၊ ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံတဝှမ်းလုံးက ဖုရား ဖူးတွေသာမက ဗုဒ္ဓသာသနာထွန်းကားတဲ့အနောက်နိုင်ငံတွေကပါ လာရောက်ဖူးမျှော်လို့ နေကြပါပြီ။ ဒါပေမယ့်လည်း လမ်းခရီးက ထင် သလောက်မချောမွေ့သေးတာကြောင့် ခရီးသည်တွေအနေနဲ့ ပွင့်လင်းရာသီတွေမှာသာ သွားလာနိုင်မှာဖြစ်ပါတယ်။ ဂေါပကအဖွဲ့ အနေနဲ့ လည်း ဘုရားရဲ့ဝေယျာဝစ္စတွေကိုပါ တတ်နိုင်သလောက်လုပ်ဆောင်နေသလို တတ်နိုင်သူတွေအနေနဲ့လည်း တစ်ဖက်တစ်လမ်းက ကူ ညီပေးမှသာလျှင် နှစ်ပေါင်းကြာရှည်စွာပျောက်ကွယ်နေခဲ့တဲ့ ကမ္ဘာတစ်ဝှမ်းလုံးမှာ သမိုင်းဝင်စက်တော်ရာအစုံလိုက်ကိန်းဝပ်ရာ တစ်ခု တည်းသောနေရာဖြစ်တဲ့ မဟီရာနဒီဒေသမှာ သာသနာတည်တံ့၊ ခိုင်မြဲအောင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

 1,068 total views,  2 views today