(Unicode Version)
ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း
ရှေးဟောင်းယဉ်ကျေးမှုအမွီအနှစ်တိ စုရုံးတည်ရှိရာ မြောက်ဦးဒေသရာဆိုလို့ရှိကေ ကမ္ဘာ့လှည့်ရီးလားတိ၏ စိတ်ဝင်စားမှုကို အထူးတ လည်ခံနီရရေဒေသတစ်ခု ဖြစ်ပါရေ။
ယင်းမြောက်ဦးဒေသက ထွက်ရှိရေ အုန်းသကာရည်ရေ ရန်ကုန်မြို့စျီးကွက်ကို ရောက်ရှိလာပြီးကေ လတ်တလောမှာ လူကြိုက်များနီစွာ ကို တွိရပါရေ။ ဒေထုတ်ကုန်ကို Artisan de Mrauk U လို့ခေါ်ရေ အဖွဲ့စည်းတစ်ခုက Organic Valley နဲ့ မိတ်ဆက်ပီးခပြီးကေ ရန်ကုန် မြို့က တောင်သူလယ်သမားစျီးကတစ်ဆင့် ဖြန့်ချိခစွာလို့သိရပါရေ။ ယင်းသကာရည်နဲ့ ပြုလုပ်ထားရေ L’Amour du Gout လို့ခေါ်ရေ ဒိန်ချိုင်ကိုလေ့ စျီးကွက်မှာ ဖြန့်ချိထားဗျာလ်ဖြစ်ပါရေ။
အခုဆိုကေ ဒေသကာရည်ကို ပြည်တွင်းစျီးကွက်မှာရာမက ပြည်ပစျီးကွက်ကိုလေ့ ထိုးဖောက်နိုင်အောင် ကြိုးပမ်းလျှက်ရှိရေလို့ Organic Valley ဖေ့စ်ဘုတ်ပေ့ချ်ကနီ ထုတ်ပြန်ထားပါရေ။ အခုပိုင် လူအများကြိုက်နှစ်သစ်တေ သဘာဝစစ်စစ် အုန်းသကာရည်ဖြစ်လာအောင် အဓိကထုတ်လုပ်နီသူကတော့ အသက် ၆၄ နှစ်အရွယ် ဦးမောင်ဖြူချေပါ။
“ထွေအုပ်ရုံးတိမှာက အပိုဝင်ငွေရရေ။ ငါရို့စာရင်းရုံးမှာက အပိုဝင်ငွေကမရှိ။ ကိုယ့်လစာနဲ့ ကိုယ်ရုန်းရရေ။ အပိုဝင်ငွေ ဇာပိုင်ရဖို့လဲ။ ဆို ခါ ဓနိတောတစ်တော ဝယ်လိုက်တေ။ ယင်းခိုက်က ၁၉၈၂ ခုနှစ်မှာ ဝယ်စွာ။ ၁၂၀၀ ကျရေ။ လစာ ၁၀၀ ရရေ ခေတ်မှာ ၁၂၀၀ ကျရေ။ တောဖြစ်နီစွာကို အငှားခွတ်ခိုင်းရေ။ ရှင်းလင်းခ ၁၀၀ ပီးရသိရေ။ တစ်လစာပီးလိုက်ရရေ။ နောက်တစ်နှစ်မှာဓနိခိုင် ၉ ခိုင်က စခွတ်တေ။ အုန်းရည်တစ်ပုလင်းကို ငါးမုရရေ။ တစ်ပြားတောင် မဟုတ်။ ယင်းပိုင်ရရိုးသသား ရှာလာရရေပေါ့။ တစ်ပုလင်းကို ငါးမုဆိုကေ ၈ ပုလင်း ကို ၄ ပြားရယာလေ။ ၄ ပြားဆိုကေ တစ်ရက်စျီးစရိုက်ရယာ။ ဒေလုပ်ငန်းကို စလို့မလုပ်ခင်ကတော့ ခံခဲ့ရရေ။”လို့ သူစတင်လို့ လုပ်ဆော င်ခရရေအကြောင်းကို ဦးမောင်ဖြူချေက ပြောပြပါရေ။
သူရေ မြောက်ဦးမြို့၊ လော်ကမူရပ်ကွက်မှာ နီထိုင်ရေ အစိုးရအငြိမ်းစားဝန်းထမ်းတစ်ဦးပါ။ သူအချေခါက မိဘရို့ကျေးဇူးကြောင့် ၁၀ တန်းအထိပညာသင်ခွင့်ရခကေလေ့ စာမေးပွဲရှူခလို့ သူနဲ့ သင့်တော်ဖို့ အောက်ခြေအလုပ်တစ်ခုကိုရှာဖွေပြီးကေ မြောက်ဦး မြို့က စာ ရင်းစစ်ရုံးမှာ အလုပ်ဝင်ခစွာလို့ ဆိုပါရ။
သူရေ ယင်းရုံးမှာဗျာလ် လုပ်ရင်းကိုင်ရင်းနဲ့ အိမ်ထောင်ကျပြီးကေ သား၊ သမီးတိရာရလို့ နှစ်တိရာကြာလာခကေလေ့ ရာထိုးလေ့ မတိုးခ ပိုင် အပိုဝင်ငွေလေ့ မရရှိစွာကြောင့် ဝန်ထမ်းလစာငွေနဲ့ မလောက်ငှဘဲ ငွေကြေးချို့တဲ့မှုပြဿနာ ပေါ်ပေါက်လာခပါရေ။ ဒေပိုင်နဲ့ သူရေ ဝန်ထမ်းလုပ်နီရင်း အပိုဝင်ငွေရှာဖို့ ကြိုးစားရုန်းကန်လာခရပါရေ။ ဒေချင့်တိကလေ့ ဦးမောင်ဖြူချေကို အခုပိုင် ဘဝမျိုးကိုရောက်ဖို့ တွန်း အားတစ်ခုဗျာလ် မဟုတ်ပါလား။
နောက်ဆုံးမှာတော့ကေ သူရို့ဒေသမှာပေါများရေ ရီအုန်းတောတစ်ခုဝယ်ဖို့ဆုံးဖြတ်ခပြီးကေ အုန်းရည်တိ ထုတ်လုပ်ရောင်းချခစွာလို့ ဆိုပါရေ။ သူက ဒေလုပ်ငန်းဖက်ကို ပြောင်းလုပ်လာခပြီးရေ နောက်ပိုင်းမှာတော့ စားဝတ်နီရေးအပိုင်းမှာ အဆင်ပြေလာရေပိုင် သား၊ သမီးတိ ပညာရေးကိုပါ ဆုံးခန်းတိုင်အောင် သင်ပေးနိုင်ခပါရေ။
ဒေပိုင်နဲ့ သူရေ ဝန်ထမ်းတစ်ဖက်၊ တစ်ပိုင်တစ်နိုင် လုပ်ငန်းချေက တစ်ဖက်နဲ့ နှစ်အင်တန်ချေကြာရေအထိ အဆင်ပြေနီခကေလေ့ အ သက် အရွယ်ရလာရေအချိန်မှာ အတွေးတစ်ခုဝင်ပါလတ်ပါရေ။ ဒေချင့်ကတော့ခါ အုန်းရည်အငေါက်ရည်ရောင်းနီစွာရေ သူ့အသက်အ ရွယ်နဲ့ လိုက်လျောညီထွေရေ အလုပ်ဖြစ်ယင့်လားဆိုစွာပါ။
“ပြောရဖို့ဆိုကေ သား၊ သမီးတိကို စာသင်စွာလေ့ ဒေဝင်ငွေနဲ့ဗျာလ်။ လစာက အရင်ကဆိုကေ ထောင်ဂဏန်းရာရှိရေ။ တစ်သိန်းလော က်နဲ့က လူတစ်ယောက်ထမင်းတောင်မစားရဘူး။ သား၊ သမီး ၃ ယောက်ရှိရေ။ ၃ ယောက်လုံးကို ၁၀ တန်းအောင်၊ ဘွဲ့ရအောင်သင်နိုင် ရေဆိုစွာ ဒေဝင်ငွေနဲ့ ရုန်းကန်လာခစွာ။ အသက်ကြီးလာလို့ သူရို့လေ့ ကိုယ့်စွာနဲ့ကိုယ် အိမ်ထောင်ပြုခါ အငေါက်ရည်လုပ်ငန်းကို ဖြုတ် လိုက်တေ။ နှစ်ပေါင်း ၁၀ ကျော်နီယာ။ အသက်ကြီးလာခါ ပပင်ပပန်းလေ့မလုပ်ချင်ယာ။ ဒေလုပ်ငန်းက ကျန်းမာရေး လေ့ထိခိုက်တေ။ ဘိတ်တောမှာ လုပ်ရခါ တော်ရုံကျန်းမာရေး မကောင်းရေလူတိ မလုပ်နိုင်။”
သူရို့မိသားစုအတွက် အဆင်ပြေနီရေ။ အပိုဝင်ငွေရနီရေဆိုကေလေ့ လူကိုမူးယစ်စီပြီးကေ ရောင်းချသူတစ်ယောက်တည်းယာ အကျိုး လို့ သတ်မှတ်ပြီးကေ အုန်းရည်အငေါက်လုပ်ငန်းကို စွန့်လွှတ်ခပါရေ။ ယကေလေ့ သူအနစ်နာခံပြီးကေ ဝယ်ယူထားရရေ ရီအုန်းတောကိုတော့ခါ ဇာနည်းနဲ့လေ့ အဆုံးရှုံးမခံခပါ။ အုန်းအချိုရည်လုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်ခပါရေ။
“အစက အငေါက်ရည်လုပ်တေ။ အငေါက်ရည်က အသက်ကြီးလာရေအချိန်မှာ အသက်ရွယ်အားဖြင့် မကောင်းဘူး။ လူကိုမူးယစ်စီရေအ တွက် ဖြုတ်လိုက်တေ။ အချိုရည်လုပ်စွာဆိုကေ ဘာသာရေးနဲ့လေ့ ကိုက်ညီရေ။ ဘုန်းကြီးတိတောင် သုံးဆောင်လို့ရရေ။ ယင်းကြောင့် ေ ဒလိုင်းကို ပြောင်းလိုက်တေ။ အချိုရည်ဆိုကေ ပြဿနာလေ့ မရှိ။ မူးစီရေအရာ တစ်ခုလေ့ မပါ။”လို့ ဆိုပါရေ။
သူရေ သား၊ သမီးတိ ပညာတတ်အောင်သင်ပီးလို့ အသက်အရွယ်ရလာချိန်မှာ အစိုးရအမှုထန်းဘဝက အငြိမ်းစားပင်စင်ယူခပြီးကေ ယင်းကရရေငွေနဲ့သူတပိုင်တနိုင်လုပ်နီရေ ဓနိချိုရည်လုပ်ငန်းကိုယှဉ်တွဲလုပ်ကိုင်ရင်း ရောင်းချနီခရေလို့ ဆိုပါရေ။
တစ်ရက်နိမိုးထမှာတော့ သဘာဝအုန်းချိုရည်အစစ်ကို လုပ်ဆောင်နီသူတစ်ဦးနဲ့ တွိလိုကြောင်း အသိတစ်ယောက်က မိတ်ဆက်ပီးလာ ရေအတွက် သူရေ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးနဲ့ တွိခွင့်ရခပါရေ။
“ကိုကျော်ဝင်းလှိုင် မြောက်ဦးဟိုတယ်မှာ လုပ်တေ။ သူက မြောက်ဦးဇာတိဆိုခါ အုန်းရည် အစစ်၊ အတုကိုသိရေ။ ယင်းချင့်ကို ဟိုတယ် က လိုချင်ရေ။ သူရို့ဟိုတယ်မှာ သဘာဝကရရေ အစားအစာတိကို နိုင်ငံခြားသားတိ အထူးဧည့်သည်တိကို ကျွေးချင်ရေ။ တိုက်ချင်ရေ ဆိုခါ သူက ပြောပြရေ။ ကျွန်တော်နဲ့ သူငယ်ချင်း ဝန်ထမ်းတစ်ယောက်ရှိရေ။ အစိုးရရုံးမှာလုပ်တေ။ လေ့လာချင်ကေရရေဆိုပြီးကေပြော ပြရေ။ ယင်းချင့်ကို အခင်ကိုပြောပြရေ။ ဟိုတယ်ကပိုင်ရှင်က အစ်ကို့ အချိုရည်ကို စုံစမ်းချင်ရေ။ သူရို့လာတွိကေ ပြောပြ ပီးလို့ရဖို့လား မီးရေ။ အခင်ကရရေ။ စိတ်ဝင်စားလို့လာစွာကို ဆိုပြီးကေ ခေါ်လိုက်တေ။”
သူ့ပါးကိုလာတွိရေ မြောက်ဦးမြို့ “မင်းသမီး”ဟိုတယ်လုပ်ငန်းရှင်တိက သူရို့ဟိုတယ်မှာ တည်းခိုရေ နိုင်ငံခြားသားတိ၊ အထူးဧည့်သည် တိကို ကျွေးမွေးဖို့အတွက် အုန်းချိုရည်စစ်စစ်ကို လိုချင်ကြောင်း သူနဲ့ဆွေးနွေးခပြီးကေ စစ်၊ မစစ်ကို စမ်းသတ်ခရေလို့ ဆိုပါရေ။
“အခင်ကိုယုံကြည်လားရေ။ သူရို့ မိုးထပိုင်းယူလားရေ။ စမ်းကြည့်ရေ။ ပြီးကေ ဈီးကစွာတိနဲ့ ယှဉ်ကြည့်ရေ။ မတူ။ မတူခါ သူရို့က အခင် အကျွန်ရို့လာရေ အချိန်မှာသောက်ချင်ရေ။ စမ်းသပ်တေပေါ့။ သူရို့က။ အခင်က ရရေဆိုပြီးကေ ဝါးကျဉ်တောက်ကို ညကပင်တည်ထား ရေ။ သူရို့က ပကတိအခြေအနေကို လိုချင်ရေ။ ရီရောထားလား။ ဘာညာပေါ့။ အခင်ကပြောရေ။ လာလတ်။ သူရို့လာရေ အချိန်မှာ ကို ယ်တိုင်ဖော်ဖို့။ လက်တွိဖော်လို့ သောက်ကြည့်။ ရောက်ခါ သူရို့ညဦးက သောက်ခရေအရည်နဲ့ အခုကျဉ်က ဖော်လို့သောက်တေအရည် နဲ့ ယှဉ်သောက်ကတ်တေ။ အခင်ကလေ့ သူတို့သိလားအောင် ဒေပိုင်လုပ်ရရေပြောရေ။ နောက်ထပ် နေ့ခင်းထပ်လာရေ။” လို့ သူစမ်းသပ်ခံခရရေ အကြောင်းကို ဦးမောင်ဖြူချေက ပြန်ပြောင်းပြောပြပါရေ။
ဟိုတယ်ဖက်ကလေ့ သူရို့လိုချင်ရေ တကယ့်ဘသာဝစစ်စစ်အရသာကို ရရှိပြီးနောက်မှာတော့ ဦးမောင်ဖြူချေ ရိုးသားကြောင်းကို သိ လားပြီးကေ အုန်းသကာရည်ကိုလေ့ သဘာဝအတိုင်းလိုချင်ရေဆိုပနာ သူရို့ကို လုပ်ပီးဖို့ ကမ်းလှမ်းလာပါရေ။ အုန်းသကာရည်လုပ်စွာ ရေ အုန်းအချိုရည်၊ အငေါက်ရည်ရို့လုပ်စွာနဲ့ မတူဘဲ အရင်းအနှီးများပိုင် အချိန်ကုန်ခံပြီးကေလုပ်ရရေ လုပ်ငန်းတစ်ခုဖြစ်လို့ ဦးမောင်ဖြူ ချေအတွက် အဆင်မပြေခပါ။
ဦးမောင်ဖြူချေက “သူရို့က သကာရည်ကိုလေ့ အစစ်လိုချင်ရေလတ်။ ဆိုခါ အခင်က ရှင်းပြရေ။ သကာရည်တစ်ပုလင်းထွက်ဖို့ အတွက် ကို အရင်ဆုံး အချိုရည် ၆ ထောင်ဖိုးရင်းရရေ။ (အုန်းချိုရည်) ၁၂ ပုလင်းပေါ့။ နောက်တစ်ခါ ထင်း ၃ ဖိုးလောက်လိုရေ။ ဆိုကေ ၉ ထောင် ဖိုးဖြစ်လားယာ။ ကိုယ့်ထင်းနဲ့လုပ်လို့ ထင်းခ မရင်းရကေလေ့ သကာရည်လုပ်ဖို့အတွက် အရင်းမြှုပ်ထားရစွာမလွယ်။ နယ်က လူတိမှာက ထင်းဆိုလေ့ ကိုယ့်ထင်း။ အပိုလျှံပစ္စည်းတစ်ခုအနီနဲ့ ရောင်းကတ်စွာလေ။ ၁၅၀၀ ဆိုလေ့ ရောင်းကတ်တေပေါ့။ ကိုယ့်ဒေသက လူတိက လေ့ တန်ဖိုးမထားရေအတွက်ကြောင့်နဲ့ စျီးမပီးခါ ရောင်းမထွက်။”လို့ ရှင်းပြပါရေ။
ဒေပိုင်နဲ့ ဟိုတယ်လုပ်ငန်းရှင်တိက ဦးမောင်ဖြူချေကို သကာရည်လုပ်ဖို့အတွက်ပါ အရင်းအနှီးထုပ်ပီးခပြီးကေ နောက်ခါမှ ဒေလုပ်ငန်းကို လုပ်ဖို့ သလောတူလာစွာ ဖြစ်ပါရေ။
“သူရို့က အချိုရည်ကိုလေ့ အစစ်လုပ်ပီးရေအတွက်နဲ့ သကာရည်ကိုလေ့ အစစ်လိုချင်ရေ။ ၅ ထောင်၊ ၆ ထောင်ဖို့ ရင်းရကေ အကျွန်ရို့ ၅ ထောင်ပီးမေ။ အကျွန်ရို့ကို လုပ်ပီးလတ်။ ဆိုခါ ချက်ပြီးကေ ပြခဲ့ရရေ။”
ဟိုတယ်လုပ်ငန်းရှင်နဲ့ သူ့ကြားမှာ ယုံကြည်မှုရလားပြီးနောက်မှာ ဟိုတယ်ဖက်က တစ်ရက်မှာ တစ်ပုလင်း၊ ၂ ပုလင်း စသဖြင့် တဖြည်းဖြ ည်း သုံးစွဲလာရေလို့ ဆိုပါရေ။ ဒေပိုင်နဲ့ ၂၀၁၈ ခုနှစ်မှာတော့ Artisans de Mrauk U ဆိုရေ အဖွဲ့စည်းက သူရဲ့သကာရည်ကို Organic Valley နဲ့ မိတ်ဆက်ပီးခပြီးကေ ရန်ကုန်မြို့က တောင်သူလယ်သမားစျီးကတစ်ဆင့် ဖြန့်ချိခစွာလို့ ဆိုပါရေ။
မူရင်းထုတ်လုပ်သူ ဦးမောင်ဖြူချေကို ဂုဏ်ပြုရေ အနေနဲ့ သူ့အရုပ်ကို ပုလင်းမှာ တံဆိပ်အဖြစ်ကပ်ပနာ သန့်ရှင်းသပ်ရပ်တေ ထုတ်ပိုးမှုပုံ စံနဲ့ ထုတ်ဝေထားစွာလေ့ ဖြစ်ပါရေ။
“အခင်အတွက်အဆင်ပြေအောင် အကျွန်ရို့က လုပ်ပီးစွာ။ ဒေဒေသထွက်ကစ္စည်း စစ်တေ။ အမှန်ရှိရေဆိုစွာကို ပြချင်လို့ သူရို့က သမ္မ တ၊ ဒေါ်အောင်ဆန်းစုကြည်ရို့နဲ့ လုပ်တေအစားအစာပြပွဲမှာ တင်ပီးဗျာလ် မြည်းခိုင်းရေ။ ကြိုက်တယ်လတ်။ ပုလင်းပုံစံချေတိကအစပါ ရေ။ အခင်အရုပ်လေ့ပါရေလေ။ ယင်းပုလင်းချေမှာ။ အခင်ကလေ့ ဝမ်းသာရေပေါ့။”
ယင်းနောက်မှာ သကာရည်ကို ဓာတ်ခွဲစမ်းသတ်မှု ပြုလုပ်ခရေလို့ ဆိုပါရေ။ ဓာတ်ခွဲစမ်းသမ်းချက်အရတော့ခါ သဘာဝအတိုင်း ချက်လုပ် ထားစွာဖြစ်လို့ ဇီးချိုသမားတိတောင် စားသုံးနိုင်ရေဆို့ ဆိုပါရေ။ လက်ရှိမှာတော့ ယင်းသကာရည်နဲ့ ပထမဆုံး L’Amour du Gont လို့ ခေါ်ရေ ဒိန်ချဉ်တမျိုးကိုလေ့ ထုတ်လုပ်ထားပနာ ယင်းဒိန်ချဉ်ဆိုကေလေ့ လက်ရှိ ရန်ကုန်စျီးကွက်မှာ လူကြိုက်များနီရေလို့ Organic Valley ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါရေ။
“အရောင်ကလေ့ နက်တေ။ သကာရောင်ဆိုကေ သိရေအတိုင်းယာမနားယေ။ အရောင်စပ်ထားစွာ မဟုတ်။ စပ်လို့က မရ။ စပ်ကေမှား ယာ။ မသိရေလူတိက ငံပြာရည်ထည့်အောင်ထင်ရေ။ အချိုလိုစွာကို ငံပြာရည်ထည့်ကေ ခါးလီဖို့ယာ။ ချက်လိုက်တေအခါမှာ အိုးမှာ အ ဆီပိုင်ဖြစ်လားပြီးကေ အရောင်ပြောင်းလားစွာ။ နောက်ပြီးကေ ဇာမှာစားလေလတ်။ အခင်ရို့မှာ ဒေသထွက်ကောက်ညှင်းပေါင်းလို့ရှိရေ။ ကောက်ညှင်းနဲ့လေ့ လူးလို့စားရေ။ မရိုးပပေါက်လို့ရှိရေ။ မုန့်သန်းကိုလှော်ပြီးကေ လုပ်စွာ။ ယင်းမှာလေ့ ပျောင်းလည်းပျောင်း၊ ချိုလေ့ချို ရေ။ သို့သော် တခါတခါ အချိုင်ပေါက်မှရရေ။ ပေါင်မုန့်ကိုလေ့ စားလို့ရရေ။ မုန့်မျိုးစုံကို ဒေချင့်နဲ့စားလိုက်ကေ နို့ဆီနဲ့ စားစွာထက်ကောင်း ရေ။ အခင်လေ့ စားပြရေ။ ယုံကြည်မှုရအောင်ပေါ့။ ဒေပိုင်စားရရေ။ သူရို့က ယင်းပိုင်ဆိုကေ အခင်မှာ ရသလောက်ကိုချက်လတ်။ သူရို့ က ကြော်ညာချင်ရေ။ နိုင်ငံခြားသားတိရောက်တေ။ အခင်က ကျွေးလိုက်လို့ပြောရေ။ ဒေချင့်က တစ်ခုထိခိုက်မှုလေ့ မရှိ။ ကျွေးကြည့်ရေ။ ကျွေးခါ ကြိုက်တေ။ နှစ်တိုင်းရောက်နီကတ်ခါ အဆန်းချေတိဆိုကေ သောက်ကတ်တေ။ စားကတ်တေ။ သူရို့က ဇာပိုင်လုပ်လေ။ ဇာပိုင် ဖျော်လေ။ သကြားဇာလောက်ပါလဲမီးကတ်သိမ့်ရေ။ ဒေချင့်က ဖျော်ရည်မဟုတ်။ ဒေကပင်ကိုယ် သဘာဝကရရေ အရည်တစ်ခု။”
နောက်ပြီးကေ ဒေသကာရည်ကို တောင်သူလယ်သမားစျီးကတစ်ဆင့် ရန်ကုန်က City Mart တိကပါ မှာယူရောင်းချနီကတ်ဗျာလ်ဖြစ်ပြီး ကေ ပြည်တွင်းမှာရာမက ပြည်ပစျီးကွက်မှာပါ ထိုးဖောက်နိုင်ဖို့ ကြိုးပမ်လျက်ရှိရေလို့ ယင်းထုတ်ပြန်ချက်က ဆိုထားပါရေ။
လက်ရှိမှာဆိုကေ ဦးမောင်ဖြူချေက ဒေသကာရည်ကို တတ်နိုင်သလောက်ချက်လုပ်နီပြီးကေ ရန်ကုန်ကိုတင်ပို့ပနာ လိုအပ်စွာတကို နယ် က မှာယူလုပ်နီဗျာလ်ဖြစ်လို့ ဒေသခံတိအနီနဲ့လေ့ စျီးကွက်မှာရောင်းရကေ ရောင်းရသလောက် ဝင်ငွေရရှိကတ်ဖို့ဗျာလ် ဖြစ်ပါရေ။
ယကေလေ့ ဦးမောင်ဖြူချေပိုင် ရရိုးသသားနဲ့ ထုတ်လုပ်ပြီးကေ ဇာဓာတုပစ္စည်းတိကိုလေ့ အသုံးမပြုပဲချက်လုပ်မှရာ တော်ရာကျပါလိမေ။
“ဂုဏ်ယူရေပေါ့။ ကိုယ်လုပ်တေပစ္စည်းတစ်ခုကို အများကလက်ခံရေ။ ကိုယ်ရရိုးသသား လုပ်လိုက်ဗျာလ်ဆိုကေ အများက လက်ခံပြီး သားဗျာလ်။ အမှန်ကတယ်လေ့ ကိုယ်က ရိုးသားဖို့လိုရေ။ အစားအစာဆိုစွာက မရိုးသားကေ အဆိပ်ဖြစ်တတ်တေ။ ဟုတ်တယ်မလား။ ကိုယ့်နိုင်ငံသားတောင် မသိစွာ။ မြောက်ဦးမြို့သားတောင် အတုထင်နီစွာ။ ဇာပိုင်လုပ်ရမှန်းတောင်မသိ။ ပြောရဖို့ဆိုကေ မြို့ကအချေတိ ရေ ရအုန်းခိုင်ဆိုကေ တန်ဖိုးမထားကတ်။ ယင်းပိုင်စွာတိရှိကတ်တေ။ စစ်တွေကဆိုကေ ပိုဝီးရေ။ ရန်ကုန်ဆိုပိုဆိုး။ နိုင်ငံခြားသားဆို ပိုဝီး ရေ။ သူရို့ကလေ့ တန်ဖိုးထားလို့ ဒေချင့်သည် လွယ်လွယ်ကူကူနဲ့ ရလာစွာမဟုတ်။”
(Zawgyi Version)
ရှိဟောင်းယဉ်ကျေးမှုအမွီအနှစ်တိ စုရုံးတည်ရှိရာ မြောက်ဦးဒေသရာဆိုလို့ရှိကေ ကမ္ဘာ့လှည့်ရီးလားတိ၏ စိတ်ဝင်စားမှုကို အထူးတ လည်ခံနီရရေဒေသတစ်ခု ဖြစ်ပါရေ။
ယင်းမြောက်ဦးဒေသက ထွက်ရှိရေ အုန်းသကာရည်ရေ ရန်ကုန်မြို့ဈီးကွက်ကို ရောက်ရှိလာပြီးကေ လတ်တလောမှာ လူကြိုက်များနီစွာ ကို တွိရပါရေ။ ဒေထုတ်ကုန်ကို Artisan de Mrauk U လို့ခေါ်ရေ အဖွဲ့စည်းတစ်ခုက Organic Valley နဲ့ မိတ်ဆက်ပီးခပြီးကေ ရန်ကုန် မြို့က တောင်သူလယ်သမားဈီးကတစ်ဆင့် ဖြန့်ချိခစွာလို့သိရပါရေ။ ယင်းသကာရည်နဲ့ ပြုလုပ်ထားရေ L’Amour du Gout လို့ခေါ်ရေ ဒိန်ချိုင်ကိုလေ့ ဈီးကွက်မှာ ဖြန့်ချိထားဗျာလ်ဖြစ်ပါရေ။
နောက်ပြီးကေ ဒေသကာရည်ကို တောင်သူလယ်သမားဈီးကတစ်ဆင့် ရန်ကုန်က City Mart တိကပါ မှာယူရောင်းချနီကတ်ဗျာလ်ဖြစ်ပြီး ကေ ပြည်တွင်းမှာရာမက ပြည်ပဈီးကွက်မှာပါ ထိုးဖောက်နိုင်ဖို့ ကြိုးပမ်လျက်ရှိရေလို့ ယင်းထုတ်ပြန်ချက်က ဆိုထားပါရေ။
လက်ရှိမှာဆိုကေ ဦးမောင်ဖြူချေက ဒေသကာရည်ကို တတ်နိုင်သလောက်ချက်လုပ်နီပြီးကေ ရန်ကုန်ကိုတင်ပို့ပနာ လိုအပ်စွာတကို နယ် က မှာယူလုပ်နီဗျာလ်ဖြစ်လို့ ဒေသခံတိအနီနဲ့လေ့ ဈီးကွက်မှာရောင်းရကေ ရောင်းရသလောက် ဝင်ငွေရရှိကတ်ဖို့ဗျာလ် ဖြစ်ပါရေ။
702 total views, 1 views today