(Unicode Version)

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေ စုရုံးတည်ရှိရာ မြောက်ဦးဒေသဟာဆိုရင် ကမ္ဘာ့လှည့်ရီးသွားတွေရဲ့ စိတ်ဝင်စားမှုကို အထူးတ လည်ခံနေရတဲ့ဒေသတစ်ခု ဖြစ်ပါတယ်။

မြောက်ဦးဒေသက ထွက်ရှိတဲ့ ဓနိသကာရည်ဟာ ရန်ကုန်မြို့စျေးကွက်ကို ရောက်ရှိလာပြီး လတ်တလောမှာ လူကြိုက်များနေတာကို တွေ့ရပါတယ်။ ဒီထုတ်ကုန်ကို Artisan de Mrauk U လို့ခေါ်တဲ့ အဖွဲ့စည်းတစ်ခုက Organic Valley နဲ့ မိတ်ဆက်ပေးခဲ့ပြီး ရန်ကုန်မြို့က တောင်သူလယ်သမားစျေးကွက်ကတဆင့် ဖြန့်ချိခဲ့တာလို့သိရပါတယ်။ အဲဒီသကာရည်နဲ့ ပြုလုပ်ထားတဲ့ L’Amour du Gout လို့ခေါ်တဲ့ ဒိန် ချဉ်ကိုလည်း စျေးကွက်မှာ ဖြန့်ချိထားပြီဖြစ်ပါတယ်။

အခုဆိုရင် ဒီသကာရည်ကို ပြည်တွင်းစျေးကွက်မှာသာမက ပြည်ပစျေးကွက်ကိုလည်း ထိုးဖောက်နိုင်အောင် ကြိုးပမ်းလျှက်ရှိတယ်လို့ Organic Valley ဖေ့စ်ဘွတ်ပေ့ချ်ကနေ ထုတ်ပြန်ထားပါတယ်။ အခုလို လူအများကြိုက်နှစ်သစ်တဲ့ သဘာဝစစ်စစ် ဓနိသကာဖြစ်လာ အောင် အဓိကထုတ်လုပ်နေသူကတော့ အသက် ၆၄ နှစ်အရွယ် ဦးမောင်ဖြူချေပါ။

“ထွေအုပ်ရုံးတွေမှာက အပိုဝင်ငွေရတယ်။ ဦးတို့ စာရင်းရုံးမှာက အပိုဝင်ငွေကမရှိဘူး။ ကိုယ့်လစာနဲ့ ကိုယ်ရုန်းရတယ်။ အပိုဝင်ငွေ ဘယ် လိုရမလဲပေါ့။ ဆိုတော့ ဓနိတောတစ်တော ဝယ်လိုက်တယ်။ အဲဒီခေတ်က ၁၉၈၂ ခုနှစ်မှာ ဝယ်တာ။ ၁၂၀၀ ကျတယ်။ လစာ ၁၀၀ ရတဲ့ ခေတ်မှာ ၁၂၀၀ ကျတယ်။ တောဖြစ်နေတာကို အငှားခုတ်ခိုင်းတယ်။ ရှင်းလင်းခ ၁၀၀ ပေးရပြန်တယ်။ တစ်လစာပေးလိုက်ရတယ်ပေါ့။ နောက်တစ်နှစ်မှာ ဓနိခိုင် ၉ ခိုင်က စခုတ်တယ်။ အုန်းရည်တစ်ပုလင်းကို ၅ ရွေးရတယ်။ တစ်ကျပ်မဟုတ်။ အဲဒီလို ရိုးသားစွာ ရှာလာရ တယ်ပေါ့။ တစ်ပုလင်းကို ၅ ရွေးဆိုရင် ၈ ပုလင်းကို ၄ ကျပ်ရပြီပေါ့။ ၄ ကျပ်ဆိုရင် တစ်နေ့တာစျေးခရိတ်ရပြီ။ ဒီလုပ်ငန်းကို စလို့ မလုပ် ခင်ကတော့ ခံခဲ့ရတယ်။”လို့ သူစတင်လို့ လုပ်ဆောင်ခဲ့ရတဲ့အကြောင်းကို ဦးမောင်ဖြူချေက ပြောပြပါတယ်။

သူဟာ မြောက်ဦးမြို့၊ လော်ကမူရပ်ကွက်မှာ နေထိုင်တဲ့ အစိုးရအငြိမ်းစားဝန်းထမ်းတစ်ဦးပါ။

သူငယ်ရွယ်စဉ်မှာ မိဘရဲ့ကျေးဇူးကြောင့် ၁၀ တန်းအထိပညာသင်ခွင့်ရခဲ့ပေမယ့် စာမေးပွဲကျခဲ့တာကြောင့် သူနဲ့ သင့်တော်မယ့် အောက်ခြေအလုပ်တစ်ခုကိုရှာဖွေပြီး မြောက်ဦး မြို့က စာရင်းစစ်ရုံးမှာ အလုပ်ဝင်ခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ အဲဒီရုံးမှာပဲ လုပ်ရင်းကိုင်ရင်းနဲ့ အိမ်ထောင်ကျပြီး သား၊ သမီးတွေသာရ လို့ နှစ်တွေသာကြာလာခဲ့ပေမယ့် ရာထိုးလည်း မတိုးခဲ့သလို အပိုဝင်ငွေလည်း မရရှိတာကြောင့် ဝန်ထမ်းလစာငွေနဲ့ မလောက်ငှဘဲ ငွေ ကြေးချို့တဲ့မှုပြဿနာ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီလိုနဲ့ သူဟာ ဝန်ထမ်းလုပ်နေရင်း အပိုဝင်ငွေရှာဖို့ ကြိုးစားရုန်းကန်လာခဲ့ရပါတယ်။ ဒါ တွေကလည်း ဦးမောင်ဖြူချေကို အခုလို ဘဝမျိုး ကိုရောက်ဖို့ တွန်းအားတစ်ခုပဲ မဟုတ်လား။

နောက်ဆုံးမှာတော့ သူတို့ဒေသမှာပေါများတဲ့ ဓနိတောတစ်ခုဝယ်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဓနိရည်တွေ ထုတ်လုပ်ရောင်းချခဲ့တာလို့ ဆိုပါတယ်။ သူက ဒီလုပ်ငန်းဖက်ကို ပြောင်းလုပ်လာခဲ့ပြီးနောက်ပိုင်းမှာတော့ စားဝတ်နေရေးအပိုင်းမှာရော သား၊ သမီးတွေရဲ့ ပညာရေးကိုပါ ဆုံး ခန်းတိုင်အောင် သင်ပေးနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ သူဟာ ဝန်ထမ်းတစ်ဖက်၊ တစ်ပိုင်တစ်နိုင် လုပ်ငန်းလေးက တစ်ဖက်နဲ့ နှစ်အတော်ကြာ တဲ့အထိ အဆင်ပြေနေခဲ့ပေမယ့် အသက် အရွယ်ရလာတဲ့အချိန်မှာတော့ သူ့ဆီမှာ အတွေးတစ်ခုဝင်လာခဲ့ပါတယ်။ ဒါကတော့ ဓနိခါး ရည်ရောင်းနေတာဟာ သူ့အသက်အရွယ်နဲ့ လိုက်လျောညီထွေတဲ့ အလုပ်ဖြစ်ရဲ့လားဆိုတာပါ။

“ပြောရမယ်ဆိုရင် သား၊ သမီးတွေကို စာသင်တာလည်း ဒီဝင်ငွေနဲ့ပဲ။ လစာက အရင်ကဆို ထောင်ဂဏန်းပဲရှိတာ။ တစ်သိန်းလောက်နဲ့ က လူတစ်ယောက်ထမင်းတောင်မစားရဘူး။ သား၊ သမီး ၃ ယောက်ရှိတယ်။ ၃ ယောက်လုံးကို ၁၀ တန်းအောင်၊ ဘွဲ့ရအောင်သင်နိုင် တယ်ဆိုတာ ဒီဝင်ငွေနဲ့ ရုန်းကန်လာခဲ့တာ။ အသက်ကြီးလာလို့ သူတို့လည်း ကိုယ့်ဟာနဲ့ကိုယ် အိမ်ထောင်ပြုတော့ အခါးရည်လုပ်ငန်း ကို ဖြုတ်လိုက်တာ။ နှစ်ပေါင်း ၁၀ ကျော်ပြီ။ အသက်ကြီးလာတော့ ပင်ပင်ပန်းပန်းကြီးမလုပ်ချင်တော့ဘူး။ ဒီလုပ်ငန်းက ကျန်းမာရေး လည်းထိခိုက်တယ်။ ရွှံ့တောမှာ လုပ်ရတော့။ တော်ရုံကျန်းမာရေးမကောင်းတဲ့သူ မလုပ်နိုင်ဘူး။”

သူတို့မိသားစုအတွက် အဆင်ပြေနေတယ်။ အပိုဝင်ငွေရနေတယ်ဆိုပေမယ့် လူကိုမူးယစ်စေပြီး ရောင်းချသူတစ်ယောက်တည်းပဲ အကျိုး ရှိတယ်လို့ သတ်မှတ်ခဲ့ပြီး ဓနိခါးရည်လုပ်ငန်းကို စွန့်လွှတ်ခဲ့ပါတယ်။

ဒါပေမယ့် သူအနစ်နာခံပြီး ဝယ်ယူထားရတဲ့ ဓနိတောကိုတော့ဘယ် နည်းနဲ့မှ အဆုံးရှုံးမခံခဲ့ပါဘူး။ ဓနိချိုရည်လုပ်ငန်းကို ပြောင်းလဲလုပ် ကိုင်ခဲ့ပါတယ်။

“အစတုန်းက အခါးရည်လုပ်တယ် အခါးရည်က အသက်ကြီးလာတဲ့အချိန် အသက်ရွယ်အားဖြင့်မကောင်းဘူး လူကိုမူးစေတဲ့အတွက် ဖြုတ်လိုက်တယ် အချိုရည်လုပ်တာဆိုရင် ဘာသာရေးနဲ့လည်း ကိုက်ညီတယ်။ ဘုန်းကြီးတွေလည်း သုံးဆောင်လို့ရတယ် အဲဒါကြောင့် ဒီလိုင်းပဲပြောင်းလိုက်တယ်။ အချိုရည်ဆိုပြဿနာဘာမှရှိဘူး။ မူးစေတဲ့အရာ ဘာမှမပါဘူး။”လို့ ဆိုပါတယ်။

သူဟာ သား၊ သမီးတွေ ပညာတတ်အောင်သင်ပေးလို့ အသက်အရွယ်ရလာချိန်မှာတော့ အစိုးရအမှုထန်းဘဝက အငြိမ်းစားပင်စင်ယူခဲ့ ပြီး အဲဒီကရတဲ့ငွေနဲ့သူတပိုင်တနိုင်လုပ်နေတဲ့ ဓနိချိုရည်လုပ်ငန်းကိုယှဉ်တွဲလုပ်ကိုင်ရင်း ရောင်းချနေခဲ့တယ်လို့ဆိုပါတယ်။ တစ်နေ့မနက် မှာတော့ သဘာဝအုန်းချိုရည်စစ်ကို လုပ်ဆောင်နေသူတစ်ဦးနဲ့ တွေ့လိုကြောင်း အသိတစ်ယောက်က မိတ်ဆက်ပေးလာတဲ့အတွက် သူ ဟာ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးနဲ့ တွေ့ခွင့်ရခဲ့ပါတယ်။

“ကိုကျော်ဝင်းလှိုင် မြောက်ဦးဟိုတယ်မှာ လုပ်တယ်။ သူက မြောက်ဦးဇာတိဆိုတော့ ဓနိရည် အစစ်၊ အတုကိုသိတယ်။ အဲဒါကို ဟိုတယ် က လိုချင်တယ်။ သူတို့ဟိုတယ်မှာ သဘာဝကရတဲ့ အစားအစာတွေကို နိုင်ငံခြားသားတွေ အထူးဧည့်သည်တွေကိုကျွေးချင်တယ်။ တိုက် ချင်တယ်ဆိုတော့ သူက ပြောပြတယ်။ ကျွန်တော်နဲ့ သူငယ်ချင်း ဝန်ထမ်းတစ်ယောက်ရှိတယ်။ အစိုးရရုံးမှာလုပ်တယ်။ လေ့လာချင်ရင်ရ တယ်ဆိုပြီးပြောပြတယ်။ အဲဒါကို ဦးကိုပြောပြတယ်။ ဟိုတယ်ကပိုင်ရှင်က အစ်ကို့ အချိုရည်ကိုစုံစမ်းချင်တယ်။ သူတို့လာတွေ့ရင် ပြောပြ ပေးလို့ရမလားမေးတယ်။ ဦးက ရတယ်။ စိတ်ဝင်စားလို့လာတာကို ဆိုပြီးခေါ်လိုက်တယ်။”

သူ့ဆီကိုလာတွေ့တဲ့ မြောက်ဦးမြို့ “မင်းသမီး”ဟိုတယ်လုပ်ငန်းရှင်တွေဟာ သူတို့ဟိုတယ်မှာ တည်းခိုတဲ့ နိုင်ငံခြားသားတွေ၊ အထူးဧည့် သည်တွေကို ကျွေးမွေးဖို့အတွက် ဓနိချိုရည်စစ်စစ်ကို လိုချင်ကြောင်း သူနဲ့ဆွေးနွေးခဲ့ပြီး စစ်၊ မစစ်ကို စမ်းသပ်ခဲ့တယ်လို့ ဆိုပါတယ်။

“ဦးကိုယုံကြည်သွားတယ်။ သူတို့ မနက်ပိုင်းယူသွားတယ်။ စမ်းကြည့်တယ်။ ပြီးရင် ဈေးကဟာတွေနဲ့ ယှဉ်ကြည့်တယ်။ မတူဘူး။ မတူ တော့ သူတို့က ဦးလေး ကျွန်မတို့လာတဲ့ အချိန်မှာသောက်ချင်တယ်။ စမ်းသပ်တာပေါ့ သူတို့က။ ဦးက ရတယ်ဆိုပြီး ဝါးကျဉ်တောက်ကို ညကတည်းကနေ တည်ထားတယ်။ သူတို့က ပကတိအခြေအနေကို လိုချင်တယ်။ ရေရောထားလားဘာညာပေါ့။ ဦးကလာခဲ့။ သူတို့လာ တဲ့ အချိန်မှာ ကိုယ်တိုင်ဖော်မယ်။ လက်တွေ့ဖော်လို့ သောက်ကြည့်တယ်ပေါ့။ ရောက်တော့ သူတို့ညဦးက သောက်ခဲ့တဲ့အရည်နဲ့ အခု ကျဉ်က ဖော်လို့သောက်တဲ့အရည်နဲ့ ယှဉ်သောက်ကြတယ်။ ဦးကလည်း သူတို့သိသွားအောင် ဒီလိုလုပ်ရတယ်ပြောတယ်။ နောက်ထပ် နေ့ခင်းထပ်လာတယ်။” လို့ ဦးမောင်ဖြူချေက အခုလိုပဲ ပြန်ပြောင်းပြောပြပါတယ်။

ဟိုတယ်ဖက်ကလည်း သူတို့လိုချင်တဲ့ တကယ့်သဘာဝစစ်စစ်အရသာကို ရရှိပြီးနောက်မှာတော့ ဦးမောင်ဖြူချေဟာ ရိုးသားကြောင်း သိ သွားခဲ့ပြီး ဓနိသကာရည်ကိုလည်း သဘာဝအတိုင်းလိုချင်တယ်ဆိုကာ သူတို့ကို လုပ်ပေးဖို့ ကမ်းလှမ်းလာခဲ့တာပါ။ ဓနိသကာရည်လုပ် တာဟာ ဓနိအချိုရည်၊ အခါးရည်တို့လုပ်တာနဲ့ မတူဘဲ အရင်းအနှီးများသလို အချိန်ကုန်ခံပြီး လုပ်ရတဲ့ လုပ်ငန်းတစ်ခုဖြစ်လို့ ဦးမောင်ဖြူ ချေအတွက် အဆင်မပြေခဲ့ပါဘူး။

ဦးမောင်ဖြူချေက “သူတို့က သကာရည်ကိုလည်း အစစ်လိုချင်တယ်တဲ့။ ဆိုတော့ ဦးလေးက ရှင်းပြတယ်။ သကာရည်တစ်ပုလင်းထွက်ဖို့ အတွက်ကို အရင်ဆုံးအချိုရည် ၆ ထောင်ဖိုးရင်းရတယ်။ (ဓနိချိုရည်)၁၂ ပုလင်းပေါ့။ နောက်တစ်ခါထင်း ၃ ဖိုးလောက်လိုတယ်။ ဆိုတော့ ၉ ထောင်ဖိုးဖြစ်သွားပြီ။ ကိုယ့်ထင်းနဲ့လုပ်လို့ ထင်းဖိုးမရင်းရရင်လည်း သကာရည်လုပ်ဖို့အတွက် အရင်းမြှုပ်ထားရတာမလွယ်ဘူး။နယ်က လူတွေမှာက ထင်းဆိုလည်း ကိုယ့်ထင်း။ အပိုလျှံပစ္စည်းတစ်ခုအနေနနဲ့ ရောင်းကြတာလေ။ ၁၅၀၀ ဆိုလည်း ရောင်းကြတယ်ပေါ့။ ကိုယ့်ဒေသကလူတွေကလည်း တန်ဖိုးမထားတဲ့အတွက်ကြောင့်နဲ့ စျေးမပေးတော့ ရောင်းမထွက်ဘူး။”လို့ ရှင်းပြပါတယ်။

ဒီလိုနဲ့ ဟိုတယ်လုပ်ငန်းရှင်တွေက ဦးမောင်ဖြူချေကို သကာရည်လုပ်ဖို့အတွက်ပါ အရင်းအနှီးထုပ်ပေးခဲ့ပြီးနောက်မှာမှ ဒီလုပ်ငန်းကို လုပ်ဖို့ သလောတူလာခဲ့တာ ဖြစ်ပါတယ်။

“သူတို့က အချိုရည်ကိုလည်း အစစ်လုပ်ေ့ပးတဲ့အတွက်နဲ့ သကာရည်ကိုလည်း အစစ်လိုချင်တယ်။ ၅ ထောင်၊ ၆ ထောင်ဖို့ ရင်းရရင် ကျွန်မတို့ ၅ ထောင်ပေးမယ်။ ကျမတို့ကိုလုပ်ပေးဆိုတော့ ချက်ပြီးပြခဲ့ရတယ်။”

ဟိုတယ်လုပ်ငန်းရှင်နဲ့ သူရဲ့ကြားမှာ ယုံကြည်မှုရသွားပြီးနောက်မှာတော့ ဟိုတယ်ဖက်က တစ်ရက်မှာ တစ်ပုလင်း၊ ၂ ပုလင်း စသဖြင့် တဖြည်းဖြည်းသုံးစွဲလာခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ ၂၀၁၈ ခုနှစ်မှာတော့ Artisans de Mrauk U ဆိုတဲ့ အဖွဲ့စည်းက သူရဲ့သကာရည် ကို Organic Valley နဲ့ မိတ်ဆက်ပေးခဲ့ပြီး ရန်ကုန်မြို့က တောင်သူလယ်သမားစျေးကတစ်ဆင့် ဖြန့်ချိခဲ့တာလို့ ဆိုပါတယ်။

မူရင်းထုတ်လုပ်သူ ဦးမောင်ဖြူချေကို ဂုဏ်ပြုတဲ့ အနေနဲ့လည်း သူရဲ့အရုပ်ကို ပုလင်းမှာ တံဆိပ်အဖြစ်ကပ်ပြီး သန့်ရှင်းသပ်ရပ်တဲ့ ထုတ် ပိုးမှုပုံစံနဲ့ ထုတ်ဝေထားတာလည်း ဖြစ်ပါတယ်။

“ဦးလေးအတွက်အဆင်ပြေအောင် ကျမတို့က ဦးလေးအတွက်လုပ်ပေးတာ။ ဒီဒေသထွက်ကစ္စည်း တကယ်စစ်တယ်။ တကယ်ရှိတယ်။ ဆိုတာကို ပြချင်လို့ သူတို့က သမ္မတို့၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ လုပ်တဲ့ အစားအစာပြပွဲမှာ တင်ပေးပြီး မြည်းခိုင်တယ်။ ကြိုက်တယ် တဲ့။ ပုလင်းပုံစံလေးတွေကအစပါတယ်။ ဦးလေးအရုပ်လည်းပါတယ်လေ။ အဲဒီမှာ ဦးလေးကလည်း ဝမ်းသာတာပေါ့။”

အဲဒီနောက်မှာ သကာရည်ကို ဓာတ်ခွဲစမ်းသတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဓာတ်ခွဲစမ်းသပ်ချက်အရတော့ သဘာဝအတိုင်း ချက်လုပ်ထားတဲ့ဖြစ်လို့ ဆီးချိုသမားတွေတောင် စားသုံးနိုင်တယ်ဆို့ ဆိုပါတယ်။ လက်ရှိမှာတော့ အဲဒီသကာရည်နဲ့ ပထမဆုံး L’Amour du Gont လို့ ခေါ်တဲ့ ဒိန်ချဉ်တမျိုးကိုလည်း ထုတ်လုပ်ထားပြီး အဲဒီဒိန်ချဉ်ဟာဆိုရင်လည်း ရန်ကုန်စျေးကွက်မှာ လူကြိုများနေတယ်လို့ Organic Valley ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

“အရောင်ကလည်းနက်တယ်။ သကာရောင်ဆိုရင် သိတဲ့အတိုင်းပဲလေ။ အရောင်စပ်ထားတာ မဟုတ်ဘူး။ စပ်လို့မှ မရတာ။ စပ်ရင်မှားပြီ။ မသိတဲ့လူတွေက ငံပြာရည်ထည့်အောင်ထင်တယ်။ အချိုလိုတာကို ငံပြာရည်ထည့်ရင် ခါးသွားမယ်လေ။ ချက်လိုက်တဲ့အခါမှာ အိုးမှာ အ ဆီလိုဖြစ်သွားပြီး အရောင်ပြောင်းသွားတာ။ နောက်ပြီး ဘယ်မှာစားလဲတဲ့။ ဦးတို့မှာ ဒေသထွက်ကောက်ညှင်းပေါင်းလို့ရှိတယ်။ ကောက် ညှင်းနဲ့လည်း လူးလို့စားတယ်။ မရိုးပေါက်ပေါက်လို့ရှိတယ်။ မုန့်သန်းကိုလှော်ပြီးတော့ လုပ်တာ။ အဲဒါမှာလည်း ပျောင်းလည်းပျောင်း ချို လည်းချိုတယ်ပေါ့။ သို့သော် တခါတခါ အချဉ်ပေါက်မှရတယ်ပေါ့။ ပေါင်မုန့်ကိုလည်း စားလို့ရတယ်။ မုန့်မျိုးစုံကို ဒါနဲ့စားလိုက်ရင် နို့ဆီနဲ့ စားတာထက်ကောင်းတယ်။ ဦးလည်း စားပြတယ်။ ယုံကြည်မှုရအောင်ပေါ့။ ဒီလိုစားရတယ်။ သူတို့က အဲလိုဆိုရင် ဦးလေးမှာ ရသလော က်ကိုချက်ပေါ့။ သူတို့က ကြော်ညာချင်တယ်။ နိုင်ငံခြားသားတွေ ရောက်တယ်။ ဦးက ကျွေးလိုက်လို့ပြောတယ်။ ဒါက ဘာထိုက်ခိုက်မှုမှ မရှိဘူး။ ကျွေးကြည့်တယ်။ ကျွေးတော့ ကြိုက်တယ်။ နှစ်တိုင်းရောက်နေကြတော့ အဆန်းလေးတွေဆိုရင် သောက်ကြတယ်။ စားကြ တယ်။ သူတို့က ဘယ်လိုလုပ်လဲ ဘယ်လိုဖျော်လဲ သကြားဘယ်လောက်ပါလဲမေးကြသေးတယ်။ ဒါက ဖျော်ရည်မဟုတ်ဘူး။ မဟုတ်ဘူး ဒါကပင်ကိုယ် သဘာဝကရတဲ့ အရည်တစ်ခု။”

နောက်ပြီးတော့ ဒီသကာရည်ကို တောင်သူလယ်သမားစျေးကတစ်ဆင့် ရန်ကုန်က City Mart တွေကပါ မှာယူရောင်းချနေကြပြီဖြစ်ပြီး ပြည်တွင်းမှာသာမက ပြည်ပစျေးကွက်မှာပါ ထိုးဖောက်နိုင်ဖို့ ကြိုးပမ်လျက်ရှိတယ်လို့ အဲဒီထုတ်ပြန်ချက်က ဆိုထားပါတယ်။
လက်ရှိမှာဆိုရင်တော့ ဦးမောင်ဖြူချေဟာ ဒီသကာရည်ကို တတ်နိုင်သလောက်ချက်လုပ်နေပြီး ရန်ကုန်ကိုတင်ပို့နေပြီး လိုအပ်တာတွေ ကို နယ်တွေကလည်း မှာယူလုပ်နေပြီဖြစ်လို့ ဒေသခံတွေအနေနဲ့လည်း စျေးကွက်မှာ ရောင်းရရင် ရောင်းရသလောက် ဝင်ငွေရရှိကြ တော့မှာဖြစ်ပါတယ်။
ဒါပေမယ့် ဦးမောင်ဖြူချေလို့ပဲ ရိုးသားစွာနဲ့ထုတ်လုပ်ပြီး ဘယ်ဓာတုပစ္စည်းတွေမှ အသုံးမပြုပဲ ချက်လုပ်မှသာ တော်ရာကျပါလိမ့်မယ်။

“ဂုဏ်ယူတာပေါ့။ ကိုယ်လုပ်တဲ့ပစ္စည်းတစ်ခုကို အများကလက်ခံတယ်။ ကိုယ်ရိုးသားစွာလုပ်လိုက်ပြီဆိုရင် အများက ပြီးသားလေ။ တက ယ်လည်း ကိုယ်က ရိုးသားဖို့လိုတယ်။ အစားအစာဆိုတာက မရိုးသားရင် အဆိပ်ဖြစ်တယ်။ ဟုတ်တယ်မလား။ ကိုယ့်နိုင်ငံသားတောင် မ သိတာ။ မြောက်ဦးမြို့သားတောင် အတုထင်နေတာ။ ဘယ်လိုလုပ်ရမှန်းတောင်မသိ။ ပြောရမယ်ဆိုရင် မြို့ကကလေးတွေဟာ ဓနိခိုင်ဆို တန်ဖိုးမထားဘူး။ အဲဒါတွေရှိကြတယ်။ စစ်တွေကဆို ပိုဝေးတယ်။ ရန်ကုန်ဆိုပိုဆိုး။ နိုင်ငံခြားသားဆို ပိုပိုဝေးတယ်။ သူတို့ကလည်း တန် ဖိုးထားလို့ ဒီဟာသည် လွယ်လွယ်ကူကူနဲ့ ရလာတဲ့ဟာမဟုတ်။”

(Zawgyi Version)

ထူး၊ ႐ိုးမေရဒီယိုမဂၢဇင္း

ေရွးေဟာင္းယဥ္ေက်းမႈအေမြအႏွစ္ေတြ စု႐ုံးတည္ရွိရာ ေျမာက္ဦးေဒသဟာဆိုရင္ ကမၻာ့လွည့္ရီးသြားေတြရဲ႕ စိတ္ဝင္စားမႈကို အထူးတ လည္ခံေနရတဲ့ေဒသတစ္ခု ျဖစ္ပါတယ္။

ေျမာက္ဦးေဒသက ထြက္ရွိတဲ့ ဓနိသကာရည္ဟာ ရန္ကုန္ၿမိဳ႕ေစ်းကြက္ကို ေရာက္ရွိလာၿပီး လတ္တေလာမွာ လူႀကိဳက္မ်ားေနတာကို ေတြ႔ရပါတယ္။ ဒီထုတ္ကုန္ကို Artisan de Mrauk U လို႔ေခၚတဲ့ အဖြဲ႔စည္းတစ္ခုက Organic Valley နဲ႔ မိတ္ဆက္ေပးခဲ့ၿပီး ရန္ကုန္ၿမိဳ႕က ေတာင္သူလယ္သမားေစ်းကြက္ကတဆင့္ ျဖန္႔ခ်ိခဲ့တာလို႔သိရပါတယ္။ အဲဒီသကာရည္နဲ႔ ျပဳလုပ္ထားတဲ့ L’Amour du Gout လို႔ေခၚတဲ့ ဒိန္ ခ်ဥ္ကိုလည္း ေစ်းကြက္မွာ ျဖန္႔ခ်ိထားၿပီျဖစ္ပါတယ္။

အခုဆိုရင္ ဒီသကာရည္ကို ျပည္တြင္းေစ်းကြက္မွာသာမက ျပည္ပေစ်းကြက္ကိုလည္း ထိုးေဖာက္ႏိုင္ေအာင္ ႀကိဳးပမ္းလွ်က္ရွိတယ္လို႔ Organic Valley ေဖ့စ္ဘြတ္ေပ့ခ်္ကေန ထုတ္ျပန္ထားပါတယ္။ အခုလို လူအမ်ားႀကိဳက္ႏွစ္သစ္တဲ့ သဘာဝစစ္စစ္ ဓနိသကာျဖစ္လာ ေအာင္ အဓိကထုတ္လုပ္ေနသူကေတာ့ အသက္ ၆၄ ႏွစ္အရြယ္ ဦးေမာင္ျဖဴေခ်ပါ။

“ေထြအုပ္႐ုံးေတြမွာက အပိုဝင္ေငြရတယ္။ ဦးတို႔ စာရင္း႐ုံးမွာက အပိုဝင္ေငြကမရွိဘူး။ ကိုယ့္လစာနဲ႔ ကိုယ္႐ုန္းရတယ္။ အပိုဝင္ေငြ ဘယ္ လိုရမလဲေပါ့။ ဆိုေတာ့ ဓနိေတာတစ္ေတာ ဝယ္လိုက္တယ္။ အဲဒီေခတ္က ၁၉၈၂ ခုႏွစ္မွာ ဝယ္တာ။ ၁၂၀၀ က်တယ္။ လစာ ၁၀၀ ရတဲ့ ေခတ္မွာ ၁၂၀၀ က်တယ္။ ေတာျဖစ္ေနတာကို အငွားခုတ္ခိုင္းတယ္။ ရွင္းလင္းခ ၁၀၀ ေပးရျပန္တယ္။ တစ္လစာေပးလိုက္ရတယ္ေပါ့။  ေနာက္တစ္ႏွစ္မွာ ဓနိခိုင္ ၉ ခုိင္က စခုတ္တယ္။ အုန္းရည္တစ္ပုလင္းကို ၅ ေရြးရတယ္။ တစ္က်ပ္မဟုတ္။ အဲဒီလို ႐ိုးသားစြာ ရွာလာရ တယ္ေပါ့။ တစ္ပုလင္းကို ၅ ေရြးဆိုရင္ ၈ ပုလင္းကို ၄ က်ပ္ရၿပီေပါ့။ ၄ က်ပ္ဆိုရင္ တစ္ေန႔တာေစ်းခရိတ္ရၿပီ။ ဒီလုပ္ငန္းကို စလို႔ မလုပ္ ခင္ကေတာ့ ခံခဲ့ရတယ္။”လို႔ သူစတင္လို႔ လုပ္ေဆာင္ခဲ့ရတဲ့အေၾကာင္းကို ဦးေမာင္ျဖဴေခ်က ေျပာျပပါတယ္။

သူဟာ ေျမာက္ဦးၿမိဳ႕၊ ေလာ္ကမူရပ္ကြက္မွာ ေနထိုင္တဲ့ အစိုးရအၿငိမ္းစားဝန္းထမ္းတစ္ဦးပါ။ သူငယ္ရြယ္စဥ္မွာ မိဘရဲ႕ေက်းဇူးေၾကာင့္ ၁၀ တန္းအထိပညာသင္ခြင့္ရခဲ့ေပမယ့္ စာေမးပြဲက်ခဲ့တာေၾကာင့္ သူနဲ႔ သင့္ေတာ္မယ့္ ေအာက္ေျခအလုပ္တစ္ခုကိုရွာေဖြၿပီး ေျမာက္ဦး ၿမိဳ႕က စာရင္းစစ္႐ုံးမွာ အလုပ္ဝင္ခဲ့တယ္လို႔ ဆိုပါတယ္။ သူဟာ အဲဒီ႐ုံးမွာပဲ လုပ္ရင္းကိုင္ရင္းနဲ႔ အိမ္ေထာင္က်ၿပီး သား၊ သမီးေတြသာရ လို႔ ႏွစ္ေတြသာၾကာလာခဲ့ေပမယ့္ ရာထိုးလည္း မတိုးခဲ့သလို အပိုဝင္ေငြလည္း မရရွိတာေၾကာင့္ ဝန္ထမ္းလစာေငြနဲ႔ မေလာက္ငွဘဲ ေငြ ေၾကးခ်ိဳ႕တဲ့မႈျပႆနာ ေပၚေပါက္လာခဲ့ပါတယ္။ ဒီလိုနဲ႔ သူဟာ ဝန္ထမ္းလုပ္ေနရင္း အပိုဝင္ေငြရွာဖို႔ ႀကိဳးစား႐ုန္းကန္လာခဲ့ရပါတယ္။ ဒါ ေတြကလည္း ဦးေမာင္ျဖဴေခ်ကို အခုလို ဘဝမ်ိဳး ကိုေရာက္ဖို႔ တြန္းအားတစ္ခုပဲ မဟုတ္လား။

ေနာက္ဆုံးမွာေတာ့ သူတို႔ေဒသမွာေပါမ်ားတဲ့ ဓနိေတာတစ္ခုဝယ္ဖို႔ ဆုံးျဖတ္ခဲ့ၿပီး ဓနိရည္ေတြ ထုတ္လုပ္ေရာင္းခ်ခဲ့တာလို႔ ဆိုပါတယ္။ သူက ဒီလုပ္ငန္းဖက္ကို ေျပာင္းလုပ္လာခဲ့ၿပီးေနာက္ပိုင္းမွာေတာ့ စားဝတ္ေနေရးအပိုင္းမွာေရာ သား၊ သမီးေတြရဲ႕ ပညာေရးကိုပါ ဆုံး ခန္းတိုင္ေအာင္ သင္ေပးႏိုင္ခဲ့ပါတယ္။ ဒီလိုနဲ႔ သူဟာ ဝန္ထမ္းတစ္ဖက္၊ တစ္ပုိင္တစ္ႏိုင္ လုပ္ငန္းေလးက တစ္ဖက္နဲ႔ ႏွစ္အေတာ္ၾကာ တဲ့အထိ အဆင္ေျပေနခဲ့ေပမယ့္ အသက္ အရြယ္ရလာတဲ့အခ်ိန္မွာေတာ့ သူ႔ဆီမွာ အေတြးတစ္ခုဝင္လာခဲ့ပါတယ္။ ဒါကေတာ့ ဓနိခါး ရည္ေရာင္းေနတာဟာ သူ႔အသက္အရြယ္နဲ႔ လိုက္ေလ်ာညီေထြတဲ့ အလုပ္ျဖစ္ရဲ႕လားဆိုတာပါ။

“ေျပာရမယ္ဆိုရင္ သား၊ သမီးေတြကို စာသင္တာလည္း ဒီဝင္ေငြနဲ႔ပဲ။ လစာက အရင္ကဆို ေထာင္ဂဏန္းပဲရွိတာ။ တစ္သိန္းေလာက္နဲ႔ က လူတစ္ေယာက္ထမင္းေတာင္မစားရဘူး။ သား၊ သမီး ၃ ေယာက္ရွိတယ္။ ၃ ေယာက္လုံးကို ၁၀ တန္းေအာင္၊ ဘြဲ႔ရေအာင္သင္ႏိုင္ တယ္ဆိုတာ  ဒီဝင္ေငြနဲ႔ ႐ုန္းကန္လာခဲ့တာ။ အသက္ႀကီးလာလို႔ သူတို႔လည္း ကိုယ့္ဟာနဲ႔ကိုယ္ အိမ္ေထာင္ျပဳေတာ့ အခါးရည္လုပ္ငန္း ကို ျဖဳတ္လိုက္တာ။ ႏွစ္ေပါင္း ၁၀ ေက်ာ္ၿပီ။ အသက္ႀကီးလာေတာ့ ပင္ပင္ပန္းပန္းႀကီးမလုပ္ခ်င္ေတာ့ဘူး။ ဒီလုပ္ငန္းက က်န္းမာေရး လည္းထိခိုက္တယ္။ ႐ႊံ႕ေတာမွာ လုပ္ရေတာ့။ ေတာ္႐ုံက်န္းမာေရးမေကာင္းတဲ့သူ မလုပ္ႏုိင္ဘူး။”

သူတို႔မိသားစုအတြက္ အဆင္ေျပေနတယ္။ အပိုဝင္ေငြရေနတယ္ဆိုေပမယ့္ လူကိုမူးယစ္ေစၿပီး ေရာင္းခ်သူတစ္ေယာက္တည္းပဲ အက်ိဳး ရွိတယ္လို႔ သတ္မွတ္ခဲ့ၿပီး ဓနိခါးရည္လုပ္ငန္းကို စြန္႔လႊတ္ခဲ့ပါတယ္။

ဒါေပမယ့္ သူအနစ္နာခံၿပီး ဝယ္ယူထားရတဲ့ ဓနိေတာကိုေတာ့ဘယ္ နည္းနဲ႔မွ အဆုံး႐ႈံးမခံခဲ့ပါဘူး။ ဓနိခ်ိဳရည္လုပ္ငန္းကို ေျပာင္းလဲလုပ္ ကိုင္ခဲ့ပါတယ္။

“အစတုန္းက အခါးရည္လုပ္တယ္ အခါးရည္က အသက္ႀကီးလာတဲ့အခ်ိန္ အသက္႐ြယ္အားျဖင့္မေကာင္းဘူး လူကိုမူးေစတဲ့အတြက္  ျဖဳတ္လိုက္တယ္ အခ်ိဳရည္လုပ္တာဆိုရင္ ဘာသာေရးနဲ႔လည္း ကိုက္ညီတယ္။ ဘုန္းႀကီးေတြလည္း သုံးေဆာင္လို႔ရတယ္ အဲဒါေၾကာင့္ ဒီလိုင္းပဲေျပာင္းလိုက္တယ္။ အခ်ိဳရည္ဆိုျပႆနာဘာမွရွိဘူး။ မူးေစတဲ့အရာ ဘာမွမပါဘူး။”လို႔ ဆိုပါတယ္။

သူဟာ သား၊ သမီးေတြ ပညာတတ္ေအာင္သင္ေပးလို႔ အသက္အရြယ္ရလာခ်ိန္မွာေတာ့ အစိုးရအမႈထန္းဘဝက အၿငိမ္းစားပင္စင္ယူခဲ့ ၿပီး အဲဒီကရတဲ့ေငြနဲ႔သူတပိုင္တႏိုင္လုပ္ေနတဲ့ ဓနိခ်ိဳရည္လုပ္ငန္းကိုယွဥ္တြဲလုပ္ကိုင္ရင္း ေရာင္းခ်ေနခဲ့တယ္လို႔ဆိုပါတယ္။ တစ္ေန႔မနက္ မွာေတာ့ သဘာဝအုန္းခ်ိဳရည္စစ္ကို လုပ္ေဆာင္ေနသူတစ္ဦးနဲ႔ ေတြ႔လိုေၾကာင္း အသိတစ္ေယာက္က မိတ္ဆက္ေပးလာတဲ့အတြက္ သူ ဟာ ဟိုတယ္လုပ္ငန္းရွင္တစ္ဦးနဲ႔ ေတြ႔ခြင့္ရခဲ့ပါတယ္။

“ကိုေက်ာ္ဝင္းလႈိင္ ေျမာက္ဦးဟိုတယ္မွာ လုပ္တယ္။ သူက ေျမာက္ဦးဇာတိဆိုေတာ့ ဓနိရည္ အစစ္၊ အတုကိုသိတယ္။ အဲဒါကို ဟိုတယ္ က လိုခ်င္တယ္။ သူတို႔ဟိုတယ္မွာ သဘာဝကရတဲ့ အစားအစာေတြကို ႏုိင္ငံျခားသား‌ေတြ အထူးဧည့္သည္ေတြကိုေကြၽးခ်င္တယ္။ တိုက္ ခ်င္တယ္ဆိုေတာ့ သူက ေျပာျပတယ္။ ကြၽန္ေတာ္နဲ႔ သူငယ္ခ်င္း ဝန္ထမ္းတစ္ေယာက္ရွိတယ္။ အစိုးရ႐ုံးမွာလုပ္တယ္။ ေလ့လာခ်င္ရင္ရ တယ္ဆိုၿပီးေျပာျပတယ္။ အဲဒါကို ဦးကိုေျပာျပတယ္။ ဟိုတယ္ကပိုင္ရွင္က အစ္ကို႔ အခ်ိဳရည္ကိုစုံစမ္းခ်င္တယ္။ သူတို႔လာေတြ႔ရင္ ေျပာျပ ေပးလို႔ရမလားေမးတယ္။ ဦးက ရတယ္။ စိတ္ဝင္စားလို႔လာတာကို ဆိုၿပီးေခၚလိုက္တယ္။”

သူ႔ဆီကိုလာေတြ႔တဲ့ ေျမာက္ဦးၿမိဳ႕ “မင္းသမီး”ဟိုတယ္လုပ္ငန္းရွင္ေတြဟာ သူတို႔ဟိုတယ္မွာ တည္းခိုတဲ့ ႏိုင္ငံျခားသားေတြ၊ အထူးဧည့္ သည္ေတြကို ေကြ်းေမြးဖို႔အတြက္ ဓနိခ်ိဳရည္စစ္စစ္ကို လိုခ်င္ေၾကာင္း သူနဲ႔ေဆြးေႏြးခဲ့ၿပီး စစ္၊ မစစ္ကို စမ္းသပ္ခဲ့တယ္လို႔ ဆိုပါတယ္။

“ဦးကိုယုံၾကည္သြားတယ္။ သူတို႔ မနက္ပိုင္းယူသြားတယ္။ စမ္းၾကည့္တယ္။ ၿပီးရင္ ေဈးကဟာေတြနဲ႔ ယွဥ္ၾကည့္တယ္။ မတူဘူး။ မတူ ေတာ့ သူတို႔က ဦးေလး ကြၽန္မတို႔လာတဲ့ အခ်ိန္မွာေသာက္ခ်င္တယ္။ စမ္းသပ္တာေပါ့ သူတို႔က။ ဦးက ရတယ္ဆိုၿပီး ဝါးက်ဥ္ေတာက္ကို ညကတည္းကေန တည္ထားတယ္။ သူတို႔က ပကတိအေျခအေနကို လိုခ်င္တယ္။ ေရေရာထားလားဘာညာေပါ့။ ဦးကလာခဲ့။ သူတို႔လာ တဲ့ အခ်ိန္မွာ ကိုယ္တိုင္ေဖာ္မယ္။ လက္ေတြ႔ေဖာ္လို႔ ေသာက္ၾကည့္တယ္ေပါ့။ ေရာက္ေတာ့ သူတို႔ညဦးက ေသာက္ခဲ့တဲ့အရည္နဲ႔ အခု က်ဥ္က ေဖာ္လို႔ေသာက္တဲ့အရည္နဲ႔ ယွဥ္ေသာက္ၾကတယ္။ ဦးကလည္း သူတို႔သိသြားေအာင္ ဒီလိုလုပ္ရတယ္ေျပာတယ္။ ေနာက္ထပ္ ေန႔ခင္းထပ္လာတယ္။” လို႔ ဦးေမာင္ျဖဴေခ်က အခုလိုပဲ ျပန္ေျပာင္းေျပာျပပါတယ္။

ဟိုတယ္ဖက္ကလည္း သူတို႔လိုခ်င္တဲ့ တကယ့္သဘာဝစစ္စစ္အရသာကို ရရွိၿပီးေနာက္မွာေတာ့ ဦးေမာင္ျဖဴေခ်ဟာ ႐ုိးသားေၾကာင္း သိ သြားခဲ့ၿပီး ဓနိသကာရည္ကိုလည္း သဘာဝအတိုင္းလိုခ်င္တယ္ဆိုကာ သူတို႔ကို လုပ္ေပးဖို႔ ကမ္းလွမ္းလာခဲ့တာပါ။ ဓနိသကာရည္လုပ္ တာဟာ ဓနိအခ်ိဳရည္၊ အခါးရည္တို႔လုပ္တာနဲ႔ မတူဘဲ အရင္းအႏွီးမ်ားသလို အခ်ိန္ကုန္ခံၿပီး လုပ္ရတဲ့ လုပ္ငန္းတစ္ခုျဖစ္လို႔ ဦးေမာင္ျဖဴ ေခ်အတြက္ အဆင္မေျပခဲ့ပါဘူး။

ဦးေမာင္ျဖဴေခ်က “သူတို႔က သကာရည္ကိုလည္း အစစ္လိုခ်င္တယ္တဲ့။ ဆိုေတာ့ ဦးေလးက ရွင္းျပတယ္။ သကာရည္တစ္ပုလင္းထြက္ဖို႔ အတြက္ကို အရင္ဆုံးအခ်ိဳရည္ ၆ ေထာင္ဖိုးရင္းရတယ္။ (ဓနိခ်ိဳရည္)၁၂ ပုလင္းေပါ့။ ေနာက္တစ္ခါထင္း ၃ ဖိုးေလာက္လိုတယ္။ ဆိုေတာ့ ၉ ေထာင္ဖိုးျဖစ္သြားၿပီ။ ကိုယ့္ထင္းနဲ႔လုပ္လို႔ ထင္းဖိုးမရင္းရရင္လည္း သကာရည္လုပ္ဖို႔အတြက္ အရင္းျမွဳပ္ထားရတာမလြယ္ဘူး။နယ္က လူေတြမွာက ထင္းဆိုလည္း ကိုယ့္ထင္း။ အပိုလွ်ံပစၥည္းတစ္ခုအေနနနဲ႔ ေရာင္းၾကတာေလ။ ၁၅၀၀ ဆိုလည္း ေရာင္းၾကတယ္ေပါ့။ ကိုယ့္ေဒသကလူေတြကလည္း တန္ဖိုးမထားတဲ့အတြက္ေၾကာင့္နဲ႔ ေစ်းမေပးေတာ့ ေရာင္းမထြက္ဘူး။”လို႔ ရွင္းျပပါတယ္။

ဒီလိုနဲ႔ ဟိုတယ္လုပ္ငန္းရွင္ေတြက ဦးေမာင္ျဖဴေခ်ကို သကာရည္လုပ္ဖို႔အတြက္ပါ အရင္းအႏွီးထုပ္ေပးခဲ့ၿပီးေနာက္မွာမွ ဒီလုပ္ငန္းကို လုပ္ဖို႔ သေလာတူလာခဲ့တာ ျဖစ္ပါတယ္။

“သူတို႔က အခ်ိဳရည္ကိုလည္း အစစ္လုပ္ေ့ပးတဲ့အတြက္နဲ႔ သကာရည္ကိုလည္း အစစ္လိုခ်င္တယ္။ ၅ ေထာင္၊ ၆ ေထာင္ဖို႔ ရင္းရရင္ ကြ်န္မတို႔ ၅ ေထာင္ေပးမယ္။ က်မတို႔ကိုလုပ္ေပးဆိုေတာ့ ခ်က္ၿပီးျပခဲ့ရတယ္။” 

ဟိုတယ္လုပ္ငန္းရွင္နဲ႔ သူရဲ႕ၾကားမွာ ယုံၾကည္မႈရသြားၿပီးေနာက္မွာေတာ့ ဟိုတယ္ဖက္က တစ္ရက္မွာ တစ္ပုလင္း၊ ၂ ပုလင္း စသျဖင့္ တျဖည္းျဖည္းသုံးစြဲလာခဲ့တယ္လို႔ ဆိုပါတယ္။ ဒီလိုနဲ႔ ၂၀၁၈ ခုႏွစ္မွာေတာ့ Artisans de Mrauk U ဆိုတဲ့ အဖြဲ႔စည္းက သူရဲ႕သကာရည္ ကို Organic Valley နဲ႔ မိတ္ဆက္ေပးခဲ့ၿပီး ရန္ကုန္ၿမိဳ႕က ေတာင္သူလယ္သမားေစ်းကတစ္ဆင့္ ျဖန္႔ခ်ိခဲ့တာလို႔ ဆိုပါတယ္။

မူရင္းထုတ္လုပ္သူ ဦးေမာင္ျဖဴေခ်ကို ဂုဏ္ျပဳတဲ့ အေနနဲ႔လည္း သူရဲ႕အ႐ုပ္ကို ပုလင္းမွာ တံဆိပ္အျဖစ္ကပ္ၿပီး သန္႔ရွင္းသပ္ရပ္တဲ့ ထုတ္ ပိုးမႈပုံစံနဲ႔ ထုတ္ေဝထားတာလည္း ျဖစ္ပါတယ္။

“ဦးေလးအတြက္အဆင္ေျပေအာင္ က်မတို႔က ဦးေလးအတြက္လုပ္ေပးတာ။ ဒီေဒသထြက္ကစၥည္း တကယ္စစ္တယ္။ တကယ္ရွိတယ္။ ဆိုတာကို ျပခ်င္လို႔ သူတို႔က သမၼတို႔၊ ေဒၚေအာင္ဆန္းစုၾကည္တို႔နဲ႔ လုပ္တဲ့ အစားအစာျပပြဲမွာ တင္ေပးၿပီး ျမည္းခိုင္တယ္။ ႀကိဳက္တယ္ တဲ့။ ပုလင္းပုံစံေလးေတြကအစပါတယ္။ ဦးေလးအ႐ုပ္လည္းပါတယ္ေလ။ အဲဒီမွာ ဦးေလးကလည္း ဝမ္းသာတာေပါ့။”

အဲဒီေနာက္မွာ သကာရည္ကို ဓာတ္ခြဲစမ္းသတ္တာေတြ ျပဳလုပ္ခဲ့တယ္လို႔ ဆိုပါတယ္။ ဓာတ္ခြဲစမ္းသမ္းခ်က္အရေတာ့ သဘာဝအတိုင္း ခ်က္လုပ္ထားတဲ့ျဖစ္လို႔ ဆီးခ်ိဳသမားေတြေတာင္ စားသုံးႏိုင္တယ္ဆို႔ ဆိုပါတယ္။ လက္ရွိမွာေတာ့ အဲဒီသကာရည္နဲ႔ ပထမဆုံး L’Amour du Gont လို႔ ေခၚတဲ့ ဒိန္ခ်ဥ္တမ်ိဳးကိုလည္း ထုတ္လုပ္ထားၿပီး အဲဒီဒိန္ခ်ဥ္ဟာဆိုရင္လည္း ရန္ကုန္ေစ်းကြက္မွာ လူႀကိဳမ်ားေနတယ္လို႔ Organic Valley ရဲ႕ ထုတ္ျပန္ခ်က္မွာပါရွိပါတယ္။

“အေရာင္ကလည္းနက္တယ္။ သကာေရာင္ဆိုရင္ သိတဲ့အတိုင္းပဲေလ။ အေရာင္စပ္ထားတာ မဟုတ္ဘူး။ စပ္လို႔မွ မရတာ။ စပ္ရင္မွားၿပီ။ မသိတဲ့လူေတြက ငံျပာရည္ထည့္ေအာင္ထင္တယ္။ အခ်ိဳလိုတာကို ငံျပာရည္ထည့္ရင္ ခါးသြားမယ္ေလ။ ခ်က္လိုက္တဲ့အခါမွာ အိုးမွာ အ ဆီလိုျဖစ္သြားၿပီး အေရာင္ေျပာင္းသြားတာ။ ေနာက္ၿပီး ဘယ္မွာစားလဲတဲ့။ ဦးတို႔မွာ ေဒသထြက္ေကာက္ညွင္းေပါင္းလို႔ရွိတယ္။ ေကာက္ ညွင္းနဲ႔လည္း လူးလို႔စားတယ္။ မ႐ိုးေပါက္ေပါက္လို႔ရွိတယ္။ မုန္႔သန္းကိုေလွာ္ၿပီးေတာ့ လုပ္တာ။ အဲဒါမွာလည္း ေပ်ာင္းလည္းေပ်ာင္း ခ်ိဳ လည္းခ်ိဳတယ္ေပါ့။ သို႔ေသာ္ တခါတခါ အခ်ဥ္ေပါက္မွရတယ္ေပါ့။ ေပါင္မုန္႔ကိုလည္း စားလို႔ရတယ္။ မုန္႔မ်ိဳးစုံကို ဒါနဲ႔စားလိုက္ရင္ ႏို႔ဆီနဲ႔ စားတာထက္ေကာင္းတယ္။ ဦးလည္း စားျပတယ္။ ယုံၾကည္မႈရေအာင္ေပါ့။ ဒီလိုစားရတယ္။ သူတို႔က အဲလိုဆိုရင္ ဦးေလးမွာ ရသေလာ က္ကိုခ်က္ေပါ့။ သူတို႔က ေၾကာ္ညာခ်င္တယ္။ ႏိုင္ငံျခားသားေတြ ေရာက္တယ္။ ဦးက ေကြ်းလိုက္လို႔ေျပာတယ္။ ဒါက ဘာထိုက္ခိုက္မႈမွ မရွိဘူး။ ေကြ်းၾကည့္တယ္။ ေကြ်းေတာ့ ႀကိဳက္တယ္။ ႏွစ္တိုင္းေရာက္ေနၾကေတာ့ အဆန္းေလးေတြဆိုရင္ ေသာက္ၾကတယ္။ စားၾက တယ္။ သူတို႔က ဘယ္လိုလုပ္လဲ ဘယ္လိုေဖ်ာ္လဲ သၾကားဘယ္ေလာက္ပါလဲေမးၾကေသးတယ္။ ဒါက ေဖ်ာ္ရည္မဟုတ္ဘူး။ မဟုတ္ဘူး ဒါကပင္ကိုယ္ သဘာဝကရတဲ့ အရည္တစ္ခု။”

ေနာက္ၿပီးေတာ့ ဒီသကာရည္ကို ေတာင္သူလယ္သမားေစ်းကတစ္ဆင့္ ရန္ကုန္က City Mart ေတြကပါ မွာယူေရာင္းခ်ေနၾကၿပီျဖစ္ၿပီး ျပည္တြင္းမွာသာမက ျပည္ပေစ်းကြက္မွာပါ ထိုးေဖာက္ႏုိင္ဖို႔ ႀကိဳးပမ္လ်က္ရွိတယ္လို႔ အဲဒီထုတ္ျပန္ခ်က္က ဆိုထားပါတယ္။

လက္ရွိမွာဆိုရင္ေတာ့ ဦးေမာင္ျဖဴေခ်ဟာ ဒီသကာရည္ကို တတ္ႏိုင္သေလာက္ခ်က္လုပ္ေနၿပီး ရန္ကုန္ကိုတင္ပို႔ေနၿပီး လိုအပ္တာေတြ ကို နယ္ေတြကလည္း မွာယူလုပ္ေနၿပီျဖစ္လို႔ ေဒသခံေတြအေနနဲ႔လည္း ေစ်းကြက္မွာ ေရာင္းရရင္ ေရာင္းရသေလာက္ ဝင္ေငြရရွိၾက ေတာ့မွာျဖစ္ပါတယ္။

ဒါေပမယ့္ ဦးေမာင္ျဖဴေခ်လို႔ပဲ ႐ိုးသားစြာနဲ႔ထုတ္လုပ္ၿပီး ဘယ္ဓာတုပစၥည္းေတြမွ အသုံးမျပဳပဲ ခ်က္လုပ္မွသာ ေတာ္ရာက်ပါလိမ့္မယ္။

“ဂုဏ္ယူတာေပါ့။ ကိုယ္လုပ္တဲ့ပစၥည္းတစ္ခုကို အမ်ားကလက္ခံတယ္။ ကိုယ္႐ိုးသားစြာလုပ္လိုက္ၿပီဆိုရင္ အမ်ားက ၿပီးသားေလ။ တက ယ္လည္း ကိုယ္က ႐ိုးသားဖို႔လိုတယ္။ အစားအစာဆိုတာက မ႐ိုးသားရင္ အဆိပ္ျဖစ္တယ္။ ဟုတ္တယ္မလား။ ကိုယ့္ႏိုင္ငံသားေတာင္ မ သိတာ။ ေျမာက္ဦးၿမိဳ႕သားေတာင္ အတုထင္ေနတာ။ ဘယ္လိုလုပ္ရမွန္းေတာင္မသိ။ ေျပာရမယ္ဆိုရင္ ၿမိဳ႕ကကေလးေတြဟာ ဓနိခိုင္ဆို တန္ဖိုးမထားဘူး။ အဲဒါေတြရွိၾကတယ္။ စစ္ေတြကဆို ပိုေဝးတယ္။ ရန္ကုန္ဆိုပိုဆိုး။ ႏိုင္ငံျခားသားဆို ပိုပိုေဝးတယ္။ သူတို႔ကလည္း တန္ ဖိုးထားလို႔ ဒီဟာသည္ လြယ္လြယ္ကူကူနဲ႔ ရလာတဲ့ဟာမဟုတ္။”

 835 total views,  1 views today