(Unicode Version)
Arakan Yoma| ရခိုင်စာပေဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း ရခိုင်ပြည်နယ်ရုံးကို စစ်တွေမြို့ရှိ ရူပမြောက်ရပ်ကွက်မှာ ဖွင့်လှစ်ထားပြီ ဖြစ်ပါတယ်။
အဲဒီရုံးကို ဖေဖော်ဝါရီလ ၈ ရက်နေ့က နံနက်ပိုင်းက အခမ်းအနားနှင့် ဖွင့်လှစ်ခဲ့တာပါ။
ဖောင်ဒေးရှင်းကို ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၅ ခုမှ စာပေသမားများနှင့် ၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး မောင်တောနှင့် ဂွမြို့ နယ်တို့မှ စာပေသမားများပါဝင်ရန် လိုအပ်နေသေးကြောင်း ယင်းအဖွဲ့၏ တာဝန်ရှိသူများထံမှတစ်ဆင့် သိရပါတယ်။
ရုံးခန်း ဖွင့်ပွဲကိုတော့ ရခိုင်ပြည်နယ်အတွင်းမှ စာရေးဆရာများ၊ စာပေနှင့် ပတ်သက်သူများအပါအဝင် စာပေကို ဝါသနာပါကြသူတွေက လာရောက် တက်ရောက်ခဲ့ကြပြီး အဖွဲ့အစည်း လိုအပ်ချက်များ၊ လုပ်ငန်းဆောင်ရွက်မှုများအား ဖောင်ဒေးရှင်းတာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြတာကို တွေ့ရပါတယ်။
ဖောင်ဒေးရှင်းမှာ စာပေဖွံ့ဖြိုးရေးအတွက်ရည်ရွယ်၍ ဖွဲ့စည်းထားခြင်းပေမယ့်လည်း စာပေနယ်ပယ်တစ်ခုတည်းမှ အဖွဲ့ဝင်များဖြင့်ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ ပါဝင်လိုတဲ့ မည်သည့်ပုဂ္ဂိုလ်များကိုမဆို ပါဝင်ရန် ဖိတ်ခေါ်လျှက်ရှိကြောင်းကိုလည်း အဲဒီက အဖွဲ့ဝင်တချို့က ဆိုပါတယ်။
(Zawgyi Version)
Arakan Yoma| ရခိုင္စာေပဖြံ႔ၿဖိဳးတိုးတက္ေရးေဖာင္ေဒးရွင္း ရခိုင္ျပည္နယ္႐ုံးကို စစ္ေတြၿမိဳ႕ရွိ ႐ူပေျမာက္ရပ္ကြက္မွာ ဖြင့္လွစ္ထားၿပီ ျဖစ္ပါတယ္။
အဲဒီ႐ုံးကုိ ေဖေဖာ္ဝါရီလ ၈ ရက္ေန႔က နံနက္ပိုင္းက အခမ္းအနားႏွင့္ ဖြင့္လွစ္ခဲ့တာပါ။
ေဖာင္ေဒးရွင္းကို ရခိုင္ျပည္နယ္ရွိ ၿမိဳ႕နယ္ ၁၅ ခုမွ စာေပသမားမ်ားႏွင့္ ၂၀၁၇ ခုႏွစ္တြင္ ဖြဲ႔စည္းခဲ့ျခင္းျဖစ္ၿပီး ေမာင္ေတာႏွင့္ ဂြၿမိဳ႕ နယ္တို႔မွ စာေပသမားမ်ားပါဝင္ရန္ လိုအပ္ေနေသးေၾကာင္း ယင္းအဖြဲ႔၏ တာဝန္ရွိသူမ်ားထံမွတစ္ဆင့္ သိရပါတယ္။
႐ုံးခန္း ဖြင့္ပြဲကုိေတာ့ ရခိုင္ျပည္နယ္အတြင္းမွ စာေရးဆရာမ်ား၊ စာေပႏွင့္ ပတ္သက္သူမ်ားအပါအဝင္ စာေပကို ဝါသနာပါၾကသူေတြက လာေရာက္ တက္ေရာက္ခဲ့ၾကၿပီး အဖြဲ႔အစည္း လုိအပ္ခ်က္မ်ား၊ လုပ္ငန္းေဆာင္ရြက္မႈမ်ားအား ေဖာင္ေဒးရွင္းတာဝန္ရွိသူမ်ားက ရွင္းလင္းတင္ျပခဲ့ၾကတာကုိ ေတြ႔ရပါတယ္။
ေဖာင္ေဒးရွင္းမွာ စာေပဖြံ႔ၿဖိဳးေရးအတြက္ရည္ရြယ္၍ ဖြဲ႔စည္းထားျခင္းေပမယ့္လည္း စာေပနယ္ပယ္တစ္ခုတည္းမွ အဖြဲ႔ဝင္မ်ားျဖင့္ဖြဲ႔စည္းထားျခင္း မဟုတ္ဘဲ ပါဝင္လိုတဲ့ မည္သည့္ပုဂၢိဳလ္မ်ားကိုမဆို ပါဝင္ရန္ ဖိတ္ေခၚလွ်က္ရွိေၾကာင္းကုိလည္း အဲဒီက အဖြဲ႔ဝင္တခ်ဳိ႕က ဆုိပါတယ္။
468 total views, 1 views today