(Unicode Version)
ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း
ဘယ်ဒေသမှာမဆို အစားအစာပဲဖြစ်ဖြစ်၊ နေရာပဲဖြစ်ဖြစ် နာမည်ကြီးတာ တစ်ခုလောက်တော့ အနည်းဆုံးရှိကြတယ်။ မဟုတ်လား။ ကျွဲကူးမြစ်ကမ်းဘေးမှာတည်ရှိတဲ့ ရခိုင်ပြည်နယ် ပေါက်တောမြို့မှာဆိုရင်တော့ တင်းဝါးက နာမည်ကြီးရုံမကလို့ ရခိုင်မြောက်ပိုင်း တခွင်မှာဆိုရင် ဟိုးလေးတကျော်ပါပဲ။
ပေါက်တောမြို့မှာ တင်းဝါးဖုတ်တဲ့ ဒိုင်အကြီးကြီးတွေ ရှိသလို တပိုင်တနိုင်ဖုတ်လို့ ရောင်းချသူတွေလည်းရှိပြီး တချို့ကတော့ ဒိုင်ကြီးတွေ ဆီက တဆင့်ခံ ဝယ်ယူရောင်းချကြပါတယ်။ ပေါက်တောမြို့ ရပ်ကွက် (၄) မှာနေထိုင်တဲ့ မစန္ဒာချေကတော့ တပိုင်တနိုင်ဖုတ်လုပ်ရောင်း ချပါတယ်။ ကောက်ညှင်းဆန်နဲ့ အုန်းသီးတို့ကို အခြေခံပြီး ဖုတ်လုပ်ရတဲ့ တင်းဝါးအကြောင်းကို သူမက အခုလိုပဲ ပြောပြပါတယ်။
“အရင်ဆုံး တင်းဝါးပိုင်းပါတယ်။ ကိုယ်ယူမယ့်အတိုင်းအတာထိ ကြည့်ပြီးတော့ ပိုင်းတယ်။ လက်တစ်သစ်လောက်ပေါ့။ ပြီးရင်အုန်းသီးလှီး ရတယ်။ ပြီးတာနဲ့ (ကောက်ညှင်း)ဆန်နဲ့ အုန်းသီးနဲ့ ရောလို့ဆေးတယ်။ ဆန်းကိုလှမ်းထားတယ်။ ဆန့်သွေ့တာနဲ့ (တင်းဝါးထဲမှာ) ဆန်ထ ည့်တယ်။ ဆန်ထည့်ပြီးတာနဲ့ ညဦးအချိန်ရောက်ရင် ရေတိုက်တယ်။ ပြီးတာနဲ့ အဝတ်စချုပ်ထားတယ်။ မိုးလင်းအရုဏ်ရောက်တာနဲ့ အုန်း ဆို့ဆို့တယ်။ ပြီးရင်ဖုတ်တယ်။”
တင်းဝါးကို သူတို့က ညဦးကနေ အဆင်သင့် ဖုတ်လုပ်လို့ရအောင် စီစဉ်ထားလိုက်ပြီး မနက်အရုဏ်ရောက်တာနဲ့ ထပြီး ဖုတ်လုပ်ကြပါပြီ။ ဖုတ်လုပ်လို့ ပြီးပြီးချင်း သင်္ဘောမထွက်ခင် ဆိပ်ကမ်းကို အပြေးအလွှားသွားရောက်ပြီး သင်္ဘောမထွက်ခင် မနက်ပိုင်း ၈ နာရီ လောက်ထိ ရောင်းချကြပါတယ်။ သင်္ဘောထွက်သွားပြီးရင်တော့ အိမ်ကိုပြန်ဝင်ကာ ထမင်း၊ ဟင်းချက်ပြုကြပြီး စားသောက်လို့ပြီးရင် လက်ကျန်တွေ ကို စက်လှေဆိပ်ကမ်းတွေနဲ့ မြို့ရဲ့လူစည်ကားတဲ့နေရာတွေမှာ သွားရောင်းကြပါတယ်။
“၆ နာရီဆိုရင် ရောင်းဖို့ထွက်ကြပြီ။ ၇ နာရီကျော်၊ ၈ နာရီလောက်ဆိုရင် ရောင်းလို့ပြီးပြီ။ အဲဒီမှာရောင်းလို့ မကုန်လိုက်ရင် စက်လှေဆိပ် တွေမှာ သွားရောင်းတယ်။ တင်းဝါးက ရမ်းဗြဲကထွက်တာ။ သွားတဲ့သူတွေရှိတယ်။ သူတို့ဆီက တစ်ဆင့်ဝယ်တာ။ (တွက်ခြေ) ကိုက်တယ်လို့ မဟုတ်ဘူး။ တစ်နေ့ကို ၄၊ ၅၊ ၈ ထောင်လောက်တော့ ထွက်တယ်။ တင်းဝါးအစည်းတစ်စည်းစီ ၅၀။ အရှည် ၅၀ ဆိုရင် တစ်လုံးကို ငါးပိုင်းရတဲ့ဟာရတယ်။ ၄ ပိုင်းရတဲ့ဟာရတယ်။ ၁၀၀ ကို ၂၅ဝဝပေါ့။ (အိမ်ဆောက်တာမှာသုံးတဲ့ဝါး) အဲဒါမှာက အကာမပါဘူး။ အဲဒါက အဆစ်တိုတယ်။ (တင်းဝါး) ဒီဝါးတွေဆိုရင် ကိုယ်လိုချင်သလောက်ကို ဆွဲလို့ရတယ်။ တစ်လောင်ပိုင်းလည်းရတယ်။ တစ်ထောင့်တစ် ထွာပိုင်းလည်းရတယ်။ အိမ်ဆောက်တဲ့ဝါးနဲ့ဆိုရင် မရဘူး။ လုပ်ရင်လည်း စားမကောင်းဘူး။”
ရောင်းလို့ ကောင်းကောင်း၊ မကောင်းကောင်း အချိန်မလင့်ခင် အိမ်ကိုအမြန်ပြန်လာခဲ့ကြပြီး နောက်တစ်နေ့အတွက် ပြန်လည်ပြင်ဆင် ကြရပါတယ်။ အခုလို ရောင်းချကြရာမှာတော့ ရောင်းအားကောင်းရင် ကောင်းသလောက် အမြတ်ရကြပါတယ်။ အမြတ်ရတယ်ဆိုပေ မယ့်လည်း တင်းဝါးစရိတ်၊ ကောက်ညှင်းဆန်စရိတ်နဲ့ အုန်းသီးစတဲ့ အထွေထွေစရိတ်တွေက ကြီးလွန်းတာကြောင့် လက်ရှိမှာတော့ အ ခက်တွေ့နေကြရတယ်လို့ ဆိုပါတယ်။
“တိုင်းပြည်ရေးအခြေနေလည်း မကောင်းတော့ (ကောက်ညှင်း)ဆန်တစ်သစ်(နို့ဆီ ၄ ဗူး)ကို ၁၈၀၀၊ ၁၉၀၀ ဖြစ်နေချိန်မှာ ဝါးက ၂၂၀၀၀ ပဲရှိတယ်။ အခုဆန်စျေးကျတော့ ဆန်တစ်သစ်ကို ၁၀၀၀ နဲ့ရတော့ ဝါးစျေးတက်သွားပြန်ရော။ ၂၅၀၀၀ ဖြစ်သွားတယ်။ ဘာပဲလုပ်လုပ်။ ဝါးတစ်ရာကို သုံးသောင်းနဲ့ပဲ လုပ်လုပ်။ တစ်သစ်ကို ၁၈၀၀ နဲ့ပဲလုပ်လုပ် စားဖို့သောက်ဖို့တော့ ထွက်တာပဲ။”
“စားမယ့်ဟာကတော့ ဖူလုံတယ်။ ကျောင်းစရိတ်၊ ကန်စရိတ်တွေ မဖူလုံနိုင်။ တင်းဝါးက ဆောင်းတွင်းဆိုရင် ၃၊ ၄ ရက်ကနေ တစ်ပါတ် လောက်ထိ ခံတယ်။ နေ့တိုင်းတော့ ကင်ပေးထားရတယ်။ တစ်ရောင်းစာဖုတ်တယ်။ ဆန် ၆ သစ် (နို့ဆီဗူး ၂၄ ဗူး) ရောင်းရတဲ့နေ့ရောင်း ရတယ်။ ငါးသစ်(နို့ဆီဗူး ၂၀ ဗူး)ရောင်းရတဲ့နေ့ ရောင်းရတယ်။”
ဒီကောက်ညှင်းကျည်တောက်ကို ပြုလုပ်ရာမှာတော့ ဝါးကအဓိကပါပဲ။ ဝါးရတဲ့ရာသီမှသာလုပ်ရတာမို့လို့ပါ။
ဝါးမှာလည်း တင်းဝါးတစ်ခုတည်းနဲ့သာ ပြုလုပ်လို့ အဆင်ပြေတာပါ။ တစ်ခြားဝါးတွေနဲ့ အဆင်မပြေပါဘူး။ ဒီဝါးဟာဆိုရင်လည်း ရခိုင်ပြည်နယ်မှာဆိုရင် ရမ်းဗြဲမြို့နယ်တစ်ခုတည်းကသာ ထွက်ရှိပါတယ်။ ဒီဝါးဟာလည်း ရာသီအလိုက်သာ ထွက်ရှိတာကြောင့် ဝါးရာသီ ကုန်သွားတာနဲ့ ဒီလုပ်ငန်းကို ရပ်တန့်ကြရပြီး နောက်လုပ်ငန်းတစ်ခုကို ပြောင်းလဲလုပ်ကိုင်ကြရပါတယ်။
“တင်းဝါးက သီတင်းကျွတ်လမှာပေါ်တယ်။ သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲ၊ တပေါင်းလလောက်ဆိုရင်ပွဲပြီ။ အဲဒီအချိန်ဆို မလုပ်ရတော့ဘူး။ စုမိတယ်ရယ်လို့လဲ ဘယ်ဟုတ်မလဲ။ စားတယ်။ သောက်တယ်။ နည်းနည်းတော့ ဝဖြိုးတာပေါ့။ တစ်နှစ် ကုန်သွားရင်လည်း စုမိတယ်လို့ မရှိဘူး။ တင်းဝါးရာသီကုန်ရင် ငုံးဥရောင်းတယ်။ ပန်းသီးတွေရောင်းတယ်။ စစ်တွေကိုသွားတဲ့ ခရီးသည် တွေ အများဆုံးဝယ်တယ်။ နယ်ကလာတဲ့ သူတွေလည်း ဝယ်တယ်။ ဒီနား(သင်္ဘောဆိပ်) မှာရောင်းရင် စစ်တွေကို သွားတဲ့သူတွေ ဝယ်တယ်။ စက်လှေဆိပ်မှာ ဆိုရင် နယ်ကလူ တွေဝယ်တယ်။”
ရခိုင်ပြည်နယ်ရဲ့ တစ်ချို့ဒေသတွေမှာလည်း တင်းဝါးပြုလုပ်ကြပေမယ့် ပေါက်တောမြို့က တင်းဝါးကိုသာ လူကြိုက်များတာပါ။ ဒီလိုလူ ကြိုက်များ ရတာကလည်း ဖုတ်လုပ်တဲ့နေရာမှာ နည်းစနစ်ကျတာ၊ ပါဝင်ပစ္စည်းတွေကို ပေါင်းစပ်နှုန်း မှန်ကန်တာတွေကြောင့်လို့ ဆိုရမှာ ပါ။ နောက်ပြီးတော့ ပေါက်တောမြို့ဟာ ဆိပ်ကမ်းမြို့ တစ်ခုလည်းဖြစ်တဲ့အလျောက် ရေကြောင်းလမ်းကို အသုံးပြုတဲ့ သင်္ဘောနဲ့စက်လှေတွေ ဆိပ်ကပ်ရာမြို့လည်းဖြစ်လို့ လူဝင်လူထွက်များပါတယ်။
ဒါကြောင့်လည်း ခရီးသည်တွေက အိမ်ပြန်လက်ဆောင်အဖြစ် တင်းဝါးကို ဝယ်ယူသွားလေ့ရှိကြတာပါ။ သူတို့ဖုတ်တဲ့အခါမှာ အသုံးပြုတဲ့ နည်းလမ်းကိုလည်း စိတ်ရှည်ရှည်နဲ့ အတိုင်းရှင်းပြပါတယ်။
“ဖုတ်တတ်လို့နေမှာပေါ့။ တချို့မှာက မီးသွေးနဲ့ မဖုတ်ဘဲနဲ့ ထင်းနဲ့ထည့်လိုက်တယ်။ ကျမတို့မှာ ဖုတ်လို့ပြီးရင် တင်းဝါးကို အဝတ်စကို ရေဆွတ်ပြီး သုတ်ရတယ်။ စစ်တွေက တင်းဝါးတွေဆိုရင် မီးနဲ့ ဖုတ်တော့ မဲတူးသွားတာပေါ့။ အဲဒါကြောင့်နေမှာပေါ့။ မဲတူးမသွားအောင် လို့ မီးသွေးနဲ့ ဖုတ်ရတယ်။ မီးသွေးကို မီးရဲအောင်လုပ်ထားရတယ်။ မီးသွေးရဲလာတယ်။ ပြာကျလာတယ်ဆိုတာနဲ့ အဲဒါကိုခင်းလိုက်တ ယ်။ ဟိုဖက်သံလုံး၊ ဒီဖက်သံလုံးနဲ့ ခင်းလိုက်တယ်။ ပြီးရင် အလယ်မှာ တင်းဝါးကိုချတယ်။ အဲဒီတင်းဝါး ဆူလာတယ်။ အရည်ထွက်လာ တယ်ဆိုရင် ပြန်ပေးရတယ်။ အဲဒီလိုဆိုရင် မဲတူးမသွားဘူး။ ပြန်မပေးလိုက်ရင် တူးသွားတယ်။”
တစ်ခြားဝါးနဲ့ ဖုတ်လို့ အဆင်မပြေတဲ့အကြောင်းကိုလည်း သူမက “ဝါးခြောက်သွားလို့ မီးဖုတ်မခံဘူး။ ဖောက်ဆပ်ကျတယ်။ မီးမှာ ခုပဲ ချလိုက်တာ။ မဲတူးသွားတယ်။ အစိမ်းဆိုရင်တော့ ဘာမှမဖြစ်ဘူး။ အခြောက်တွေဆိုရင် ဖုတ်ရတာ အခက်ခဲရှိတယ်။ ပြန်လို့လည်း မရ ဘူး။ အမြဲတမ်းပြန်ပေးနေရတယ်။ ကျမမှာက အကုန်လုံးအိမ်ထောင်ကျသွားပြီ။ မိဘနဲ့ တစ်ယောက်တစ်ခြားနေတာ။ အမေက ထမင်း စားချိန်ကျရင် ကျမအိမ်မှာလာစားတယ်။ ဒါပေမယ့် ကိုယ့်အိမ်နဲ့ကိုယ်သီး ခြားနေတယ်။ ကျမမှာလည်း သမီးလေးတစ်ယောက်တော့ ရှိတယ်။ ခြံတစ်ခုတည်းမှာ ၃ အိမ်ဆောက်ထားတာ။ အစ်မအိမ်တစ်အိမ်။ အမေအိမ်တစ်အိမ်။ ကျမရဲ့အိမ်တစ်အိမ်။”လို့ ဆိုပါတယ်။
ကောက်ညှင်းတင်းဝါး တစ်ချောင်းစီဟာ လက်တံတောင်ဆစ်လောက် အတိုင်းအတာရှည်လျားပါတယ်။ အရင်က တစ်ထောင်ဖိုးမှာ ၆ ခု၊ ၇ ခုလောက်ထိ ရောင်းခဲ့ကြပေမယ့် ကုန်စျေးနှုန်းတက်လာပြီးတဲ့ ခုနောက်ပိုင်းမှာတော့ တစ်ချောင်းစီကို ၂၅၀ ကျပ်လောက်ကနေ ၅၀၀ ကျပ်လောက်ထိ စျေးမြှင့်ရောင်းချကြရပါတယ်။ ပေါက်တောမြို့ ရပ်ကွက် (၄) က ဒေါ်မဘုဟာဆိုရင် တင်းဝါးကို သူများဆီက တစ်ဆင့် ဝယ်ယူရောင်းချတာဖြစ်ပါတယ်။ သူ့မှာတော့ မစန္ဒာချေတို့လို ကိုယ်ပိုင်လုပ်တာ မဟုတ်တော့ အမြတ်က သိပ်မကျန်ပါဘူး။ တစ်ထောင် ဖိုးလောက်ရောင်းရမှ ၂၀၀ လောက်ရပါတယ်။
“မ မှာတော့ ကိုယ်တိုင်မဖုတ်ဘူး။ သူများဆီက ဝယ်ရောင်းတာ။ သူများဆီက ဝယ်ရောင်းရတာကလည်း ကိုယ့်မှာ တင်းဝါးဝယ်မရလို့ပဲ။ သူများဆီက ဝယ်ရောင်းရင် ၁ ထောင်ဖိုးရောင်းရရင် ၂၀၀ အမြတ်စားရတယ်။ ကိုယ့်မှာဖုတ်တယ်ဆိုရင်တော့ ၁ သောင်းဖိုးရောင်းရရင် ပိုက်ဆံ ၄ ထောင်လောက် ကိုယ့်အတွက်ကျန်တယ်။ ”
ကောက်ညှင်းဖုတ်လုပ်ရာမှာ အဓိကအသုံးပြုတဲ့ တင်းဝါးကို ရမ်းဗြဲမြို့ကသွားဝယ်ကြရတာဖြစ်လို့ ဒိုင်ကြီးရောင်းချသူတွေက သွားဝယ် နိုင်ပေမယ့် တပိုင်တနိုင်လုပ်သူတွေကတော့ သွားရောက် မဝယ်နိုင်ပါဘူး။ ဒါကြောင့် သူတို့က သီးခြားလာရောင်းသူတွေဆီက တစ်ဆင့် ဝယ်ယူပြီး လုပ်ကြရတာပါ။ ဒါပေမယ့် ဖုတ်လုပ်သူတိုင်းက ဝါးမရနိုင်ပါဘူး။ ဒါကြောင့် သူတို့က တစ်ခြားသူတွေဆီက ဝယ်ယူရောင်းချကြ ရတာလည်း ဖြစ်ပါတယ်။
“ဒိုင်ကြီးသမားတွေရှိတယ်။ ဒိုင်းကြီးတွေကျတော့ ဝါးကိုလည်း ကိုယ့်ဟာသွားဝယ်တယ်။ ကိုယ့်လှေနဲ့ ကိုယ်သွားတယ်။ သူများကိုလည်း တစ်ဆင့်ခံရောင်းတယ်။ သူတို့ကျတော့ ဝါးကလည်း အမြတ်ရတယ်။ ဝါးဖုတ်လို့ရောင်းတဲ့ထဲကလည်း အမြတ်ရတယ်။ ၂ တန်ရတယ်။ အမတို့ကကျတော့ သူများဆီက ယူရောင်းတာမလို့ အမြတ်နည်းတယ်။”
အခုလိုရောင်းချရာမှာလည်း တင်းဝါးထဲမှာမှ စိမ်းစိုနေတဲ့ ဝါးတွေနဲ့ ဖုတ်လုပ်ရင် အရသာကလည်း ပိုကောင်းသလို လူကလည်းပိုကြိုက်ပါ တယ်။ တင်းဝါးမဟုတ်တဲ့ တစ်ခြားဝါးနဲ့ ဖုတ်လုပ်ရင် မဲတူးသွားတာ၊ ပြာကြသွားတာတွေ ဖြစ်တာတတ်ကြောင့် ဂရုတ်တစိုက်ဖုတ်လုပ်ဖို့ လည်း လိုအပ်ပြန်ပါတယ်။
“ဝါးလှရင်လှသလောက် လက်တည့်ရာ၊ လက်တည့်ရာဝယ်သွားကြတယ်။ ဝါးလှဖို့လည်းလိုတယ်လေ။ အဆက်မပြတ်စားနေတဲ့သူတွေ ကျတော့ ကောင်းမှစားတယ်။ လူ ၁၀၀ မှာ ၅၀ တောင်မက ၉၀ ရာခိုင်နှုန်းလောက်က ဝါးလှတာကိုကြိုက်တယ်။ လှရင်စိမ်းနေတာကို စားလို့လည်းကောင်းတယ်။ အသစ်ဆိုရင်လေ။ ဝါးက ရမ်းဗြဲတစ်ခုတည်းကပဲထွက်တာ။ အဲဒီကို စက်လှေနဲ့ရော ကားနဲ့ရော သွားလို့ရ တယ်။ ဇာတ်ဝန်တင်သလိုကားကြီးတွေနဲ့ တစ်ခါတစ်လေ လမ်းပိတ်ထားရင်မရဘူး။”
ပေါက်တောမြို့ပေါ်ရပ်ကွက်သားတွေရဲ့ ပြောဆိုချက်တွေအရ သူတို့မြို့ကို အရင်ကထက် လူသူအရောက်အပေါက်နည်းပါးလာပြီး စီးပွား ရေးဟာလည်း အရင်ကလောက်အဆင်မပြေဘူးလို့ ဆိုပါတယ်။ ဒီအတွက်ကြောင့် တိုင်းရေးပြည်ရေးအမ်းချမ်းပြီး ကုန်စျေးနှုန်းတွေကျစေ ချင်တယ်လို့ ပြောကြပါတယ်။
“တိုင်းပြည်ကို အေးအေးချမ်းချမ်း ဖြစ်စေချင်တယ်။ ပြီးမှလည်း လူသွားလူလာများမယ်။ လူသွားလူလာများမှလည်း ဝယ်သားလည်းများ မယ်။ ခုက လူတွေလည်း အလာနည်းတယ်။ အရောင်းချမကောင်းဘူး။ အရင်က စက်လှေတစ်စီးမှာဆိုရင်လည်း လူအယောက် ၄၊ ၅ ဆယ်ပါတယ်။ ခုက စက်လှေတွေမှာလည်း လူမပါတော့ဘူး။ အရောင်းချ မကောင်းတော့ စားဝတ်နေရေးအဆင်မပြေကြတာ။”
သူက နွေရာသီတို့မှာဆိုရင် ရေခဲသုတ်တို့ဘာတို့ရောင်းချပေမယ့် အခုကတော့ အအေပိုင်းရာသီမှာမို့လို့ အဲဒီလုပ်ငန်းကိုရပ်တန့်ပြီး အခု လို ကောက်ညှင်းတင်းဝါးကို ရောင်းချနေတာပါ။ ဒါပေမယ့် အရင်ကလောက်ရောင်းမကောင်းဘဲ စားဝတ်နေရေးအခက်ကြုံနေရတယ်လို့ ပြောပါတယ်။
“တင်းဝါးရောင်းတာတော့ လခွဲလောက်ပဲရှိသေးတာ။ နွေရာသီဆိုရင် ရေခဲသုတ်တွေဘာတွေရောင်းတယ်။ ခုရေခဲမရောင်းရလို့ ဒါရောင်း နေတာ။ တင်းဝါးကိုလည်း ကိုယ့်ဟာကိုယ်ဖုတ်လို့ ကိုယ့်ဟာကိုယ်ရောင်းရင်တော့အဆင်ပြေမယ်။ သူများဆီကဝယ်ရောင်း တာမလို့။ ရေ ခဲသုတ်ကတော့ ကိုယ့်ဟာကြိတ်၊ ကိုယ့်ဟာ သံပုရာရေစပ်တော့ မြတ်တယ်။ ရောင်းကောင်းရင်ကောင်းသလောက်။ ခုက ဆောင်းတွင်းမ လို့ မရောင်းရဘူး။”
“သား၊ သမီး ၃ ယောက်မှာ တစ်ယောက်ကတော့ အလုပ်လုပ်တယ်။ ၁၅ နှစ်သားလေးလေ။ စျေးကြီးမှာလုပ်တာ။ ၈ တန်းကျောင်းထွက်။ အိမ်မှာက ပြီးခဲ့တဲ့နှစ်က ကလေးတစ်ယောက်မွေးလိုက်တော့ အလုပ်အကိုင်ကျပ်တည်းသွားတယ်။ ကလေးနဲ့ဆိုတော့ သားက ကျောင်း တက်လည်းပျင်းတော့ ထွက်ပြီး စျေးမှာလုပ်ခိုင်းလိုက်တာ။ လုပ်နေတာက ၂ လ၊ ၃ လလောက်ပဲရှိသေးတယ်။ အဖေကတော့ ကျောက်ခွဲ တယ်။ လမ်းခင်းကျောက်ပေါ့။ အမက အဲဒီလိုရောင်းတယ်။ ဆန်ဖိုးမရဘူး။ ငါး၊ ဟင်းဝယ်မယ့် စရိတ်ပဲရတယ်။ ဆန်ဖိုးကိုတော့ အိမ်ရှင် က(အမျိုးသား) ရှာပေးတယ်။ နောက်ထပ် ၄ တန်းကျောင်းသားလေး တစ်ယောက်ရှိတာပေါ့။”
သူတို့ဟာ စားဝတ်နေရေးအတွက်၊ မိသားစုအရေးအတွက် တိုက်ပွဲဝင်နေကြသူတွေ ဖြစ်နေစေကာမူ သူတို့ရဲ့လူပ်ရှားနေတဲ့ မြင်ကွင်းက တာ့ ပေါက်တောမြို့သင်္ဘောဆိပ်ရဲ့ အလှကို ဖော်ကျူးနေသလို၊ သူတို့မြို့ကို လူသိများအောင်လုပ်နေသလိုပါပဲ။
(Zawgyi Version)
ထူး၊ ႐ိုးမေရဒီယိုမဂၢဇင္း
ဘယ္ေဒသမွာမဆုိ အစားအစာပဲျဖစ္ျဖစ္၊ ေနရာပဲျဖစ္ျဖစ္ နာမည္ႀကီးတာ တစ္ခုေလာက္ေတာ့ အနည္းဆုံးရွိၾကတယ္။ မဟုတ္လား။ ကၽြဲကူးျမစ္ကမ္းေဘးမွာတည္ရွိတဲ့ ရခိုင္ျပည္နယ္ ေပါက္ေတာၿမိဳ႕မွာဆိုရင္ေတာ့ တင္းဝါးက နာမည္ႀကီး႐ုံမကလို႔ ရခိုင္ေျမာက္ပိုင္းတ ခြင္မွာဆိုရင္ ဟိုးေလးတေက်ာ္ပါပဲ။
ေပါက္ေတာၿမိဳ႕မွာ တင္းဝါးဖုတ္တဲ့ ဒိုင္အႀကီးႀကီးေတြ ရွိသလို တပိုင္တႏိုင္ဖုတ္လို႔ ေရာင္းခ်သူေတြလည္းရွိၿပီး တခ်ိဳ႕ကေတာ့ ဒိုင္ႀကီးေတြ ဆီက တဆင့္ခံ ဝယ္ယူေရာင္းခ်ၾကပါတယ္။ ေပါက္ေတာၿမိဳ႕ ရပ္ကြက္ (၄) မွာေနထိုင္တဲ့ မစႏၵာေခ်ကေတာ့ တပိုင္တႏိုင္ဖုတ္လုပ္ေရာင္း ခ်ပါတယ္။ ေကာက္ညွင္းဆန္နဲ႔ အုန္းသီးတို႔ကို အေျခခံၿပီး ဖုတ္လုပ္ရတဲ့ တင္းဝါးအေၾကာင္းကို သူမက အခုလိုပဲ ေျပာျပပါတယ္။
“အရင္ဆုံး တင္းဝါးပိုင္းပါတယ္။ ကိုယ္ယူမယ့္အတိုင္းအတာထိ ၾကည့္ၿပီးေတာ့ ပိုင္းတယ္။ လက္တစ္သစ္ေလာက္ေပါ့။ ၿပီးရင္အုန္းသီးလွီး ရတယ္။ ၿပီးတာနဲ႔ (ေကာက္ညွင္း)ဆန္နဲ႔ အုန္းသီးနဲ႔ ေရာလို႔ေဆးတယ္။ ဆန္းကိုလွမ္းထားတယ္။ ဆန္႔ေသြ႔တာနဲ႔ (တင္းဝါးထဲမွာ) ဆန္ထ ည့္တယ္။ ဆန္ထည့္ၿပီးတာနဲ႔ ညဦးအခ်ိန္ေရာက္ရင္ ေရတိုက္တယ္။ ၿပီးတာနဲ႔ အဝတ္စခ်ဳပ္ထားတယ္။ မိုးလင္းအ႐ုဏ္ေရာက္တာနဲ႔ အုန္း ဆို႔ဆို႔တယ္။ ၿပီးရင္ဖုတ္တယ္။”
တင္းဝါးကို သူတို႔က ညဦးကေန အဆင္သင့္ ဖုတ္လုပ္လို႔ရေအာင္ စီစဥ္ထားလိုက္ၿပီး မနက္အ႐ုဏ္ေရာက္တာနဲ႔ ထၿပီး ဖုတ္လုပ္ၾကပါၿပီ။ ဖုတ္လုပ္လို႔ ၿပီးၿပီးခ်င္း သေဘၤာမထြက္ခင္ ဆိပ္ကမ္းကို အေျပးအလႊားသြားေရာက္ၿပီး သေဘၤာမထြက္ခင္ မနက္ပိုင္း ၈ နာရီ ေလာက္ထိ ေရာင္းခ်ၾကပါတယ္။ သေဘၤာထြက္သြားၿပီးရင္ေတာ့ အိမ္ကိုျပန္ဝင္ကာ ထမင္း၊ ဟင္းခ်က္ျပဳၾကၿပီး စားေသာက္လို႔ၿပီးရင္ လက္က်န္ေတြ ကို စက္ေလွဆိပ္ကမ္းေတြနဲ႔ ၿမိဳ႕ရဲ႕လူစည္ကားတဲ့ေနရာေတြမွာ သြားေရာင္းၾကပါတယ္။
“၆ နာရီဆိုရင္ ေရာင္းဖို႔ထြက္ၾကၿပီ။ ၇ နာရီေက်ာ္၊ ၈ နာရီေလာက္ဆိုရင္ ေရာင္းလို႔ၿပီးၿပီ။ အဲဒီမွာေရာင္းလို႔ မကုန္လိုက္ရင္ စက္ေလွဆိပ္ ေတြမွာ သြားေရာင္းတယ္။ တင္းဝါးက ရမ္းၿဗဲကထြက္တာ။ သြားတဲ့သူေတြရွိတယ္။ သူတို႔ဆီက တစ္ဆင့္ဝယ္တာ။ (တြက္ေျခ) ကိုက္တယ္လို႔ မဟုတ္ဘူး။ တစ္ေန႔ကို ၄၊ ၅၊ ၈ ေထာင္ေလာက္ေတာ့ ထြက္တယ္။ တင္းဝါးအစည္းတစ္စည္းစီ ၅၀။ အရွည္ ၅၀ ဆိုရင္ တစ္လုံးကို ငါးပိုင္းရတဲ့ဟာရတယ္။ ၄ ပိုင္းရတဲ့ဟာရတယ္။ ၁၀၀ ကို ၂၅၀၀ေပါ့။ (အိမ္ေဆာက္တာမွာသုံးတဲ့ဝါး) အဲဒါမွာက အကာမပါဘူး။ အဲဒါက အဆစ္တိုတယ္။ (တင္းဝါး) ဒီဝါးေတြဆိုရင္ ကိုယ္လုိခ်င္သေလာက္ကို ဆြဲလို႔ရတယ္။ တစ္ေလာင္ပိုင္းလည္းရတယ္။ တစ္ေထာင့္တစ္ ထြာပိုင္းလည္းရတယ္။ အိမ္ေဆာက္တဲ့ဝါးနဲ႔ဆိုရင္ မရဘူး။ လုပ္ရင္လည္း စားမေကာင္းဘူး။”
ေရာင္းလို႔ ေကာင္းေကာင္း၊ မေကာင္းေကာင္း အခ်ိန္မလင့္ခင္ အိမ္ကိုအျမန္ျပန္လာခဲ့ၾကၿပီး ေနာက္တစ္ေန႔အတြက္ ျပန္လည္ျပင္ဆင္ ၾကရပါတယ္။ အခုလို ေရာင္းခ်ၾကရာမွာေတာ့ ေရာင္းအားေကာင္းရင္ ေကာင္းသေလာက္ အျမတ္ရၾကပါတယ္။ အျမတ္ရတယ္ဆိုေပ မယ့္လည္း တင္းဝါးစရိတ္၊ ေကာက္ညွင္းဆန္စရိတ္နဲ႔ အုန္းသီးစတဲ့ အေထြေထြစရိတ္ေတြက ႀကီးလြန္းတာေၾကာင့္ လက္ရွိမွာေတာ့ အ ခက္ေတြ႔ေနၾကရတယ္လို႔ ဆိုပါတယ္။
“တိုင္းျပည္ေရးအေျခေနလည္း မေကာင္းေတာ့ (ေကာက္ညွင္း)ဆန္တစ္သစ္(ႏို႔ဆီ ၄ ဗူး)ကို ၁၈၀၀၊ ၁၉၀၀ ျဖစ္ေနခ်ိန္မွာ ဝါးက ၂၂၀၀၀ ပဲရွိတယ္။ အခုဆန္ေစ်းက်ေတာ့ ဆန္တစ္သစ္ကို ၁၀၀၀ နဲ႔ရေတာ့ ဝါးေစ်းတက္သြားျပန္ေရာ။ ၂၅၀၀၀ ျဖစ္သြားတယ္။ ဘာပဲလုပ္လုပ္။ ဝါးတစ္ရာကို သုံးေသာင္းနဲ႔ပဲ လုပ္လုပ္။ တစ္သစ္ကို ၁၈၀၀ နဲ႔ပဲလုပ္လုပ္ စားဖို႔ေသာက္ဖို႔ေတာ့ ထြက္တာပဲ။”
“စားမယ့္ဟာကေတာ့ ဖူလုံတယ္။ ေက်ာင္းစရိတ္၊ ကန္စရိတ္ေတြ မဖူလုံႏိုင္။ တင္းဝါးက ေဆာင္းတြင္းဆိုရင္ ၃၊ ၄ ရက္ကေန တစ္ပါတ္ ေလာက္ထိ ခံတယ္။ ေန႔တိုင္းေတာ့ ကင္ေပးထားရတယ္။ တစ္ေရာင္းစာဖုတ္တယ္။ ဆန္ ၆ သစ္ (ႏို႔ဆီဗူး ၂၄ ဗူး) ေရာင္းရတဲ့ေန႔ေရာင္း ရတယ္။ ငါးသစ္(ႏို႔ဆီဗူး ၂၀ ဗူး)ေရာင္းရတဲ့ေန႔ ေရာင္းရတယ္။”
ဒီေကာက္ညွင္းက်ည္ေတာက္ကို ျပဳလုပ္ရာမွာေတာ့ ဝါးကအဓိကပါပဲ။ ဝါးရတဲ့ရာသီမွသာလုပ္ရတာမို႔လို႔ပါ။
ဝါးမွာလည္း တင္းဝါးတစ္ခုတည္းနဲ႔သာ ျပဳလုပ္လို႔ အဆင္ေျပတာပါ။ တစ္ျခားဝါးေတြနဲ႔ အဆင္မေျပပါဘူး။ ဒီဝါးဟာဆိုရင္လည္း ရခိုင္ျပည္နယ္မွာဆိုရင္ ရမ္းၿဗဲၿမိဳ႕နယ္တစ္ခုတည္းကသာ ထြက္ရွိပါတယ္။ ဒီဝါးဟာလည္း ရာသီအလိုက္သာ ထြက္ရွိတာေၾကာင့္ ဝါးရာသီ ကုန္သြားတာနဲ႔ ဒီလုပ္ငန္းကို ရပ္တန္႔ၾကရၿပီး ေနာက္လုပ္ငန္းတစ္ခုကို ေျပာင္းလဲလုပ္ကိုင္ၾကရပါတယ္။
“တင္းဝါးက သီတင္းကြ်တ္လမွာေပၚတယ္။ သီတင္းကြ်တ္၊ တန္ေဆာင္မုန္း၊ နတ္ေတာ္၊ ျပာသို၊ တပို႔တြဲ၊ တေပါင္းလေလာက္ဆိုရင္ပြဲၿပီ။ အဲဒီအခ်ိန္ဆို မလုပ္ရေတာ့ဘူး။ စုမိတယ္ရယ္လို႔လဲ ဘယ္ဟုတ္မလဲ။ စားတယ္။ ေသာက္တယ္။ နည္းနည္းေတာ့ ဝၿဖိဳးတာေပါ့။ တစ္ႏွစ္ ကုန္သြားရင္လည္း စုမိတယ္လို႔ မရွိဘူး။ တင္းဝါးရာသီကုန္ရင္ ငုံးဥေရာင္းတယ္။ ပန္းသီးေတြေရာင္းတယ္။ စစ္ေတြကိုသြားတဲ့ ခရီးသည္ ေတြ အမ်ားဆုံးဝယ္တယ္။ နယ္ကလာတဲ့ သူေတြလည္း ဝယ္တယ္။ ဒီနား(သေဘၤာဆိပ္) မွာေရာင္းရင္ စစ္ေတြကို သြားတဲ့သူေတြ ဝယ္တယ္။ စက္ေလွဆိပ္မွာ ဆိုရင္ နယ္ကလူ ေတြဝယ္တယ္။”
ရခိုင္ျပည္နယ္ရဲ႕ တစ္ခ်ိဳ႕ေဒသေတြမွာလည္း တင္းဝါးျပဳလုပ္ၾကေပမယ့္ ေပါက္ေတာၿမိဳ႕က တင္းဝါးကိုသာ လူႀကိဳက္မ်ားတာပါ။ ဒီလိုလူ ႀကိဳက္မ်ား ရတာကလည္း ဖုတ္လုပ္တဲ့ေနရာမွာ နည္းစနစ္က်တာ၊ ပါဝင္ပစၥည္းေတြကို ေပါင္းစပ္ႏႈန္း မွန္ကန္တာေတြေၾကာင့္လို႔ ဆိုရမွာ ပါ။ ေနာက္ၿပီးေတာ့ ေပါက္ေတာၿမိဳ႕ဟာ ဆိပ္ကမ္းၿမိဳ႕ တစ္ခုလည္းျဖစ္တဲ့အေလ်ာက္ ေရေၾကာင္းလမ္းကို အသုံးျပဳတဲ့ သေဘၤာနဲ႔စက္ေလွေတြ ဆိပ္ကပ္ရာၿမိဳ႕လည္းျဖစ္လို႔ လူဝင္လူထြက္မ်ားပါတယ္။
ဒါေၾကာင့္လည္း ခရီးသည္ေတြက အိမ္ျပန္လက္ေဆာင္အျဖစ္ တင္းဝါးကို ဝယ္ယူသြားေလ့ရွိၾကတာပါ။ သူတို႔ဖုတ္တဲ့အခါမွာ အသုံးျပဳတဲ့ နည္းလမ္းကိုလည္း စိတ္ရွည္ရွည္နဲ႔ အတိုင္းရွင္းျပပါတယ္။
“ဖုတ္တတ္လို႔ေနမွာေပါ့။ တခ်ိဳ႕မွာက မီးေသြးနဲ႔ မဖုတ္ဘဲနဲ႔ ထင္းနဲ႔ထည့္လိုက္တယ္။ က်မတို႔မွာ ဖုတ္လို႔ၿပီးရင္ တင္းဝါးကို အဝတ္စကို ေရဆြတ္ၿပီး သုတ္ရတယ္။ စစ္ေတြက တင္းဝါးေတြဆိုရင္ မီးနဲ႔ ဖုတ္ေတာ့ မဲတူးသြားတာေပါ့။ အဲဒါေၾကာင့္ေနမွာေပါ့။ မဲတူးမသြားေအာင္ လို႔ မီးေသြးနဲ႔ ဖုတ္ရတယ္။ မီးေသြးကို မီးရဲေအာင္လုပ္ထားရတယ္။ မီးေသြးရဲလာတယ္။ ျပာက်လာတယ္ဆိုတာနဲ႔ အဲဒါကိုခင္းလိုက္တ ယ္။ ဟိုဖက္သံလုံး၊ ဒီဖက္သံလုံးနဲ႔ ခင္းလိုက္တယ္။ ၿပီးရင္ အလယ္မွာ တင္းဝါးကိုခ်တယ္။ အဲဒီတင္းဝါး ဆူလာတယ္။ အရည္ထြက္လာ တယ္ဆိုရင္ ျပန္ေပးရတယ္။ အဲဒီလိုဆိုရင္ မဲတူးမသြားဘူး။ ျပန္မေပးလိုက္ရင္ တူးသြားတယ္။”
တစ္ျခားဝါးနဲ႔ ဖုတ္လို႔ အဆင္မေျပတဲ့အေၾကာင္းကိုလည္း သူမက “ဝါးေျခာက္သြားလို႔ မီးဖုတ္မခံဘူး။ ေဖာက္ဆပ္က်တယ္။ မီးမွာ ခုပဲ ခ်လိုက္တာ။ မဲတူးသြားတယ္။ အစိမ္းဆိုရင္ေတာ့ ဘာမွမျဖစ္ဘူး။ အေျခာက္ေတြဆိုရင္ ဖုတ္ရတာ အခက္ခဲရွိတယ္။ ျပန္လို႔လည္း မရ ဘူး။ အၿမဲတမ္းျပန္ေပးေနရတယ္။ က်မမွာက အကုန္လုံးအိမ္ေထာင္က်သြားၿပီ။ မိဘနဲ႔ တစ္ေယာက္တစ္ျခားေနတာ။ အေမက ထမင္း စားခ်ိန္က်ရင္ က်မအိမ္မွာလာစားတယ္။ ဒါေပမယ့္ ကိုယ့္အိမ္နဲ႔ကိုယ္သီး ျခားေနတယ္။ က်မမွာလည္း သမီးေလးတစ္ေယာက္ေတာ့ ရွိတယ္။ ၿခံတစ္ခုတည္းမွာ ၃ အိမ္ေဆာက္ထားတာ။ အစ္မအိမ္တစ္အိမ္။ အေမအိမ္တစ္အိမ္။ က်မရဲ႕အိမ္တစ္အိမ္။”လို႔ ဆိုပါတယ္။
ေကာက္ညွင္းတင္းဝါး တစ္ေခ်ာင္းစီဟာ လက္တံေတာင္ဆစ္ေလာက္ အတိုင္းအတာရွည္လ်ားပါတယ္။ အရင္က တစ္ေထာင္ဖိုးမွာ ၆ ခု၊ ၇ ခုေလာက္ထိ ေရာင္းခဲ့ၾကေပမယ့္ ကုန္ေစ်းႏႈန္းတက္လာၿပီးတဲ့ ခုေနာက္ပိုင္းမွာေတာ့ တစ္ေခ်ာင္းစီကို ၂၅၀ က်ပ္ေလာက္ကေန ၅၀၀ က်ပ္ေလာက္ထိ ေစ်းျမွင့္ေရာင္းခ်ၾကရပါတယ္။ ေပါက္ေတာၿမိဳ႕ ရပ္ကြက္ (၄) က ေဒၚမဘုဟာဆိုရင္ တင္းဝါးကို သူမ်ားဆီက တစ္ဆင့္ ဝယ္ယူေရာင္းခ်တာျဖစ္ပါတယ္။ သူ႔မွာေတာ့ မစႏၵာေခ်တို႔လို ကိုယ္ပိုင္လုပ္တာ မဟုတ္ေတာ့ အျမတ္က သိပ္မက်န္ပါဘူး။ တစ္ေထာင္ ဖိုးေလာက္ေရာင္းရမွ ၂၀၀ ေလာက္ရပါတယ္။
“မမွာေတာ့ ကိုယ္တိုင္မဖုတ္ဘူး။ သူမ်ားဆီက ဝယ္ေရာင္းတာ။ သူမ်ားဆီက ဝယ္ေရာင္းရတာကလည္း ကိုယ့္မွာ တင္းဝါးဝယ္မရလို႔ပဲ။ သူမ်ားဆီက ဝယ္ေရာင္းရင္ ၁ ေထာင္ဖိုးေရာင္းရရင္ ၂၀၀ အျမတ္စားရတယ္။ ကိုယ့္မွာဖုတ္တယ္ဆိုရင္ေတာ့ ၁ ေသာင္းဖိုးေရာင္းရရင္ ပိုက္ဆံ ၄ ေထာင္ေလာက္ ကိုယ့္အတြက္က်န္တယ္။ ”
ေကာက္ညွင္းဖုတ္လုပ္ရာမွာ အဓိကအသုံးျပဳတဲ့ တင္းဝါးကို ရမ္းၿဗဲၿမိဳ႕ကသြားဝယ္ၾကရတာျဖစ္လို႔ ဒိုင္ႀကီးေရာင္းခ်သူေတြက သြားဝယ္ ႏိုင္ေပမယ့္ တပိုင္တႏိုင္လုပ္သူေတြကေတာ့ သြားေရာက္ မဝယ္ႏိုင္ပါဘူး။ ဒါေၾကာင့္ သူတို႔က သီးျခားလာေရာင္းသူေတြဆီက တစ္ဆင့္ ဝယ္ယူၿပီး လုပ္ၾကရတာပါ။ ဒါေပမယ့္ ဖုတ္လုပ္သူတိုင္းက ဝါးမရႏိုင္ပါဘူး။ ဒါေၾကာင့္ သူတို႔က တစ္ျခားသူေတြဆီက ဝယ္ယူေရာင္းခ်ၾက ရတာလည္း ျဖစ္ပါတယ္။
“ဒိုင္ႀကီးသမားေတြရွိတယ္။ ဒိုင္းႀကီးေတြက်ေတာ့ ဝါးကိုလည္း ကိုယ့္ဟာသြားဝယ္တယ္။ ကိုယ့္ေလွနဲ႔ ကိုယ္သြားတယ္။ သူမ်ားကိုလည္း တစ္ဆင့္ခံေရာင္းတယ္။ သူတို႔က်ေတာ့ ဝါးကလည္း အျမတ္ရတယ္။ ဝါးဖုတ္လို႔ေရာင္းတဲ့ထဲကလည္း အျမတ္ရတယ္။ ၂ တန္ရတယ္။ အမတို႔ကက်ေတာ့ သူမ်ားဆီက ယူေရာင္းတာမလို႔ အျမတ္နည္းတယ္။”
အခုလိုေရာင္းခ်ရာမွာလည္း တင္းဝါးထဲမွာမွ စိမ္းစိုေနတဲ့ ဝါးေတြနဲ႔ ဖုတ္လုပ္ရင္ အရသာကလည္း ပိုေကာင္းသလို လူကလည္းပိုႀကိဳက္ပါ တယ္။ တင္းဝါးမဟုတ္တဲ့ တစ္ျခားဝါးနဲ႔ ဖုတ္လုပ္ရင္ မဲတူးသြားတာ၊ ျပာၾကသြားတာေတြ ျဖစ္တာတတ္ေၾကာင့္ ဂ႐ုတ္တစိုက္ဖုတ္လုပ္ဖို႔ လည္း လိုအပ္ျပန္ပါတယ္။
“ဝါးလွရင္လွသေလာက္ လက္တည့္ရာ၊ လက္တည့္ရာဝယ္သြားၾကတယ္။ ဝါးလွဖို႔လည္းလိုတယ္ေလ။ အဆက္မျပတ္စားေနတဲ့သူေတြ က်ေတာ့ ေကာင္းမွစားတယ္။ လူ ၁၀၀ မွာ ၅၀ ေတာင္မက ၉၀ ရာခိုင္ႏႈန္းေလာက္က ဝါးလွတာကိုႀကိဳက္တယ္။ လွရင္စိမ္းေနတာကို စားလို႔လည္းေကာင္းတယ္။ အသစ္ဆိုရင္ေလ။ ဝါးက ရမ္းၿဗဲတစ္ခုတည္းကပဲထြက္တာ။ အဲဒီကို စက္ေလွနဲ႔ေရာ ကားနဲ႔ေရာ သြားလို႔ရ တယ္။ ဇာတ္ဝန္တင္သလိုကားႀကီးေတြနဲ႔ တစ္ခါတစ္ေလ လမ္းပိတ္ထားရင္မရဘူး။”
ေပါက္ေတာၿမိဳ႕ေပၚရပ္ကြက္သားေတြရဲ႕ ေျပာဆိုခ်က္ေတြအရ သူတို႔ၿမိဳ႕ကို အရင္ကထက္ လူသူအေရာက္အေပါက္နည္းပါးလာၿပီး စီးပြား ေရးဟာလည္း အရင္ကေလာက္အဆင္မေျပဘူးလို႔ ဆိုပါတယ္။ ဒီအတြက္ေၾကာင့္ တိုင္းေရးျပည္ေရးအမ္းခ်မ္းၿပီး ကုန္ေစ်းႏႈန္းေတြက်ေစ ခ်င္တယ္လို႔ ေျပာၾကပါတယ္။
“တိုင္းျပည္ကို ေအးေအးခ်မ္းခ်မ္း ျဖစ္ေစခ်င္တယ္။ ၿပီးမွလည္း လူသြားလူလာမ်ားမယ္။ လူသြားလူလာမ်ားမွလည္း ဝယ္သားလည္းမ်ား မယ္။ ခုက လူေတြလည္း အလာနည္းတယ္။ အေရာင္းခ်မေကာင္းဘူး။ အရင္က စက္ေလွတစ္စီးမွာဆိုရင္လည္း လူအေယာက္ ၄၊ ၅ ဆယ္ပါတယ္။ ခုက စက္ေလွေတြမွာလည္း လူမပါေတာ့ဘူး။ အေရာင္းခ် မေကာင္းေတာ့ စားဝတ္ေနေရးအဆင္မေျပၾကတာ။”
သူက ေႏြရာသီတို႔မွာဆိုရင္ ေရခဲသုတ္တို႔ဘာတို႔ေရာင္းခ်ေပမယ့္ အခုကေတာ့ အေအပိုင္းရာသီမွာမို႔လို႔ အဲဒီလုပ္ငန္းကိုရပ္တန္႔ၿပီး အခု လို ေကာက္ညွင္းတင္းဝါးကို ေရာင္းခ်ေနတာပါ။ ဒါေပမယ့္ အရင္ကေလာက္ေရာင္းမေကာင္းဘဲ စားဝတ္ေနေရးအခက္ႀကံဳေနရတယ္လို႔ ေျပာပါတယ္။
“တင္းဝါးေရာင္းတာေတာ့ လခြဲေလာက္ပဲရွိေသးတာ။ ေႏြရာသီဆိုရင္ ေရခဲသုတ္ေတြဘာေတြေရာင္းတယ္။ ခုေရခဲမေရာင္းရလို႔ ဒါေရာင္း ေနတာ။ တင္းဝါးကိုလည္း ကိုယ့္ဟာကိုယ္ဖုတ္လို႔ ကိုယ့္ဟာကိုယ္ေရာင္းရင္ေတာ့အဆင္ေျပမယ္။ သူမ်ားဆီကဝယ္ေရာင္း တာမလို႔။ ေရ ခဲသုတ္ကေတာ့ ကိုယ့္ဟာႀကိတ္၊ ကိုယ့္ဟာ သံပုရာေရစပ္ေတာ့ ျမတ္တယ္။ ေရာင္းေကာင္းရင္ေကာင္းသေလာက္။ ခုက ေဆာင္းတြင္းမ လို႔ မေရာင္းရဘူး။”
“သား၊ သမီး ၃ ေယာက္မွာ တစ္ေယာက္ကေတာ့ အလုပ္လုပ္တယ္။ ၁၅ ႏွစ္သားေလးေလ။ ေစ်းႀကီးမွာလုပ္တာ။ ၈ တန္းေက်ာင္းထြက္။ အိမ္မွာက ၿပီးခဲ့တဲ့ႏွစ္က ကေလးတစ္ေယာက္ေမြးလိုက္ေတာ့ အလုပ္အကိုင္က်ပ္တည္းသြားတယ္။ ကေလးနဲ႔ဆိုေတာ့ သားက ေက်ာင္း တက္လည္းပ်င္းေတာ့ ထြက္ၿပီး ေစ်းမွာလုပ္ခိုင္းလိုက္တာ။ လုပ္ေနတာက ၂ လ၊ ၃ လေလာက္ပဲရွိေသးတယ္။ အေဖကေတာ့ ေက်ာက္ခြဲ တယ္။ လမ္းခင္းေက်ာက္ေပါ့။ အမက အဲဒီလိုေရာင္းတယ္။ ဆန္ဖိုးမရဘူး။ ငါး၊ ဟင္းဝယ္မယ့္ စရိတ္ပဲရတယ္။ ဆန္ဖိုးကိုေတာ့ အိမ္ရွင္ က(အမ်ိဳးသား) ရွာေပးတယ္။ ေနာက္ထပ္ ၄ တန္းေက်ာင္းသားေလး တစ္ေယာက္ရွိတာေပါ့။”
သူတို႔ဟာ စားဝတ္ေနေရးအတြက္၊ မိသားစုအေရးအတြက္ တိုက္ပြဲဝင္ေနၾကသူေတြ ျဖစ္ေနေစကာမူ သူတို႔ရဲ႕လူပ္ရွားေနတဲ့ ျမင္ကြင္းက တာ့ ေပါက္ေတာၿမိဳ႕သေဘၤာဆိပ္ရဲ႕ အလွကို ေဖာ္က်ဴးေနသလို၊ သူတို႔ၿမိဳ႕ကို လူသိမ်ားေအာင္လုပ္ေနသလိုပါပဲ။
909 total views, 1 views today