ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း
ငယ်ငယ်ကတည်းကနေ ပညာတတ် တစ်ယောက်ဖြစ်ချင်ခဲ့တဲ့ Sister Regina Tin Hlaing ဟာ အသက် ၃၈ နှစ်အရွယ် ခရစ်ယာန်ဘာ သာဝင်၊ ချင်းလူမျိုး မယ်သီလရှင်တစ်ပါး ဖြစ်ပါတယ်။
ချင်းလူမျိုးဆိုပေမယ့် သူ့ကို ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဇင်ယော်မော်ရွာမှာ မွေးဖွားခဲ့တာပါ။ မဖွံ့ဖြိုးတဲ့ တောနယ်ကလေးမှာ မွေးဖွားပြီး ဆင်းရဲနွမ်းပါးတဲ့ မိသားစုက ဆင်းသက်လာတဲ့ သူမအဖို့ ပညာတတ်ဖြစ်ရမယ် ဆိုတဲ့ ရည်မှန်းချက်ဟာ တစ်ကယ်တော့ အိပ်မက်မက်နေသလိုပါပဲ။
အင်မတန်မှကို ခက်ခဲလွန်းခဲ့ပါတယ်။ ဒါပေမယ့် သူရဲ့ဆန္ဒကတော့ ပြည့်ဝခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတာကိုတော့ Sister Regina Tin Hlaing က အခုလို ပြောပြပါတယ်။
“ကျမက ငယ်ငယ်တုန်းက မင်းပြားမြို့မှာ ၄ တန်း၊ ၅ တန်းလောက်ပဲနေဖြစ်တယ်။ ၆ တန်းနှစ်မှာ ပြည်မဖက်ကိုရောက်သွားတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ကျမတို့ ငယ်ငယ်တုန်းက ပညာရေးမှာ အရမ်းခက်ခဲတယ်လေနော်။ ကိုယ်ကလည်း ဆင်းရဲတဲ့ မိသားစုကလာတဲ့အ တွက် ပညာရေးကို လိုလားလို့သာ Strong ဖြစ်တာ။ ကျောင်းတက်မယ်ဆိုရင်တောင်မှ တစ်ခြားကျောင်းမှာ သွားတက်ရတယ်လေနော်။ ကြိမ်ချောင်းဖက်တို့မှာ သွားတက်ရတာ။ စာမေးပွဲ သွားဖြေရတာလို့ ရှိတယ်လေ။ အဆင်မပြေဘူးပေါ့နော်။ နောက်ပိုင်းမှာ သာသနာပြု သီလရှင်တွေနဲ့ တွေ့ပြီးတော့မှ ကျမကို သီလရှင်အနေနဲ့ ထားပေးပြီးတော့ ကျမပညာတတ်လာတာ။ ၂၀၀၄ မှာ သီလရှင်ဖြစ်တာ။”
ပြည်မဖက်ကို ရောက်သွားလို့ ဆယ်တန်းအောင်ပြီးသွားတဲ့ အချိန်မှာတော့ သူ့ကို ပံ့ပိုး၊ ကူညီပေးခဲ့ကြတဲ့ သူတို့ဘာသာဝင် မယ်သီလရှင် တွေရဲ့ ဖြစ်တည်မှု၊ ဟန်ပန်အမူအယာလေးတွေကို ခုံမင်နှစ်သက်မိလာပြီး သီလရှင်ဘဝနဲ့ပဲ နေထိုင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။ ဒီလို ဆုံးဖြတ်ခဲ့ပေမယ့် သူတို့ဘာသာရဲ့ မူဝါဒတွေအရ သီလရှင်တစ်ယောက် ဖြစ်ဖို့ဆိုတာ တော်ရုံစကေးနဲ့ မရနိုင်ပါဘူး။ သီလရှင်အလောင်း ဘဝနဲ့ အနည်းဆုံး ၆ နှစ်နေရပြီး အဲဒီအချိန်အတောအတွင်းမှာ သူတို့ဝင်မယ့် ဂိုဏ်းအကြောင်း၊ ဂိုဏ်းရဲ့လုပ်ဆောင်ချက်၊ ကျင့်ဝတ်စတဲ့ အကြောင်းအရာများစွာကို သင်ရပါသေးတယ်။ သင်ယူလို့ပြီးတဲ့ အချိန်ကျမှ သီလရှင်မဖြစ်ခံယူမယ့်သူဟာ ဒီအပေါ်မှာ အလေးနက်ထား ပြီး စိတ်ဝင်စားကြောင်း၊ ပြင်းပြတဲ့ဆန္ဒရှိကြောင်းကို စီနီယာသီလရှင်တွေက ထောက်ခံပေးရပါတယ်။ ဒါပြီးမှသာ ပထမယာယီသစ္စာခံရ တယ်လို့ ဆိုပါတယ်။
ပထမ ယာယီသစ္စာ မခံသေးခင်အချိန်ထိတော့ ကိုယ်ဟာဒီဘဝကို နှစ်သက်မြတ်နိုးမှုရှိ၊ မရှိကို ဆန်းစစ်ပြီးတော့လ ည်း တစ်နှစ်တန်သည်၊ ၂ နှစ်တန်သည်နေခွင့်ရှိပါတယ်။ Sister Regina Tin Hlaing ကလည်း သူ့ဟာသူဆန်းစစ်ပြီး ၂ နှစ်လောက်ထပ် နေခဲ့တယ်လို့ ဆိုပါတယ်။
“ သီလရှင်အလောင်းပေါ့နော်။ အဲမှာကျတော့ ကျမတို့က ၆ လနေရတယ်။ House မှာပဲ။ ကျမတို့က နေရတယ်။ နောက်ပြီးလို့ရှိရင် ၃ နှစ်နေရတယ်။ ပြီးရင် Novice လို့ ပြောတယ်။ အဲဒီ မှာလည်း ၃ နှစ်နေရတယ်။ အနည်းဆုံး ကျမတို့ ၆ နှစ်နေရတယ်။ သီလရှင်ဘဝတက်လှမ်းဖို့ အတွက်လေ။ ကျမတို့ အဲဒီကာလမှာ ဆိုလို့ ရှိရင် သီလရှင်နဲ့ ဆိုင်တဲ့ ဥစ္စာတွေ။ ကိုယ့်ရဲ့ ဂိုဏ်းအကြောင်းကို အများကြီးသင်ရတယ်။ Mother ကျောင်းကို ကျမတို့သင် ရတယ်။ ပြီးရင် ဂိုဏ်းမှာလုပ်ဆောင်တဲ့ အရာတွေပေါ့။ သီလရှင်တွေက ကျင့်ကြံတဲ့ဥစ္စာတွေကို ကျမတို့ အများကြီး သင်ခဲ့ရတာပေါ့နော်။ အဲဒီတစ်လျှောက်လုံးမှာပေါ့။ ဖော်မေးရှင်းကာလလို့ ခေါ်တယ်။ ကိုယ့်ရဲ့ Founder ရဲ့အလုပ်အကြောင်း၊ ကျင့်ဝတ်တွေ သင်ရတယ်။ ၆ နှစ်ပြီးမှ First Profession ပထမယာယီသစ္စာပေးတယ်။ ကျမကကျတော့ ၂၀၀၄ မှာ First Profession ခံတယ်။ ယာယီသစ္စာက အစမ်း ခန့်ကာလပေါ့နော်။”
Sister Regina Tin Hlaing တင်လှိုင်ကတော့ ၂၀၀၄ ခုနှစ်မှာ အစမ်းခန့်သီလရှင်အဖြစ် ပထမယာယီသစ္စာခံခဲ့ပြီး အဲဒီနောက်ပိုင်းမှာ သူ တို့လူမျိုးတွေ အဓိက နေထိုင်လျှက်ရှိတဲ့ ချင်းပြည်နယ်ကို တာဝန်ကျခဲ့ပြီး အဲဒီကတစ်ဆင့် ပြည်ဖက်ကို တာဝန်ပြောင်းရွှေ့ခံ ခဲ့ရတယ်လို့ ပြောပါတယ်။
ချင်းပြည်နယ်မှာနေထိုင်စဉ်ကတော့ သူတို့ဂိုဏ်းရဲ့ လုပ်ဆောင်ချက်ထဲကတစ်ခုဖြစ်တဲ့ ဘုရားစာသင် ပေးတာတွေ၊ သာသ နာပြုတာတွေ၊ စတဲ့အောက်ခြေလုပ်ငန်းတွေကို လုပ်ခဲ့ရပြီး အဲဒီဖက်ကတစ်ဆင့် ပြည်ဖက်ကို ပြောင်းရွှေ့ခြင်းခံခဲ့ရချိန်မှာတော့ သူဟာ န ယ်ဖက်ကတက်လာတဲ့ ကျောင်းသားငယ်လေးတွေကို ဘော်ဒါလိုက်ကြည့်ပေးရင်းနဲ့ ပြုစုစောက်ရှောက်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ ပြန်ပါတယ်။
“ကျမ ပထမဆုံး တာဝန်ကျတာက ချင်းပြည်နယ်မှာ ၂၀၀၄ ဆိုတော့လေ။ ချင်းပြည်နယ်က တော်တော်နှောင့်နှေးတဲ့ထဲမှာပါတယ်။ ကျမ တို့ ကျတော့လည်း နယ်တွေဖက်ကို သွားရတာပေါ့နော်။ ကလေးတွေကို ဘုရားစာတွေသင်ပေးတယ်။ သာသနာပြုတယ်ပေါ့။ စာတွေ လည်း မသင်ပေးသေးဘူး။ နောက်ပြီးတော့ ကျမက ပြည်မှာ။ ပြန်ပြီးတော့ တာဝန်ကျတယ်။ အဲဒီမှာကျတော့ ကျမတို့မှာ ဘော်ဒါရှိတယ်။ ကျမကျတဲ့ကျောင်းက စိန်ပဖန်စစ် Community လို့ပြောတာပေါ့။ အဲမှာကျတော့ ဆယ်တန်းအထိရှိတယ်။ ကျမရဲ့တာဝန်ကတော့ နယ်က ကလေးတွေကို ဘော်ဒါကြည့်ရတာပေါ့။ ၈ တန်းကနေ ၁၀ တန်းထိရှိတယ်။ ပြည်မှာပဲ နောက်စိန်ပေါကျောင်းမှာ တစ်နှစ်တာဝန်ကျတယ်။ စိန်ပေါမှာလည်း ဘော်ဒါကြည့်ရတာပေါ့။”
ဟိုဖက်ဒီဖက်ပြောင်းရွှေ့တာဝန်ကျရင်းနဲ့ပဲ ၂၀၁၀ ခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံကို သွားရောက်ပြီး အနယ်နယ်အရပ်ရပ်က တစ်သက်သစ္စာမခံ ရသေးတဲ့ သီလရှင်တွေနဲ့အတူ အင်္ဂလိပ်စာဘာသာရပ်တွေ၊ International Communication စတာတွေကို သင်ယူခဲ့ရသလို အဲဒီမှာပဲ ခရစ်ယာန်သာသနာပြု ဆရာတော်၊ ဘုန်းတော်ကြီး၊ သီလရှင်စုံလင်စွာနဲ့ ဖြူစင်ခြင်း၊ နာခံခြင်း၊ ဆင်းရဲခြင်းစတဲ့ သစ္စားသုံးပါးနဲ့အတူ တစ် သက်သစ္စာခံခဲ့ရသူပါ။ ဖိလစ်ပိုင်နိုင်ငံမှာ ၂ နှစ်နီးပါးနေခဲ့ရပြီး ပြန်လာချိန်မှာတော့ ဦးသျှစ်ပင်မှာ တာဝန်ကျခဲ့ကာ မြန်မာနိုင်ငံထဲက သီလ ရှင် ကျောင်းတော်တော်များများမှာ တာဝန်ကျလိုက်၊ နယ်လှည့်သွားလိုက်နဲ့ ၅ နှစ်လောက် အလုပ်ရှုပ်နေခဲ့သူပါ။ ၂၀၁၈ ခုနှစ်မှာတော့ သူ့ဇာတိဖြစ်တဲ့ ရခိုင်ပြည်နယ်ကို တာဝန်ကျခဲ့တာပါ။ လက်ရှိ ရခိုင်ပြည်နယ် စစ်တွေမြို့က “စိန်အဲန့်ကက်သလစ်သီလရှင်ကျောင်း”မှာ တာဝန်ခံအဖြစ်နဲ့ တာဝန်ယူနေတာ ၂ နှစ်နီးပါးရှိနေပါပြီ။ ဒီကျောင်းဟာဆိုရင် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းလည်း ဖြစ်ပါ တယ်။
“နောက်ပြီးမှ ၂၀၁၀၊ ၁၁ မှာကျတော့ တစ်သက်သစ္စာခံဖို့ ဖိလစ်ပိုင်ကို သင်တန်းသွားတက်ရတယ်။ International Communication အဲဒီမှာ အနယ်နယ်က Sister တွေလာတယ်။ ဖိလစ်ပိုင်ကရော၊ သြစတီးရီးယားကရော ကျမတို့လို့ သစ္စာမခံရသေးတဲ့ Young Sister တွေစုပြီးတော့ အဲမှာတစ်နှစ်ခွဲ ၁ နှစ်နီးပါးနေရတာပေါ့နော်။ ၆ လက Sister ပေါင်းစုံနဲ့ပေါ့နော်။ တစ်နှစ်ကထပ်ပြီးတော့ အင်င်္ဂလိပ်စာ တွေ၊ Communication တွေထပ်ပြီးတော့ သင်ရသေးတာပေါ့။ ပြီးမှ ကျမက ၂၀၁၂၊ ၁၃ မှာ ဦးသျှစ်ပင်မှာ တာဝန်ကျတာပေါ့။ အဲဒီမှာ လည်း Pre school ပဲကိုင်ရတာပေါ့။ နယ်တွေကိုလည်း သွားရတာပေါ့။ အဓိကကတော့ ကလေးတွေကို ပြုစုစောင့်ရှောက်တဲ့အပိုင်းကို လုပ်ရတာပေါ့။ ပြီးမှ ၁၃၊ ၁၄၊ ၁၅၊ ၁၆ ၊ ၁၇ ၊ ၁၈ နှစ်မှ ဒီကို ပြောင်းတာ။ ၅ နှစ်လောက်ကြာခဲ့တာပေါ့။”
ယာယီသစ္စာခံဘဝနဲ့ နေတုန်းမှာ သီလရှင်ဘဝက ထွက်လို့ရသေးပေမယ့် တစ်သက်သစ္စာခံလိုက်ပြီဆိုတာနဲ့ သီလရှင်ဘဝကထွက်လို့ မ ရတော့ပါဘူး။ ဒါကြောင့်လည်း တစ်သက်သစ္စာခံမလို့ ဆုံးဖြတ်ထားတဲ့ သီလရှင်တွေအနေနဲ့ ဒီဘဝမှာပျော်သလား။ အပြင်လောကမှာပဲ ပျော်သလား။ ကိုယ့်ဟာကိုယ် အသေအချာသုံးသပ်ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ Sister Regina Tin Hlaing က အဲဒီတုန်းကအသက်အရွ ယ် အားဖြင့်လည်း ငယ်သေးလို့ တော်တော်လေးကို ဂရုတစိုက်ဆုံးဖြတ်ခဲ့ရတယ်ဆိုတဲ့အကြောင်းကို ပြောပြပါသေးတယ်။
“၆ နှစ်နေလို့ရှိရင် တစ်သက်သစ္စာခံရတယ်။ တစ်သက်သစ္စာကကျတော့ ထွက်လို့မရတော့ဘူးဆိုတာက တစ်သက်လုံးနေ တော့မယ်ဆို တဲ့ ကတိဝန်ခံချက်ပေ့ါ။ Public မှာ ကျမတို့ရဲ့ ကျောင်းတော်ကြီးတွေဖြစ်တဲ့ ရန်ကုန်က စိန့်မေရီတို့၊ ဒီမှာဆိုရင် စိန့်ပေါ့တို့ Public မှာ အ များကြီး ဆရာတော်ကြီးတွေပါမယ်။ ဘုန်းတော်ကြီးတွေပါမယ်။ သီလရှင်တွေပါမယ်။ အဲလိုသစ္စာဆိုရတယ်။ သစ္စာသုံးပါးခံရတာပေါ့။ ဖြူ စင်ခြင်းရယ်။ နာခံခြင်းရယ်။ ဆင်းရဲခြင်းရယ်။ သစ္စာခံရတယ်ပေါ့။”
“ယာယီသစ္စာမှာကျတော့ ကျမတို့က ၆ နှစ်အတောအတွင်း ကိုယ်ဒီဘဝမှာ ပျော်သလား။ သီလရှင်ဘဝနဲ့ နေလို့ရမလား။ အဲဒီမှာ ၆ နှစ် ပြည့်လို့ ကိုယ်မပျော်ဘူး။ ဒီဘဝကို ကိုယ်က မမြတ်နိုးတော့ဘူး။ ကိုယ်ဟာသီလရှင်ဘဝနဲ့ လုံးဝမကိုက်ညီဘူး။ မပျော်ဘူးကွယ် ဒီဘဝမှာ ဆိုရင် ကိုယ်ဟာပြန်ဖျက်လို့ရတယ်။ ကျမတို့ တစ်သက်သစ္စာကို ၆ နှစ်၊ ၇ နှစ်လောက်မှာမှ ခံတယ်။ ကိုယ်ကလည်း ဒီဘဝမှာပျော်တယ်။ ဒီဘဝကို မြတ်နိုးတယ်ပေါ့နော်။ ဒီအလုပ်လုပ်ရတာလည်းပိုပြီးပျော်တယ်ပေါ့။ အစေခံရတာကိုယ်ပျော်တယ်ပေါ့။ အဲလိုမျိုးလေး။ ကိုယ့်မှာ အဲဒီအတွေးအခေါ်ရှိတယ်။ ဘုရားနဲ့ပေါင်းစပ်တာပျော်တယ်။ ပြည်သူတွေအတွက် အလုပ်လုပ်ရတာပျော်တယ်။ အဲဒါကြောင့်နဲ့ ဒီဘဝနဲ့ ကိုယ် တစ်သက်လုံးနေမယ်ပေါ့နော်။ အဲဒါကို တစ်သက်သစ္စာခံသွားတာပေါ့နော်။ ၆ နှစ်ပြီးတဲ့အခါမှာပေါ့။ ၈ နှစ်မတိုင်ခင်မှာပေါ့။ ကျမက ကျတော့ တစ်သက်သစ္စာခံပြီးသွားပြီ။”
သူတို့ဘာသာအရ ဂိုဏ်းအလိုက်လုပ်ဆောင်ပုံတွေကွဲပြားကြပြီး တစ်ချို့ဂိုဏ်းတွေမှာဆိုရင် သူတို့ခရစ်တော်ဘုရားသခင်ကို ယုံကြည်လာ အောင်လို့ တရားဟောတာ၊ တစ်ချို့ဂိုဏ်းတွေမှာဆိုရင် စာသင်ပေးတာစသဖြင့် ကွဲပြားကြပေမယ့် ယုံကြည်ကိုးကွယ်ခြင်းအားဖြင်တော့ အတူတူပါပဲ။
“ဂိုဏ်းကတော့လေ နာမည်ပါပဲ။ စိန်ပေါဂိုဏ်းလို့ ရှိတယ်။ သူတို့မှာလည်း သူတို့အလုပ်နဲ့ သူတို့ရှိတယ်။ သူတို့ဂိုဏ်းဆိုရင် တရားဒေသ နာဟောကြားမယ်။ လူတွေက သခင်ခရစ်တော်ကို ယုံကြည်ဖို့အတွက် ဟောကြားရမယ်။ အဲဒါက သူတို့ရဲ့လုပ်ဆောင်ချက်။ ကျမတို့ကျ တော့ စာသင်မယ်။ ပညာမတတ်တဲ့သူတွေကို၊ အမျိုးသမီးတွေကို၊ ပညာလိုလားတဲ့ သူတွေကို ဒီမှာကျတော့ ကျမတို့က စာသင်မယ်ပေါ့ နော်။ တစ်ခြားနေရာမှာကျတော့ မိဘမဲ့တွေကို ကြည့်တယ်။ အဲလိုမျိုး။ ဂိုဏ်းတွေကသာကွဲတာ၊ လုပ်ငန်းလေးတွေကသာကွဲတာ၊ ကိုးကွ ယ်ခြင်းကတော့ အတူတူပဲ။”
နောက်ပြီးတော့ သူတို့ဘာသာမှာ တစ်ခြားဘာရေးဂိုဏ်းတွေနဲ့ မတူဘဲ ထူးခြားတဲ့အချက်တွေလည်း ရှိနေပြန်ပါတယ်။ ပထမတစ်ချက်အ နေနဲ့ ပြောရရင်တော့ ခရစ်ယာန်ဘာသာဝင် သီလရှင်လုပ်မယ့်သူတွေဟာ အပျိုစင်ဖြစ်ရသလို အိမ်ထောင်ပြုခွင့်လည်း လုံးဝမရှိပါဘူး။ ဒ့ါ အပြင် တစ်ဂိုဏ်းချင်းစီအလိုက်လည်း ပညာအရည်အချင်းအသင့်အတင့်ရှိရပြန်ပါတယ်။
“ငယ်ပျိုဖြစ်ရမယ်။ ကျမတို့က ဆယ်တန်းအောင်တဲ့သူဖြစ်ရမယ်။ ကျမတို့ဂိုဏ်းမှာ လက်ခံထားတာပေါ့နော်။ တစ်ခြားဂိုးဏ်းတွေမှာတော့ မအောင်ရင်လည်း ရရင်ရမှာပေါ့။ ဘာလို့ဆိုတော့ ကျမတို့ဂိုဏ်းဟာ အင်တာနယ်ရှင်နယ်ဂိုဏ်းဖြစ်တ ဲ့အတွက်ကြောင့်လေ။ တစ်ခြားနိုင်ငံ တွေကို စေလွှတ်ခြင်းခံရတဲ့အခါကျတော့ အဆင်ပြေတာပေါ့။ ပညာလည်းတတ်ထားတဲ့အခါကျတော့ သူများနဲ့Communication လုပ်နိုင် ဖို့ ကလည်း အရေးကြီးတယ်ပေါ့။ အင်္ဂလိပ်စာကလည်း အဓိကအရေးကြီးတယ်ပေါ့။ ကျမတို့ ဂိုဏ်းမှာ ကျတော့လေ။ အင်္ဂလိပ်စာ မရရင် မရဘူး။ ကျမတို့လည်း ဆယ်တန်းအောင်တော့ အင်္ဂလိပ်စာများကြီး သင်ခဲ့ရတယ်။”
Sister Regina Tin Hlaing တို့ ဂိုဏ်းမှာဆိုရင်တော့ ဆယ်တန်းအောင်ရမယ်လို့ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ တစ်ချို့ဂိုဏ်းတွေ မှာဆိုရင် ဘွဲ့ရရမယ် စသဖြင့်လည်း ရှိသလို တစ်ချို့ဆိုရင်လည်း ဆယ်တန်းမအောင်၊ ဘွဲ့မရဘဲနဲ့လည်း နားလည်မှုပေးပြီး ပေးဝင်တာမျိုး လည်း တွေ့ရတယ်လို့ပြောပါတယ်။ ဒီလိုသတ်မှတ်ထားရတာဟာ ပြည်သူအကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်ချိန်မှာ နိုင်ငံတကာနဲ့ယှဉ် ပြီး လုပ်ဆောင်ရတဲ့ ကဏ္ဍတွေကြောင့်လို့ ဆိုတာကို မယ်သီလရှင်တွေက နားလည်ကြပါတယ်။ သီလရှင်ဖြစ်သွားလို့ အပြင်လောကမှာ လုပ်ကိုင်ခွင့်မရှိ၊ ဂိုဏ်းကခွင့်မပြုတဲ့ ကိစ္စရပ်တွေကိုရောပါပဲ။
“သီလရှင်တစ်ယောက်ဆိုတာ လွတ်လွတ်လပ်လပ်သွားလို့မရဘူး။ Community Member တွေက မသိဘဲနဲ့ အပြင်သွားလို့ မရဘူး။ အ ပြင်သွားရင်လည်း တစ်ခြား Sister တွေနဲ့ Communication အမြဲရှိရတယ်။ အလုပ်လုပ်တဲ့အခါမှာလည်း ကျမတို့က ဘလောက်ပဲ ပညာ ရေးမှာတော်တော်။ အင်ဂျီအိုက ကျမကိုရာထူးကြီးကြီးပေးပေး။ သွားလုပ်လို့ မရဘူး။ အဲလိုမျိုးပေါ့။ ကျမတို့မှာ အကြီးအကဲတွေရှိတယ်။ ဂိုဏ်းက ခွင့်ပြုမှ ကိုယ်ကလုပ်လို့ရတယ်။ ဒီလုပ်ငန်းဟာ ကိုယ့်ဂိုဏ်းနဲ့သင့်တော်တယ်ဆိုလို့ရှိရင် အလုပ်လုပ်တယ်။ ကိုယ်က ဒီမှာမလုပ် ချင်ဘူး။ အန်ဂျီအိုမှာ ပိုက်ဆံပိုရမယ်။ အဲမှာပဲ လုပ်ချင်တယ်ဆိုရင်လည်း လုပ်လို့မရဘူး။ ဂိုဏ်းရဲ့ အကြီးကဲက သိရတယ်။ အကြီးကဲက ပါမစ်ရှင်ပေးမှ လုပ်လို့ရတာပေါ့။ ကိုယ်က အဲဒီမှာပဲ လုပ်ချင်တယ်ဆိုရင် ဒီဘဝမှာမနေနဲ့ပေ့ါ။ ကိုယ့်ဘဝနဲ့တော့ လုပ်လို့ရတယ်။ သီလ ရှင်ဘဝနဲ့တော့ လုပ်လို့မရဘူး။ ဒါကတော့ သီလရှင်ရဲ့စည်းကမ်းပေါ့နော်။”
သီလရှင်တွေနဲ့ ဘုန်းတော်ကြီးတွေနဲ့ မတူကွဲပြားတဲ့အချက်တွေလည်း ရှိနေပြန်ရော။ ဘုန်းတော်ကြီးတွေဟာလည်း မယ်သီလရှင်တွေလို ပဲ ဆယ်တန်းအောင်ရသလို ဘုန်းတော်ကြီးတစ်ပါးဖြစ်ဖို့အတွက် ဆယ်စုနှစ်တစ်ခုအချိန်ပေးပြီး ဂိုဏ်းနဲ့ ဆက်စပ်တဲ့ လုပ်ဆောင်ပုံတွေအ ကြောင်း လေ့လာသင်ယူရပြီး သီလရှင်တွေနဲ့ တစ်ကျောင်းတည်းအတူနေခွင့် မရှိပါဘူး။ ဒါပေမယ့် အကျိုးပြုလုပ်ငန်းတွေ၊ ဘာသာရေးပွဲ တော်တွေ လုပ်ဆောင်ချိန်မှာ ဂိုဏ်းအလိုက်စုရုံးလေ့ရှိကြပါတယ်။ အကြောင်းပြချက်မရှိပဲနဲ့ သီလရှင်တွေဟာ ထွက်ခွင့်မရှိပေမယ့် ဂိုဏ်း နဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်တွေ၊ စည်းကမ်းတွေကို ချိုးဖောက်ရင်တော့ ဂိုဏ်းက စီစစ်ပြီး သီလရှင်အဖြစ်က ထုတ်ပယ်ခွင့်ရှိပါတယ်။ အစား အအသောက်အပိုင်းမှာတော့ တစ်ခြားလူတွေလိုပဲ သားသုံးခွင့်ရှိပါတယ်။ တရားအားထုတ်တဲ့အပိုင်းမှာတော့ နေ့စဉ်သုံးကြိမ်ဝတ်ပြုရပြီး ဥပုသ်သီလဆောက်တည်တာကိုတော့ တစ်နှစ်မှာ ၂ ကြိမ်သတ်မှတ်ထားသလို အဲဒီနှစ်ကြိမ်မှာ အားရင်အားသလို ကျင့်ကြံအားထုတ်ကြ တယ်လို့ သိရပါတယ်။
နောက်တစ်ချက်ထူးခြားတာကတော့ ခရစ်ယာန်သီလရှင်တွေမှာ ဗုဒ္ဓသာသာဝင်လိုမျိုး မိဘကိုကျေးဇူးဆပ်ချင်လို့ သီလရှင်ဝင်ချင်တယ် ဆိုတဲ့ပုံစံမျိုးလည်း မရှိပါဘူး။
“ဗုဒ္ဓဘာသာမှာဆိုရင် မိဘကိုကျေးဇူးဆပ်ချင်တယ်။ ကျေးဇူးရှင်ကို ကျေးဇူးဆပ်ချင်တယ်။ အဲဒီလို အဓိဌာန်ဝင်ပြီးတော့ သီလရှင်ဝင်တာ မျိုးလေးရှိတယ်လေ။ ကျမတို့မှာ အဲလိုမျိုးမရဘူး။ သီလရှင်ဘောင်ဝင်တော့မယ် ဆိုရင်တောင်မှ သူ့ရဲ့ အကျင့်စာရိတ္တကို ကြည့်တယ်။ အကုန်ပေါ့။ ပြီးတော့ ကျောင်းမှာ Sister တွေနဲ့ အတူနေရတယ်။ တကယ်လို့ သီလရှင်ဂိုဏ်းကို စိတ်ဝင်စားတယ်ဆိုရင် Sister တို့ရဲ့အပြော အဆို၊ လုပ်ငန်းတွေ၊ နေပုံထိုင်ပုံတွေကို သင်ယူရမယ်။ အဲကျမှ ကျမတို့ Community က လက်ခံတယ်။ ဒီကောင်မလေးက တစ်ကယ့်ကို စိတ်ဝင်စားတယ်။ အကျင့်စာရိတ္တပိုင်းမှာ ကောင်းတယ်။ ဖော်ဖော်ရွေရွေ ရှိတယ်ဆိုရင် ထောက်ခံပေးတယ်။ နောက်တစ်ဆင့် တက်လို့ရတာပေါ့။”
Sister Regina Tin Hlaing ဟာ အစပိုင်းမှာတော့ သူပညာတတ်ဖြစ်ရင် သူနာပြုတစ်ယောက်လုပ်မယ်လို့ စိတ်ပိုင်းဖြတ်ခဲ့ပေမယ့် နော က်ပိုင်းမှာတော့ သူ့ကိုသွန်သင်ဆုံးမပြီး ဒီအခြေအနေထိရောက်အောင် ပံ့ပိုးကူညီပေးခဲ့ကြတဲ့ သီလရှင်တွေရဲ့ ဖြစ်တည်မှုကို ချစ်ခင်မြတ် နိုးသွားချိန်မှာတော့ သူဟာလည်း ဒီဘဝနဲ့ပဲ နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။ ဘယ်လိုပဲဖြစ်နေပါစေ သူလုပ်ချင်တဲ့ ပြည်သူအကျိုးပြုလု ပ်ငန်းချင်းကတော့ အတူတူပဲ မဟုတ်လား။
“ငယ်ငယ်တုန်းက Nurse အရမ်း ဖြစ်ချင်တာလေ။ Nurse ဆိုတာက လူတွေမကျန်းမာရင် ဆေးကုပေးရတယ်လေ။ သေတော့မယ့် လူ တွေကိုတောင်မှ ဆေးကုလိုက်ရင် ကောင်းလာတယ်လေ။ အဲဒါလေးကို သဘောကျတယ်။ လူတွေကို ကူညီတာပေါ့နော်။ သေတော့မ ယ့် လူတွေကိုတောင် ပြန်ရှင်အောင် လုပ်နိုင်တယ်။ အဲဒီလို လူတွေကို အပြုသဘောဆောင်ပြီး ကူညီတာကို မြတ်နိုးခဲ့တာပေါ့။ နောက်ပိုင်းကျလို့ ဆယ်တန်းတွေအောင်ပြီးတဲ့ အခါကျတော့ ရည်ရွယ်ချက်က တစ်မျိုးပြောင်းသွားပြန်ရော။”
“အပြင်လောကမှာနေရင် အိမ်ထောင်ပြုမယ်။ သား၊ သမီးတွေရှိလာမယ်။ အဲဒါနဲ့ပဲ ရုန်းကန်ရမယ်။ ကိုယ့်မိသားစုလောက်ပဲ ကိုယ်က စဉ်းစားနိုင်မယ်လေ။ ကိုယ်အလုပ်လုပ်ရင်တောင်မှ ကိုယ့်သား၊ သမီးအတွက် သူတို့ရှေ့ရေးအတွက်ပဲ စဉ်းစားမယ်။ သီလရှင်ကျတော့ အဲလိုမျိုး မဟုတ်ပြန်တော့ဘူး။ ကိုယ်လုပ်နေတဲ့ လူတွေအပေါ်မှာ မေတ္တာတရားကို ပိုပေးနိုင်တယ်။ လူတိုင်းကို၊ ကလေးတိုင်းကို ချစ်နိုင် တယ်။ ပြီးရင် ကိုယ့်ဂိုဏ်းက ဘယ်ကိုပဲ စေလွှတ်လွှတ်ပေါ့။ အခုဆို ရခိုင်မှာစေလွှတ်တယ်။ ကိုယ့်နယ်ဆိုတဲ့ ပိုတောင်ပျော်သေးတယ်။ ကိုယ့်ရခိုင်ကလူတွေကို အများကြီး ပညာပေးနိုင်တယ်ဆို ကိုယ်ဝမ်းသာတယ်။ တစ်ခြားပြည်နယ်မှာကျင်ရင်လည်း ဘာမှနောက်ဆံတင်း စရာမလိုဘူးလေ။ ကိုယ့်မိသားစုဆိုတာကို စဉ်းစားစရာမလိုဘူး။ ဒီလူအတွက် လုံးလုံးလျားလျားကို ကိုယ့်မှာရှိတဲ့ ပညာကိုပေးနိုင်တယ်။ အဲဒါတစ်ခုကကွာသွားတာပေါနော်။”
919 total views, 1 views today