ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း
တစ်ခြားဒေသက ဧည့်သည်လာကေဖြစ်ဖြစ်၊ တစ်ခြားဒေသကို အလည်သွားကတ်ကေဖြစ်ဖြစ် ရခိုင်ကလူတိ လက်ဆောင်အဖြစ်ပီးကမ်း လိရှိကတ်တေ ဒေသထုတ်ကုန်တစ်ခုအကြောင်းကို ပြောပြပီးချင်ပါရေ။ ပါပရာလို့ လူသိများရေ ငါးမုန့်အကြောင်းကိုပါ။ ရခိုင်ပြည်နယ် ရေ ပင်လယ်ကမ်းရိုးတန်း ဒေသတစ်ခုဖြစ်တေအလျောက် ရီထွက်ပစ္စည်းတိလေ့ ပေါများစွာထွက်ရှိပါရေ။
ရခိုင်ပြည်နယ်ထဲကမှ ပြည်နယ်မြို့တော် စစ်တွေအပါအဝင် ကျောက်ဖြူနဲ့ သံတွဲစရေပင်လယ်ဆိပ်ကမ်းမြို့တိမှာ ဒေလုပ်ငန်းကို အများ ဆုံး လုပ်ကိုင်လျှက်ရှိကတ်စော်ပါ။ စစ်တွေမြို့မှာဆိုကေ ရူပတောင်ရပ်ကွက်ကို ပါပရာရပ်ကွက်လို့ ခေါ်ရလောက်အောင်တောင် ပါပရာ လုပ်သူများပြားပြီးကေ တစ်ခြားရပ်ကွက်တိမှာတော့ ဒေလုပ်ငန်းကို မတွေ့ရပါ။
ပါပရာလုပ်တေ နည်းလမ်းကလေ့ လွယ်ကူစွာတော့ မဟုတ်ပါ။ ငညို့လို့ခေါ်ရေ ငါးကို အသားခြစ်ပြီးကေရလာရေ အသားနဲ့ ကွာ မှုန့်ရို့ကို အဆတူပေါင်းစပ်ပနာ ဆားနဲ့ ဟင်းချိုမှုန့်ရို့ကို လိုအပ်တေပိုင်ထည့်နှယ်ပြီးကေ မီးအပူပေးပနာ ပေါင်းရပါရေ။ ပြီးကေမှ ကျက် ပြီးသားငါးအသားလုံးကို လိုအပ်တေ ပမာဏအတိုင်းအချပ်လိုက်လှီးပြီးကေ နီလှမ်းရပါရေ။ နီလှမ်းလို့ ခြောက်တေအနီအထားကိုရောက် မှရာ ပါပရာလို့ခေါ်ရေ အဆင့်ကိုရောက်စွာပါ။
“ငါးဝယ်လာကေ ငါးကို ခွဲရရေ။ ပြီးကေ (အသား) ခြစ်ရရေ။ ယင်းငါးနဲ့ ကွာမှုန့်နဲ့ စပ်ပြီးကေ နယ်ရရေ။ နယ်ပြီးကေ လုံးရေ။ လုံးပြီးကေ နောက်တစ်ဆင့်ပေါင်းရရေ။ ပေါင်းပြီးကေ ဖြတ်ပြီးကေ နီလှန်းရေ။ နီလှန်းပြီးမှ နောက်ဆုံး အထုတ်ထုပ်တေပေါ့။ ၇ ဆင့်၊ ၈ ဆင့် လောက်လုပ်ရရေပေါ့။ ၄၊ ၅ ရက်လောက်တော့ ကြာရေပေါ့။ အရင်ကဆိုကေ ငါးတိတန်ရေ။ စျီးပပေါ့နဲ့ လုပ်ပီးနိုင်ရေ။ အခုငါးတိ လေ့ စျီးတက်လာခါ ပါပရာတိလေ့ စျီးတက်လာရေ သဘောရှိရေပေါ့။ ယင်းသဘောပဲပြောရဖို့။”လို့ ရွှေဒင်္ဂါးပါပရာဆိုင်ပိုင်ရှင် ဦးသာမြက ပြောပြပါရေ။
ဦးသာမြရေ ဒေလုပ်ငန်းကို သုံးဆက်မြောက်လုပ်ကိုင်လာစွာဖြစ်ပြီးကေ လက်ရှိမှာတော့ ညီအစ်ကိုတစ်စုပြုလုပ်နေကြစွာလို့ ဆိုပါရေ။ သူမတိုင်ခင်က သူ့အဘောင်မနဲ့ ဝရီးရို့ကလုပ်ကိုင်ခပြီးကေ သူ့ကိုလွှဲပြောင်းပီးခစွာ နှစ်ပေါင်း ၂၀ လောက်ရှိနီပါယာ။ ဒေလုပ်ငန်းကို ပ ထမဆုံး စတင်လုပ်ကိုင်ခစွာ တရုတ်ဖြစ်ပြီးကေ သူရို့တိပါးက တစ်ဆင့်တစ်ဆင့်နဲ့ ပြန့်ပွားလာခစွာလို့ ဆိုရပါဖို့။ သူရို့ပါးက နည်းလမ်းရခ ရေ ဆိုကေလေ့ တစ်ယောက်နဲ့တစ်ယောက် ပြုလုပ်ကတ်တေခါတော့ အသွင်တူရေလို့ မရှိပါ။ သူ့နည်းသူ့ဟန်နဲ့ဗျာလ် အားလုံးက ကြိုး စားလုပ်ကိုင်ကတ်စွာလေ့ ဖြစ်ပါရေ။ ရွှေခြင်္သေ့ငါးမုန့်လုပ်ငန်းလုပ်ကိုင်ရေ ဦးစိုးပိုင်က အခုပိုင် ပြောပြပါရေ။
“၂၀၀၀ ခုနှစ်ဝန်းကျင်လောက်မှာ စလုပ်ခစွာ။ စလုပ်တေဆိုစွာကလေ့ စီးပွားရေးအရလေ့ မရှိဆိုခါ ကျရာကောက်လုပ်ကတ် စွာဗျာလ်။ အတွိ့အကြုံကတော့ အရင်က ခေါက်ဆွဲလုပ်ဖူးရေ။ ခေါက်ဆွဲလုပ်ဖူးခရေ နည်းပညာနဲ့ ကြားဖူးနားဝနဲ့ ကိုယ့်စွာကိုယ်ထွင်ဗျာ လ် လုပ်လာစွာ။ ကြားဖူးစွာလေ့ ရှိရေလေ။ အရင်ကိုယ့်အထက်ကလူတိကလေ့ လုပ်ခဲ့စွာတိ ရှိရေအတွက်ကြောင့် ကိုယ့်အတွေးအခေါ် နဲ့ ပေါင်းစပ်ပြီးကေ လုပ်လာစွာ။ အဆင့်တိကတော့ တစ်နှစ်နဲ့ တစ်နှစ်မတူ။ အပြောင်းအလဲတွရှိရေ။”
ဦးစိုးပိုင်ကတော့ ဒေလုပ်ငန်းကို လွန်ခရေ ၁၈ နှစ်လောက်ကနီ လုပ်ကိုင်လာစွာဖြစ်ပြီးကေ အသက် ၇၂ နှစ်အရွယ်ရောက်နီဗျာလ် ဖြစ် တေ အခုအချိန်မှာတော့ လုပ်ငန်းတစ်ခုလုံးကို သမီးကိုလွှဲပီးထားဗျာလ်လို့ ဆိုပါရေ။ သူရို့တစ်တိုင် စတင်လုပ်ကိုင်တုန်းကတော့ ၃၊ ၄ ဆိုင်လောက်ရာရှိခကေလေ့ အခုဆိုကေတော့ စစ်တွေက ရူပတောင်ရပ်ကွက်တစ်ခုလုံးလိုလိုမှာ ယင်းလုပ်ငန်းလုပ်ကိုင်နီကတ်ပါဗျာလ်။ ဒေလုပ်ငန်းက မိသားစုကို အခြေခံပြီးကေ လုပ်ကိုင်ကတ်တေ တပိုင်တနိုင်လုပ်ငန်းဆိုကေလေ့ မြို့တွင်းသာမက ရခိုင်ပြည်နယ်အတွင်း မှာရော မြန်မာနိုင်ငံအနှံ့ကိုပါ အဆက်အသွယ်ရှိကေရှိရေပိုင် တင်ပို့ကတ်ပါရေ။
“မှာသားရှိကေ မြန်မာနိုင်ငံအနှံ့ကို တင်ပို့ရေ။ ရခိုင်ပြည်အပြင် မြန်မာနိုင်ငံအနှံ့ကို မှာကေမှာရေပိုင် ပို့ကတ်တေ။ လေယာဉ် နဲ့ ပို့စွာပို့။ ကားနဲ့ ပို့စွာပို့။ တာချီလိတ်ရို့ဆိုကေ ကားနဲ့ပို့ရရေ။ လေယာဉ်နဲ့ ပို့ရစွာလေ့ ရှိရေ။ ရန်ကုန်၊ မန္တလေးလောက်ဆိုကေ ကားနဲ့ ပို့ လိုက်ကေရရေလေ။ နယ်တိဆိုကေလေ့ ကားနဲ့ ပို့ရရေ။ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင် ယင်းပိုမျိုးပေါ့။ သင်္ဘောနဲ့ ချရစွာလေ့ရှိ ရေ။ အဆင်ပြေပိုင်ပေါ့။”
အရင်က ပါပရာပြုလုပ်တေခါမှာ အသုံးပြုရေ ငညို့ကို သူရို့နီထိုင်ရေ စစ်တွေတစ်မြို့တည်းက ဝယ်ယူပနာ မိုးတွင်းပိုင် ရှားပါးရေ ရာသီ ရောက်ကေမှ ကျောက်ဖြူဖက်က မှာယူပြီးကေ လုပ်ကိုင်ခကတ်စွာပါ။ နောက်ပိုင်းမှာတော့ ယင်းငါးရှားပါးမှုပြဿနာပေါ်ပေါက်လာစွာ ကြောင့် ပြည်မဖက်က မှာယူခရရေလို့ ဆိုကေလေ့ အရင်ကပိုင် အဆင်မပြေကတ်ယာလို့ ဆိုပါရေ။ ဇာကြောင့်အဆင်မပြေကတ်စွာပါ လေ့။
“အရင်က စစ်တွေတစ်မြို့တည်းက ဝယ်လို့ရရေ။ မိုးရာသီဆိုကေမှ ရှားပါးရေဆိုကေမှရာ ကျောက်ဖြူကဝယ်ရရေ။ အခုက တော့ ရန်ကုန်ကလေ့ ချရရေအဆင့်ထိဖြစ်လာရေ။ တစ်ဆင့်မှာပနာ လုပ်ရရေပေါ့။ ကိုကိုယ်တိုင်က လားဝယ်ဖို့ထိ အချိန်ကမပီးနိုင်လေ။ ယပိုင်အခက်ခဲတော့ ရှိရေ။ ရန်ကုန်ကမှာရေ ငါးက ကောင်းအဆင်မပြေဆိုစွာက ငါးကအကြီးမရ။ ဒိုင်ဝင်လားရေ။ ငါးအငယ်ချေတိယာရ ရေ။ ငါးအငယ်တောင် စျီးကြီးလားရေ။ ငါးငယ်ကေ အသားက ကောင်းမထွက်။ အလီးချိန်ပြီးကေ ဝယ်ရစွာဆိုတော့ခါ ခေါင်းတိ၊ ပတုန်းတိ၊ အရိုးတိက ပါလားရေ။ အသားခြစ်ပြီးကေ လုပ်ရစွာကို။”
“အရင်က မူဆလင်နဲ့ ပြဿနာမဖြစ်ခင်က ပင်လယ်ပြင်ကို ထွက်လို့ရရေ။ ဆိုခါ ငါးက ပေါရေ။ အခုအချိန်မှာကျခါ ပင်လယ် ပြင်အဝီးကို ထွက်လို့မရယာ။ အပါးက ရှာလို့ရရေငါးနဲ့ရာ လုပ်ရရေ။ ယင်းပိုင်မျိုး အခက်ခဲရှိလာရေ အချိန်မှာ ငါးတိက စျီးတက်လားရေ။ ကုန်စျီးနှုန်းမြင့်လာစွာလေ့ပါရေ။ ယင်းကြောင့် တစ်ဆင့်တစ်ဆင့်ဝယ်ရရေ။ ရန်ကုန်ကလေ့မှာရရေ။ ကွာမှုန့်ဆိုစွာလေ့ရန်ကုန်ကမှာရရေ။ အခြားငါးနဲ့ လုပ်ဖို့ဆိုရင် ဒေလောက်မရသာမရှိ။ အဓိကက ငညို့နဲ့လုပ်စွာများရေ။ ဗမာလိုခေါ်ရေ ငါးဖယ်နဲ့လုပ်ကေလေ့ ရဖို့တော့ထင်ေ ရ။ ငါးဖယ်က စျီးလေ့ကြီးရေ။ ငါးအသားကလေ့ ဒေလောက်များများမရနိုင်။ ငါးအသားထွက်လေ့နည်းရေ။”
ဒေပိုင်အဆင်မပြေမှုတိ ကြုံတွိကတ်ရကေလေ့ သူရို့က တစ်ခြားငါးတိနဲ့ အစားထိုးပြုလုပ်စွာတော့ မရှိဘဲ ငညို့အဆင်မရကေ လုပ်ငန်း တိကို ရပ်တန့်ထားရေ အနေအထားတိတောင်ရှိခကတ်တေလို့ ဆိုပါရေ။ ယင်းကြောင့်လေ့ စစ်တွေပါပရာဆိုကေ မြန်မာတစ်နိုင်ငံလုံးမှာ နာမည်ကြီးပြီးကေ လူကြိုက်များရစွာလို့ ဆိုရပါဖို့။
“လွန်ခရေ နှစ်ပေါင်း ၁၀ ကျော်လောက်ကဆိုကေ ရခိုင်ငါးမု့န့်ကောင်းမှကောင်း ဆိုပြီးကေပါလာရေလေ။ ရခိုင်ငါးမုန့်ထဲမှာမှ စစ်တွေငါးမုန့် ကပိုကောင်းဆိုပြီးကေ ထွက်လာရေ။ အခုခေတ်မှာတော့ ကွာလတီနည်းနည်းကျလားရေပေါ့။ ကုန်စျီးနှုန်းအခက်ခဲလေ့ပါ ရေ။ ယင်းချင့်တိလေ့ ရှိရေ။ ကုန်စျီးနှုန်းနဲ့ အများကြီးဆိုင်ရေ။ စျီးတစ်ကိုင်ကို ဖဲသာသောင်းဂဏန်းတောင်မကျ။ ထောင်ဂဏန်းလောက် ရာ။ ပြောရဖို့ဆိုကေ ယင်းခေတ်ခါက မိသားစုတစ်စုကို ဖဲသာ ၁၀ ဆိုစားလို့ရရေခေတ်။ မိသားစု ၁၀ ယောက်လောက်ကို ဖဲသာ ၁၀ ရ ကေ ဖူဖူလုံလုံစားလို့ရရေခေတ်။ အခုပိုက်ဆံ ၁ သောင်းရလို့တောင် မိသားစုစားဝတ်နီရေး အခက်ခဲရှိရေ။ အဆပေါင်းထောင်လောက် ကွာလားရေ။ ယင်းခေတ်အခါက ပါပရာ ၁၀၀ ကို ဖဲသာ ၄ ပြားနဲ့ရောင်းရေ။ တစ်နီလုပ်လိုက်ကေမိုးတွင်းမှာ တစ်ခုလေ့မလုပ်ပဲတစ်မိုးလုံး ထိုင်စားလို့ရရေ။ အခုခေတ်မှာ မရယာ။ ကုန်စျီးနှုန်းက မြင့်လာစွာကို။”
နောက်ပြီးကေ ဒေလုပ်ငန်းက မိသားစုကို အခြေခံပြီးကေ လုပ်စွာဖြစ်လို့ မိသားစုအင်အားမရှိကေလေ့ လုပ်ငန်းကို ရပ်ပစ်လိုက်ကတ်စွာ လေ့ရှိပြီးကေ မိသားစုတစ်စုလုပ်စွာနဲ့ တစ်ခြားမိသားစု တစ်စုလုပ်တာနဲ့ နည်းပညာတိကလေ့ အခြေခံအားဖြင့် တူညီကေလေ့ အသေး စိတ်တော့ တူညီမှုမရှိရေပိုင် တစ်ဦးကိုတစ်ဦးလေ့ ထုတ်ဖော်ပြောဖို့ ငြင်းဆန်ကတ်ရေ။ ဒေပိုင်ဗျာလ် အိုင်ဒီယာကောင်းလို့ အရသာကောင်းကေ ကောင်းသလောက် လူကြိုက်များပနာ ရောင်းအားကောင်းရစွာလို့လေ့ ဆိုနိုင်ပါရေ။
“အရင်က စစ်တွေမြို့မှာရာ လုပ်စွာများရေ။ Burma side မှာလေ့ လုပ်ကတ်တေ။ စက်ရုံကြီးတိနဲ့ လုပ်ကတ်တေ။ သို့သော် သူရို့လုပ်တေနည်းပညာနဲ့ ဒေကလုပ်တေ နည်းပညာနဲ့ မတူ။ ဒေမှာက တကယ့်ငါးအသားနဲ့လုပ်တေ။ လားကြည့်လို့ မြင်စွာတော့ မ ဟုတ်လေ။ တစ်ဆင့်ဆင့်ကြားရစွာတိက အနံ့တိထည့်ပြီးကေ လုပ်ကတ်တေလို့ ကြားရေ။ ဆိုခါ အရသာက ကွာလားရေ။ စစ်တွေက ငါးမုန့်ကို ပိုကြိုက်ကတ်တေ။ ကျောက်ဖြူမှာလေ့ လုပ်တေ။ သံတွဲမှာလေ့ လုပ်တေ။ တစ်ယောက်နည်းပညာနဲ့ တစ်ယောက်နည်းပညာ နဲ့တော့ကွာရေ။ ပုံစံကလေ့ အတိအကျလို့ မရှိ။ အကြော်ဆရာတစ်ယောက်နဲ့ တစ်ယောက်မတူပိုင် လူတိအများ ကြီးရှိရေ။ စစ်တွေမြို့မှာ မြန်မာနိုင်ငံမှာ ကမ္ဘာမှာလေ့ဆိုင်တိ အများကြီးရှိရေ။ တစ်ယောက်လက်ရာနဲ့ တစ်ယောက်လက်ရာနဲ့ မတူ။ ကိုယ့်ပိုင်အတွေးအခေါ် သူ့မှာ ဘလောက်ရှိလေ။ ယင်းအပေါ်မှာ ကွာဟသွားစွာရှိရေ။ ဒေပိုင်လုပ်ငန်းပိုင်းဆိုင်ရာနဲ့ ကွာလားရေ။ တစ်ယောက်လျို့ဝှက်ချက် တော့ တစ်ယောက် ဇာပြောကတ်ဖို့လဲ။ အတိုင်းအတာတစ်ခုလောက်ပဲပြောကတ်တေပေါ့။”
ဒေပိုင်သဘာဝနည်းလမ်းအတိုင်းလုပ်ကိုင်သူတိအဖို့ကတော့ တစ်ခြားကြီးမားရေ အခက်ခဲတစ်ခုကလေ့ ရှိနီပြန်ပါရေ။ ဒေအကြောင်း ကိုလေ့ ဦးစိုးပိုင်က အခုပိုင် ပြောပြန်လာပါရေ။
“ထင်းက ဘလောက်အခက်အခဲရှိလေဆိုကေ ၁၅ ရက်ဆိုကေ ဖဲသာ ၂ သိန်း၊ ၃ သိန်းလောက်ကုန်ရေလတ်။ အခုသမီးက အိမ်ဆောက်တေ။ ဝယ်ခါ သစ်တိဘလောက်စျီးကြီးဖို့လဲ။ ယင်းချင့်ကိုမလိုလို့ ပြန်ရောင်းခါ ဖဲသာ ၃ သိန်းတောင်မရ။ ယကေ ရောင်းလို့ က ၃ သိန်းရာ ရဖို့ဆိုကေ။ မထူးယာ။ ထင်းလိုက်ပစ်ဖို့ယာ သုံးလိုက်ဖို့ဆိုပြီးကေ ပါပရာပေါင်းဖို့အတွက် မီးဖိုမှာ သုံးလိုက်ရရေ။ ထင်းဖိုး လောက်တောင် မရပိုင် ဖြစ်နီယာပေါ့။ မီးဖိုစွာ ၂ လလောက်ရှိနီယာ။ တစ်လ ၂ သိန်းဆိုရင် ၂ လ လောက်ရှိနေပြီ ၄ သိန်းပေါ့။ ဆိုလိုစွာ က ထင်းကအခက်ခဲရှိရေ။”
အခုပိုင် အခက်ခဲပေါင်းများစွာကြောင့် တစ်ချို့ဆိုကေ လုပ်ငန်းတိုးချဲ့ဖို့ကို မစဉ်းစားဘဲနဲ့ ပုံမှန်လည်ပတ်ဖို့လောက်ကိုရာ အားထားလာ ကတ်ပါရေ။
ဦးသာမြက “ကိုယ့်မိသားစု တစ်နိုင်ပဲလုပ်တေ။ တကယ်တမ်းတိုးချဲ့လုပ်ကိုင်ဖို့ဆိုကေလေ့ ငါးအခက်ခဲရှိရေ။ အများကြီး လုပ်ဖို့ဆိုကေ မလွယ်ကူ။ နောက်ပြီးကေ ယင်းအလုပ်သမားတိကို ရေရှည်မှာထိန်းဖို့ဆိုစွာလေ့ မလွယ်။ ငါးမတက်ကေ ရန်ကုန်မှာတော့ လုပ်လို့ရရေ။ သူရို့မှာ ငါးကအချိန်ပြည့်ရရေ။ တစ်ခြားငါးတိနဲ့လေ့ လုပ်ကတ်တေ။ ပြောသံကြားရေ။” လို့ဆိုပါရေ။
ဆက်လက်ပြီးကေ သူက “တိုးချဲ့လုပ်ကိုင်မယ်ဖို့ဆိုကေ ငါးတိပုံမှန်ရဖို့လိုရေ။ ဒေဒေသမှာက ငါးအမြဲတမ်းမရ။ ဆောင်း ရာသီမှာဆိုကေ ၂ လ၊ ၃ လ လောက်ပုံမှန်တက်တေ။ မိုးရာသီမှာဆိုကေ နည်းနည်းတက်တေ။ တစ်ခြားနွေရာသီမှာ စပ်ကြား၊ မှတ်ကြား ဆိုကေ မတက်ယာ။ အခုနောက်ပိုင်းဆိုကေ ငါးတိရှားလာရေ။ ငါးမတက်ယာ။ ငါးလုပ်ငန်းလုပ်သူတိဆို တစ်မျိုးပေါ့။ နိုင်ငံခြားက လာဝယ်ရေပေါ့။ ပြည်မဖက်က လာဝယ်သူတိလေ့ရှိရေ။ ငါးခြောက်လှမ်းရေ လူတိလေ့ရှိရေ။ ဥပမာ ကထိန်ပွဲအတွက်။ ရှင်ပြုပွဲအတွက်။ ယင်းပိုင် ငါးခြောက် ရာသီကျခါ ကိုယ်က ငါးတက်ကေလေ့ ဝယ်လို့မရ ရှားရေပေါ့။ စျီးကြီးပီးဝယ်ရရေပေါ့။” လို့လေ့ ဆိုပြန်ပါရေ။
577 total views, 1 views today